< Éxodo 1 >

1 ESTOS son los nombres de los hijos de Israel, que entraron en Egipto con Jacob; cada uno entró con su familia.
မိမိ တို့ အိမ်သူအိမ်သား ပါ လျက်၊ အဘယာကုပ် နှင့်အတူ အဲဂုတ္တု ပြည်သို့ ရောက် လာသောဣသရေလ သား တို့၏အမည် ဟူမူကား၊
2 Rubén, Simeón, Leví y Judá;
ရုဗင် ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ၊
3 Issachâr, Zabulón y Benjamín;
ဣသခါ ၊ ဇာဗုလုန် ၊ ဗင်္ယာမိန်၊
4 Dan y Nephtalí, Gad y Aser.
ဒန် ၊ နဿလိ ၊ ဂဒ် ၊ အာရှာ တည်း။
5 Y todas las almas de los que salieron del muslo de Jacob, fueron setenta. Y José estaba en Egipto.
ယာကုပ် အမျိုးသား ပေါင်း ကား၊ ခုနစ်ဆယ် တည်း။ ယောသပ် သည် အဲဂုတ္တု ပြည်၌ ရှိ နှင့်သတည်း။
6 Y murió José, y todos sus hermanos, y toda aquella generación.
ယောသပ် နှင့် အစ်ကို များမှစ၍ ၊ ထို ကာလ အမျိုးသားအပေါင်း တို့သည် သေ ကြကုန်၏။
7 Y los hijos de Israel crecieron, y multiplicaron, y fueron aumentados y corroborados en extremo; y llenóse la tierra de ellos.
ဣသရေလ အမျိုးသား တို့သည် သားကိုဘွား ၍ အလွန်တိုး ပွား များပြား သဖြင့် ၊ အလွန် အားကြီး၍ တပြည် လုံး၌ နှံ့ပြား ကြလေ၏။
8 Levantóse entretanto un nuevo rey sobre Egipto, que no conocía á José; el cual dijo á su pueblo:
ထိုနောက် မှအဲဂုတ္တု ပြည်၌ ယောသပ် ကို မ သိ သော ရှင်ဘုရင် သစ် ပေါ် လာ၏။
9 He aquí, el pueblo de los hijos de Israel es mayor y más fuerte que nosotros:
ထိုရှင်ဘုရင်ကလည်း၊ ဣသရေလ အမျိုးသား တို့သည် ငါ တို့ထက် သာ၍များ ကြ၏။ သာ၍အားကြီး ကြ၏။
10 Ahora, pues, seamos sabios para con él, porque no se multiplique, y acontezca que viniendo guerra, él también se junte con nuestros enemigos, y pelee contra nosotros, y se vaya de la tierra.
၁၀လာ ကြ၊ သူ တို့ကို လိမ္မာစွာ ပြုကြစို့။ သို့မဟုတ် သူတို့သည် များပြား ကြလိမ့်မည်။ နောက်တခါ စစ်မှု ရောက် လျှင် ငါ တို့ရန်သူ ဘက်သို့ ဝင်စား ၍ ငါ တို့ကို တိုက် သဖြင့် ၊ ပြည် တော်ထဲက ထွက်သွား ကြလိမ့်မည်ဟု မိမိ လူ တို့အား ဆို လေ၏။
11 Entonces pusieron sobre él comisarios de tributos que los molestasen con sus cargas; y edificaron á Faraón las ciudades de los bastimentos, Phithom y Raamses.
၁၁ထို့ကြောင့် အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာ နှိပ်စက် ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ် ခန့်ထား ကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သို ထားဘို့ ၊ ပိသုံ မြို့ နှင့် ရာမသက် မြို့ကို တည်ဆောက် ရကြ၏။
12 Empero cuanto más los oprimían, tanto más se multiplicaban y crecían: así que estaban ellos fastidiados de los hijos de Israel.
၁၂သို့သော်လည်း ၊ နှိပ်စက် ခြင်းကိုခံရသည်အတိုင်း ၊ တိုးပွား များပြား လျက် ရှိကြ၏။ သူ တို့ကြောင့် အဲဂုတ္တု လူတို့သည် စိတ်ညစ် ၍၊
13 Y los Egipcios hicieron servir á los hijos de Israel con dureza:
၁၃အလွန် ကြမ်းတမ်းစွာညှဉ်းဆဲ ကြ၏။
14 Y amargaron su vida con dura servidumbre, en [hacer] barro y ladrillo, y en toda labor del campo, y en todo su servicio, al cual los obligaban con rigorismo.
၁၄သရွတ် နှင့် အုတ် လုပ် သောအမှု၊ လယ် လုပ်သောအမှုအမျိုးမျိုး ၌ ခဲယဉ်းစွာစေခိုင်း ၍ အလွန်ဆင်းရဲ ပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌ လည်း ခဲယဉ်း စွာ စေခိုင်းကြ၏။
15 Y habló el rey de Egipto á las parteras de las Hebreas, una de las cuales se llamaba Siphra, y otra Phúa, y díjoles:
၁၅ရှိဖရ နှင့် ပုအာ အမည် ရှိသောဟေဗြဲ ဝမ်းဆွဲမတို့ကို ၊ အဲဂုတ္တု ရှင်ဘုရင် က၊
16 Cuando parteareis á las Hebreas, y mirareis los asientos, si fuere hijo, matadlo; y si fuere hija, entonces viva.
၁၆သင် တို့သည် ဟေဗြဲ မိန်းမတို့အား ဝမ်းဆွဲ လုပ်၍ မွေးရာ အရပ်၌ စောင့် နေသောအခါ ၊ ယောက်ျား ဖြစ်လျှင် သေ စေ၊ မိန်းမ ဖြစ်လျှင် အသက်ရှင် စေဟု အမိန့် တော် ရှိ၏။
17 Mas las parteras temieron á Dios, y no hicieron como les mandó el rey de Egipto, sino que reservaban la vida á los niños.
၁၇ဝမ်းဆွဲ မတို့သည် ဘုရားသခင် ကိုကြောက်ရွံ ၍ ၊ အဲဂုတ္တု ရှင်ဘုရင် မိန့် တော်မူသည်အတိုင်း မ ပြု ၊ ယောက်ျား တို့ကို အသက်ချမ်းသာ ပေးကြ၏။
18 Y el rey de Egipto hizo llamar á las parteras, y díjoles: Por qué habéis hecho esto, que habéis reservado la vida á los niños?
၁၈အဲဂုတ္တု ရှင်ဘုရင် သည်လည်း ၊ ဝမ်းဆွဲမ တို့ကို ခေါ် ၍ သင်တို့သည် အဘယ်ကြောင့် ဤသို့ ပြု သနည်း။ ယောက်ျား တို့ကိုအဘယ်ကြောင့်အသက် ချမ်းသာပေးသနည်းဟုမေး စစ်သော်၊
19 Y las parteras respondieron á Faraón: Porque las mujeres Hebreas no son como las Egipcias: porque son robustas, y paren antes que la partera venga á ellas.
၁၉ဝမ်းဆွဲမ တို့က၊ ဟေဗြဲ မိန်းမတို့သည်၊ အဲဂုတ္တု ၊ မိန်းမ ကဲ့သို့ မဟုတ် ၊ သန်စွမ်း သောကြောင့် ၊ ဝမ်းဆွဲမ မ ရောက် မှီ သား ကိုဘွားတတ်ကြ၏ဟု ပြန်လျှောက် လေ၏။
20 Y Dios hizo bien á las parteras: y el pueblo se multiplicó, y se corroboraron en gran manera.
၂၀ထိုကြောင့် ဘုရားသခင် သည် ဝမ်းဆွဲမ တို့ကို ကျေးဇူးပြု တော်မူ၏။ ထိုလူ အမျိုးသည်လည်း များပြား ၍ အလွန် အားကြီး ကြလေ၏။
21 Y por haber las parteras temido á Dios, él les hizo casas.
၂၁ဝမ်းဆွဲမ တို့သည် ဘုရားသခင် ကို ကြောက်ရွံ့ သောကြောင့် ၊ သူ တို့အိမ်သူအိမ်သား များကို ပြုစု တော်မူ ၏။
22 Entonces Faraón mandó á todo su pueblo, diciendo: Echad en el río todo hijo que naciere, y á toda hija reservad la vida.
၂၂ဖာရော ဘုရင်ကလည်း ၊ ဣသရေလအမျိုးသားတို့တွင်၊ ဘွားမြင် သောသူငယ် ယောက်ျား အပေါင်းတို့ကို မြစ် ထဲသို့ ချပစ် စေ။ မိန်းမ ကိုမူကား အသက်ရှင် စေဟု မိမိ လူ အပေါင်း တို့ကို မှာ ထားတော်မူ၏။

< Éxodo 1 >