< 2 Reyes 25 >

1 Y aconteció a los nueve años de su reino, en el mes décimo, a los diez del mes, que Nabucodonosor rey de Babilonia vino con todo su ejército contra Jerusalem: y cercóla, y levantaron contra ella ingenios al derredor.
ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ပုန်​ကန်​သ​ဖြင့် နေ​ဗု​ခဒ်​နေ​ဇာ​သည် မိ​မိ​၏ တပ်​မ​တော်​နှင့်​လာ​ရောက်​၍ ဇေ​ဒ​ကိ​၏​နန်း​စံ ကိုး​နှစ်၊ ဆယ်​လ​နှင့်​ဆယ်​ရက်​နေ့​၌ ယေ​ရု​ရှ​လင် မြို့​ကို​တိုက်​ခိုက်​လေ​သည်။ သူ​သည်​မြို့​ပြင်​၌ တပ်​စ​ခန်း​ချ​ပြီး​လျှင် မြို့​ပတ်​လည်​တွင်​မြေ က​တုတ်​များ​ကို​ဖို့​လုပ်​၏။-
2 Y estuvo la ciudad cercada hasta el onceno año del rey Sedecías.
ထို​နောက်​ဇေ​ဒ​ကိ​၏​နန်း​စံ​တစ်​ဆယ့်​တစ်​နှစ် မြောက်​တိုင်​အောင် မြို့​ကို​ဝိုင်း​ထား​၏။-
3 A los nueve del mes la hambre prevaleció en la ciudad, que no hubo pan para el pueblo de la tierra.
ထို​နှစ်​စ​တုတ္ထ​လ​ကိုး​ရက်​နေ့​၌​အ​စာ​ရေ​စာ လွန်​စွာ​ခေါင်း​ပါး​မှု​ကြောင့် မြို့​သူ​မြို့​သား​တို့ တွင်​စား​စ​ရာ​အ​လျှင်း​မ​ရှိ​ကြ​တော့​ပေ။-
4 Abierta ya la ciudad, huyeron de noche todos los hombres de guerra por el camino de la puerta que estaba entre los dos muros, junto a los huertos del rey, estando los Caldeos al rededor de la ciudad; y el rey se fue camino de la campaña.
ထို​အ​ခါ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​မြို့​ကို ဗာ​ဗု​လုန်​တပ်​သား​များ​ဝိုင်း​ရံ​လျက်​ရှိ​သော် လည်း မြို့​ရိုး​ကို​ဖောက်​၍​ညဥ့်​အ​ခါ​ထွက်​ပြေး ကြ​၏။ သူ​တို့​သည်​ဘု​ရင့်​ဥ​ယျာဉ်​တော်​လမ်း အ​တိုင်း​သွား​ပြီး​လျှင် မြို့​ရိုး​နှစ်​ထပ်​အ​ကြား ရှိ​တံ​ခါး​ပေါက်​မှ​ထွက်​၍​ယော်​ဒန်​ချိုင့်​ဝှမ်း ဘက်​သို့​ပြေး​ကြ​၏။-
5 Y el ejército de los Caldeos siguió al rey, y tomóle en las campañas de Jericó, habiéndose esparcido de él todo su ejército.
သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သား​တို့​သည် ဇေ​ဒ​ကိ​မင်း​ကို​လိုက်​၍​ဖမ်း​ကြ​ရာ ယေ​ရိ​ခေါ မြို့​အ​နီး​ရှိ​လွင်​ပြင်​တွင်​မိ​လေ​သည်။ ဇေ​ဒ​ကိ ၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​ကား​မိ​မိ​တို့ အ​ရှင်​ကို​စွန့်​၍​ထွက်​ပြေး​ကြ​၏။-
6 Y el rey tomado, trajéronle al rey de Babilonia a Rebla, y hablaron con él juicios.
ရန်​သူ​တို့​သည်​ဇေ​ဒ​ကိ​အား​နေ​ဗု​ခဒ်​နေ​ဇာ မင်း​ရှိ​ရာ​ရိ​ဗ​လ​မြို့​သို့​ခေါ်​ဆောင်​သွား​ကြ ရာ နေ​ဗု​ခဒ်​နေ​ဇာ​သည်​ထို​အ​ရပ်​၌​ပင်​စီ​ရင် ချက်​ချ​မှတ်​လေ​သည်။-
7 Y degollaron a los hijos de Sedecías en su presencia, y a Sedecías quebraron los ojos, y atado con dos cadenas lleváronle a Babilonia.
ဇေ​ဒ​ကိ​၏​သား​များ​ကို​ဖ​ခင်​၏​မျက်​မှောက်​၌ ကွပ်​မျက်​ပြီး​လျှင် ဇေ​ဒ​ကိ​၏​မျက်​စိ​များ​ကို ဖောက်​၍​သူ့​အား​သံ​ကြိုး​များ​ဖြင့်​ချည်​နှောင် ကာ​ဗာ​ဗု​လုန်​ပြည်​သို့​ဖမ်း​ဆီး​သွား​လေ သည်။
8 En el mes quinto a los siete del mes que era el año de diez y nueve de Nabucodonosor rey de Babilonia, vino a Jerusalem Nabuzardán, capitán de los de la guardia, siervo del rey de Babilonia.
ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​နန်း​စံ​တစ် ဆယ့်​ကိုး​နှစ်၊ ပဉ္စ​မ​လ၊ ခု​နစ်​ရက်​နေ့​၌​မင်း​ကြီး ၏​အ​တိုင်​ပင်​ခံ​ဖြစ်​သူ​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန် သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက်​၍၊-
9 Y quemó la casa de Jehová, y la casa del rey, y todas las casas de Jerusalem: y todas las casas de los principales quemó a fuego.
ဗိ​မာန်​တော်၊ နန်း​တော်​နှင့်​ယေ​ရု​ရှ​လင်​မြို့​ရှိ အ​ရေး​ပါ​အ​ရာ​ရောက်​သူ​အ​ပေါင်း​တို့​၏​နေ အိမ်​များ​ကို​မီး​ရှို့​လေ​သည်။-
10 Y todo el ejército de los Caldeos que estaba con el capitán de la guardia derribó los muros de Jerusalem al derredor.
၁၀သူ​၏​တပ်​သား​တို့​သည်​မြို့​ရိုး​ကို​ဖြို​ချကြ​၏။-
11 Y a los del pueblo que habían quedado en la ciudad, y a los que se habían juntado al rey de Babilonia, y a los que habían quedado del vulgo, Nabuzardán capitán de los de la guardia los trasportó.
၁၁ထို​နောက်​နေ​ဗု​ဇာ​ရ​ဒန်​သည်​မြို့​ထဲ​တွင်​ကျန် ရှိ​နေ​သေး​သူ​များ၊ ကြွင်း​ကျန်​သော​အ​တတ် ပ​ညာ​သည်​များ​နှင့် ဗာ​ဗု​လုန်​ဘု​ရင်​ဘက်​သို့ ကူး​ဝင်​လာ​သူ​များ​အား​ဗာ​ဗု​လုန်​ပြည်​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​၏။-
12 Mas de la pobreza de la tierra dejo Nabuzardán capitán de los de la guardia, para que labrasen las viñas y las tierras.
၁၂သို့​ရာ​တွင်​ဆင်း​ရဲ​သား​အ​ချို့​တို့​ကို​မူ​ယု​ဒ ပြည်​တွင် စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​လယ်​ယာ​များ တွင်​အ​လုပ်​လုပ်​စေ​ရန်​ထား​ခဲ့​လေ​သည်။
13 Y las columnas de metal, que estaban en la casa de Jehová, y las basas, y el mar de metal que estaba en la casa de Jehová quebraron los Caldeos, y el metal de ello llevaron a Babilonia.
၁၃ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ဗိ​မာန်​တော်​ရှိ ကြေး​ဝါ​တိုင်​ကြီး​များ၊ ကြေး​ဝါ​လှည်း​များ၊ ကြေး​ဝါ​ရေ​ကန်​ကြီး​ကို​အ​စိတ်​စိတ်​အ​မြွှာ မြွှာ​ချိုး​ဖဲ့​ပြီး​လျှင် ကြေး​ဝါ​မှန်​သ​မျှ​ကို ဗာ​ဗု​လုန်​ပြည်​သို့​ယူ​ဆောင်​သွား​ကြ​၏။-
14 Los calderos también, y los badiles, y los salterios, y los cucharones, y todos los vasos de metal con que servían, llevaron.
၁၄သူ​တို့​သည်​ယဇ်​ပလ္လင်​သန့်​ရှင်း​ရေး​အ​တွက်​အ​သုံး ပြု​သည့် တူ​ရွင်း​ပြား​များ၊ ပြာ​ခွက်​များ​မီး​ခွက် များ​ကို​တိုက်​ချွတ်​ပြင်​ဆင်​ရာ​၌​အ​သုံး​ပြု​သည့် တန်​ဆာ​ပ​လာ​များ၊ ယဇ်​ကောင်​သွေး​ခံ​ခွက်​ဖ​လား များ၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ခွက်​ဖ​လား​များ​နှင့် ဗိ​မာန်​တော်​အ​တွင်း​ကိုး​ကွယ်​ဝတ်​ပြု​ရာ​၌​အ​သုံး ပြု​သည့် အ​ခြား​ကြေး​ဝါ​ပစ္စည်း​အ​သုံး​အ​ဆောင် များ​ကို​လည်း​ယူ​ဆောင်​သွား​ကြ​၏။-
15 Y los incensarios, y los lebrillos; los que de oro, de oro; y los que de plata, de plata; todo lo llevó el capitán de los de la guardia:
၁၅သူ​တို့​သည်​မီး​ကျီး​ခဲ​များ​သယ်​ယူ​ရာ​၌ အ​သုံး​ပြု​သည့် ခွက်​ငယ်​က​လေး​များ​နှင့်​အိုး ကင်း​များ​အ​ပါ​အ​ဝင်​ရွှေ​သို့​မ​ဟုတ်​ငွေ​ဖြင့် ပြီး​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း​ယူ​ဆောင် သွား​ကြ​သည်။-
16 Las dos columnas, un mar, y las basas, que Salomón había hecho para la casa de Jehová, no había peso de todos estos vasos.
၁၆ဗိ​မာန်​တော်​အ​တွက်​ရှော​လ​မုန်​မင်း​ပြု​လုပ်​ခဲ့ သော​ကြေး​ဝါ​ပစ္စည်း​များ​ဖြစ်​သည့်​တိုင်​ကြီး​နှစ်​လုံး၊ လှည်း​များ​နှင့်​ရေ​စည်​ကြီး​တို့​သည်​ချိန်​တွယ်​၍ မ​ရ​အောင်​ပင်​လေး​လံ​ပေ​သည်။-
17 La altura de la una columna era de diez y ocho codos, y tenía encima un capitel de metal, y la altura del capitel era de tres codos: y sobre el capitel había un enredado, y unas granadas al derredor, todo de metal, y semejante obra había en la otra columna con el enredado.
၁၇ထို​တိုင်​ကြီး​နှစ်​လုံး​မှာ​ဆင်​တူ​ဖြစ်​၍​တစ်​တိုင် လျှင် နှစ်​ဆယ့်​ခု​နစ်​ပေ​မြင့်​လေ​သည်။ ယင်း​တို့ ကို​အ​မြင့်​လေး​ပေ​ခွဲ​ရှိ​ကြေး​ဝါ​တိုင်​ထိပ်​အုပ် များ​တပ်​ဆင်​ထား​၏။ ထို​တိုင်​ထိပ်​အုပ်​တို့​၏​ပတ် လည်​တွင် ကြေး​ဝါ​ကွန်​ရွက်​နှင့်​ကြေးဝါ​သ​လဲ သီး​များ​ဖြင့်​ချယ်​လှယ်​၍​ထား​သ​တည်း။
18 Asimismo tomó el capitán de los de la guardia a Saraías primer sacerdote, y a Sofonías segundo sacerdote, y tres guardas de la vajilla.
၁၈ထို့​အ​ပြင်​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် ယဇ် ပု​ရော​ဟိတ်​မင်း​စ​ရာ​ယ၊ သူ​၏​လက်​ထောက် ဇေ​ဖ​နိ​နှင့်​အ​ခြား​အ​ရေး​ကြီး​သည့် ဗိ​မာန် တော်​အ​ရာ​ရှိ​သုံး​ဦး​တို့​ကို​လည်း​ကောင်း၊-
19 Y de la ciudad tomó un eunuco, el cual era maestre de campo, y cinco varones de los continuos del rey que se hallaron en la ciudad, y al escriba príncipe del ejército, que hacía la gente de la tierra, con sesenta varones del pueblo de la tierra que se hallaron en la ciudad.
၁၉ယု​ဒ​တပ်​မှူး​ဟောင်း၊ မင်း​ကြီး​၏​အ​တိုင်​ပင်​ခံ အ​မတ်​ငါး​ဦး၊ တပ်​မ​တော်​မှတ်​တမ်း​ထိန်း​လက် ထောက်​တပ်​မှူး​နှင့်​အ​ခြား​အ​ရေး​ပါ​အရာ ရောက်​သူ​လူ​ခြောက်​ဆယ်​တို့​ကို​လည်း​ကောင်း ယေ​ရု​ရှ​လင်​မြို့​မှ​ဖမ်း​ဆီး​၍၊-
20 Estos tomó Nabuzardán capitán de los de la guardia, y llevólos a Rebla al rey de Babilonia.
၂၀ဗာ​ဗု​လုန်​ဘု​ရင်​ရှိ​ရာ​ဟာ​မတ်​ပြည်​ရိ​ဗ​လ မြို့​သို့​ခေါ်​ဆောင်​သွား​ရာ​မင်း​ကြီး​သည် ထို​မြို့ တွင်​သူ​တို့​အား​ဒဏ်​ပေး​ပြီး​မှ​ကွပ်​မျက်​လိုက်​၏။ သို့​ဖြစ်​၍​ယု​ဒ​ပြည်​သူ​တို့​သည်​တိုင်း​တစ်​ပါး သို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ကြ​လေ​သ​တည်း။
21 Y el rey de Babilonia los hirió, y mató en Rebla en tierra de Emat: y así pasó Judá de sobre su tierra.
၂၁
22 Y al pueblo que Nabucodonosor rey de Babilonia dejó en tierra de Judá, puso por gobernador a Godolías, hijo de Ahicam, hijo de Safán.
၂၂ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ရှာ​ဖန် ၏​မြေး၊ အ​ဟိ​ကံ​၏​သား၊ ဂေ​ဒ​လိ​အား​ယု​ဒ ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​ထား​ပြီး​လျှင် ဗာ​ဗု​လုန် ပြည်​သို့​ဖမ်း​သွား​ခြင်း​မ​ခံ​ရ​ကြ​သူ​တို့ အား​အုပ်​ချုပ်​စေ​၏။-
23 Y oyendo todos los príncipes del ejército, ellos y los varones, que el rey de Babilonia había puesto por gobernador a Godolías, viniéronse a Godolías en Maspa, es a saber, Ismael, hijo de Natanías, y Johannán, hijo de Carée, y Saraías, hijo de Tanehumet Netofatita, y Jezonías, hijo de Maacati, ellos con los suyos.
၂၃ဤ​အ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ အ​ညံ့​မ​ခံ​အ​ရှုံး​မ​ပေး​ခဲ့​ကြ​သူ​ယု​ဒ​တပ်​မှူး များ​နှင့်​စစ်​သူ​ရဲ​တို့​သည် မိ​ဇ​ပါ​မြို့​ရှိ​ဂေ​ဒ​လိ ထံ​ဝင်​ရောက်​လာ​ကြ​၏။ ထို​တပ်​မှူး​များ​မှာ နာ​သနိ​၏​သား​ဣ​ရှ​မေ​လ၊ ကာ​ရာ​၏​သား ယော​ဟ​နန်၊ နေ​တော​ဖတ်​မြို့​သား​တာ​နု​မက် ၏​သား​စ​ရာ​ယ​နှင့်​မာ​ခ​သိ​မြို့​သား​ယေ ဇ​နိ​တို့​ဖြစ်​ကြ​၏။-
24 Y Godolías les hizo juramento, a ellos y a los suyos, y díjoles: No hayáis temor de los siervos de los Caldeos: habitád en la tierra, y servíd al rey de Babilonia, y habréis bien.
၂၄ဂေ​ဒ​လိ​က​သူ​တို့​အား``သင်​တို့​သည်​ဗာ​ဗု​လုန် အ​ရာ​ရှိ​တို့​အား ကြောက်​ရွံ့​စ​ရာ​မ​လို​ကြောင်း ငါ​က​တိ​ပြု​၏။ ဤ​ပြည်​တွင်​နေ​ထိုင်​၍​ဗာ​ဗု​လုန် ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ကြ​ပါ​လျှင် သင်​တို့​ချမ်း​သာ​ရ​လိမ့်​မည်'' ဟု​ပြော​၏။
25 Y en el mes séptimo vino Ismael, hijo de Natanías, hijo de Elisama de la simiente real, y diez varones con él, e hirieron a Godolías, y murió, y también a los Judíos y Caldeos que estaban con él en Maspa.
၂၅သို့​ရာ​တွင်​သတ္တမ​လ​သို့​ရောက်​သော​အ​ခါ​မင်း မျိုး​မင်း​နွယ်​ဖြစ်​သူ ဧ​လိ​ရှ​မာ​၏​မြေး၊ နာ​သ​နိ ၏​သား၊ ဣ​ရှ​မေ​လ​သည်​လူ​တစ်​ကျိပ်​နှင့်​မိ​ဇ​ပါ မြို့​သို့​သွား​ပြီး​လျှင် ဂေ​ဒ​လိ​ကို​လုပ်​ကြံ​လေ သည်။ သူ​သည်​ဂေ​ဒ​လိ​နှင့်​အ​တူ​ရှိ​နေ​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် ဗာ​ဗု​လုန် အ​မျိုး​သား​တို့​ကို​လည်း​သတ်​ဖြတ်​လိုက်​၏။-
26 Entonces levantándose todo el pueblo, desde el menor hasta el mayor, con los capitanes del ejército, fuéronse a Egipto por temor de los Caldeos.
၂၆ထို​အ​ခါ​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ကို​ကြောက် သော​ကြောင့် ဆင်း​ရဲ​ချမ်း​သာ​သူ​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည် တပ်​မ​တော်​အ​ရာ​ရှိ​များ နှင့်​အ​တူ​အီ​ဂျစ်​ပြည်​သို့​ထွက်​ပြေး​ကြ​၏။
27 Y aconteció a los treinta y siete años de la transmigración de Joaquín rey de Judá, en el mes doceno, a los veinte y siete del mes, que Evil-merodac rey de Babilonia, en el primer año de su reino, levantó la cabeza de Joaquín rey de Judá, sacándole de la casa de la cárcel;
၂၇ဗာ​ဗု​လုန်​ဘု​ရင်​ဧဝိ​လ​မေ​ရော​ဒက်​သည်​မိ​မိ နန်း​တက်​တော်​မူ​သော​နှစ်​၌ ယု​ဒ​ဘု​ရင်​ယေ​ခေါ နိ​အား​အ​ကျဉ်း​ထောင်​မှ​လွှတ်​သော​အား​ဖြင့် က​ရု​ဏာ​ပြ​တော်​မူ​၏။ ယေ​ခေါ​နိ​အ​ကျဉ်း ကျ​ပြီး​နောက် သုံး​ဆယ့်​ခု​နစ်​နှစ်​မြောက်​ဒွါ ဒ​သ​မ​လ​နှစ်​ဆယ့်​ခု​နစ်​ရက်​နေ့​၌​ဤ​သို့ ဖြစ်​ပျက်​သ​တည်း။-
28 Y hablóle bien, y puso su asiento sobre el asiento de los reyes que con él estaban en Babilonia.
၂၈ဧ​ဝိ​လ​မေ​ရော​ဒက်​သည်​ယေ​ခေါ​နိ​အား​ကြင်​နာ စွာ​ဆက်​ဆံ​၍ ဗာ​ဗု​လုန်​ပြည်​တွင်​ပြည်​နှင်​ဒဏ်​သင့် လျက်​နေ​သော အ​ခြား​ဘု​ရင်​များ​ထက်​ပို​၍​ချီး မြှင့်​မြှောက်​စား​တော်​မူ​၏။-
29 Y mudóle los vestidos de su prisión, y comió delante de él continuamente todos los días de su vida.
၂၉သို့​ဖြစ်​၍​ယေ​ခေါ​နိ​သည်​ထောင်​အဝတ်​များ​ကို​လဲ ခွင့်​ရ​လျက် မိ​မိ​အ​သက်​ရှည်​သ​မျှ​ကာ​လ​ပတ် လုံး​မင်း​ကြီး​နှင့်​အ​တူ​ပွဲ​တော်​တည်​ခွင့်​ကို​ရ​ရှိ လေ​သည်။-
30 Y hacíale dar el rey su comida continuamente, cada cosa en su tiempo, todos los días de su vida.
၃၀မိ​မိ​လို​အပ်​သ​လို​သုံး​စွဲ​နိုင်​ရန်​နေ့​စဉ်​မှန်​မှန် အ​သုံး​စ​ရိတ်​ကို​လည်း တစ်​သက်​လုံး​ရ​ရှိ​၏။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​စ​တုတ္ထ​စောင်​ပြီး​၏။

< 2 Reyes 25 >