< Proverbios 20 >

1 El vino hace burlador: la cerveza, alborotador; y cualquiera que en él errare, no será sabio.
စပျစ်ရည် သည် လှည့်စား တတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ် ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့ သောအားဖြင့် မှားယွင်း သောသူသည် ပညာ မ ရှိ။
2 Bramido, como de cachorro de león, es el miedo del rey: el que le hace enojar, peca contra su alma.
ရှင်ဘုရင် ကြောက် စေသော အမှုအရာသည် ခြင်္သေ့ ဟောက် ခြင်းနှင့် တူ၏။ အမျက်တော်ကို နှိုးဆော် သောသူသည် မိမိ အသက် ကို ပြစ်မှား ၏။
3 Honra es del hombre dejarse de pleito: mas todo insensato se envolverá en él.
ရန်တွေ့ ခြင်းကို ငြိမ်းစေ သောသူ သည် ဂုဏ် အသရေရှိ၏။ မိုက် သောသူမူကား ၊ အမှု နှင့်ရောနှောတတ်၏။
4 El perezoso no ara a causa del invierno: mas él pedirá en la segada, y no hallará.
ချမ်း သောကြောင့် ပျင်းရိ သောသူသည် လယ် မ လုပ်လို။ ထိုကြောင့် စပါး ရိတ်သောကာလ ၌သူတပါးကို တောင်း သော်လည်း မ ရရာ။
5 Aguas profundas es el consejo en el corazón del hombre: mas el hombre entendido le alcanzará.
လူ စိတ် နှလုံး၌ ပညာအကြံ သည် နက် သော ရေ နှင့်တူသော်လည်း ၊ ဉာဏ် ကောင်းသောသူသည် ခပ်ယူ လိမ့်မည်။
6 Muchos hombres pregonan cada cual el bien que han hecho: mas hombre de verdad ¿quién le hallará?
လူ များ တို့သည် မိမိ တို့ပြုသောကျေးဇူး ကို ကြား ပြောတတ်၏။ သစ္စာ ရှိ သောသူ ကိုကား ၊ အဘယ် သူရှာ၍ တွေ့ နိုင်သနည်း။
7 El justo que camina en su integridad, bienaventurados serán sus hijos después de él.
ဖြောင့်မတ် သောသူသည် မိမိ ဖြောင့်မတ် ခြင်း လမ်းသို့ လိုက် ၍၊ သူ ၏သား စဉ်မြေးဆက်တို့သည် မင်္ဂလာ ရှိကြ၏။
8 El rey que está en el trono de juicio, con su mirar disipa todo mal.
တရား ပလ္လင်ပေါ် မှာထိုင် သော ရှင် ဘုရင်သည် မ ကောင်းသော အမှုအရာရှိသမျှ တို့ကို မျက်စိ တော်နှင့် ပယ်ရှင်း တတ်၏။
9 ¿Quién podrá decir: Yo he limpiado mi corazón, limpio estoy de mi pecado?
ငါသည် ကိုယ် စိတ် နှလုံးကို စင်ကြယ် စေပြီ။ အပြစ် နှင့် ကင်းလွတ် ၏ဟု အဘယ် သူဆို နိုင်သနည်း။
10 Doblada pesa, y doblada medida, abominación son a Jehová ambas cosas.
၁၀အလေး ချင်းမတူသောအလေး၊ အဝင်ချင်း မတူသော တင်းတောင်း တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။
11 El muchacho aun es conocido por sus obras, si su obra es limpia y recta.
၁၁သူငယ် သော်လည်း ၊ မိမိ ပြုသောအမှု သည် စင် သည်မစင်သည်၊ မှန် သည်မမှန်သည်ကို မိမိ အခြင်း အရာအားဖြင့် ပြ ၍ ၊ မိမိသဘောကို ထင်ရှားစေ၏။
12 El oído oye, y el ojo ve: Jehová hizo aun ambas cosas.
၁၂ကြား တတ်သော နား ကို၎င်း၊ မြင် တတ်သော မျက်စိ ကို၎င်း ၊ ထာဝရဘုရား ဖန်ဆင်း တော်မူပြီ။
13 No ames el sueño, porque no te empobrezcas: abre tus ojos, hartarte has de pan.
၁၃ဆင်းရဲ မည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍ ၊ အိပ် ခြင်းကိုမ တပ်မက် နှင့်။ နိုး တတ်လျှင် ဝ စွာစား ရ၏။
14 El que compra, dice: Malo es, malo es: mas en apartándose, él se alaba.
၁၄ဝယ် သောသူက၊ မ ကောင်းဘူး၊ မ ကောင်းဘူးဟု ဆို တတ်၏။ ဝယ်၍သွား ပြီး မှ ဝါကြွား တတ်၏။
15 Hay oro, y multitud de piedras preciosas: mas los labios sabios son vaso precioso.
၁၅ရွှေ ရှိ ၏။ ပတ္တမြား လည်း ရှိ ၏။ ပညာ အတတ်နှင့် ပြည့်စုံသော နှုတ် မူကား ၊ အလွန် အဘိုး ထိုက်သော ရတနာ ဖြစ်၏။
16 Quítale su ropa, porque fió al extraño; y préndale por la extraña.
၁၆မ ကျွမ်းသောသူအတွက်၊ အမျိုး ပျက်သော မိန်းမအတွက် ၊ အာမခံ တတ်သောသူ သည် အဝတ် အစ ရှိသောဥစ္စာ တစုံတခုကို ပေါင် ထားစေ။
17 Sabroso es al hombre el pan de mentira: mas después, su boca será llena de cascajo.
၁၇လှည့်စား ၍ ရသောအစာ သည် ချိုမြိန် သော်လည်း ၊ စားသောသူ ၏နှုတ် သည် ကျောက်စရစ် နှင့် ပြည့် လိမ့်မည်။
18 Los pensamientos con el consejo se ordenan; y con industria se hace la guerra.
၁၈အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင် လျှင်၊ အကြံ ထမြောက် တတ်၏။ ကောင်း သော တိုင်ပင်ခြင်း ရှိမှ သာ စစ်မှု ကို ပြု ရမည်။
19 El que descubre el secreto, anda en chismes; y con el que lisonjea de sus labios, no te entremetas.
၁၉လည် ၍စကားများသောသူသည် လျှို့ဝှက် အပ် သောအရာကို ဘော်ပြ တတ်၏။ သို့ဖြစ်၍ ချော့မော့ တတ် သောသူနှင့် မ ပေါင်းဘော် နှင့်။
20 El que maldice a su padre, o a su madre, su candela será apagada en oscuridad tenebrosa.
၂၀အကြင်သူသည် မိဘ ကို ကျိန်ဆဲ ၏။ ထိုသူ ၏ မီးခွက် သည် ထူထပ် သော မှောင်မိုက် ၌ သေ လိမ့်မည်။
21 La herencia adquirida de priesa en el principio, su postrimería aun no será bendita.
၂၁အမွေ ဥစ္စာကို အစအဦး ၌ အလျင် ရနိုင်သော်လည်း ၊ အဆုံး ၌ အမင်္ဂလာ ဖြစ်လိမ့်မည်။
22 No digas: Yo me vengaré: espera a Jehová, y él te salvará.
၂၂ငါသည်ရန်တုံ့ ပြုမည်ဟု မ ဆို နှင့်၊ ထာဝရဘုရား ကို ငံ့လင့် လော့။ သို့ပြုလျှင် ကယ်တင် တော်မူလိမ့်မည်။
23 Abominación son a Jehová las pesas dobladas; y el peso falso, no es bueno.
၂၃အလေး ချင်းမတူသော အလေးတို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ စဉ်းလဲ သောချိန်ခွင် လည်း အပြစ် ရှိ၏။
24 De Jehová son los pasos del hombre: el hombre pues, ¿cómo entenderá su camino?
၂၄လူ သွား ရာလမ်းတို့ကို ထာဝရဘုရား စီရင်တော်မူ ၏။ သို့ဖြစ်၍ ၊ သူ သည် မိမိ သွားရာလမ်း တို့ကို အဘယ် သို့ နားလည် နိုင်သနည်း။
25 Lazo es al hombre tragar santidad; y después de los votos andar preguntando.
၂၅ဘုရား အမှု၌စကားလွန်မိ သောသူ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်း သောသူ သည် ကျော့ကွင်း နှင့် တွေ့မိပြီ။
26 El rey sabio esparce los impíos; y sobre ellos hace tornar la rueda.
၂၆ပညာ ရှိသော ရှင် ဘုရင်သည် လူဆိုး တို့ကို ကွဲပြား စေ၍ ၊ ဘီး နှင့် ဖိ တတ်၏။
27 Candela de Jehová es el alma del hombre, que escudriña lo secreto del vientre.
၂၇လူ ၏စိတ် ဝိညာဉ်သည် ကိုယ် အတွင်း၌ ရှိရှိ သမျှတို့ကို စစ်ဆေး သော ထာဝရဘုရား ၏ မီးခွက် ဖြစ်၏။
28 Misericordia y verdad guardan al rey; y con clemencia sustenta su trono.
၂၈ကရုဏာ တရားနှင့် သစ္စာ တရားသည် ရှင် ဘုရင်ကို စောင့်မ တတ်၏။ ရာဇ ပလ္လင်တော်သည် ကရုဏာ တရားအားဖြင့် မြဲမြံ တတ်၏။
29 La honra de los mancebos es su fortaleza; y la hermosura de los viejos, su vejez.
၂၉လူပျို ၏ဘုန်း ကား အစွမ်း သတ္တိ၊ လူအို ၏ ဂုဏ်အသရေ ကား ဖြူ သော ဆံပင်ဖြစ်၏။
30 Las señales de las heridas son medicina en el malo; y las plagas en lo secreto del vientre.
၃၀အနာ ကိုမွှေနှောက် ခြင်းအားဖြင့်အဆိုး အညစ် နှင့် ကင်းစင် တတ်၏။ ဒဏ်ချက် ရာတို့သည်လည်း ၊ ကိုယ် အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကို ပြုတတ်၏။

< Proverbios 20 >