< Deuteronomio 9 >

1 OYE, Israel: tú estás hoy para pasar el Jordán, para entrar á poseer gentes más [numerosas] y más fuertes que tú, ciudades grandes y encastilladas hasta el cielo,
``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နား​ထောင်​ကြ လော့။ သင်​တို့​သည်​ယ​နေ့​ယော်​ဒန်​မြစ်​တစ်​ဘက် သို့​ကူး​ပြီး​လျှင် သင်​တို့​ထက်​များ​ပြား​၍​အင် အား​ကြီး​သော​လူ​မျိုး​များ​၏​ပြည်​ကို​သိမ်း ယူ​ရ​တော့​မည်။ သူ​တို့​၏​မြို့​တို့​သည်​ကြီး​၍ မိုး​ထိ​မြင့်​သော​မြို့​ရိုး​ဖြင့်​ကာ​ကွယ်​ထား​၏။-
2 Un pueblo grande y alto, hijos de gigantes, de los cuales tienes tú conocimiento, y has oído decir: ¿Quién se sostendrá delante de los hijos del gigante?
လူ​တို့​သည်​အ​ရပ်​မြင့်​၍​ခွန်​အား​ဗ​လ​ကောင်း ၏။ သူ​တို့​သည်​အ​လွန်​ထွား​ကြိုင်း​သ​ဖြင့် မည် သူ​မျှ​သူ​တို့​ကို​မ​ယှဉ်​ပြိုင်​နိုင်​ကြောင်း​သင် တို့​ကြား​ဖူး​ခဲ့​ကြ​ပြီ။-
3 Sabe, pues, hoy que Jehová tu Dios es el que pasa delante de ti, fuego consumidor, que los destruirá y humillará delante de ti: y tú los echarás, y los destruirás luego, como Jehová te ha dicho.
သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ရှေ့​က​အ​ရှိန်​ပြင်း​သော လောင်​မီး​ကဲ့​သို့​ကြွ​သွား​တော်​မူ​သည်​ကို သင် တို့​ကိုယ်​တိုင်​ယ​ခု​မြင်​ရ​မည်။ သင်​တို့​ချီ​တက် နေ​စဉ်​ကိုယ်​တော်​သည်​သူ​တို့​ကို​နှိမ်​နင်း​သ​ဖြင့် က​တိ​တော်​နှင့်​အ​ညီ​သင်​တို့​သည်​ထို​သူ​တို့ ကို​နှင်​ထုတ်​၍​လျင်​မြန်​စွာ​ပယ်​ရှင်း​နိုင်​လိမ့် မည်။''
4 No discurras en tu corazón cuando Jehová tu Dios los habrá echado de delante de ti, diciendo: Por mi justicia me ha metido Jehová á poseer esta tierra; pues por la impiedad de estas gentes Jehová las echa de delante de ti.
``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ရှေ့​က​သူ​တို့​ကို​နှင်​ထုတ်​ပြီး​သော အ​ခါ သင်​တို့​နှင့်​ထိုက်​တန်​သော​ကြောင့် ထို​ပြည် သို့​သင်​တို့​ကို​ပို့​ဆောင်​၍​အ​ပိုင်​ပေး​တော်​မူ သည်​ဟု​မ​ဆို​ကြ​နှင့်။ သူ​တို့​၏​ဆိုး​ယုတ်​မှု ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​ကို နှင်​ထုတ်​မည်​ဖြစ်​၏။-
5 No por tu justicia, ni por la rectitud de tu corazón entras á poseer la tierra de ellos; mas por la impiedad de estas gentes Jehová tu Dios las echa de delante de ti, y por confirmar la palabra que Jehová juró á tus padres Abraham, Isaac, y Jacob.
သင်​တို့​၏​ကောင်း​မှု​ကု​သိုလ်​ကြောင့်​ထာ​ဝ​ရ ဘု​ရား​သည် ထို​ပြည်​ကို​သင်​တို့​အား​ပေး​တော် မူ​သည်​မ​ဟုတ်။ ထို​သူ​တို့​ဆိုး​ယုတ်​သော​ကြောင့် လည်း​ကောင်း၊ သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ သော​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ထား ခဲ့​သော​က​တိ​တော်​ကို​တည်​စေ​ရန် အ​လို​တော် ရှိ​သော​ကြောင့်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား သည်​ထို​သူ​တို့​ကို​နှင်​ထုတ်​တော်​မူ​မည်။-
6 Por tanto, sabe que no por tu justicia Jehová tu Dios te da esta buena tierra para poseerla; que pueblo duro de cerviz eres tú.
သင်​တို့​နှင့်​ထိုက်​တန်​သ​ဖြင့်​ထို​အ​စာ​ရေ​စာ ပေါ​ကြွယ်​ဝ​သော​ပြည်​ကို သင်​တို့​အား​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​ခြင်း​မ​ဟုတ်​ကြောင်း​သိ မှတ်​ကြ​လော့။ သင်​တို့​သည်​ခေါင်း​မာ​သော လူ​မျိုး​ဖြစ်​၏။''
7 Acuérdate, no te olvides que has provocado á ira á Jehová tu Dios en el desierto: desde el día que saliste de la tierra de Egipto, hasta que entrasteis en este lugar, habéis sido rebeldes á Jehová.
``သင်​တို့​သည်​တော​ကန္တာ​ရ​၌​ရှိ​စဉ်​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား အ​မျက် တော်​ထွက်​စေ​ခဲ့​ကြောင်း​အ​မြဲ​သ​တိ​ရ​ကြ လော့။ သင်​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​သော နေ့​မှ​စ​၍ ဤ​အရပ်​သို့​ရောက်​သည့်​နေ့​တိုင်​အောင် ကိုယ်​တော်​ကို​ပုန်​ကန်​ခဲ့​ကြ​၏။-
8 Y en Horeb provocasteis á ira á Jehová, y enojóse Jehová contra vosotros para destruiros.
သိနာ​တောင်​မှာ​ပင်​ကိုယ်​တော်​ကို သင်​တို့​အား သေ​ကြေ​ပျက်​စီး​စေ​လောက်​အောင်​အ​မျက် တော်​ထွက်​စေ​ခဲ့​ကြ​၏။-
9 Cuando yo subí al monte para recibir las tablas de piedra, las tablas del pacto que Jehová hizo con vosotros, estuve entonces en el monte cuarenta días y cuarenta noches, sin comer pan ni beber agua:
ထာ​ဝ​ရ​ဘု​ရား​နှင့်​သင်​တို့​ပြု​သော​ပ​ဋိ​ညာဉ် ကို​ရေး​ထား​သော​ကျောက်​ပြား​များ​ကို​လက်​ခံ ခြင်း​ငှာ ငါ​သည်​တောင်​ပေါ်​သို့​တက်​သွား​၏။ အ​ရက်​လေး​ဆယ်​ပတ်​လုံး​ငါ​သည်​မ​စား သောက်​ဘဲ​တောင်​ပေါ်​တွင်​နေ​၏။-
10 Y dióme Jehová las dos tablas de piedra escritas con el dedo de Dios; y en ellas [estaba escrito] conforme á todas las palabras que os habló Jehová en el monte de en medio del fuego, el día de la asamblea.
၁၀ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ကျောက်​ပြား​နှစ် ချပ်​ကို​ငါ့​အား​ပေး​တော်​မူ​သည်။ ယင်း​ကျောက် ပြား​များ​သည်​သင်​တို့​တောင်​ခြေ​တွင်​စု​ရုံး ကြ​သော​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​မီး​ထဲ​မှ​မိန့် ကြား​သော​ပ​ညတ်​တော်​များ​ကို မိ​မိ​လက်​တော် ဖြင့်​အက္ခ​ရာ​တင်​ထား​သည့်​ကျောက်​ပြား​များ ဖြစ်​သည်။-
11 Y fué al cabo de los cuarenta días y cuarenta noches, que Jehová me dió las dos tablas de piedra, las tablas del pacto.
၁၁ရက်​ပေါင်း​လေး​ဆယ်​ပြည့်​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည် ထို​ပ​ဋိ​ညာဉ်​ကျောက်​ပြား​ကို​ငါ့ အား​ပေး​တော်​မူ​၏။''
12 Y díjome Jehová: Levántate, desciende presto de aquí; que tu pueblo que sacaste de Egipto se ha corrompido: pronto se han apartado del camino que yo les mandé: hanse hecho una efigie de fundición.
၁၂``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`အီ​ဂျစ် ပြည်​မှ​သင်​ထုတ်​ဆောင်​ခဲ့​သော​သင်​၏​လူ​တို့ သည် စက်​ဆုတ်​ဖွယ်​သော​အ​မှု​ကို​ပြု​ကြ​ပြီ ဖြစ်​သော​ကြောင့် တောင်​ပေါ်​မှ​ချက်​ချင်း​ဆင်း သွား​လော့။ သူ​တို့​သည်​ငါ​မိန့်​မှာ​တော်​မူ​သ​မျှ ကို​ပစ်​ပယ်​၍ သူ​တို့​ကိုး​ကွယ်​ရန်​ရုပ်တု​ကို သွန်း​လုပ်​ကြ​ပြီ' ဟု​မိန့်​တော်​မူ​၏။''
13 Y hablóme Jehová, diciendo: He visto ese pueblo, y he aquí, que él es pueblo duro de cerviz:
၁၃``တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`သူ​တို့ သည်​ခေါင်း​မာ​သော​လူ​မျိုး​ဖြစ်​၏။-
14 Déjame que los destruya, y raiga su nombre de debajo del cielo; que yo te pondré sobre gente fuerte y mucha más que ellos.
၁၄မည်​သူ​မျှ​သူ​တို့​ကို​သ​တိ​မ​ရ​စေ​ရန် သူ တို့​ကို​ငါ​ဖျက်​ဆီး​သုတ်​သင်​ပစ်​မည်​ဖြစ်​၍ ငါ့​ကို​မ​ဆီး​တား​နှင့်။ ထို့​နောက်​ငါ​သည်​သင့် အား​ထို​သူ​တို့​ထက်​များ​ပြား​၍ အင်​အား​ကြီး သော​လူ​မျိုး​၏​ဖ​ခင်​ဖြစ်​စေ​မည်' ဟု​မိန့်​တော် မူ​၏။''
15 Y volví y descendí del monte, el cual ardía en fuego, con las tablas del pacto en mis dos manos.
၁၅``သို့​ဖြစ်​၍​ငါ​သည်​ပ​ဋိ​ညာဉ်​ကျောက်​ပြား နှစ်​ပြား​ကို​ယူ​ဆောင်​၍ တောင်​ပေါ်​မှ​ပြန်​ဆင်း​ခဲ့ သည်။ တောင်​မှ​မီး​တောက်​မီး​လျှံ​များ​ထွက် လျက်​ရှိ​၏။-
16 Y miré, y he aquí habíais pecado contra Jehová vuestro Dios: os habíais hecho un becerro de fundición, apartándoos presto del camino que Jehová os había mandado.
၁၆သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​သော​ပညတ်​တော်​ကို​နား​မ​ထောင် ဘဲ သင်​တို့​ကိုး​ကွယ်​ရန်​နွား​သူ​ငယ်​ရုပ်​တု​ကို သွန်း​လုပ်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကြ​သည်​ကို​ငါ​တွေ့​မြင်​ရ​၏။-
17 Entonces tomé las dos tablas, y arrojélas de mis dos manos, y quebrélas delante de vuestros ojos.
၁၇ထို့​ကြောင့်​ငါ​သည်​သင်​တို့​ရှေ့​တွင်​ကျောက်​ပြား များ​ကို​ပစ်​ချ​သ​ဖြင့် ကျောက်​ပြား​များ​ကျိုး ပဲ့​ကြေ​မွ​ကုန်​၏။-
18 Y postréme delante de Jehová, como antes, cuarenta días y cuarenta noches: no comí pan ni bebí agua, á causa de todo vuestro pecado que habíais cometido haciendo mal en ojos de Jehová para enojarlo.
၁၈သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​၍ အ​မျက်​တော်​ထွက်​စေ​သော​ကြောင့် ငါ​သည်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ​ပျပ်​ဝပ်​လျက် နေ​ခဲ့​၏။-
19 Porque temí á causa del furor y de la ira con que Jehová estaba enojado contra vosotros para destruiros. Pero Jehová me oyó aún esta vez.
၁၉ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား​သေ​ကြေ ပျက်​စီး​စေ​မည့်​အ​မျက်​တော်​ကို​ငါ​ကြောက်​၏။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​၏ တောင်း​ပန်​လျှောက်​ထား​ခြင်း​ကို​တစ်​ဖန် နား​ညောင်း​တော်​မူ​၏။-
20 Contra Aarón también se enojó Jehová en gran manera para destruirlo: y también oré por Aarón entonces.
၂၀ထာ​ဝ​ရ​ဘု​ရား​သည်​အာရုန်​ကို​လည်း​အ​မျက် တော်​ထွက်​သ​ဖြင့် အ​ဆုံး​စီ​ရင်​ရန်​အ​ကြံ​တော် ရှိ​၏။ ထို့​ကြောင့်​ငါ​သည် အာ​ရုန်​အ​တွက်​ကို လည်း​တောင်း​ပန်​လျှောက်​ထား​၏။-
21 Y tomé vuestro pecado, el becerro que habíais hecho, y quemélo en el fuego, y lo desmenucé moliéndole muy bien, hasta que fué reducido á polvo: y eché el polvo de él en el arroyo que descendía del monte.
၂၁ငါ​သည်​သင်​တို့​အား​အ​ပြစ်​ရောက်​စေ​သည့် နွား​ရုပ်​တု​ကို မီး​ထဲ​သို့​ပစ်​ချ​လိုက်​၏။ ထို့ နောက်​နွား​ရုပ်​တု​ကို​အ​မှုန့်​ဖြစ်​အောင်​ထု ထောင်း​၍ အ​မှုန့်​ကို​တောင်​ကျ​ချောင်း​ထဲ​သို့ သွန်း​ချ​ခဲ့​၏။''
22 También en Tabera, y en Massa, y en Kibroth-hataavah, enojasteis á Jehová.
၂၂``သင်​တို့​သည်​တ​ဗေ​ရ​အ​ရပ်၊ မ​ဿာ​အ​ရပ်၊ ကိ​ဗြုတ်​ဟတ္တ​ဝါ​အ​ရပ်​တို့​၌​ရှိ​စဉ်​က​လည်း ထာ​ဝ​ရ​ဘု​ရား​အား​အ​မျက်​တော်​ထွက်​စေ ခဲ့​ကြ​သည်။-
23 Y cuando Jehová os envió desde Cades-barnea, diciendo, Subid y poseed la tierra que yo os he dado; también fuisteis rebeldes al dicho de Jehová vuestro Dios, y no lo creisteis, ni obedecisteis á su voz.
၂၃ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သွား​ရောက်​သိမ်း​ယူ​ရန် သင်​တို့​အား​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​မှ​စေ​လွှတ်​သော​အ​ခါ သင်​တို့ သည်​ပုန်​ကန်​ကြ​၏။ ကိုယ်​တော်​ကို​မ​ယုံ၊ အ​မိန့်​တော်​ကို​နာ​မ​ခံ​ကြ။-
24 Rebeldes habéis sido á Jehová desde el día que yo os conozco.
၂၄သင်​တို့​သည်​ငါ​စ​တင်​သိ​ကျွမ်း​သည့်​အ​ချိန်​မှ စ​၍ ယ​နေ့​အ​ထိ​ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန် ခဲ့​ကြ​၏။''
25 Postréme, pues, delante de Jehová cuarenta días y cuarenta noches que estuve postrado; porque Jehová dijo que os había de destruir.
၂၅``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​သုတ်​သင်​ဖျက် ဆီး​မည်​ဖြစ်​သော​ကြောင့် ငါ​သည်​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး ကိုယ်​တော်​၏​ရှေ့​မှောက်​တွင်​ပျပ်​ဝပ် လျက်​နေ​ခဲ့​၏။-
26 Y oré á Jehová, diciendo: Oh Señor Jehová, no destruyas tu pueblo y tu heredad que has redimido con tu grandeza, al cual sacaste de Egipto con mano fuerte.
၂၆ငါ​က`အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​မ​ဟာ တန်​ခိုး​တော်​နှင့်​လက်​ရုံး​တော်​အား​ဖြင့် အီ​ဂျစ် ပြည်​မှ​ကယ်​တင်​ထုတ်​ဆောင်​ခဲ့​သော​ကိုယ်​တော် ၏​လူ​မျိုး​တော်​ကို သုတ်​သင်​ဖျက်​ဆီး​တော် မ​မူ​ပါ​နှင့်။-
27 Acuérdate de tus siervos Abraham, Isaac, y Jacob; no mires á la dureza de este pueblo, ni á su impiedad, ni á su pecado:
၂၇ကိုယ်​တော်​၏​အ​စေ​ခံ​များ​ဖြစ်​သော​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​ကို​အောက်​မေ့​သ​တိ​ရ​တော် မူ​၍ ဤ​လူ​မျိုး​တော်​၏​ခေါင်း​မာ​မှု၊ မိုက်​မဲ​မှု၊ အ​ပြစ်​ကူး​လွန်​မှု​တို့​ကို​သည်း​ခံ​တော်​မူ​ပါ။-
28 Porque no digan [los de] la tierra de donde nos sacaste: Por cuanto no pudo Jehová introducirlos en la tierra que les había dicho, ó porque los aborrecía, los sacó para matarlos en el desierto.
၂၈သို့​မ​ဟုတ်​လျှင်​အီ​ဂျစ်​အ​မျိုး​သား​တို့​က ကိုယ် တော်​သည်​သူ​တို့​အား​ကတိ​ထား​တော်​မူ​သော ပြည်​သို့​ပို့​ဆောင်​နိုင်​စွမ်း​မ​ရှိ​ဟု​ဆို​ကြ​ပါ လိမ့်​မည်။ ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ကို​မုန်း​သော​ကြောင့် သတ်​ပစ်​ရန်​တော ကန္တာ​ရ​သို့​ထုတ်​ဆောင်​ခဲ့​သည်​ဟု​လည်း​ဆို ကြ​ပါ​လိမ့်​မည်။-
29 Y ellos son tu pueblo y tu heredad, que sacaste con tu gran fortaleza y con tu brazo extendido.
၂၉စင်​စစ်​အား​ဖြင့်​သူ​တို့​သည်​ကိုယ်​တော်​၏​လူ မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​၍ အီ​ဂျစ်​ပြည်​မှ ကိုယ်​တော်​၏​မ​ဟာ​တန်​ခိုး​တော်​နှင့်​လက်​ရုံး တော်​အား​ဖြင့် ထုတ်​ဆောင်​တော်​မူ​ခဲ့​သူ​များ ပင်​ဖြစ်​ကြ​ပါ​သည်' ဟု​တောင်း​ပန်​လျှောက် ထား​ခဲ့​၏။''

< Deuteronomio 9 >