< Éxodo 13 >

1 Y JEHOVÁ habló á Moisés, diciendo:
ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သား​ဦး ယောကျာ်း​မှန်​သ​မျှ​တို့​ကို​ငါ့​အား​ဆက်​ကပ် ကြ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် သား​ဦး​ယောကျာ်း၊ တိ​ရစ္ဆာန်​တို့​တွင်​သား​ဦး ပေါက်​ဟူ​သ​မျှ​ကို​ငါ​ပိုင်​၏'' ဟု​မိန့်​တော် မူ​၏။
2 Santifícame todo primogénito, cualquiera que abre matriz entre los hijos de Israel, así de los hombres como de los animales: mío es.
3 Y Moisés dijo al pueblo: Tened memoria de aqueste día, en el cual habéis salido de Egipto, de la casa de servidumbre; pues Jehová os ha sacado de aquí con mano fuerte: por tanto, no comeréis leudado.
ထို​နောက်​မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး တော်​ဖြင့် သင်​တို့​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ သင်​တို့​ကို​ထုတ်​ဆောင်​ခဲ့​သော​နေ့​ရက်​ကို သ​တိ​ရ​ကြ​လော့။ ဤ​နေ့​ရက်​တွင်​တ​ဆေး ပါ​သော​မုန့်​ကို​မ​စား​ရ။-
4 Vosotros salís hoy en el mes de Abib.
သင်​တို့​သည်​အ​ဗိ​ဗ​လ​ခေါ်​သော​ပ​ထ​မ​လ အ​တွင်း ဤ​နေ့​ရက်​တွင်​အီ​ဂျစ်​ပြည်​မှ​ထွက် ခွာ​လာ​ရ​ကြ​၏။-
5 Y cuando Jehová te hubiere metido en la tierra del Cananeo, y del Hetheo, y del Amorrheo, y del Hebeo, y del Jebuseo, la cual juró á tus padres que te daría, tierra que destila leche y miel, harás este servicio en aqueste mes.
ထာ​ဝ​ရ​ဘု​ရား​သည်​ခါ​နန်​အ​မျိုး​သား၊ ဟိတ္တိ အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဟိ​ဝိ အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​နေ​ထိုင် ရာ​ပြည်​ကို သင်​တို့​အား​ပေး​မည်​ဟု​သင်​တို့​၏ ဘိုး​ဘေး​တို့​ကို​ခိုင်​မြဲ​သော​သစ္စာ​က​တိ​ထား တော်​မူ​ခဲ့​၏။ ကိုယ်​တော်​ပို့​ဆောင်​၍​သင်​တို့​သည် အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍​မြေ​သြ​ဇာ​ထက် သန်​သော​ပြည်​သို့​ရောက်​ရှိ​သော​အ​ခါ နှစ်​စဉ် ပ​ထ​မ​လ​တွင်​ဤ​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။-
6 Siete días comerás por leudar, y el séptimo día será fiesta á Jehová.
ခု​နစ်​ရက်​ပတ်​လုံး​တ​ဆေး​မဲ့​မုန့်​ကို​စား​ပြီး လျှင် သတ္တ​မ​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​ပွဲ​တော် ကို​ကျင်း​ပ​ရ​မည်။-
7 Por los siete días se comerán los panes sin levadura; y no se verá contigo leudado, ni levadura en todo tu término.
ခု​နစ်​ရက်​ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ။ ထို​ရက်​အ​တွင်း​သင်​တို့​နေ​ထိုင်​ရာ ပြည်​တစ်​လျှောက်​လုံး​တွင်​တ​ဆေး​ပါ​သော မုန့်​ဖြစ်​စေ၊ တ​ဆေး​ဖြစ်​စေ​မ​ရှိ​စေ​ရ။-
8 Y contarás en aquel día á tu hijo, diciendo: Hácese esto con motivo de lo que Jehová hizo conmigo cuando me sacó de Egipto.
ထို​ပွဲ​တော်​စ​တင်​ကျင်း​ပ​သော​နေ့​တွင်​သင် ၏​သား​တို့​အား`အီ​ဂျစ်​ပြည်​မှ​ငါ​တို့​ထွက် ခွာ​လာ​စဉ်​က ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ သော​ကျေး​ဇူး​တော်​ကို​အောက်​မေ့​သည့်​အ​ထိမ်း အ​မှတ်​ပွဲ​တော်​ဖြစ်​သည်' ဟု​ရှင်း​ပြ​ရ​မည်။-
9 Y serte ha como una señal sobre tu mano, y como una memoria delante de tus ojos, para que la ley de Jehová esté en tu boca; por cuanto con mano fuerte te sacó Jehová de Egipto.
ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် သင်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သော​ကြောင့် သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တော်​ကို​အ​မြဲ​ရွတ်​ဆို​လေ့​လာ​နေ​စေ ရန် ပွဲ​တော်​သည်​သင်​တို့​၏​လက်​သို့​မ​ဟုတ်​သင် တို့​၏​န​ဖူး​ပေါ်​တွင်​ချည်​ထား​သော​အ​မှတ်​လက္ခ ဏာ​သ​ဖွယ် သင်​တို့​အား​သ​တိ​ရ​စေ​လိမ့်​မည်။-
10 Por tanto, tú guardarás este rito en su tiempo de año en año.
၁၀နှစ်​စဉ်​သတ်​မှတ်​သော​အ​ချိန်​၌​ဤ​ပွဲ​တော်​ကို ကျင်း​ပ​ရ​မည်။
11 Y cuando Jehová te hubiere metido en la tierra del Cananeo, como te ha jurado á ti y á tus padres, y cuando te la hubiere dado,
၁၁``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်​သင်​တို့​၏​ဘိုး ဘေး​တို့​အား​ပေး​မည်​ဟု ခိုင်​မြဲ​သော​က​တိ​သစ္စာ ထား​သော​ခါ​နာန်​ပြည်​သို့​သင်​တို့​ကို​ပို့​ဆောင် လိမ့်​မည်။ ထို​ပြည်​သို့​ရောက်​သော​အ​ခါ၊-
12 Harás pasar á Jehová todo lo que abriere la matriz, asimismo todo primerizo que abriere la matriz de tus animales: los machos serán de Jehová.
၁၂သင်​တို့​၌​ဖွား​မြင်​သော​သား​ဦး​မှန်​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​မည်။ သင်​တို့ ၏​တိ​ရစ္ဆာန်​များ​မှ သား​ဦး​ပေါက်​အ​ထီး​မှန် သ​မျှ​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော် မူ​၏။-
13 Mas todo primogénito de asno redimirás con un cordero; y si no lo redimieres, le degollarás: asimismo redimirás todo humano primogénito de tus hijos.
၁၃သို့​ရာ​တွင်​သား​ဦး​ပေါက်​မြည်း​အ​ထီး​ကို​သိုး က​လေး​နှင့်​လဲ​၍​ရွေး​ယူ​ရ​မည်။ ထို​သို့​လဲ​၍ မ​ရွေး​ယူ​လို​လျှင် မြည်း​က​လေး​၏​လည်​ပင်း ကို​ချိုး​ရ​မည်။ သင်​တို့​၏​သား​ဦး​ယောကျာ်း​မှန် သ​မျှ​ကို​ပြန်​၍​ရွေး​ယူ​ကြ​ရ​မည်။-
14 Y cuando mañana te preguntare tu hijo, diciendo: ¿Qué es esto? decirle has: Jehová nos sacó con mano fuerte de Egipto, de casa de servidumbre;
၁၄နောင်​အ​ခါ​၌​သင်​၏​သား​က`အ​ဘယ်​ကြောင့်​ဤ သို့​ပြု​လုပ်​ရ​ပါ​သ​နည်း' ဟု​မေး​လျှင်`ထာ​ဝ​ရ ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ငါ​တို့​ကို ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​တော် မူ​၏။-
15 Y endureciéndose Faraón en no dejarnos ir, Jehová mató en la tierra de Egipto á todo primogénito, desde el primogénito humano hasta el primogénito de la bestia: y por esta causa yo sacrifico á Jehová todo primogénito macho, y redimo todo primogénito de mis hijos.
၁၅အီ​ဂျစ်​ဘု​ရင်​သည်​ခေါင်း​မာ​၍​ငါ​တို့​အား သွား​ခွင့်​မ​ပေး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည်​အီ​ဂျစ်​ပြည်​၌​ရှိ​သော​လူ​နှင့်​တိ​ရစ္ဆာန် တို့​၏​သား​ဦး​ပေါက်​မှန်​သ​မျှ​တို့​ကို​သေ ဒဏ်​စီ​ရင်​တော်​မူ​၏။ ထို​အ​ကြောင်း​ကြောင့် ငါ​တို့​သည်​တိ​ရစ္ဆာန်​သား​ဦး​ပေါက်​မှန်​သ​မျှ ကို ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရ​၏။ သို့​သော်​လည်း​ငါ​တို့​၏​သား​ဦး​များ​ကို ပြန်​၍​ရွေး​ယူ​ကြ​သည်။-
16 Serte ha, pues, como una señal sobre tu mano, y por una memoria delante de tus ojos; ya que Jehová nos sacó de Egipto con mano fuerte.
၁၆ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော် ဖြင့် ငါ​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့ ခြင်း​ကြောင့် ဤ​ပွဲ​တော်​သည်​သင်​၏​လက်​သို့ မ​ဟုတ်​သင်​၏​န​ဖူး​ပေါ်​တွင်​ချည်​ထား​သော အ​မှတ်​လက္ခ​ဏာ​သ​ဖွယ် သင်​တို့​အား​သ​တိ ရ​စေ​လိမ့်​မည်' ဟု​ပြန်​ပြော​ရ​မည်'' ဟူ​၍ ပြော​ဆို​လေ​၏။
17 Y luego que Faraón dejó ir al pueblo, Dios no los llevó por el camino de la tierra de los Filisteos, que estaba cerca; porque dijo Dios: Que quizá no se arrepienta el pueblo cuando vieren la guerra, y se vuelvan á Egipto:
၁၇အီ​ဂျစ်​ဘု​ရင်​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​အား​ထွက်​ခွင့်​ပြု​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ဖိ​လိတ္တိ​မြို့​သို့​သွား​သော​ပင် လယ်​ကမ်း​ခြေ​ဖြတ်​လမ်း​ဖြင့် သူ​တို့​ကို​ပို့ ဆောင်​တော်​မ​မူ။ သူ​တို့​သည်​စစ်​ပွဲ​တိုက်​ရ​မည် ကို​သိ​မြင်​လျှင်​စိတ်​ပြောင်း​၍ အီ​ဂျစ်​ပြည် သို့​ပြန်​သွား​ကြ​မည်​ဖြစ်​ကြောင်း​ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။-
18 Mas hizo Dios al pueblo que rodease por el camino del desierto del mar Bermejo. Y subieron los hijos de Israel de Egipto armados.
၁၈သို့​ဖြစ်​၍​သူ​တို့​အား​တော​ကန္တာ​ရ​ခ​ရီး ဖြင့် ဧ​ဒုံ​ပင်​လယ်​ဘက်​သို့​လှည့်​ပတ်​လျက် သွား​စေ​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တွင်​စစ်​ပွဲ​ဝင်​ရန်​လက်​နက်​အ​ပြည့်​အ​စုံ ပါ​ရှိ​ကြ​၏။
19 Tomó también consigo Moisés los huesos de José, el cual había juramentado á los hijos de Israel, diciendo: Dios ciertamente os visitará, y haréis subir mis huesos de aquí con vosotros.
၁၉ယော​သပ်​က​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား က​တိ​သစ္စာ​ထား​စေ​ခဲ့​သည့်​အ​တိုင်း မော​ရှေ သည်​ယော​သပ်​၏​အ​ရိုး​တို့​ကို​ယူ​ဆောင်​ခဲ့ လေ​သည်။ ယော​သပ်​က``ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ကယ်​တင်​ထုတ်​ဆောင်​သော​အ​ခါ ငါ့​အ​ရိုး​တို့​ကို​ဤ​အ​ရပ်​မှ​ယူ​ဆောင် သွား​ရ​မည်'' ဟု​ခိုင်​မြဲ​သော​က​တိ​ပြု စေ​၏။
20 Y partidos de Succoth, asentaron campo en Etham, á la entrada del desierto.
၂၀သူ​တို့​သည်​သု​ကုတ်​မြို့​မှ​ခ​ရီး​ဆက်​ခဲ့​ကြ ရာ တော​ကန္တာ​ရ​အ​စပ်​ရှိ​ဧ​သံ​မြို့​တွင်​စ​ခန်း ချ​ကြ​၏။-
21 Y Jehová iba delante de ellos de día en una columna de nube, para guiarlos por el camino; y de noche en una columna de fuego para alumbrarles; á fin de que anduviesen de día y de noche.
၂၁နေ့​နှင့်​ည​အ​ချိန်​တွင်​သူ​တို့​အား​လမ်း​ပြ​ရန် ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​အ​ချိန်​၌​မိုး​တိမ် တိုင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ည​အ​ချိန်​၌ အ​လင်း​ရောင်​ပေး​ရန်​မီး​တိုင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း သူ​တို့​၏​ရှေ့​က​ကြွ​တော်​မူ​၏။-
22 Nunca se partió de delante del pueblo la columna de nube de día, ni de noche la columna de fuego.
၂၂နေ့​အ​ချိန်​၌​မိုး​တိမ်​တိုင်၊ ည​အ​ချိန်​၌​မီး တိုင်​သည်​သူ​တို့​ရှေ့​က​အ​စဉ်​မ​ပြတ်​သွား လေ​၏။

< Éxodo 13 >