< 2 Samuel 22 >

1 Y HABLÓ David á Jehová las palabras de este cántico, el día que Jehová le había librado de la mano de todos sus enemigos, y de la mano de Saúl.
ရှော​လု​နှင့်​အ​ခြား​ရန်​သူ​တို့​၏​လက်​မှ​ထာ​ဝ​ရ ဘု​ရား​ကယ်​တော်​မူ​ခြင်း​ကို​ခံ​ရ​ပြီး​သည့် အ​ခါ​၌ ဒါ​ဝိဒ်​သည်​အောက်​ပါ​သီ​ချင်း​ကို ဖွဲ့​ဆို​၏။
2 Y dijo: Jehová es mi roca, y mi fortaleza, y mi libertador;
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ကယ်​တင်​ရှင် ငါ​၏​ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်​တော်​မူ​၏။
3 Dios de mi roca, en él confiaré: mi escudo, y el cuerno de mi salud, mi fortaleza, y mi refugio; mi salvador, que me librarás de violencia.
ငါ​၏​ဘု​ရား​သ​ခင်​သည်​ငါ့​ကို ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သ​ဖြင့် ငါ​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​ပါ​၏။ ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ ငါ​၏​ဘက်​မှ​ခု​ခံ​တိုက်​ခိုက်​တော်​မူ​၍ ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​၏။ ငါ့​ကို​ကွယ်​ကာ​၍​အ​ကြမ်း​ဖက်​မှု​မှ​ကယ်​တော် မူ​၏။
4 Invocaré á Jehová, digno de ser loado, y seré salvo de mis enemigos.
ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​တောင်း​လျှောက်​သည့် အ​ခါ​တိုင်း​ကိုယ်​တော်​သည် ငါ့​အား​ရန်​သူ​များ​လက်​မှ​ကယ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
5 Cuando me cercaron ondas de muerte, y arroyos de iniquidad me asombraron,
သေ​မင်း​၏​လှိုင်း​တံ​ပိုး​များ​သည်​ငါ့​ကို​ဝိုင်း​ရံ လျက်​ရှိ​၏။ ဆုံး​ပါး​ပျက်​စီး​ခြင်း​လှိုင်း​လုံး​များ​သည်​ငါ​၏ အ​ပေါ်​သို့ လွှမ်း​မိုး​၍​လာ​ကြ​၏။
6 Me rodearon los dolores del infierno, y me tomaron descuidado lazos de muerte. (Sheol h7585)
မ​ရ​ဏာ​နိုင်​ငံ​၏​ကြိုး​တို့​သည်​ငါ့​ကို​ရစ်​ပတ် ကြ​၏။ သေ​မင်း​သည်​ငါ့​ကို​ဖမ်း​ရန်​ကျော့​ကွင်း​ထောင်​၏။ (Sheol h7585)
7 Tuve angustia, invoqué á Jehová, y clamé á mi Dios: y él oyó mi voz desde su templo; [llegó] mi clamor á sus oídos.
ငါ​သည်​ဒုက္ခ​ရောက်​၍​ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ခေါ်​ပါ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​၏​ဘု​ရား​သ​ခင်​အား ဟစ်​ခေါ်​ပါ​၏။ ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​မှာ​ငါ​၏​အ​သံ ကို ကြား​တော်​မူ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​ဟစ်​ခေါ်​သံ​ကို​ကြား​တော် မူ​၏။
8 La tierra se removió, y tembló; los fundamentos de los cielos fueron movidos, y se estremecieron, porque él se airó.
ထို​အ​ခါ​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကြောင့် မြေ​ကြီး​သည်​တုန်​လှုပ်​လေ​၏။ မိုး​ကောင်း​ကင်​၏​အ​ခြေ​အ​မြစ်​တို့​သည် ရွေ့​လျား​တုန်​လှုပ်​ကြ​၏။
9 Subió humo de sus narices, y de su boca fuego consumidor, por el cual se encendieron carbones.
နှာ​ခေါင်း​တော်​ထဲ​မှ​မီး​ခိုး​များ​သည်​လည်း​ကောင်း၊ ခံ​တွင်း​တော်​ထဲ​မှ​ကျွမ်း​လောင်​စေ​တတ်​သည့် မီး​လျှံ​နှင့်​မီး​ကျီး​ခဲ​များ​သည်​လည်း​ကောင်း ထွက်​လေ​၏။
10 Y abajó los cielos, y descendió: una oscuridad debajo de sus pies.
၁၀ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို ကွေး​ညွှတ်​စေ​ပြီး​လျှင်​ဆင်း​သက်​ကြွ​လာ တော်​မူ​၏။ ခြေ​ဖ​ဝါး​တော်​အောက်​တွင်​မဲ​မှောင်​သော မိုး​တိမ်​များ​ရှိ​၏။
11 Subió sobre el querubín, y voló: aparecióse sobre las alas del viento.
၁၁ကိုယ်​တော်​သည်​ခေ​ရု​ဗိမ် ကို​စီး​လျက်​လေ​ပြင်း အ​ဟုန်​ဖြင့်​လျင်​မြန်​စွာ​ကြွ​လာ​တော်​မူ​၏။
12 Puso tinieblas alrededor de sí [á modo de] pabellones; aguas negras y espesas nubes.
၁၂ကိုယ်​တော်​သည်​မှောင်​မိုက်​တည်း​ဟူ​သော ရေ​ခိုး​ရေ​ငွေ့​အ​ပြည့်​ပါ​ရှိ​သည့် ထူ​ထပ်​သော​မိုး​တိမ်​တိုက်​ကို​ပတ်​လည်​တော်​၌ ကာ​ရံ​စေ​တော်​မူ​၏။
13 Del resplandor de su presencia se encendieron ascuas ardientes.
၁၃ရှေ့​တော်​၌​လျှပ်​စီး​ပြက်​သ​ဖြင့်​မီး​ကျီး ခဲ​များ​သည် အ​လျှံ​ထ​လေ​၏။
14 Jehová tronó desde los cielos, y el Altísimo dió su voz;
၁၄ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​မှ မိုး​ချုန်း​စေ​တော်​မူ​၏။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​အ​သံ တော်​သည် ထွက်​ပေါ်​လာ​၏။
15 Arrojó saetas, y desbaratólos; relampagueó, y consumiólos.
၁၅ကိုယ်​တော်​သည်​မြား​တော်​တို့​ကို ပစ်​လွှတ်​တော်​မူ​လျက် ရန်​သူ​များ​ကို​ကွဲ​လွင့်​စေ​တော်​မူ​၏။ လျှပ်​စီး​ပြက်​စေ​လျက်​သူ​တို့​အား ထွက်​ပြေး​စေ​တော်​မူ​၏။
16 Entonces aparecieron los manantiales de la mar, y los fundamentos del mundo fueron descubiertos, á la reprensión de Jehová, al resoplido del aliento de su nariz.
၁၆ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား အ​မျက်​ထွက်​တော်​မူ​၍ ဆုံး​မ​ကြိမ်း​ဝါး​တော်​မူ​သော​အ​ခါ၊သ​မုဒ္ဒ​ရာ အောက်​ခံ​နှင့်​ကမ္ဘာ​မြေ​ကြီး​၏ အ​ခြေ​အ​မြစ်​တို့​သည်​ဟင်း​လင်း​ထင်​ပေါ်​လာ ကုန်​၏။
17 Extendió [su mano] de lo alto, y arrebatóme, y sacóme de copiosas aguas.
၁၇ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ​လက်​တော်​ကို ဆန့်​တော်​မူ​၍​ငါ့​ကို​ကိုင်​တော်​မူ​၏။ ရေ​နက်​ကြီး​ထဲ​မှ​ငါ့​ကို​ဆယ်​တင်​တော်​မူ​၏။
18 Libróme de fuertes enemigos, de aquellos que me aborrecían, los cuales eran más fuertes que yo.
၁၈ကိုယ်​တော်​သည်​တန်​ခိုး​ကြီး​သော​ရန်​သူ ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​၏​လက်​မှ ငါ့​ကို​ကယ်​တော်​မူ​၏။ သူ​တို့​သည်​ငါ​ပြိုင်​၍​မ​ရ​နိုင်​အောင်​ခွန်​အား ကြီး​ပါ​၏။
19 Asaltáronme en el día de mi calamidad; mas Jehová fué mi sostén.
၁၉ငါ​သည်​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​သည် ငါ့​ကို​တိုက်​ခိုက်​ကြ​၏။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။
20 Sacóme á anchura; libróme, porque puso su voluntad en mí.
၂၀ကိုယ်​တော်​သည်​ငါ့​ကို​ဘေး​မှ​လွတ်​မြောက်​ရန် ကူ​မ​တော်​မူ​၏။ ငါ့​ကို​နှစ်​သက်​တော်​မူ​သ​ဖြင့်​ကယ်​တော်​မူ​၏။
21 Remuneróme Jehová conforme á mi justicia; y conforme á la limpieza de mis manos, me dió la paga.
၂၁ငါ​သည်​ဖြောင့်​မတ်​စွာ​ပြု​ကျင့်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဆု​လာဘ်​များ ချ​ပေး​တော်​မူ​၏။ ငါ​သည်​အ​ပြစ်​ကင်း​သ​ဖြင့်​ကိုယ်​တော်​သည် ငါ့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။
22 Porque yo guardé los caminos de Jehová, y no me aparté impíamente de mi Dios.
၂၂ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ခဲ့​ပါ​၏။ ငါ​၏​ဘု​ရား​သ​ခင်​ကို​ကျော​မ​ခိုင်း​ခဲ့​ပါ။
23 Porque delante de mí tengo todas sus ordenanzas; y [atento á] sus fueros, no me retiraré de ellos.
၂၃ငါ​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​ခဲ့​၏။ ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို​မ​ဖီ​ဆန်​ခဲ့​ပါ။
24 Y fuí íntegro para con él, y guardéme de mi iniquidad.
၂၄ငါ​သည်​အ​ပြစ်​မဲ့​သူ​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ ဒု​စ​ရိုက်​ကို​ရှောင်​ကြဉ်​ကြောင်း​ကို​လည်း​ကောင်း ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။
25 Remuneróme por tanto Jehová conforme á mi justicia, y conforme á mi limpieza delante de sus ojos.
၂၅ထို့​ကြောင့်​ငါ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​ကြောင်း​ကို သိ​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​ဖြောင့်​မတ်​စွာ​ပြု​ကျင့်​သ​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​သည်​ငါ့​အား​ဆု​လာဘ်​များ​ကို ပေး​သ​နား​တော်​မူ​၏။
26 Con el bueno eres benigno, y con el íntegro te muestras íntegro;
၂၆အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​သစ္စာ​ရှိ သူ​တို့​အား​သစ္စာ​စောင့်​တော်​မူ​၏။ အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ကောင်း​မြတ်​သူ​တို့​အား အ​ကန့်​အ​သတ်​မ​ရှိ​ဘဲ​ကျေး​ဇူး​ပြု​တော်​မူ တတ်​၏။
27 Limpio eres para con el limpio, mas con el perverso eres rígido.
၂၇စိတ်​နှ​လုံး​ဖြူ​စင်​သူ​တို့​အား​ဖြူ​စင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း၊ သူ​ယုတ်​မာ​တို့​အား​ဆန့်​ကျင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း​ပြ​တော် မူ​၏။
28 Y tú salvas al pueblo humilde; mas tus ojos sobre los altivos, para abatirlos.
၂၈ကိုယ်​တော်​သည်​စိတ်​နှိမ့်​ချ​သူ​တို့​အား​ကယ်​တော် မူ​၏။ သို့​ရာ​တွင်​မာ​န​ထောင်​လွှား​သူ​တို့​ကို​မူ နိမ့်​ကျ​စေ​တော်​မူ​၏။
29 Porque tú eres mi lámpara, oh Jehová: Jehová da luz á mis tinieblas.
၂၉အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​၏​အ​လင်း​ဖြစ်​လျက်​အ​ကျွန်ုပ်​၏ အ​မှောင်​ကို​လင်း​စေ​တော်​မူ​၏။
30 Porque en ti romperé ejércitos, y con mi Dios saltaré las murallas.
၃၀ကိုယ်​တော်​ရှင်​သည်​ရန်​သူ​များ​ကို​တိုက်​ခိုက်​ရန် ခွန်​အား​ကို​လည်း​ကောင်း၊ သူ​တို့​၏​ခံ​တပ်​များ​ကို​ဖြို​ခွင်း​ရန်​တန်​ခိုး​ကို လည်း​ကောင်း​အ​ကျွန်ုပ်​အား​ပေး​တော်​မူ​၏။
31 Dios, perfecto su camino: la palabra de Jehová purificada, escudo es de todos los que en él esperan.
၃၁ဤ​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် ပြီး​ပြည့်​စုံ​ပါ​၏။ ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည်​လည်း ယုံ​ကြည်​ကိုး​စား​ထိုက်​ပါ​ပေ​သည်​တ​ကား။ ကိုယ်​တော်​သည်​မိ​မိ​အား​ကိုး​စား​သူ​အ​ပေါင်း တို့ အ​တွက်​ဒိုင်း​လွှား​သ​ဖွယ်​ဖြစ်​တော်​မူ​၏။
32 Porque ¿qué Dios hay sino Jehová? ¿ó quién es fuerte sino nuestro Dios?
၃၂ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင် ဘု​ရား​ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​သာ​လျှင်​ငါ​တို့ ကွယ်​ကာ​ရာ​ဖြစ်​တော်​မူ​၏။
33 Dios es el que con virtud me corrobora, y el que despeja mi camino;
၃၃ဤ​ဘု​ရား​ကား​ငါ​ခို​လှုံ​ရာ​ခိုင်​ခံ့​သည့် ရဲ​တိုက်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​လိုက်​လျှောက်​ရာ ခ​ရီး​လမ်း​ကို​ဘေး​မဲ့​လုံ​ခြုံ​စေ​တော်​မူ​၏။
34 El que hace mis pies como de ciervas, y el que me asienta en mis alturas;
၃၄ကိုယ်​တော်​သည်​ငါ့​အား​သ​မင်​ကဲ့​သို့​ခြေ​မြဲ​စေ​၍ တောင်​များ​ပေါ်​တွင်၊ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော် မူ​၏။
35 El que enseña mis manos para la pelea, y [da que] con mis brazos quiebre el arco de acero.
၃၅အ​သန်​ဆုံး​သော​လေး​ကို​တင်​နိုင်​ရန်​ငါ့​အား စစ်​ပွဲ​အ​တွက်​လေ့​ကျင့်​ပေး​တော်​မူ​၏။
36 Tú me diste asimismo el escudo de tu salud, y tu benignidad me ha acrecentado.
၃၆အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ် အား ကွယ်​ကာ​စောင့်​ရှောက်​၍​ကယ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​ကူ​မ​တော်​မူ​သ​ဖြင့်​အ​ကျွန်ုပ်​သည် ကြီး​မြင့်​လာ​ရ​ပါ​၏။
37 Tú ensanchaste mis pasos debajo de mí, para que no titubeasen mis rodillas.
၃၇ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ရန်​သူ​ဖမ်း​ဆီး​ခြင်း မ​ခံ​ရ​အောင်​စီ​ရင်​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ခဲ့​သည်​မ​ရှိ​ပါ။
38 Perseguiré á mis enemigos, y quebrantarélos; y no me volveré hasta que los acabe.
၃၈အ​ကျွန်ုပ်​သည်​ရန်​သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​လျက် သူ​တို့​အား​နှိမ်​နင်း​ပယ်​ရှား​ပြီး​သည့်​တိုင်​အောင် မ​ပြန်​ပါ။
39 Los consumiré, y los heriré, y no se levantarán; y caerán debajo de mis pies.
၃၉အ​ကျွန်ုပ်​သည်​ရန်​သူ​တို့​အား​နာ​လန်​မ​ထူ နိုင်​အောင် ချေ​မှုန်း​ပါ​၏။ သူ​တို့​သည်​အ​ကျွန်ုပ်​၏​ခြေ​ရင်း​တွင်​လဲ​၍ အ​ညံ့​ခံ​ကြ​ပါ​၏။
40 Ceñísteme de fortaleza para la batalla, y postraste debajo de mí los que contra mí se levantaron.
၄၀ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​စစ်​ပွဲ​ဝင်​နိုင်​ရန် ခွန်​အား​ကို​ပေး​တော်​မူ​ပါ​၏။ ရန်​သူ​များ​အ​ပေါ်​တွင်​အောင်​မြင်​ခွင့်​ကို​လည်း ပေး​တော်​မူ​ပါ​၏။
41 Tú me diste la cerviz de mis enemigos, de mis aborrecedores, y que yo los destruyese.
၄၁ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​၏​ရှေ့​မှ​ရန်​သူ​များ​ကို ထွက်​ပြေး​စေ​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​သည်​မိ​မိ​ကို​မုန်း​သော​သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​ခွင့်​ကို​ရ​ပါ​၏။
42 Miraron, y no hubo quien los librase; á Jehová, mas no les respondió.
၄၂သူ​တို့​သည်​ကယ်​မည့်​သူ​ကို​ရှာ​သော်​လည်း ကယ်​မည့်​သူ​မ​ရှိ​ပါ။ ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​ကြ​သော်​လည်း ထူး​တော်​မ​မူ​ပါ။
43 Yo los desmenuzaré como polvo de la tierra; hollarélos como á lodo de las plazas, y los disiparé.
၄၃အ​ကျွန်ုပ်​သည်​သူ​တို့​အား​ချေ​မှုန်း​သ​ဖြင့် သူ​တို့​သည် မြေ​မှုန့်​ကဲ့​သို့​ညက်​ညက်​ကြေ​ကြ​ပါ​၏။ လမ်း​ပေါ်​မှ​ရွှံ့​ကို​နင်း​သ​ကဲ့​သို့​သူ​တို့​အား အ​ကျွန်ုပ်​နင်း​ပါ​၏။
44 Tú me libraste de contiendas de pueblos: tú me guardaste para que fuese cabeza de gentes: pueblos que no conocía, me sirvieron.
၄၄ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ပုန်​ကန်​သော ပြည်​သူ​တို့​၏​လက်​မှ​ကယ်​တော်​မူ​၍ လူ​မျိုး​တ​ကာ​တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​မ​သိ​ဘူး​သော​လူ​မျိုး​တို့​သည်​ယခု​အ​ခါ​၌ အ​ကျွန်ုပ်​ထံ​အ​ခွန်​ဆက်​ရ​ကြ​ပါ​၏။
45 Los extraños titubeaban á mí: en oyendo, me obedecían.
၄၅လူ​မျိုး​ခြား​တို့​သည်​အ​ကျွန်ုပ်​ရှေ့​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ပါ​၏။ သူ​တို့​သည်​အ​ကျွန်ုပ်​၏​အ​မိန့်​ကို​ကြား​သော အ​ခါ နာ​ခံ​ကြ​ပါ​၏။
46 Los extraños desfallecían, y temblaban en sus escondrijos.
၄၆သူ​တို့​သည်​ရဲ​စွမ်း​သတ္တိ​မ​ရှိ​ကြ​တော့​ဘဲ မိ​မိ​တို့​၏ ရဲ​တိုက်​များ​မှ​တုန်​လှုပ်​လျက်​ထွက်​လာ​ကြ​ပါ​၏။
47 Viva Jehová, y sea bendita mi roca; sea ensalzado el Dios, la roca de mi salvamento:
၄၇ထာ​ဝ​ရ​ဘု​ရား​သည်​အ​သက်​ရှင်​တော်​မူ​၏။ ငါ့​အား​ကွယ်​ကာ​တော်​မူ​သော​အ​ရှင်​ကို ထော​မ​နာ​ပြု​ကြ​လော့။ တန်​ခိုး​ကြီး​၍​ငါ့​ကို​ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ကြီး​မြတ်​တော်​မူ​ကြောင်း ကြွေး​ကြော်​ကြ​လော့။
48 El Dios que me ha vengado, y sujeta los pueblos debajo de mí;
၄၈ကိုယ်​တော်​သည်​ငါ့​အား​ရန်​သူ​များ​ကို​အောင် မြင်​ခွင့် ပေး​တော်​မူ​၏။ လူ​မျိုး​တ​ကာ​တို့​ကို​ငါ​၏​လက်​အောက်​သို့ ရောက်​စေ​တော်​မူ​လျက်၊
49 Y que me saca de entre mis enemigos: tú me sacaste en alto de entre los que se levantaron contra mí: librásteme del varón de iniquidades.
၄၉ရန်​သူ​များ​၏​လက်​မှ​ငါ့​ကို​ကယ်​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​အား​ရန်​သူ​များ​ကို​အောင်​မြင်​ခွင့် ပေး​တော်​မူ​၍ အ​ကြမ်း​ဖက်​သူ​တို့​၏​ဘေး​မှ​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။
50 Por tanto yo te confesaré entre las gentes, oh Jehová, y cantaré á tu nombre.
၅၀သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​လူ​မျိုး​တ​ကာ​တို့​ရှေ့​တွင် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍ ကိုယ်​တော်​ရှင်​၏​ဂုဏ်​တော်​ကို​သီ​ချင်း​ဆို ပါ​မည်။
51 El que engrandece las saludes de su rey, y hace misericordia á su ungido, á David, y á su simiente, para siempre.
၅၁ဘု​ရား​သ​ခင်​သည်​မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော ဘု​ရင်​အား​အောင်​ပွဲ​ကြီး​ကို​ခံ​စေ​တော်​မူ​၏။ ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သော ဒါ​ဝိဒ်​မင်း​မှ​စ​၍​အ​ဆက်​အ​နွယ်​တို့​အား၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကာ​လ​အ​စဉ်​အ​ဆက် ပြ​တော်​မူ​၏။

< 2 Samuel 22 >