< Levítico 26 >

1 No haréis para vosotros ídolos, ni escultura, ni os levantaréis título, ni pondréis en vuestra tierra piedra pintada para inclinaros a ella: porque yo Jehová soy vuestro Dios.
သင် တို့သည် ကိုယ် အဘို့ ထုလုပ် သော ရုပ်တု ဆင်းတု ကို မ ရှိစေရ။ သင် တို့ပြည် ၌ ကိုးကွယ် စရာ မှတ်တိုင် ကို မ စိုက် ရ။ ထုသောကျောက် ကို ထောင်၍မ ထား ရ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
2 Guardád mis sábados, y tenéd en reverencia mi santuario: Yo Jehová.
ငါ့ ဥပုသ် နေ့တို့ကိုစောင့် ၍ ၊ ငါ့ သန့်ရှင်း ရာဌာနတော်ကို ရိုသေ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
3 Si anduviereis en mis decretos, y guardareis mis mandamientos, y los hiciereis,
သင်တို့သည်၊ ငါ့ ထုံးဖွဲ့ ရာလမ်းသို့ လိုက် ၍၊ ငါ ပညတ် တို့ကို ကျင့် စောင့် လျှင်၊
4 Yo daré vuestra lluvia en su tiempo, y la tierra dará su fruto, y el árbol del campo dará su fruto:
အချိန် တန်မှ ငါသည် သင် တို့အဘို့ မိုဃ်း ရွာစေ သဖြင့် ၊ မြေ သည် မိမိ ဘဏ္ဍာ ကိုပေး ၍ ၊ ဥယျာဉ် အပင် တို့သည် အသီး သီး ကြလိမ့်မည်။
5 Y la trilla os alcanzará a la vendimia, y la vendimia alcanzará a la sementera, y comeréis vuestro pan a hartura, y habitaréis seguros en vuestra tierra.
စပါးနင်း နယ်သော အမှုသည်၊ စပျစ်သီး ညှစ်ရာ ကာလတိုင်အောင်၎င်း၊ စပျစ်သီး ညှစ်သောအမှုသည်၊ မျိုးစေ့ ကြဲရာ ကာလတိုင်အောင်၎င်း မှီ သဖြင့် ၊ သင်တို့သည် ဝ စွာစား ၍ ၊ ကိုယ် ပြည် ၌ ဘေး လွတ်လျက် နေ ရကြလိမ့်မည်။
6 Y yo daré paz en la tierra; y dormiréis, y no habrá quien os espante: y haré quitar las malas bestias de vuestra tierra: y por vuestra tierra no pasará espada.
သင်တို့ပြည် ၌ စစ်မှုကို ငါငြိမ်း စေ၍ ၊ ခြိမ်းချောက် သောသူ မ ရှိဘဲ သင်တို့သည် အိပ် ရကြလိမ့်မည်။ ဆိုး သော သားရဲ တို့ကိုလည်း ငါပယ်ရှား မည်။ တပြည်လုံး သည် ထား ဘေးနှင့် ကင်းလွတ် လိမ့်မည်။
7 Y perseguiréis a vuestros enemigos, y delante de vosotros caerán a cuchillo.
သင်တို့သည် ရန်သူ များကို လိုက် ၍ ထား လက်နက်ဖြင့် အောင်ကြလိမ့်မည်။
8 Y cinco de vosotros perseguirán a ciento, y ciento de vosotros perseguirán a diez mil, y vuestros enemigos caerán a cuchillo delante de vosotros.
သင် တို့တွင် လူငါး ယောက်သည်၊ ရန်သူတရာ ကို လိုက် လိမ့်မည်။ လူတရာ သည် ရန်သူ တ သောင်းကို ပြေး စေ၍ ၊ ထား လက်နက်ဖြင့် အောင် ကြလိမ့်မည်။
9 Porque yo me volveré a vosotros, y haceros he crecer, y multiplicaros he, y afirmaré mi concierto con vosotros.
သင် တို့ကို ငါစောင့်မ သဖြင့် တိုးပွား များပြားစေ၍ ၊ သင် တို့နှင့် ငါ ပြုသော ပဋိညာဉ် ကို ငါမြဲမြံ စေမည်။
10 Y comeréis añejo envejecido, y sacaréis fuera lo añejo a causa de lo nuevo.
၁၀သိုထားသော စပါးဟောင်း ကို စား ၍ မကုန်မှီ၊ စပါးသစ် ပေါ်သောကြောင့် ၊ အဟောင်း ကို ထုတ် ရကြမည်။
11 Y pondré mi morada en medio de vosotros, y mi alma no os abominará.
၁၁ငါသည် စက်ဆုပ် ရွံရှာခြင်းမ ရှိဘဲ သင် တို့တွင် တဲ တော်ကို တည် မည်။
12 Y andaré entre vosotros, y yo seré vuestro Dios, y vosotros seréis mi pueblo.
၁၂သင် တို့တွင် လည်း လှည့်လည် ၍ သင် တို့၏ ဘုရား သခင်ဖြစ် မည်။ သင် တို့သည်လည်း ငါ ၏ လူ ဖြစ် ကြလိမ့်မည်။
13 Yo Jehová, vuestro Dios, que os saqué de la tierra de Egipto, que no fueseis sus siervos: y rompí los látigos de vuestro yugo, y os he hecho andar el rostro alto.
၁၃အဲဂုတ္တု ပြည် ၌ အစေ ကျွန်ခံရ သော သင် တို့ကို ငါလွှတ်၍ နှုတ် ဆောင်သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ သင် တို့၏ ထမ်းဘိုး ကြိုးကို ငါဖြတ် ၍ သင် တို့ကို တည့်မတ် စေပြီ။
14 Empero si no me oyereis, ni hiciereis todos estos mis mandamientos,
၁၄သင်တို့သည် ငါ့ စကားကို နား မထောင်၊ ဤ ပညတ် အလုံးစုံ ကို မ စောင့်၊
15 Y si abominareis mis decretos, y vuestra alma menospreciare mis derechos no haciendo todos mis mandamientos, e invalidando mi concierto;
၁၅ငါ့ စီရင် ထုံးဖွဲ့ချက်များကို ရွံရှာ ၍ ၊ မထီမဲ့မြင် ပြုလျက် ၊ ငါ့ ပညတ် တရားကိုမ ကျင့် ၊ ငါ့ ပဋိညာဉ် သစ္စာကို ဖျက် လျှင်၊
16 Yo también haré con vosotros esto: Enviaré sobre vosotros terror, hética, y calentura, que consuman los ojos, y atormenten el alma: y sembraréis en balde vuestra simiente, porque vuestros enemigos lo comerán.
၁၆သင် တို့၌ ငါ ပြု လတံ့သောအမှုဟူမူကား ၊ သင် တို့၌ မျက်စိ ပျက် လျက် ၊ စိတ်ပူပန် လျက် ရှိစေခြင်းငှါ၊ ထိတ်လန့် သော သဘော၊ တူလာ ၊ ဖျားနာ တို့ကို သင်တို့အပေါ်မှာ ငါခန့် ထားမည်။ သင် တို့သည် မျိုးစေ့ ကို ကြဲ သော်လည်းအကျိုး မရှိ။ ရန်သူ တို့သည် အသီးအနှံကို စား ကြလိမ့်မည်။
17 Y pondré mi ira sobre vosotros, y seréis heridos delante de vuestros enemigos; y los que os aborrecen se enseñorearán de vosotros, y huiréis sin que haya quien os persiga.
၁၇သင် တို့ကို ငါ မျက်နှာ ထား ၍ ၊ ရန်သူ ရှေ့ မှာ ဆုံး စေမည်။ သင် တို့သည် ရန်သူ ၏ အုပ်စိုး ခြင်းကို ခံရ၍ ၊ အဘယ်သူမျှမ လိုက် သော်လည်း ၊ ပြေး ကြလိမ့်မည်။
18 Y si aun con estas cosas no me oyereis, yo tornaré a castigaros siete veces por vuestros pecados.
၁၈ထိုမျှလောက် ခံရသော်လည်း၊ ငါ့ စကားကို နား မ ထောင်ဘဲ နေသေးလျှင် ၊ သင် တို့အပြစ် ကြောင့် ခုနစ် ဆသော ဒဏ် ကို ငါပေးဦးမည်။
19 Y quebrantaré la soberbia de vuestra fortaleza, y tornaré vuestro cielo como hierro, y vuestra tierra como metal.
၁၉သင် တို့မာန အစွယ်ကို ငါချိုး မည်။ မိုဃ်းကောင်းကင် ကို သံ ကဲ့သို့ ၎င်း၊ မြေကြီး ကို ကြေးဝါ ကဲ့သို့ ၎င်း၊ ငါဖြစ် စေသဖြင့်၊
20 Y vuestra fuerza se consumirá en vano, que vuestra tierra no dará su fruto, y los árboles de la tierra no darán su fruto.
၂၀သင် တို့သည် အချည်းနှီး ကြိုးစား အားထုတ် ကြလိမ့်မည်။ သင် တို့မြေ သည် မိမိ ဘဏ္ဍာ ကို မ ပေး။ ဥယျာဉ် အပင် တို့သည် အသီး မ သီး ကြ။
21 Y si anduviereis conmigo al encuentro y no me quisiereis oír, yo añadiré sobre vosotros plagas siete veces según vuestros pecados.
၂၁သင်တို့သည် ငါ့ စကားကို နား မ ထောင်၊ ငါ့ ကို ဆန့်ကျင်ဘက် ပြုလျှင် ၊ သင် တို့အပြစ် အလျောက် ခုနစ် ဆ သောဘေး ကြီးကို ငါသက်ရောက်စေမည်။
22 Y enviaré contra vosotros bestias fieras, que os deshijen, y talen vuestros animales, y os apoquen, y vuestros caminos sean desiertos.
၂၂သင် တို့၏ သား သမီးများကို ချီသွား၍ ၊ သင် တို့၏ တိရစ္ဆာန် များကို ဖျက်ဆီး လျက် ၊ သင် တို့ကို နည်း စေ ခြင်းငှါ ၊ သားရဲ များကို ငါစေလွှတ် သဖြင့် ၊ သင် တို့သွားရာ လမ်းမ တို့သည် လူဆိတ်ညံ ရာ ဖြစ်ကြလိမ့်မည်။
23 Y si con estas cosas no me fuereis castigados, mas aun anduviereis conmigo al encuentro,
၂၃ထိုသို့ ခံရသော်လည်း၊ သင်တို့သည် သတိမရ၊ ငါ့ ကို ဆန့်ကျင် ဘက် ပြုသေးလျှင်၊
24 Yo también andaré con vosotros al encuentro y heriros he también siete veces al encuentro por vuestros pecados.
၂၄ငါ သည်လည်း သင် တို့ကို ဆန့်ကျင် ဘက်ပြု၍ ၊ သင် တို့အပြစ် ကြောင့် ခုနစ် ဆသော ဒဏ် ကိုပေး ဦးမည်။
25 Y meteré sobre vosotros espada vengadora de la venganza del concierto, y juntaros heis a vuestras ciudades, y yo enviaré pestilencia entre vosotros, y seréis entregados en mano del enemigo.
၂၅ငါ့ပဋိညာဉ် ဘက်၌ နေ၍၊ တရားစီရင် ရသောထား ဘေးကိုသင် တို့အပေါ် မှာ ငါသက်ရောက် စေမည်။ သင် တို့သည် မြို့ ထဲ ၌ စုဝေး သောအခါ ၊ ကာလနာ ဘေးကို ငါစေလွတ် ၍ ၊ ရန်သူ လက် သို့ ရောက် စေမည်။
26 Cuando yo os quebrantaré el bordón del pan, cocerán diez mujeres vuestro pan en un horno, y volverán vuestro pan por peso: y comeréis, y no os hartaréis.
၂၆သင် တို့၏ အစာ အာဟာရ အထောက် အပင့်ကို ငါ ပယ်ရှား သောအခါ ၊ မိန်းမ တကျိပ် တို့သည် သင် တို့၏ မုန့် ကို မီးဖို တဖို၌ ဖုတ် ပြီးမှ ၊ ထိုမုန့် ကို ချိန် ပေးသဖြင့် သင်တို့သည် ဝ စွာမ စား ရကြ။
27 Y si con esto no me oyereis, mas todavía anduviereis conmigo al encuentro,
၂၇ထိုမျှလောက် ခံရသော်လည်း၊ ငါ့ စကားကို နား မ ထောင်၊ ငါ့ ကို ဆန့်ကျင် ဘက် ပြုသေးလျှင်၊
28 Yo andaré con vosotros a ira de al encuentro, y castigaros he también yo siete veces por vuestros pecados.
၂၈ငါသည်လည်း အမျက် ထွက်၍ သင် တို့ကို ဆန့်ကျင် ဘက်ပြုသဖြင့် ၊ သင် တို့အပြစ် ကြောင့် ခုနစ် ဆ သော ဒဏ် ကိုပေး ဦးမည်။
29 Y comeréis las carnes de vuestros hijos, y las carnes de vuestras hijas comeréis.
၂၉သင်တို့သည် ကိုယ် သား သမီး တို့၏ အသား ကို စား ရကြလိမ့်မည်။
30 Y destruiré vuestros altos, y talaré vuestras imágines, y pondré vuestros cuerpos muertos sobre los cuerpos muertos de vuestros ídolos, y mi alma os abominará.
၃၀သင် တို့မြင့် သော အရပ်များကို ငါဖြိုဖျက် ၍ ၊ ရုပ်တု ဆင်းတုများကို ခုတ်လှဲ မည်။ သင် တို့အသေ ကောင် များကို၊ ရုပ်တု ဆင်းတုအသေ ကောင်အပေါ် မှာ ပစ်ချ ၍ ၊ သင် တို့ကို စက်ဆုပ် ရွံရှာမည်။
31 Y pondré vuestras ciudades en desierto, y asolaré vuestros santuarios, y no oleré el olor de vuestra holganza.
၃၁သင် တို့မြို့ များကို ငါဖျက်ဆီး ၍ ၊ သန့်ရှင်း ရာဌာနတော်ကို သုတ်သင် ပယ်ရှင်းသဖြင့် ၊ သင် တို့နံ့သာပေါင်း အမွှေး အကြိုင်ကို ငါမ နမ်း။
32 Y yo asolaré la tierra, que se espanten de ella vuestros enemigos, que moran en ella.
၃၂တပြည်လုံး ကို ငါ သုတ်သင် ပယ်ရှင်းသော အမှုကို၊ ထိုပြည်၌ နေ သော သင် တို့၏ ရန်သူ တို့သည် မြင်၍ မိန်းမော တွေဝေကြလိမ့်မည်။
33 Y a vosotros esparciré por las gentes, y desenvainaré espada en pos de vosotros: y vuestra tierra estará asolada, y vuestras ciudades serán desierto.
၃၃သာသနာပ လူတို့တွင် သင် တို့ကို အရပ်ရပ်ငါကွဲပြား စေ၍ ၊ ထား မိုးလျက် လိုက်မည်။ သင် တို့ပြည် သည်လည်း လူဆိတ်ညံ လျက် ၊ မြို့ သည်လည်း ပျက်စီး လျက်ရှိ လိမ့်မည်။
34 Entonces la tierra holgará sus sábados todos los días que estuviere asolada, y vosotros en la tierra de vuestros enemigos: entonces la tierra sabatizará, y holgará sus sábados.
၃၄ထိုသို့ သင် တို့သည် ရန်သူ ပြည် ၌ နေ၍၊ ကိုယ်ပြည် သည် လူဆိတ်ညံ လျက်နေသောကာလ ပတ်လုံး ငြိမ်ဝပ် စွာနေ၍ ၊ မိမိ ဥပုသ် နေ့တို့၌ မွေ့လျော် ရလိမ့်မည်။
35 Todo el tiempo que estará asolada, holgará lo que no holgó en vuestros sábados mientras habitabais en ella.
၃၅လူဆိတ်ညံ လျက်နေရသော ကာလ ပတ်လုံး ငြိမ်ဝပ် လိမ့်မည်။ သင် တို့ရှိနေ သောအခါ ၊ ဥပုသ် နေ့တို့၌ ပြည်သည် မ ငြိမ် မဝပ်ရ။
36 Y los que quedaren de vosotros, yo meteré cobardía en sus corazones en la tierra de sus enemigos, que el sonido de una hoja movida los perseguirá, y huirán como de una espada, y caerán sin haber quien los persiga.
၃၆ရန်သူ ပြည် မှာ ကျန် ကြွင်းသော သင် တို့စိတ် နှလုံးထဲ သို့၊ ထိတ်လန့် သော သဘောကို ငါပေးသွင်း သဖြင့် ၊ သစ်ရွက် လှုပ်သံ ကြောင့် သင်တို့သည် ကြောက်၍၊ ထား ဘေးမှ ပြေး သကဲ့သို့ပြေးကြလိမ့်မည်။ အဘယ်သူမျှ မ လိုက် သော်လည်းလဲ ကြလိမ့်မည်။
37 Y tropezarán los unos en los otros como delante de una espada sin haber quien los persiga, y no podréis resistir delante de vuestros enemigos.
၃၇အဘယ်သူမျှမ လိုက် ဘဲ ထား ဘေးမှ ပြေးသောသူကဲ့သို့ တယောက် အပေါ် မှာ တယောက် လဲ ကြလိမ့်မည်။ ရန်သူ ရှေ့ မှာ ရပ် နိုင်သော တန်ခိုးမ ရှိ ရ။
38 Y pereceréis entre las gentes, y la tierra de vuestros enemigos os consumirá.
၃၈ရန်သူ ပြည် သည် သင် တို့ကို မျိုစား ၍ ၊ သာသနာပ လူတို့တွင် ဆုံးရှုံး ကြလိမ့်မည်။
39 Y los que quedaren de vosotros se desleirán en las tierras de vuestros enemigos por su iniquidad, y por la iniquidad de sus padres, con ellos serán desleídos.
၃၉ကျန် ကြွင်းသော သင် တို့သည်၊ ရန်သူ ပြည် ၌ ကိုယ် အပြစ် ၊ ဘိုးဘ တို့အပြစ် ကိုခံ လျက်၊ ဘိုးဘနှင့်တကွ အားလျော့ ကြလိမ့်မည်။
40 Y confesarán su iniquidad, y la iniquidad de sus padres, por su prevaricación con que prevaricaron contra mí: y también porque anduvieron conmigo al encuentro.
၄၀သို့ရာတွင် သူတို့သည် ငါ့ ကို ပြစ်မှား ၍ ၊ ငါ့ ကို ဆန့်ကျင် ဘက်ပြုသောကြောင့်၊
41 También yo habré andado con ellos al encuentro, y los habré metido en la tierra de sus enemigos: y entonces se humillará su corazón incircunciso, y rogarán por su pecado.
၄၁ငါ သည် သူ တို့ကို ဆန့်ကျင် ဘက်ပြု၍ ရန်သူ ပြည် သို့ ပို့ဆောင် သော အကြောင်းများနှင့်တကွ၊ ကိုယ် အပြစ် ၊ ဘိုးဘ တို့ အပြစ် များကို ဘော်ပြ တောင်းပန်လျှင်၎င်း၊ အရေဖျား လှီးခြင်းကို မခံသော မိမိ တို့ နှလုံး ကို နှိမ့်ချ ၍ ၊ မိမိ တို့အပြစ် ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊
42 Y yo me acordaré de mi concierto con Jacob, y asimismo de mi concierto con Isaac, y también de mi concierto con Abraham me acordaré, y habré memoria de la tierra.
၄၂ငါသည် ယာကုပ် နှင့်ပြုသောပဋိညာဉ် ၊ ဣဇာက် နှင့်ပြုသောပဋိညာဉ် ၊ အာဗြဟံ နှင့်ပြုသောပဋိညာဉ် ကို၎င်း၊ ထိုပြည် ကို၎င်းငါအောက်မေ့ မည်။
43 Que la tierra estará desamparada de ellos, y holgará sus sábados estando yerma a causa de ellos: y ellos rogarán por su pecado: por cuanto menospreciaron mis derechos, y el alma de ellos tuvo fastidio de mis decretos.
၄၃ထိုပြည် သည် သူ တို့ လက်မှ လွတ် ၍၊ သူ တို့မရှိဘဲ လူဆိတ်ညံ လျက်နေစဉ် တွင် မိမိ ဥပုသ် နေ့တို့၌ မွေ့လျော် လိမ့်မည်။ သူတို့သည် ငါ့ စီရင် ထုံးဖွဲ့ချက်များကို ရွံရှာ ၍ မထီမဲ့မြင် ပြုသော အပြစ် ကြောင့်၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည်။
44 Y aun con todo esto estando ellos en tierra de sus enemigos, yo no los deseché, ni los abominé para consumirlos invalidando mi concierto con ellos: porque yo Jehová soy su Dios.
၄၄သို့ရာတွင် ရန်သူ ပြည် ၌ နေ ကြသောအခါ ၊ သူ တို့ကို ရှင်းရှင်းဖျက်ဆီး ၍ ၊ သူ တို့နှင့် ငါပြုသော ပဋိညာဉ် ကို ပယ် သည်တိုင်အောင် သူ တို့ကို ငါမ စွန့်ပစ် မ ရွံရှာ။ ငါ သည် သူ တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
45 Antes me acordaré de ellos por el concierto antiguo, cuando los saqué de la tierra de Egipto en ojos de las gentes para ser su Dios: Yo Jehová.
၄၅ငါသည် သူ တို့၏ ဘုရား သခင်ဖြစ် အံ့သောငှါ သာသနာပ လူတို့ မျက်မှောက် ၌ ၊ အဲဂုတ္တု ပြည် မှ ငါနှုတ် ဆောင်သော သူ တို့ ဘိုးဘေး နှင့် ငါပြုသော ပဋိညာဉ် ကို သူ တို့အတွက် ငါအောက်မေ့ မည်၊ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
46 Estos son los decretos, derechos, y leyes que dio Jehová entre sí y los hijos de Israel en el monte de Sinaí por mano de Moisés.
၄၆ဤ ရွေ့ကား ထာဝရဘုရား သည်၊ သိနာ တောင် ပေါ် မှာ ဣသရေလ အမျိုးသား တို့အဘို့ မောရှေ လက် တွင် ထား တော်မူသော စီရင် ထုံးဖွဲ့ချက် ပညတ် တရား ဖြစ်သတည်း။

< Levítico 26 >