< Deuteronomio 21 >

1 Cuando fuere hallado algún muerto en la tierra que Jehová tu Dios te da, para que la heredes, echado en el campo, y no se supiere quien le hirió;
``အ​ကယ်​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​တွင် ကွင်း​ပြင်​၌ လက်​သည်​မ​ပေါ်​သော​လူ​သေ​အ​လောင်း​တစ်​ခု ကို​တွေ့​ရ​အံ့။-
2 Entonces tus ancianos y tus jueces saldrán, y medirán hasta las ciudades que están al derredor del muerto:
သင်​တို့​၏​အ​ကြီး​အ​ကဲ​များ​နှင့်​တ​ရား​သူ ကြီး​တို့​သည်​ကွင်း​ဆင်း​၍ လူ​သေ​အ​လောင်း တွေ့​ရှိ​သော​အ​ရပ်​နှင့်​နီး​စပ်​ရာ​မြို့​များ​၏ အ​ကွာ​အ​ဝေး​ကို​တိုင်း​တာ​ရ​မည်။-
3 Y será que los ancianos de aquella ciudad, de la ciudad más cercana al muerto, tomarán una becerra de las vacas, que no haya servido, que no haya traído yugo;
ထို့​နောက်​အ​လောင်း​နှင့်​အနီး​ဆုံး​မြို့​မှ​အ​ကြီး အ​ကဲ​တို့​သည် ထမ်း​ပိုး​မ​တင်​ရ​သေး​သော နွား​မ​တမ်း​မ​တစ်​ကောင်​ကို​ရွေး​ရ​မည်။-
4 Y los ancianos de aquella ciudad traerán la becerra a un valle áspero, que nunca haya sido arado ni sembrado, y descervigarán allí la becerra en el valle;
ထို​နွား​မ​ကို​ရေ​မ​ခန်း​သည့်​ချောင်း​အ​နီး ရှိ​မြေ​ရိုင်း​တစ်​ကွက်​သို့​ခေါ်​ဆောင်​၍ ထို နေ​ရာ​တွင်​နွား​မ​၏​လည်​ကို​ချိုး​၍​သတ် ရ​မည်။-
5 Y vendrán los sacerdotes hijos de Leví, porque a ellos escogió Jehová tu Dios para que le sirvan, y para bendecir en nombre de Jehová, y por el dicho de ellos, se determinará todo pleito, y toda llaga.
လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ထို အ​ရပ်​သို့​သွား​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​လက်​ရောက်​ကူး​လွန်​မှု​မှန်​သ​မျှ​တွင် သူ တို့​စီ​ရင်​ဆုံး​ဖြတ်​ရ​သော​ကြောင့်​တည်း။ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ တို့​အား​အ​မှု​တော်​ကို​ဆောင်​ရန်​နှင့် ထာ​ဝ​ရ ဘု​ရား​၏​အ​ခွင့်​အာ​ဏာ​ဖြင့်​ကောင်း​ချီး ပေး​ရန်​ရွေး​ကောက်​ထား​တော်​မူ​၏။-
6 Y todos los ancianos de aquella ciudad más cercana al muerto lavarán sus manos sobre la becerra descervigada en el valle.
ထို့​နောက်​လူ​သေ​အ​လောင်း​တွေ့​ရှိ​ရာ​အ​ရပ် နှင့်​အ​နီး​ဆုံး​မြို့​မှ​အ​ကြီး​အ​ကဲ​အ​ပေါင်း တို့​သည် နွား​မ​အ​ပေါ်​တွင်​လက်​ကို​ရေ​ဆေး လျက်၊-
7 Y protestarán, y dirán: Nuestras manos no han derramado esta sangre, ni nuestros ojos lo vieron:
`အ​ကျွန်ုပ်​တို့​သည်​ထို​သူ​ကို​မ​သတ်​ပါ။ မည်​သူ​သတ်​သည်​ဟူ​၍​အ​ကျွန်ုပ်​တို့​မ​သိ ပါ။-
8 Expía a tu pueblo Israel al cual redimiste, oh Jehová, y no pongas la sangre inocente en medio de tu pueblo Israel. Y la sangre les será perdonada.
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​အီဂျစ်​ပြည် မှ​ကယ်​တင်​ခဲ့​သော ဣ​သ​ရေ​လ​လူ​မျိုး​၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ အ​ပြစ်​မဲ့​သူ တစ်​ယောက်​ကို​သတ်​သော​အ​ပြစ်​သည် အ​ကျွန်ုပ် တို့​အ​ပေါ်​တွင်​မ​ကျ​ရောက်​ပါ​စေ​နှင့်' ဟု ဆို​ရ​မည်။-
9 Y tú quitarás la sangre inocente de en medio de ti, cuando hicieres lo que es recto en los ojos de Jehová.
သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သည့် အ​တိုင်း​ဆောင်​ရွက်​ခြင်း​ဖြင့် သင်​တို့​သည် လူ​အ​သက်​ကို​သတ်​ခြင်း​အပြစ်​မှ​ကင်း လွတ်​ကြ​လိမ့်​မည်။''
10 Cuando salieres a la guerra contra tus enemigos, y Jehová tu Dios los diere en tu mano, y tomares de ellos cautivos,
၁၀``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် စစ်​ပွဲ​အောင်​စေ​သ​ဖြင့် သင်​တို့​သည် သုံ့​ပန်း​များ​ကို​လက်​ရ​ဖမ်း​ဆီး​မိ​သော အ​ခါ၊-
11 Y vieres entre los cautivos alguna mujer hermosa, y la codiciares, y la tomares para ti por mujer;
၁၁သုံ့​ပန်း​များ​ထဲ​မှ​ရုပ်​အ​ဆင်း​လှ​သော​အ​မျိုး သ​မီး​ကို​မြင်​၍ နှစ်​သက်​သ​ဖြင့်​လက်​ထပ်​ယူ လို​ပေ​လိမ့်​မည်။-
12 Meterla has en tu casa, y ella raerá su cabeza, y cortará sus uñas,
၁၂သူ့​ကို​သင်​၏​အိမ်​သို့​ခေါ်​ဆောင်​၍​သူ​၏​ဆံ​ပင် ကို​ရိတ်​စေ​ရ​မည်။ လက်​သည်း​များ​ကို​လှီး​စေ ရ​မည်။-
13 Y quitará de sí el vestido de su cautiverio, y quedarse ha en tu casa: y llorará a su padre y a su madre un mes de tiempo: y después entrarás a ella y tú serás su marido, y ella tu mujer.
၁၃အ​ဝတ်​အ​စား​များ​ကို​လဲ​စေ​ရ​မည်။ သူ​သည် သင်​၏​အိမ်​တွင်​နေ​ထိုင်​၍ သူ​၏​မိ​ဘ​များ အ​တွက်​တစ်​လ​ကြာ​မျှ​ဝမ်း​နည်း​ပူ​ဆွေး စေ​ရ​မည်။-
14 Y será, que si no te agradare, dejarla has en su libertad, y no la venderás por dinero, y no mercadearás con ella, por cuanto la afligiste.
၁၄ထို့​နောက်​သင်​သည်​သူ့​ကို​မ​ယား​အ​ဖြစ်​သိမ်း ပိုက်​နိုင်​သည်။ နောင်​အ​ခါ​သူ​နှင့်​မ​ပေါင်း​သင်း လို​လျှင် လွတ်​လပ်​စွာ​သွား​ခွင့်​ပြု​ရ​မည်။ သင် သည်​သူ့​အား​မ​ယား​အ​ဖြစ်​အ​တင်း​အ​ဋ္ဌမ္မ သိမ်း​ပိုက်​ခဲ့​သည်​ဖြစ်​သော​ကြောင့် ကျွန်​အ​ဖြစ် မ​စေ​စား​ရ။ ငွေ​နှင့်​လည်း​မ​ရောင်း​ရ။''
15 Cuando algún varón tuviere dos mujeres, la una amada, y la otra aborrecida, y la amada y la aborrecida le parieren hijos, y el hijo primogénito fuere de la aborrecida;
၁၅``အ​ကယ်​၍​ယောကျာ်း​တစ်​ဦး​တွင်​မ​ယား​နှစ် ယောက်​ရှိ​လျှင် မ​ယား​နှစ်​ယောက်​စ​လုံး​တွင် သား​ယောကျာ်း​များ​ဖွား​မြင်​အံ့။ သား​ဦး​သည် သူ​ပို​၍​ချစ်​သော​မ​ယား​၏​သား​မ​ဟုတ်။-
16 Será que el día que hiciere heredar a sus hijos lo que tuviere, no podrá dar el derecho de primogenitura a los hijos de la amada delante del hijo de la aborrecida el primogénito.
၁၆ထို​သူ​သည်​မိ​မိ​၏​သား​တို့​အား​အ​မွေ​ခွဲ​ဝေ ပေး​သော​အ​ခါ သူ​ပို​၍​ချစ်​သော​မယား​၏​သား အား​သား​ဦး​ရ​ထိုက်​သော​ဝေ​စု​ကို​မ​ပေး​ရ။-
17 Mas al hijo de la aborrecida conocerá por primogénito para darle dos tantos de todo lo que le fuere hallado; porque aquel es el principio de su fuerza, el derecho de la primogenitura es suyo.
၁၇သား​ဦး​သည်​သူ​ပို​၍​ချစ်​သော​မယား​၏​သား မ​ဟုတ်​သော်​လည်း သူ​ရ​သင့်​ရ​ထိုက်​သော​အမွေ ဥစ္စာ​နှစ်​ဆ​ကို​ပေး​ရ​မည်။ ထို​သား​သည်​သား ဦး​ဖြစ်​သည်​ကို​အ​သိ​အ​မှတ်​ပြု​လျက် သူ့ အား​တ​ရား​ဝင်​ရ​ထိုက်​သော​ဝေ​စု​ကို​ပေး ရ​မည်။''
18 Cuando alguno tuviere hijo contumaz y rebelde, que no obedeciere a la voz de su padre ni a la voz de su madre, y habiéndole castigado, no les obedeciere;
၁၈``မိ​ဘ​တို့​ဆုံး​မ​သော်​လည်း​မ​နာ​ခံ ခေါင်း​မာ​၍ တော်​လှန်​တတ်​သော​သား​ရှိ​လျှင်၊-
19 Entonces tomarle han su padre, y su madre, y sacarle han a los ancianos de su ciudad, y a la puerta de su lugar,
၁၉မိ​ဘ​တို့​သည်​ထို​သား​ကို​မြို့​၏​အ​ကြီး အ​ကဲ​တို့​ထံ​တွင်​အ​စစ်​ဆေး​ခံ​စေ​ရ​မည်။-
20 Y dirán a los ancianos de la ciudad: Este nuestro hijo es contumaz y rebelde, no obedece a nuestra voz, es glotón y borracho.
၂၀မိ​ဘ​တို့​က`အ​ကျွန်ုပ်​တို့​၏​သား​သည်​ခေါင်း မာ​၍​မိ​ဘ​ကို​တော်​လှန်​၍ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​ပါ။ ငွေ​ကို​ဖြုန်း​တီး​၍​အ​ရက် သေ​စာ​သောက်​ကြူး​ပါ​သည်' ဟူ​၍​လျှောက် ဆို​ရ​မည်။-
21 Entonces todos los hombres de su ciudad le apedrearán con piedras, y morirá: y quitarás el mal de en medio de ti, y todo Israel oirán y temerán.
၂၁ထို့​နောက်​မြို့​သား​အ​ပေါင်း​တို့​က ထို​သား​ကို ကျောက်​ခဲ​နှင့်​ပစ်​၍​သတ်​ရ​မည်။ ဤ​နည်း​အား ဖြင့်​သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင် ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထို​သ​တင်း​ကို​ကြား​ရ​သ​ဖြင့် ကြောက်​ရွံ့​ကြ​လိမ့်​မည်။''
22 Cuando en alguno hubiere pecado de sentencia de muerte, y hubiere de morir, colgarle has en un madero.
၂၂``သေ​ဒဏ်​ထိုက်​သော​ပြစ်​မှု​ကြောင့် အ​သေ သတ်​ခြင်း​ခံ​ရ​သူ​၏​အ​လောင်း​ကို​တိုင်​ပေါ် တွင်​ဆွဲ​ထား​လျှင်၊-
23 No anochecerá su cuerpo en el madero, mas enterrando le enterrarás el mismo día, porque maldición de Dios es el colgado: y no contaminarás tu tierra, que Jehová tu Dios te da por heredad.
၂၃ည​အိပ်​၍​မ​ထား​ရ။ အ​လောင်း​ကို​တိုင်​ပေါ် တွင်​ဆွဲ​ထား​ခြင်း​သည်​တိုင်း​ပြည်​အ​တွက် အမင်္ဂ​လာ​ဖြစ်​သော​ကြောင့် အ​လောင်း​ကို​နေ့ ချင်း​တွင်း​မြှုပ်​နှံ​ရ​မည်။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည် ကို မ​ညစ်​ညမ်း​စေ​ရန်​ထို​အ​လောင်း​ကို​မြှုပ်​နှံ လော့။''

< Deuteronomio 21 >