< Zacarías 10 >

1 Demandád a Jehová lluvia en la sazón tardía, y Jehová hará relámpagos, y daros ha lluvia de agua, y yerba en el campo a cada uno.
နောက် မိုဃ်းရွာရာကာလ တွင် မိုဃ်း ရွာစေမည် အကြောင်း၊ ထာဝရဘုရား ထံ တော်၌ ဆုတောင်း ကြလော့။ ထာဝရဘုရား သည် လျှပ်စစ် ကိုပြင်ဆင် ၍ များစွာမိုဃ်း ရွာ စေသဖြင့်၊ ခပ်သိမ်း သောလူတို့အဘို့ လယ်ပြင် ၌ အပင် ပေါက်စေတော်မူမည်။
2 Porque las imágenes han hablado vanidad, y los adivinos han visto mentira, y han hablado sueños vanos, en vano consuelan: por lo cual ellos se fueron como ovejas, fueron humillados porque no tuvieron pastor.
တေရပ်ရုပ်တု တို့သည် အနတ္တ စကားကို ပြော ကြ၏။ ပရောဖက် လုပ်သောသူတို့ သည် မုသာ ရူပါရုံကိုမြင် ၍ ၊ မ မှန်သော အိပ်မက် ကို ဟောပြော ကြ၏။ အချည်းနှီး နှစ်သိမ့် စေကြ၏။ ထိုကြောင့် ၊ သိုးစု ကဲ့သို့ လည် သွား၍ သိုးထိန်း မ ရှိသောကြောင့် ဆင်းရဲ ခံရကြ၏။
3 Contra los pastores se ha encendido mi enojo, y yo visitaré los machos cabríos; porque Jehová de los ejércitos visitará su rebaño, la casa de Judá, y tornarlos ha como su caballo de honor en la guerra.
သိုးထိန်း တို့ကို ငါ အမျက် ထွက် ၍ ၊ ဆိတ်ထီး တို့ကို စစ်ကြော သဖြင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် မိမိ သိုးစု ယုဒ အမျိုး ကို အကြည့်အရှု ကြွလာ ၍ ၊ ဘုန်း တော်ကို ဆောင်သော စစ်တိုက် မြင်း ကဲ့သို့ ဖြစ် စေတော်မူမည်။
4 De él hará rincón, de él estaca, de él arco de guerra, de él saldrá también todo angustiador.
ထိုအမျိုး ထဲက တိုက်ထောင့် အမြစ်ကျောက်၊ တံစို့ ၊ စစ်တိုက် လေး ၊ မင်း ဖြစ်သော လူအပေါင်း တို့သည် ထွက် ကြလိမ့်မည်။
5 Y serán como valientes, que pisan el lodo de las calles, en la batalla; y pelearán, porque Jehová será con ellos; y los que cabalgan en caballos serán avergonzados.
သူတို့သည် စစ်တိုက် ရာတွင် လမ်း ၌ ရှိသောရွှံ့ ကိုနင်း သော စစ် သူရဲကဲ့သို့ ဖြစ် ကြလိမ့်မည်။ ထာဝရ ဘုရား ၏ ကျေးဇူးတော်ကို ခံရသောကြောင့် ၊ စစ်တိုက် ၍ မြင်း စီး သူရဲတို့ကို အရှက် ခွဲကြလိမ့်မည်။
6 Porque yo fortificaré la casa de Judá, y guardaré la casa de José, y tornarlos he, porque tuve piedad de ellos; y serán, como si no los hubiera desechado; porque yo soy Jehová su Dios que los oiré.
ယုဒ အမျိုး ကိုလည်း ငါခိုင်ခံ့ စေမည်။ ယောသပ် အမျိုး ကိုလည်း ငါကယ်တင် မည်။ သူ တို့ကို သနား စုံမက်သောကြောင့် နေရာ ချမည်။ သူ တို့သည် နှင်ထုတ် ခြင်းကို မ ခံဘူးသကဲ့သို့ ဖြစ် ကြလိမ့်မည်။ ငါ သည် သူ တို့၏ဘုရား သခင် ထာဝရဘုရား ဖြစ်၍ သူ တို့စကားကို နားထောင် မည်။
7 Y será Efraím como valiente, y alegrarse ha su corazón como de vino: sus hijos también verán, y se alegrarán: su corazón se gozará en Jehová.
ဧဖရိမ် အမျိုးသားတို့သည် သူရဲ ကဲ့သို့ ဖြစ် ၍ ၊ စပျစ်ရည် နှင့်ဝသကဲ့သို့ ဝမ်းမြောက် ကြလိမ့်မည်။ သား မြေးတို့သည် မြင် လျက် ဝမ်းမြောက် ၍ ၊ ထာဝရဘုရား ကို အမှီပြု လျက် ရွှင်လန်း ကြလိမ့်မည်။
8 Yo les silbaré, y los juntaré, porque yo los he redimido; y serán multiplicados, como fueron multiplicados.
သူ တို့ကို ငါနှိုးဆော် ၍ စုဝေး စေမည်။ သူ တို့သည် ငါ၏ရွေးနှုတ် ခြင်းကို ခံရသောအားဖြင့်၊ အရင်များပြား သကဲ့သို့ တဖန် များပြား ကြလိမ့်မည်။
9 Y sembrarlos he entre los pueblos, y en las regiones remotas se hará mención de mí; y vivirán con sus hijos, y tornarán.
သူ တို့ကို တပါး အမျိုးသားတို့တွင် မျိုးစေ့ကဲ့သို့ငါကြဲ သဖြင့် ၊ ဝေး သောပြည်၌ ငါ့ ကိုအောက်မေ့ ၍ ၊ သားမြေး တို့နှင့်တကွ အသက်ရှင် လျက် ပြန် လာကြလိမ့်မည်။
10 Porque yo los tornaré de la tierra de Egipto, y de la Asiria los congregaré; y traerlos he a la tierra de Galaad y del Líbano, ni aun les bastará.
၁၀သူ တို့ကို အဲဂုတ္တု ပြည် မှ တဖန် ငါဆောင် ခဲ့ဦးမည်။ အာရှုရိ ပြည်မှ ခေါ်၍ စုဝေး စေမည်။ ဂိလဒ် ပြည် နှင့် လေဗနုန် ပြည်သို့ တဖန် ငါဆောင် ခဲ့သဖြင့် ၊ သူတို့ နေစရာဘို့ မြေမလောက်နိုင်။
11 Y la tribulación se pasará a la mar, y en la mar herirá a las ondas, y todas las honduras del río se secarán; y la soberbia del Asur será derribada, y el cetro de Egipto se perderá.
၁၁ပင်လယ် အလယ် ၌ ရှောက်သွား ၍ ညှဉ်းဆဲ လျက် ၊ ပင်လယ် တံပိုးများကို ဒဏ်ခတ် တော်မူမည်။ မြစ် ၌ နက်နဲ သောအရပ်ရှိသမျှ တို့လည်း ခန်းခြောက် ကြ လိမ့်မည်။ အာရှုရိ ပြည်၏မာန ကို နှိမ့်ချ ၍ ၊ အဲဂုတ္တု မင်း၏ အာဏာ သည်လည်း ကွယ်ပျောက် လိမ့်မည်။
12 Y fortificarlos he en Jehová, y en su nombre caminarán, dice Jehová.
၁၂သူ တို့ကို ထာဝရဘုရား အားဖြင့် ငါခိုင်ခံ့ စေမည်။ နာမ တော်ကို အမှီပြုလျက် လှည့်လည်၍ သွား ကြလိမ့်မည် ဟု ထာဝရဘုရား မိန့် တော်မူ၏။

< Zacarías 10 >