< 1 Reyes 12 >

1 Y FUÉ Roboam á Sichêm; porque todo Israel había venido á Sichêm para hacerlo rey.
ရော​ဗောင်​သည်​မိ​မိ​အား​မင်း​မြှောက်​ရန် ဣ​သ​ရေ​လ ပြည်​မြောက်​ပိုင်း​ရှိ​လူ​တို့​စု​ရုံး​လျက်​ရှိ​ရာ​ရှေ​ခင် မြို့​သို့​သွား​၏။-
2 Y aconteció, que como lo oyó Jeroboam hijo de Nabat, que estaba en Egipto, porque había huído de delante del rey Salomón, y habitaba en Egipto;
ရှော​လ​မုန်​မင်း​၏​ဘေး​မှ​လွတ်​မြောက်​ရန်​ထွက် ပြေး​သွား​သူ​နေ​ဗက်​၏​သား​ယေ​ရော​ဗောင်​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​အီ​ဂျစ်​ပြည် မှ​ပြန်​လာ​လေ​သည်။-
3 Enviaron y llamáronle. Vino pues Jeroboam y toda la congregación de Israel, y hablaron á Roboam, diciendo:
ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​မှ​လူ​တို့​သည်​သူ့​ကို ခေါ်​ယူ​ပြီး​လျှင် သူ​နှင့်​အ​တူ​ရောဗောင်​မင်း​ထံ​သို့ သွား​ကြ​၏။ သူ​တို့​က၊-
4 Tu padre agravó nuestro yugo, mas ahora tú disminuye [algo] de la dura servidumbre de tu padre, y del yugo pesado que puso sobre nosotros, y te serviremos.
``အ​ရှင့်​ခ​မည်း​တော်​ရှော​လ​မုန်​သည်​ကျွန်ုပ်​တို့ အ​ပေါ်​လေး​လံ​သော​ထမ်း​ပိုး​ကို​တင်​တော်​မူ​ခဲ့ ပါ​၏။ အ​ရှင်​သည်​ထို​လေး​လံ​သော​ထမ်း​ပိုး​နှင့် ပင်​ပန်း​သော​ဝန်​ကို​ပေါ့​ပါး​စေ​လျက် အ​ကျွန်ုပ်​တို့ အား​နေ​သာ​ထိုင်​သာ​ရှိ​အောင်​ပြု​တော်​မူ​မည်​ဆို ပါ​က အ​ကျွန်ုပ်​တို့​သည်​သစ္စာ​ရှိ​စွာ​အ​ရှင့်​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ပါ​မည်'' ဟု​လျှောက် ထား​ကြ​၏။
5 Y él les dijo: Idos, y de aquí á tres días volved á mí. Y el pueblo se fué.
ရော​ဗောင်​က​လည်း``သုံး​ရက်​ကြာ​လျှင်​ငါ့​ထံ​သို့ ပြန်​ခဲ့​ကြ။ ထို​အ​ခါ​မှ​သင်​တို့​အား​ငါ​အ​ဖြေ ပေး​မည်'' ဟု​ဆို​၏။
6 Entonces el rey Roboam tomó consejo con los ancianos que habían estado delante de Salomón su padre cuando vivía, y dijo: ¿Cómo aconsejáis vosotros que responda á este pueblo?
ထို့​နောက်​ရော​ဗောင်​သည် ခ​မည်း​တော်​ရှော​လ​မုန်​၏ အ​တိုင်​ပင်​ခံ​အ​သက်​ကြီး​သူ​အ​မတ်​များ​အား``ထို သူ​တို့​ကို​ငါ​အ​ဘယ်​သို့​ဖြေ​ကြား​ရ​ပါ​မည်​နည်း။ သင်​တို့​အ​ဘယ်​သို့​အ​ကြံ​ပေး​လို​ကြ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
7 Y ellos le hablaron, diciendo: Si tú fueres hoy siervo de este pueblo, y lo sirvieres, y respondiéndole buenas palabras les hablares, ellos te servirán para siempre.
မှူး​မတ်​တို့​က``အ​ရှင်​သည်​ထို​သူ​တို့​အား​အ​ကျိုး ပြု​လို​တော်​မူ​ပါ​လျှင် သူ​တို့​၏​ပန်​ကြား​ချက်​ကို လိုက်​လျော​တော်​မူ​ပါ။ သူ​တို့​သည်​အ​ရှင်​၏​အမှု တော်​ကို အ​စဉ်​အ​မြဲ​သစ္စာ​နှင့်​ထမ်း​ဆောင်​ကြ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။
8 Mas él, dejado el consejo de los viejos que ellos le habían dado, tomó consejo con los mancebos que se habían criado con él, y estaban delante de él.
သို့​ရာ​တွင်​ရော​ဗောင်​သည်​ထို​မှူး​မတ်​တို့​ပေး​သည့် အ​ကြံ​ကို​လျစ်​လူ​ရှု​၍ အ​ပါး​တော်​တွင်​ခ​စား နေ​ကျ​ဖြစ်​သော​မိ​မိ​၏​ငယ်​သူ​ငယ်​ချင်း လူ​ငယ်​လူ​ရွယ်​များ​ထံ​သို့​သွား​ပြီး​လျှင်၊-
9 Y díjoles: ¿Cómo aconsejáis vosotros que respondamos á este pueblo, que me ha hablado, diciendo: Disminuye [algo] del yugo que tu padre puso sobre nosotros?
``သင်​တို့​က​ငါ့​အား​အ​ဘယ်​သို့​အ​ကြံ​ပေး​ကြ ပါ​မည်​နည်း။ သူ​တို့​၏​ဝန်​ကို​ပေါ့​ပါး​အောင်​ပြု လုပ်​ပေး​ရန် ငါ့​ထံ​ပန်​ကြား​လျှောက်​ထား​နေ​သူ တို့​အား​အ​ဘယ်​သို့​ဖြေ​ကြား​ရ​ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။
10 Entonces los mancebos que se habían criado con él, le respondieron, diciendo: Así hablarás á este pueblo que te ha dicho estas palabras: Tu padre agravó nuestro yugo; mas tú disminúyenos [algo]: así les hablarás: El menor dedo de los míos es más grueso que los lomos de mi padre.
၁၀ထို​သူ​ငယ်​များ​က``အ​ရှင်​သည်​သူ​တို့​အား`ငါ​၏ လက်​သန်း​သည်​ခ​မည်း​တော်​၏​ခါး​ထက်​ပို​၍ တုတ်​၏။-
11 Ahora pues, mi padre os cargó de pesado yugo, mas yo añadiré á vuestro yugo; mi padre os hirió con azotes, mas yo os heriré con escorpiones.
၁၁ငါ့​ခ​မည်း​တော်​တင်​သော​ဝန်​လေး​သည်​မှန်​၏။ ငါ တင်​သော​ဝန်​ကား​ထို​ထက်​ပင်​ပို​၍​လေး​လိမ့်​မည်။ သူ​သည်​သင်​တို့​အား​ကြိမ်​နှင့်​ရိုက်​၏။ ငါ​မူ​ကား ကြာ​ပွတ်​နှင့်​ရိုက်​အံ့' ဟု​ဖြေ​ကြား​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။
12 Y al tercer día vino Jeroboam con todo el pueblo á Roboam; según el rey lo había mandado, diciendo: Volved á mí al tercer día.
၁၂သုံး​ရက်​မျှ​ကြာ​သော​အ​ခါ​ယေ​ရော​ဗောင်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရော​ဗောင်​မင်း မှာ​ကြား​လိုက်​သည့်​အ​တိုင်း​ပြန်​လာ​ကြ​၏။-
13 Y el rey respondió al pueblo duramente, dejado el consejo de los ancianos que ellos le habían dado;
၁၃ထို​အ​ခါ​ရော​ဗောင်​သည်​အ​သက်​ကြီး​သူ​အ​တိုင် ပင်​ခံ​အ​မတ်​များ​ပေး​သည့်​အ​ကြံ​ကို​လျစ်​လူ ရှု​ပြီး​လျှင်၊-
14 Y hablóles conforme al consejo de los mancebos, diciendo: Mi padre agravó vuestro yugo, pero yo añadiré á vuestro yugo; mi padre os hirió con azotes, mas yo os heriré con escorpiones.
၁၄လူ​ငယ်​လူ​ရွယ်​တို့​ပေး​သည့်​အ​ကြံ​အ​တိုင်း​ထို သူ​တို့​အား``ငါ့​ခ​မည်း​တော်​တင်​သော​ဝန်​လေး သည်​မှန်​၏။ ငါ​တင်​သော​ဝန်​ကား​ထို​ထက်​ပင်​ပို ၍​လေး​လိမ့်​မည်။ သူ​သည်​သင်​တို့​အား​ကြိမ်​နှင့် ရိုက်​၏။ ငါ​မူ​ကား​ကြာ​ပွတ်​နှင့်​ရိုက်​အံ့'' ဟု ခက်​ထန်​စွာ​ဖြေ​ကြား​တော်​မူ​၏။-
15 Y no oyó el rey al pueblo; porque era ordenación de Jehová, para confirmar su palabra, que Jehová había hablado por medio de Ahías Silonita á Jeroboam hijo de Nabat.
၁၅မင်း​ကြီး​သည်​ဤ​သို့​ပြည်​သူ​တို့​အား​အ​လေး ဂ​ရု​မ​ပြု​ဘဲ​နေ​တော်​မူ​ခြင်း​မှာ ပ​ရော​ဖက် အ​ဟိ​ယ​အား​ဖြင့်​ယေ​ရော​ဗောင်​အား​ကိုယ်​တော် ပေး​တော်​မူ​ခဲ့​သည့်​က​တိ​တော်​ကို အ​ကောင် အ​ထည်​ပေါ်​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​အ​လို ရှိ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။
16 Y cuando todo el pueblo vió que el rey no les había oído, respondióle estas palabras, diciendo: ¿Qué parte tenemos nosotros con David? No tenemos heredad en el hijo de Isaí. ¡Israel, á tus estancias! ¡Provee ahora en tu casa, David! Entonces Israel se fué á sus estancias.
၁၆မိ​မိ​တို့​၏​ပန်​ကြား​ချက်​ကို မင်း​ကြီး​နား​ထောင် တော့​မည်​မ​ဟုတ်​ကြောင်း​သိ​ရှိ​ကြ​သော​အ​ခါ လူ တို့​က``ဒါ​ဝိဒ်​၌​ငါ​တို့​လူ​မျိုး​တော်​မ​ရှိ။ ယေ​ရှဲ ၏​သား​၌​ငါ​တို့​အ​မွေ​မ​ရှိ။ အို ဣ​သ​ရေ​လ​ပြည် သူ​တို့၊ ငါ​တို့​နေ​ရပ်​သို့​ပြန်​ကြ​ကုန်​အံ့။ အို ဒါ​ဝိဒ်၊ သင်​၏​အိမ်​ကို​ပြန်​ကြည့်​လော့'' ဟု​ဟစ်​အော်​ကြ ကုန်​၏။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ပုန်​ကန် ကြ​၏။-
17 Mas reinó Roboam sobre los hijos de Israel que moraban en las ciudades de Judá.
၁၇ရော​ဗောင်​သည်​ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​သူ​တို့ ကို​သာ​လျှင် အုပ်​စိုး​ရ​လေ​သည်။
18 Y el rey Roboam envió á Adoram, que estaba sobre los tributos; pero apedreóle todo Israel, y murió. Entonces el rey Roboam se esforzó á subir en un carro, y huir á Jerusalem.
၁၈ထို​အ​ခါ​ရော​ဗောင်​မင်း​သည် ချွေး​တပ်​တာ​ဝန်​ခံ အ​ဒေါ​နိ​ရံ​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အမျိုး​သား​တို့​က ထို​သူ့​အား​ခဲ​နှင့်​ပစ်​သတ်​ကြ သ​ဖြင့် ရော​ဗောင်​သည်​မိ​မိ​ရ​ထား​ပေါ်​သို့​အ​ဆော တ​လျင်​တက်​၍​ယေ​ရု​ရှ​လင်​မြို့​သို့​ထွက်​ပြေး လေ​၏။-
19 Así se apartó Israel de la casa de David hasta hoy.
၁၉ထို​ကာ​လ​မှ​စ​၍​ဣသ​ရေ​လ​ပြည်​မြောက်​ပိုင်း ပြည်​သူ​တို့​သည် ဒါ​ဝိဒ်​မင်း​မျိုး​ကို​ပုန်​ကန် ကြ​လေ​သ​တည်း။
20 Y aconteció, que oyendo todo Israel que Jeroboam había vuelto, enviaron y llamáronle á la congregación, é hiciéronle rey sobre todo Israel, sin quedar tribu alguna que siguiese la casa de David, sino sólo la tribu de Judá.
၂၀ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည် မှ​ယေ​ရော​ဗောင်​ပြန်​လည်​ရောက်​ရှိ​လာ​သည့် သ​တင်း​ကို​ကြား​သော​အ​ခါ သူ့​အား​လူ​ထု အ​စည်း​အ​ဝေး​သို့​ဖိတ်​ခေါ်​ကာ ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မင်း​မြှောက်​ကြ​ကုန်​၏။ ယု​ဒ အ​နွယ်​သာ​လျှင်​ဒါ​ဝိဒ်​၏​သား​မြေး​တို့ အ​ပေါ်​တွင်​သစ္စာ​စောင့်​ကြ​လေ​သည်။
21 Y como Roboam vino á Jerusalem, juntó toda la casa de Judá y la tribu de Benjamín, ciento y ochenta mil hombres escogidos de guerra, para hacer guerra á la casa de Israel, y reducir el reino á Roboam hijo de Salomón.
၂၁ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​ကို​ပြန် လည်​သိမ်း​ပိုက်​ရန်​ကြံ​စည်​လျက် ယု​ဒ​နှင့်​ဗင်္ယာ မိန်​အ​နွယ်​များ​မှ​လက်​ရွေး​စင်​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ကို​စု​ရုံး​စေ​တော်​မူ​၏။
22 Mas fué palabra de Jehová á Semeías varón de Dios, diciendo:
၂၂သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် ပ​ရော​ဖက် ရှေ​မာ​ယ​ကို​စေ​လွှတ်​၍၊-
23 Habla á Roboam hijo de Salomón, rey de Judá, y á toda la casa de Judá y de Benjamín, y á los demás del pueblo, diciendo:
၂၃ရော​ဗောင်​မင်း​နှင့်​တ​ကွ​ယုဒ​အ​နွယ်​ဝင်​နှင့် ဗင်္ယာ​မိန်​အ​နွယ်​ဝင်​အ​ပေါင်း​တို့​အား၊-
24 Así ha dicho Jehová: No vayáis, ni peleéis contra vuestros hermanos los hijos de Israel; volveos cada uno á su casa; porque este negocio yo lo he hecho. Y ellos oyeron la palabra de Dios, y volviéronse, y fuéronse, conforme á la palabra de Jehová.
၂၄``သင်​တို့​သည်​သင်​တို့​၏​ညီ​အစ်​ကို​များ​ဖြစ် ကြ​သော​ဣ​သ​ရေ​လ​ပြည်​သူ​တို့​ကို​မ​တိုက် မ​ခိုက်​ကြ​နှင့်။ ယ​ခု​ဖြစ်​ပျက်​ခဲ့​သော​အ​မှု သည်​ငါ​၏​အ​လို​တော်​အ​တိုင်း​ဖြစ်​သ​ဖြင့် သင်​တို့​အား​လုံး​မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​ကြ လော့'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​စေ​တော်​မူ​၏။ သူ​တို့​အား​လုံး​သည် လည်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လျက်​မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​သွား ကြ​၏။
25 Y reedificó Jeroboam á Sichêm en el monte de Ephraim, y habitó en ella; y saliendo de allí, reedificó á Penuel.
၂၅ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​သည်​တောင် ပေါ​များ​သော​ဧ​ဖ​ရိမ်​ပြည်၊ ရှေ​ခင်​မြို့​ကို တံ​တိုင်း​ကာ​ပြီး​လျှင်​ကာ​လ​အ​တန်​ကြာ​မျှ နန်း​စံ​တော်​မူ​၏။ ထို့​နောက်​ထို​မြို့​မှ​ထွက်​ခွာ ၍​ပေ​နွေ​လ​မြို့​ကို​တံ​တိုင်း​ကာ​တော်​မူ​၍၊-
26 Y dijo Jeroboam en su corazón: Ahora se volverá el reino á la casa de David,
၂၆``ငါ​၏​ပြည်​သူ​တို့​သည်​ယခု​အ​တိုင်း​ယေ​ရု ရှ​လင်​မြို့​ရှိ​ဗိ​မာန်​တော်​သို့​သွား​၍ ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လျှင် သူ​တို့ သည်​ယု​ဒ​ဘု​ရင်​ရော​ဗောင်​၏​ကျေး​ဇူး​သစ္စာ ကို​ပြောင်း​လဲ​ခံ​ယူ​ကာ​ငါ့​အား​လုပ်​ကြံ ကြ​ပေ​လိမ့်​မည်'' ဟု​တွေး​တော​လျက်​နေ​၏။
27 Si este pueblo subiere á sacrificar á la casa de Jehová en Jerusalem: porque el corazón de este pueblo se convertirá á su señor Roboam rey de Judá, y me matarán á mí, y se tornarán á Roboam rey de Judá.
၂၇
28 Y habido consejo, hizo el rey dos becerros de oro, y dijo al pueblo: Harto habéis subido á Jerusalem: he aquí tus dioses, oh Israel, que te hicieron subir de la tierra de Egipto.
၂၈ယင်း​သို့​တွေး​တော​ပြီး​နောက် ယေ​ရော​ဗောင်​သည် ရွှေ​နွား​လား​ဥ​သ​ဘ​ရုပ်​နှစ်​ကောင်​ကို​သွန်း လုပ်​၍​ပြည်​သူ​တို့​အား``သင်​တို့​သည်​ကိုး​ကွယ် ဝတ်​ပြု​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ ကြ​သည်​မှာ​ကာ​လ​အ​တော်​ကြာ​ပြီ။ အို ဣ​သ ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​လာ​တော်​မူ​သော​ဘု​ရား​များ ကား​ဤ​ဘုရား​များ​ပင်​တည်း'' ဟု​မိန့်​တော် မူ​၏။-
29 Y puso el uno en Beth-el, y el otro puso en Dan.
၂၉ထို့​နောက်​ရွှေ​နွား​လား​ဥ​သ​ဘ​ရုပ်​တစ်​ကောင် ကို​ဗေ​သ​လ​မြို့​၌​လည်း​ကောင်း၊ အ​ခြား​တစ် ကောင်​ကို​ဒန်​မြို့​၌​လည်း​ကောင်း​ထား​တော်​မူ​၏။-
30 Y esto fué [ocasión de] pecado; porque el pueblo iba [á adorar] delante del uno, hasta Dan.
၃၀ထို့​ကြောင့်​ပြည်​သူ​တို့​သည်​ထို​မြို့​များ​သို့​သွား ရောက်​ကာ ကိုး​ကွယ်​ဝတ်​ပြု​လျက်​အ​ပြစ်​ကူး လွန်​ကြ​ကုန်​၏။-
31 Hizo también casa de altos, é hizo sacerdotes de la clase del pueblo, que no eran de los hijos de Leví.
၃၁ယေ​ရော​ဗောင်​သည်​တောင်​ထိပ်​များ​တွင်​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​လည်း​တည်​ဆောက်​ပြီး လျှင် လေ​ဝိ​အ​နွယ်​ဝင်​မ​ဟုတ်​သော​သူ​တို့​အား ပု​ရော​ဟိတ်​များ​အ​ဖြစ်​ခန့်​ထား​တော်​မူ​လေ သည်။
32 Entonces instituyó Jeroboam solemnidad en el mes octavo, á los quince del mes, conforme á la solemnidad que [se celebraba] en Judá; y sacrificó sobre altar. Así hizo en Beth-el, sacrificando á los becerros que había hecho. Ordenó también en Beth-el sacerdotes de los altos que él había fabricado.
၃၂ယေ​ရော​ဗောင်​သည်​ယု​ဒ​ပြည်​တွင်​ကျင်း​ပ​သည့် ပွဲ​တော်​နှင့်​အ​လား​တူ​ဘာ​သာ​ရေး​ပွဲ​တော်​ကို လည်း အ​ဋ္ဌ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့​၌​ကျင်း​ပ ရန်​ပြ​ဋ္ဌာန်း​တော်​မူ​၏။ သူ​သည်​မိ​မိ​သွန်း​လုပ် ထား​သော​နွား​လား​ဥ​သ​ဘ​ရုပ်​များ​အား ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​တွင်​ယဇ်​များ​ကို ပူ​ဇော်​၍ မိ​မိ​ဆောက်​လုပ်​ထား​သည့်​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​တွင် အ​မှု​တော်​ဆောင် လျက်​ရှိ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ထို မြို့​၌​တာ​ဝန်​ပေး​အပ်​တော်​မူ​၏။-
33 Sacrificó pues sobre el altar que él había hecho en Beth-el, á los quince del mes octavo, el mes que él había inventado de su corazón; é hizo fiesta á los hijos de Israel, y subió al altar para quemar perfumes.
၃၃မင်း​ကြီး​သည်​မိ​မိ​သတ်​မှတ်​ပေး​သည့်​နေ့​ရက် ဖြစ်​သည့် အ​ဋ္ဌ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့​၌ ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​သို့​သွား​၍ ယဇ်​ပူ​ဇော် ကာ​ဣ​သ​ရေ​လ​ပြည်​သူ​တို့​အ​တွက် မိ​မိ​ကိုယ် တိုင်​တီ​ထွင်​ပြ​ဋ္ဌာန်း​ပေး​သည့်​ပွဲ​တော်​ကို ကျင်း​ပ​တော်​မူ​သ​တည်း။

< 1 Reyes 12 >