< 1 Reyes 2 >

1 Y LLEGÁRONSE los días de David para morir, y mandó á Salomón su hijo, diciendo:
ဒါ​ဝိဒ်​သည်​မိ​မိ​ကွယ်​လွန်​ချိန်​နီး​သော​အ​ခါ သား​တော်​ရှော​လ​မုန်​ကို​ခေါ်​၍​နောက်​ဆုံး​ညွှန် ကြား​ချက်​များ​ကို​ပေး​လေ​သည်။-
2 Yo voy el camino de toda la tierra: esfuérzate, y sé varón.
မင်း​ကြီး​က``ငါ​သေ​ရ​မည့်​အ​ချိန်​ရောက်​ပြီ။ သင်​သည်​မိ​မိ​အ​စွမ်း​ကို​ယုံ​၍​ဇွဲ​သတ္တိ​ရှိ​စွာ၊-
3 Guarda la ordenanza de Jehová tu Dios, andando en sus caminos, y observando sus estatutos y mandamientos, y sus derechos y sus testimonios, de la manera que está escrito en la ley de Moisés, para que seas dichoso en todo lo que hicieres, y en todo aquello á que te tornares;
သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား စေ​ခိုင်း သည့်​အ​တိုင်း​ပြု​လော့။ မော​ရှေ​၏​ပ​ညတ်​ကျမ်း တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း ကိုယ်​တော်​၏ ပညတ်​တော်​များ​နှင့်​အ​မိန့်​တော်​မှန်​သ​မျှ​ကို လိုက်​နာ​လော့။ သို့​မှ​သာ​သင်​ပြု​လေ​ရာ​ရာ၊ သွား​လေ​ရာ​ရာ​၌​အောင်​မြင်​လိမ့်​မည်။-
4 Para que confirme Jehová la palabra que me habló, diciendo: Si tus hijos guardaren su camino, andando delante de mí con verdad, de todo su corazón, y de toda su alma, jamás, dice, faltará á ti varón del trono de Israel.
သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​နာ​ခံ​လျှင် ကိုယ် တော်​သည်​ငါ့​အား​ပေး​တော်​မူ​သော​က​တိ တော်​ကို​တည်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် က`သင်​၏​သား​မြေး​တို့​သည်​ငါ​၏​အ​မိန့် တော်​တို့​ကို​ကိုယ်​စွမ်း​စိတ်​စွမ်း​ရှိ​သ​မျှ​နှင့် တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ရန်​သ​တိ​ပြု သ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သူ​တို့​အား ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။
5 Y ya sabes tú lo que me ha hecho Joab hijo de Sarvia, lo que hizo á dos generales del ejército de Israel, á Abner hijo de Ner, y á Amasa hijo de Jether, los cuales él mató, derramando en paz la sangre de guerra, y poniendo la sangre de guerra en su talabarte que tenía sobre sus lomos, y en sus zapatos que tenía en sus pies.
``ထို့​ပြင်​သင့်​အား​မှာ​ကြား​ရန်​ကိစ္စ​တစ်​ခု ရှိ​သေး​၏။ ယွာ​ဘ​သည်​ဣ​သ​ရေ​လ​တပ်​မ တော်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော​နေ​ရ​၏​သား အာ​ဗ​နာ​နှင့်​ယေ​သာ​၏​သား​အာ​မ​သ​တို့ ကို​သတ်​ခြင်း​အား​ဖြင့် ငါ့​အား​အ​ဘယ်​သို့ ပြု​ခဲ့​ကြောင်း​သင်​မှတ်​မိ​ပါ​လိမ့်​မည်။ စစ် ဖြစ်​ချိန်​က​သတ်​ဖြတ်​မှု​များ​အ​တွက် လက်​စား​ချေ​သည့်​အ​နေ​ဖြင့် သူ​သည်​ထို သူ​တို့​အား​ငြိမ်း​ချမ်း​နေ​ချိန်​၌​အ​ဘယ် သို့​သတ်​ဖြတ်​ခဲ့​သည်​ကို​လည်း​သင်​မှတ်​မိ ပါ​လိမ့်​မည်။ သူ​သည်​အ​ပြစ်​မဲ့​သူ​များ အား​သတ်​ခဲ့​သည်။ သူ​ပြု​ခဲ့​သည့်​အ​မှု အ​တွက်​ယ​ခု​ငါ့​မှာ​တာ​ဝန်​ရှိ​သ​ဖြင့် သူ​၏​ဆိုး​မွေ​ကို​ငါ​ခံ​ရ​၏။-
6 Tú pues harás conforme á tu sabiduría; no dejarás descender sus canas á la huesa en paz. (Sheol h7585)
သင်​သည်​မိ​မိ​ပြု​ရ​မည့်​အ​မှု​ကို​သိ​ပေ​သည်။ သူ့​အား​သ​ဘာ​ဝ​အ​လျောက်​မ​သေ​စေ​နှင့်။ (Sheol h7585)
7 Mas á los hijos de Barzillai Galaadita harás misericordia, que sean de los convidados á tu mesa; porque ellos vinieron así á mí, cuando iba huyendo de Absalom tu hermano.
``ဂိ​လဒ်​ပြည်​သား​ဗာ​ဇိ​လဲ​၏​သား​များ​ကို မူ က​ရု​ဏာ​ထား​၍​ကြည့်​ရှု​စောင့်​ရှောက်​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​၏​အစ်​ကို​အ​ဗ ရှ​လုံ​၏​ဘေး​မှ​ငါ​ထွက်​ပြေး​ရ​စဉ်​အ​ခါ​က သူ​တို့​သည်​ငါ့​အား​ကျေး​ဇူး​ပြု​ခဲ့​ကြ သော​ကြောင့်​ဖြစ်​၏။
8 También tienes contigo á Semei hijo de Gera, hijo de Benjamín, de Bahurim, el cual me maldijo con una maldición fuerte el día que yo iba á Mahanaim. Mas él mismo descendió á recibirme al Jordán, y yo le juré por Jehová, diciendo: Yo no te mataré á cuchillo.
``ဗင်္ယာ​မိန်​ပြည်၊ ဗာ​ဟု​ရိမ်​မြို့​သား​ဂေ​ရ​၏ သား​ရှိမိ​တစ်​ယောက်​လည်း​ရှိ​သေး​၏။ မ​ဟာ​နိမ် မြို့​သို့​ငါ​သွား​သည့်​နေ့​က​သူ​သည်​ငါ့​ကို ကြမ်း​တမ်း​စွာ​ကျိန်​ဆဲ​သော်​လည်း ယော်​ဒန် မြစ်​သို့​လာ​၍​ငါ့​အား​ခ​ရီး​ဦး​ကြို​ပြု​သော အ​ခါ​၌ ငါ​သည်​သူ့​အား​ကွပ်​မျက်​မည်​မ ဟုတ်​ကြောင်း​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​ကျိန်​ဆို​က​တိ​ပြု ခဲ့​သည်။-
9 Empero ahora no lo absolverás: que hombre sabio eres, y sabes cómo te has de haber con él: y harás descender sus canas con sangre á la sepultura. (Sheol h7585)
သို့​ရာ​တွင်​သင်​သည်​သူ့​ကို​အ​ပြစ်​ဒဏ်​မ​စီ ရင်​ဘဲ​မ​နေ​နှင့်။ ပြု​ရ​မည့်​အ​မှု​ကို​သင်​သိ သည်​အ​တိုင်း​သူ့​အား​သေ​ဒဏ်​စီရင်​ရ​မည်'' ဟု​မှာ​ကြား​တော်​မူ​၏။ (Sheol h7585)
10 Y David durmió con sus padres, y fué sepultado en la ciudad de David.
၁၀ဒါ​ဝိဒ်​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ယေ​ရု​ရှ​လင် မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။-
11 Los días que reinó David sobre Israel fueron cuarenta años: siete años reinó en Hebrón, y treinta y tres años reinó en Jerusalem.
၁၁သူ​သည်​ဟေ​ဗြုန်​မြို့​၌​ခု​နစ်​နှစ်၊ ယေ​ရု​ရှ​လင် မြို့​၌​သုံး​ဆယ့်​သုံး​နှစ်၊ စု​စု​ပေါင်း​အ​နှစ်​လေး ဆယ်​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဖြင့်​နန်း​စံ တော်​မူ​၏။-
12 Y se sentó Salomón en el trono de David su padre, y fué su reino firme en gran manera.
၁၂ရှော​လ​မုန်​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။ သူ​၏​တန်​ခိုး အာ​ဏာ​သည်​လည်း​တည်​တံ့​ခိုင်​မြဲ​၍ လာ​၏။
13 Entonces Adonía hijo de Haggith vino á Bath-sheba madre de Salomón; y ella dijo: ¿Es tu venida de paz? Y él respondió: [Sí], de paz.
၁၃ထို​နောက်​ဟ္ဂိတ်​၏​သား​အ​ဒေါ​နိ​ယ​သည် ရှော​လ​မုန်​၏​မယ်​တော်​ဗာ​သ​ရှေ​ဘ​ထံ​သို့ သွား​၏။ ဗာ​သ​ရှေ​ဘ​က``သင်​ယ​ခု​လာ​သည် မှာ​မိတ်​ဆွေ​အ​နေ​နှင့်​လော့'' ဟု​မေး​၏။ အ​ဒေါ​နိ​ယ​က``ဟုတ်​ပါ​သည်'' ဟု ပြန်​ပြော ပြီး​နောက်၊-
14 En seguida dijo: [Una] palabra tengo que decirte. Y ella dijo: Di.
၁၄``အ​ကျွန်ုပ်​မှာ​မယ်​တော်​အား​ပန်​ကြား​စ​ရာ တစ်​ခု​ရှိ​ပါ​သည်'' ဟု​ဆို​၏။ မယ်​တော်​က``အ​ဘယ်​အ​ရာ​နည်း'' ဟု​မေး​၏။
15 Y él dijo: Tú sabes que el reino era mío, y que todo Israel había puesto en mí su rostro, para que yo reinara: mas el reino fué traspasado, y vino á mi hermano; porque por Jehová era suyo.
၁၅အ​ဒေါ​နိ​ယ​က``အ​ကျွန်ုပ်​သည်​ဘု​ရင်​ဖြစ် သင့်​သည်။ ယင်း​သို့​ဖြစ်​လိမ့်​မည်​ဟု​လည်း ဣသ​ရေ​လ​အ​မျိုး​သား​တိုင်း​မျှော်​လင့်​ခဲ့ သည်​ကို​မယ်​တော်​သိ​ပါ​၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​ရ အ​ကျွန်ုပ် သည်​ဘု​ရင်​မ​ဖြစ်​ဘဲ​အ​ကျွန်ုပ်​၏​ညီ​တော် က​ဘု​ရင်​ဖြစ်​လာ​ပါ​၏။-
16 Y ahora yo te hago una petición: no me hagas volver mi rostro. Y ella le dijo: Habla.
၁၆ယ​ခု​ကျွန်ုပ်​တွင်​မယ်​တော်​အား​ပန်​ကြား စ​ရာ​ရှိ​ပါ​သည်။ ကျေး​ဇူး​ပြု​၍​မ​ငြင်း ပယ်​ပါ​နှင့်'' ဟု​ပြန်​ပြော​၏။ ဗာ​သ​ရှေ​ဘ​က``အ​ဘယ်​အ​ရာ​နည်း'' ဟု မေး​၏။
17 El entonces dijo: Yo te ruego que hables al rey Salomón, (porque él no te hará volver tu rostro, ) para que me dé á Abisag Sunamita por mujer.
၁၇အ​ဒေါ​နိ​ယ​က``ရှု​နင်​မြို့​သူ​အ​ဘိ​ရှက်​ကို အ​ကျွန်ုပ်​နှင့်​ပေး​စား​ထိမ်း​မြား​ရန်​ရှော​လ​မုန် မင်း​အား​ကျေး​ဇူး​ပြု​၍​လျှောက်​ထား​ပေး​ပါ။ သူ​သည်​မယ်​တော်​၏​စ​ကား​ကို​ငြင်း​ပယ်​လိမ့် မည်​မ​ဟုတ်​ကြောင်း အ​ကျွန်ုပ်​သိ​ပါ​သည်'' ဟု ပြန်​ပြော​၏။
18 Y Bath-sheba dijo: Bien; yo hablaré por ti al rey.
၁၈ဗာ​သ​ရှေ​ဘ​က​လည်း``ကောင်း​ပြီ။ သင်​၏ အ​တွက်​မင်း​ကြီး​အား​ငါ​လျှောက်​ထား မည်'' ဟု​ဆို​၏။
19 Y vino Bath-sheba al rey Salomón para hablarle por Adonía. Y el rey se levantó á recibirla, é inclinóse á ella, y volvió á sentarse en su trono, é hizo poner una silla á la madre del rey, la cual se sentó á su diestra.
၁၉ဗာ​သ​ရှေ​ဘ​သည်​အ​ဒေါ​နိ​ယ​အ​တွက် လျှောက်​ထား​ရန် မင်း​ကြီး​ထံ​သို့​သွား​လေ​၏။ မင်း​ကြီး​သည်​လည်း​မယ်​တော်​ကို​ခ​ရီး​ဦး ကြို​ပြု​အံ့​သော​ငှာ ထ​၍​ဦး​ညွှတ်​ပြီး​လျှင် ရာ​ဇ​ပလ္လင်​ပေါ်​တွင်​ထိုင်​တော်​မူ​၏။ ထို့​နောက် အ​ခြား​ပလ္လင်​တစ်​ခု​ခု​ကို​ယူ​ခဲ့​စေ​၍ မယ် တော်​အား​မိ​မိ​၏​လက်ယာ​ဘက်​တွင်​ထိုင်​စေ တော်​မူ​၏။-
20 Y ella dijo: Una pequeña petición pretendo de ti; no me hagas volver mi rostro. Y el rey le dijo: Pide, madre mía, que yo no te haré volver el rostro.
၂၀မယ်​တော်​က``သေး​ငယ်​သော​ဆု​ကျေးဇူး​တစ် ခု​တောင်း​လို​ပါ​သည်။ မ​ငြင်း​ပါ​နှင့်'' ဟု လျှောက်​၏။ မင်း​ကြီး​က``မယ်​တော်၊ တောင်း​ပါ၊ အ​ကျွန်ုပ် မ​ငြင်း​ပါ'' ဟု​မိန့်​တော်​မူ​၏။
21 Y ella dijo: Dése Abisag Sunamita por mujer á tu hermano Adonía.
၂၁ထို​အ​ခါ​မယ်​တော်​က``အ​ဘိ​ရှက်​ကို​နောင်​တော် အ​ဒေါ​နိ​ယ​အား​ပေး​စား​တော်​မူ​ပါ'' ဟု တောင်း​လေ​၏။
22 Y el rey Salomón respondió, y dijo á su madre: ¿Por qué pides á Abisag Sunamita para Adonía? Demanda también para él el reino, porque él es mi hermano mayor; y tiene también á Abiathar sacerdote, y á Joab hijo de Sarvia.
၂၂မင်း​ကြီး​က``မယ်​တော်​သည်​အ​ဘယ်​ကြောင့် သူ​၏​အ​တွက် အ​ဘိ​ရှက်​ကို​သာ​လျှင်​တောင်း ပါ​သ​နည်း။ ထီး​နန်း​ကို​ပါ​တောင်း​ခံ​ပါ​လော့။ အ​မှန်​ကို​ဆို​ရ​လျှင်​သူ​သည်​အ​ကျွန်ုပ်​၏ နောင်​တော်​ဖြစ်​၍ အ​ဗျာ​သာ​နှင့်​ယွာ​ဘ​တို့ သည်​လည်း​သူ​၏​ဘက်​တော်​သား​များ​ဖြစ် ကြ​ပါ​သည်'' ဟု​မိန့်​တော်​မူ​၏။-
23 Y el rey Salomón juró por Jehová, diciendo: Así me haga Dios y así me añada, que contra su vida ha hablado Adonía esta palabra.
၂၃ထို့​နောက်​ရှော​လ​မုန်​က``ဤ​အ​မှု​ကို​ပြုသည့် အ​တွက် အ​ဒေါ​နိ​ယ​အား​ငါ​အ​သက်​မ​သေ စေ​လျှင် ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး စီ​ရင်​တော်​မူ​ပါ​စေ​သော။-
24 Ahora pues, vive Jehová, que me ha confirmado y me ha puesto sobre el trono de David mi padre, y que me ha hecho casa, como me había dicho, que Adonía morirá hoy.
၂၄ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ခ​မည်း​တော် ဒါ​ဝိဒ်​၏​ရာ​ဇ​ပလ္လင်​ပေါ်​တွင် တည်​မြဲ​စွာ​တည် ၍​ထား​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ ၏​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ငါ​နှင့်​ငါ​၏ သား​မြေး​တို့​အား​နိုင်​ငံ​တော်​ကို​ပေး​တော် မူ​လေ​ပြီ။ အ​ဒေါ​နိ​ယ​သည်​ယ​နေ့​ပင်​လျှင် သေ​ရ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ ကျိန်​ဆို​ပါ​၏'' ဟု​အ​လေး​အ​နက်​အ​ဋ္ဌိ ဋ္ဌာန်​ပြု​တော်​မူ​၏။
25 Entonces el rey Salomón envió por mano de Benaía hijo de Joiada, el cual dió sobre él, y murió.
၂၅ထို့​ကြောင့်​ရှော​လ​မုန်​မင်း​အ​မိန့်​ပေး​တော်​မူ သ​ဖြင့် ဗေ​နာ​ယ​သည်​သွား​၍​အ​ဒေါ​နိ​ယ အား​ကွပ်​မျက်​လေ​သည်။
26 Y á Abiathar sacerdote dijo el rey: Vete á Anathoth á tus heredades, que tú eres digno de muerte; mas no te mataré hoy, por cuanto has llevado el arca del Señor Jehová delante de David mi padre, y además has sido trabajado en todas las cosas en que fué trabajado mi padre.
၂၆ထို့​နောက်​ရှော​လ​မုန်​မင်း​သည် ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​အား``အာ​န​သုတ်​မြို့​ရှိ​သင်​၏ ကျေး​လက်​နေ​အိမ်​သို့​သွား​လော့။ သင်​သည် သေ​ဒဏ်​ခံ​ထိုက်​သူ​ဖြစ်​ပေ​သည်။ သို့​ရာ​တွင် သင်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​လက်​ထက်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ၊ မင်း​ကြီး​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​ကို​ခံ​ခဲ့​သူ​ဖြစ်​သ​ဖြင့် ယ​ခု​သင့်​အား​ငါ​မ​သတ်​လို​ပြီ'' ဟု မိန့်​တော်​မူ​၏။-
27 Así echó Salomón á Abiathar del sacerdocio de Jehová, para que se cumpliese la palabra de Jehová que había dicho sobre la casa de Eli en Silo.
၂၇ထို့​နောက်​ရှော​လ​မုန်​သည်​အ​ဗျာ​သာ​အား ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ဆောင်​ယဇ် ပု​ရော​ဟိတ်​ရာ​ထူး​မှ​ထုတ်​ပယ်​တော်​မူ​၏။ ဤ​သို့​ဖြင့်​မင်း​ကြီး​သည်​ရှိ​လော​မြို့​၌ ယဇ်​ပု​ရော​ဟိတ်​ဧ​လိ​နှင့်​သား​မြေး​တို့​ကို အ​ကြောင်း​ပြု​၍ ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​တော်​တို့​ကို​အ​ကောင် အ​ထည်​ပေါ်​စေ​တော်​မူ​သ​တည်း။
28 Y vino la noticia hasta Joab: porque también Joab se había adherido á Adonía, si bien no se había adherido á Absalom. Y huyó Joab al tabernáculo de Jehová, y asióse á los cornijales del altar.
၂၈ဤ​အ​ဖြစ်​အ​ပျက်​ကို​ယွာ​ဘ​ကြား​သိ သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ တဲ​တော်​သို့​ထွက်​ပြေး​ပြီး​လျှင်​ယဇ်​ပလ္လင် ထောင့်​စွယ်​များ ကို​ဆုပ်​ကိုင်​၍​ထား​၏။ (သူ​သည်​အ​ဒေါ​နိ​ယ အား​ကူ​ညီ​ခဲ့​သော်​လည်း​အ​ဗ​ရှ​လုံ​ကို​မူ မ​ကူ​ညီ​ခဲ့၊-)
29 Y fué hecho saber á Salomón que Joab había huído al tabernáculo de Jehová, y que estaba junto al altar. Entonces envió Salomón á Benaía hijo de Joiada, diciendo: Ve, y da sobre él.
၂၉သူ​သည်​အ​ဒေါ​နိ​ယ​စံ​တော်​မူ​ရာ​တဲ​တော် သို့​ထွက်​ပြေး​ပြီး​လျှင် ယဇ်​ပလ္လင်​အ​နီး​တွင် ရပ်​လျက်​နေ​ကြောင်း​သ​တင်း​ရ​ရှိ​သော​အ​ခါ ရှော​လ​မုန်​မင်း​သည်​ယွာ​ဘ​အား​အ​ဘယ် ကြောင့်​ယဇ်​ပလ္လင်​သို့​ထွက်​ပြေး​ရ​သည်​ကို​လူ လွှတ်​၍​မေး​တော်​မူ​၏။ ထို​အ​ခါ​ယွာ​ဘ​က မိ​မိ​သည်​ရှော​လ​မုန်​ကို​ကြောက်​သ​ဖြင့် ထာ ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ထွက်​ပြေး​ရ​ခြင်း ဖြစ်​ကြောင်း​ပြန်​ကြား​လျှောက်​ထား​လေ​သည်။ ထို့​ကြောင့်​ရှော​လ​မုန်​မင်း​သည်​ဗေ​နာ​ယ ကို​စေ​လွှတ်​၍​ယွာ​ဘ​အား​ကွပ်​မျက်​စေ တော်​မူ​၏။-
30 Y entró Benaía al tabernáculo de Jehová, y díjole: El rey ha dicho que salgas. Y él dijo: No, sino aquí moriré. Y Benaía volvió con esta respuesta al rey, diciendo: Así habló Joab, y así me respondió.
၃၀ဗေ​နာ​ယ​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​သို့​သွား​၍ ယွာ​ဘ​အား``အပြင် သို့​ထွက်​ခဲ့​လော့။ မင်း​ကြီး​အ​မိန့်​တော်​ရှိ သည်'' ဟု​ဆို​၏။ ယွာ​ဘ​က``ငါ​မ​လာ​လို။ ဤ​အ​ရပ်​တွင်​ပင် အ​သေ​ခံ​မည်'' ဟု​ပြန်​ပြော​၏။ ဗေ​နာ​ယ​သည်​လည်း​မင်း​ကြီး​ထံ​ပြန်​သွား ပြီး​လျှင် ယွာ​ဘ​ပြော​သည့်​စ​ကား​ကို​ပြန် ကြား​လျှောက်​ထား​လေ​သည်။
31 Y el rey le dijo: Haz como él ha dicho; mátale y entiérralo, y quita de mí y de la casa de mi padre la sangre que Joab ha derramado injustamente.
၃၁ရှော​လ​မုန်​မင်း​က​လည်း``ယွာ​ဘ​ပြော​သည် အ​တိုင်း​ပြု​လော့။ သူ့​ကို​ကွပ်​မျက်​၍​သင်္ဂြိုဟ် လိုက်​လော့။ ထို​အ​ခါ​အ​ပြစ်​မဲ့​သူ​များ​အား ယွာ​ဘ​သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက် ငါ ၌​သော်​လည်း​ကောင်း၊ ဒါ​ဝိဒ်​၏​အ​ခြား​သား မြေး​များ​၌​သော်​လည်း​ကောင်း​တာ​ဝန်​ရှိ တော်​မူ​မည်​မ​ဟုတ်။-
32 Y Jehová hará tornar su sangre sobre su cabeza: que él ha muerto dos varones más justos y mejores que él, á los cuales mató á cuchillo sin que mi padre David supiese nada: á Abner hijo de Ner, general del ejército de Israel, y á Amasa hijo de Jether, general de ejército de Judá.
၃၂ငါ​၏​ခ​မည်း​တော်​မ​သိ​ဘဲ​ကူး​လွန်​ခဲ့​သည့် လူ​သတ်​မှု​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ယွာ​ဘ​အား​အပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။ ယွာ​ဘ​သည်​မိ​မိ​ထက်​သာ​လွန်​ကောင်း​မြတ် သည့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​ဗ​နာ နှင့်​ယု​ဒ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​မ​သ​တည်း ဟူ​သော​အ​ပြစ်​မဲ့​သူ​နှစ်​ဦး​အား​သတ်​ဖြတ် ခဲ့​ပေ​သည်။-
33 La sangre pues de ellos recaerá sobre la cabeza de Joab, y sobre la cabeza de su simiente para siempre: mas sobre David y sobre su simiente, y sobre su casa y sobre su trono, habrá perpetuamente paz de parte de Jehová.
၃၃ထို​လူ​သတ်​မှု​များ​အ​တွက်​ယွာ​ဘ​နှင့်​သူ​၏ သား​မြေး​တို့​သည် ထာ​ဝ​စဉ်​အ​ပြစ်​ဒဏ်​ခံ​ရ ကြ​လတ္တံ့။ သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အ​ရိုက်​အ​ရာ ဆက်​ခံ​ကြ​သော​သား​မြေး​တို့​ကို​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည်​အ​စဉ်​အ​မြဲ​အောင်​ပွဲ ခံ​စေ​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
34 Entonces Benaía hijo de Joiada subió, y dió sobre él, y matólo; y fué sepultado en su casa en el desierto.
၃၄ထို့​ကြောင့်​ဗေ​နာ​ယ​သည်​ထာ​ဝရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​သို့​သွား​၍​ယွာ​ဘ အား​သတ်​ပြီး​လျှင် ကျေး​လက်​ရှိ​သူ​၏ နေ​အိမ်​တွင်​သင်္ဂြိုဟ်​လိုက်​လေ​သည်။-
35 Y el rey puso en su lugar á Benaía hijo de Joiada sobre el ejército: y á Sadoc puso el rey por sacerdote en lugar de Abiathar.
၃၅မင်း​ကြီး​သည်​ဗေ​နာ​ယ​ကို​ယွာ​ဘ​၏​နေ​ရာ တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ခန့်​ထား တော်​မူ​၍ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​ကို​လည်း အ​ဗျာ​သာ​၏​နေ​ရာ​တွင်​ခန့်​ထား​တော်​မူ​၏။
36 Después envió el rey, é hizo venir á Semei, y díjole: Edifícate una casa en Jerusalem, y mora ahí, y no salgas de allá á una parte ni á otra;
၃၆ထို့​နောက်​မင်း​ကြီး​သည် ရှိ​မိ​ကို​ဆင့်​ခေါ်​တော် မူ​ပြီး​လျှင်``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် အိမ်​တစ်​လုံး​ဆောက်​၍​နေ​ထိုင်​လော့။ ဤ​မြို့ မှ​မ​ထွက်​မ​ခွာ​နှင့်။-
37 Porque sabe de cierto que el día que salieres, y pasares el torrente de Cedrón, sin duda morirás, y tu sangre será sobre tu cabeza.
၃၇အ​ကယ်​၍​ကေ​ဒြုန်​ချောင်း​လွန်​အောင်​ထွက်​လာ လျှင်​သင်​သည်​မု​ချ​သေ​ဒဏ်​ခံ​ရ​မည်။ ထို​အ​ခါ မိ​မိ​ကိုယ်​ကို​သာ​လျှင်​အ​ပြစ်​တင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
38 Y Semei dijo al rey: La palabra es buena; como el rey mi señor ha dicho, así lo hará tu siervo. Y habitó Semei en Jerusalem muchos días.
၃၈ရှိ​မိ​က​လည်း``ကောင်း​ပါ​ပြီ။ အ​ရှင်​မင်း​ကြီး။ အ​ရှင်​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​ကျွန်ုပ် လိုက်​နာ​ပါ​မည်'' ဟု​ပြန်​၍​လျှောက်​ထား​ပြီး လျှင်​ယေ​ရု​ရှ​လင်​မြို့​တွင်​ကာ​လ​ကြာ မြင့်​စွာ​နေ​ထိုင်​လေ​၏။
39 Pero pasados tres años, aconteció que se le huyeron á Semei dos siervos á Achîs, hijo de Maachâ, rey de Gath. Y dieron aviso á Semei, diciendo: He aquí que tus siervos están en Gath.
၃၉သို့​ရာ​တွင်​သုံး​နှစ်​ကြာ​သော​အ​ခါ​ရှိ​မိ​၏ ကျွန်​နှစ်​ယောက်​သည်​မာ​ခါ​၏​သား၊ ဂါ​သ ဘု​ရင်​အာ​ခိတ်​ထံ​သို့​ထွက်​ပြေး​ကြ​၏။ ရှိ​မိ သည်​ဂါ​သ​မြို့​တွင်​ထို​သူ​တို့​ရှိ​နေ​ကြောင်း သ​တင်း​ကြား​သော​အ​ခါ၊-
40 Levantóse entonces Semei, y enalbardó su asno, y fué á Gath, á Achîs, á procurar sus siervos. Fué pues Semei, y volvió sus siervos de Gath.
၄၀မြည်း​ကို​ကုန်း​နှီး​တင်​ပြီး​လျှင်​ကျွန်​များ​ကို ရှာ​ရန်​အာ​ခိတ်​မင်း​ထံ​သို့​သွား​လေ​သည်။ သူ သည်​မိ​မိ​၏​ကျွန်​တို့​ကို​တွေ့​ရှိ​သ​ဖြင့်​အိမ် သို့​ပြန်​၍​ခေါ်​ခဲ့​၏။-
41 Díjose luego á Salomón como Semei había ido de Jerusalem hasta Gath, y que había vuelto.
၄၁ရှိ​မိ​ပြု​သော​အ​မှု​ကို​ရှော​လ​မုန်​မင်း​ကြား တော်​မူ​လျှင်​သူ့​အား​ဆင့်​ခေါ်​တော်​မူ​၍``ငါ သည်​သင့်​အား​ယေ​ရု​ရှ​လင်​မြို့​မှ​မ​ထွက်​ခွာ ရန် ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​လျက်​က​တိ ပြု​စေ​ခဲ့​၏။ အ​ကယ်​၍​ထွက်​ခွာ​ခဲ့​သော်​သင် သည်​ဧ​ကန်​မု​ချ​သေ​ဒဏ်​ခံ​ရ​မည်​ဟု​လည်း ကြို​တင်​သ​တိ​ပေး​ခဲ့​၏။ သင်​က​လည်း​ဤ အ​တိုင်း​သ​ဘော​တူ​သ​ဖြင့် ငါ​၏​စ​ကား ကို​နား​ထောင်​ပါ​မည်​ဟု​ဝန်​ခံ​ခဲ့​သည် မ​ဟုတ်​လော။-
42 Entonces el rey envió, é hizo venir á Semei, y díjole: ¿No te conjuré yo por Jehová, y te protesté, diciendo: El día que salieres, y fueres acá ó acullá, sabe de cierto que has de morir? Y tú me dijiste: La palabra es buena, yo la obedezco.
၄၂
43 ¿Por qué pues no guardaste el juramento de Jehová, y el mandamiento que yo te impuse?
၄၃သို့​ပါ​လျက်​အ​ဘယ်​ကြောင့်​မိ​မိ​၏​က​တိ ကို​ဖျက်​၍ ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန်​ပါ သ​နည်း။-
44 Dijo además el rey á Semei: Tú sabes todo el mal, el cual tu corazón bien sabe, que cometiste contra mi padre David; Jehová pues, ha tornado el mal sobre tu cabeza.
၄၄သင်​သည်​ခ​မည်း​တော်​အား​ပြစ်​မှား​ခဲ့​သည့် အ​မှု​အ​ပေါင်း​ကို​ကောင်း​စွာ​သိ​ပေ​သည်။ ထို အ​မှု​များ​အ​တွက်​သင့်​အား​ထာ​ဝ​ရ​ဘု​ရား သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။-
45 Y el rey Salomón será bendito, y el trono de David será firme perpetuamente delante de Jehová.
၄၅ငါ့​ကို​မူ​ကား​ကောင်း​ချီး​ပေး​၍​ဒါ​ဝိဒ်​၏ နိုင်​ငံ​တော်​ကို​ထာ​ဝ​စဉ်​တည်​တံ့​ခိုင်​မြဲ​စေ တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
46 Entonces el rey mandó á Benaía hijo de Joiada, el cual salió é hirióle; y murió. Y el reino fué confirmado en la mano de Salomón.
၄၆ထို​နောက်​ဗေ​နာ​ယ​သည် မင်း​ကြီး​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း အ​ပြင်​သို့​ထွက်​ပြီး​လျှင် ရှိ​မိ​ကို​ကွပ်​မျက်​လေ​၏။ ရှော​လ​မုန်​မင်း​သည် ယ​ခု​အ​ခါ​၌​မိ​မိ​၏​နိုင်​ငံ​တော်​ကို​ပိုင်​နိုင် စွာ​အုပ်​စိုး​တော်​မူ​ရ​၏။

< 1 Reyes 2 >