< Книга пророка Софонии 1 >

1 Слово Господне, иже бысть к Софонии сыну Хусиину, сыну Годолиину, Амориину, Езекиину, во дни Иосии сына Амоня, царя Иудина.
ဤဗျာဒိတ်တော်သည်အာမုန်၏သား၊ ယုဒ ဘုရင်ယောရှိလက်ထက်၌ဇေဖနိအား ထာဝရဘုရားပေးတော်မူသောဗျာဒိတ် တော်ဖြစ်၏။ (ဇေဖနိကားဟိဇကိမင်းမျိုး ဝင်အာမရိ၊ ဂေဒလိနှင့်ကုရှိတို့မှဆင်း သက်လာသူတည်း။)
2 Оскудением да оскудеют вся от лица земли, глаголет Господь:
ထာဝရဘုရားက``ငါသည်လူများ၊ တိရစ္ဆာန် များ၊ ငှက်များနှင့်ငါးများပါမကျန်၊ ကမ္ဘာ ပေါ်တွင်ရှိသမျှသောအရာတို့ကိုသုတ် သင်ဖျက်ဆီးမည်။ သူယုတ်မာတို့ကိုပြိုလဲ ပျက်စီးစေမည်။ လူသားအားလုံးကိုငါ ဖျက်ဆီးမည်။ အသက်မသေဘဲတစ်ယောက် မျှကျန်လိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
3 да оскудеет человек и скоти, да оскудеют птицы небесныя и рыбы морския, и да изнемогут нечестивии, и изиму беззаконныя от лица земли, глаголет Господь.
4 И простру руку Мою на Иуду и на вся живущыя во Иерусалиме: и изиму от места сего имена Ваалова и имена жреческа со жерцами,
``ငါသည်ယေရုရှလင်မြို့နှင့်ယုဒပြည် ရှိလူအပေါင်းကိုဖျက်ဆီးချေမှုန်းမည်။ ထိုအရပ်တွင်ဗာလဘုရားအားကိုးကွယ် ဝတ်ပြုမှုကိုအစတုန်းစီရင်မည်ဖြစ်၍ တစ်စုံတစ်ယောက်သောသူမျှထိုဘုရား ထံအစေအပါးခံခဲ့သောတပည့်များ ကိုအောက်မေ့သတိရကြတော့မည်မဟုတ်။
5 и покланяющихся на покровех воинству небесному и кленущихся Господем и кленущихся царем своим,
အိမ်ခေါင်မိုးထက်သို့တက်၍ နေ၊ လ၊ ကြယ် တာရာများကိုရှိခိုးဝတ်ပြုသူမှန်သမျှ ကိုငါသုတ်သင်ပယ်ရှင်းမည်။ ငါ့အားဝတ် ပြုကိုးကွယ်ကာသစ္စာစောင့်ပါမည်ဟုကျိန် ဆိုကတိပြုပြီးလျှင် မောလုတ်၏အမည် နာမကိုတိုင်တည်ကျိန်ဆိုသူတို့ကိုလည်း သုတ်သင်ပယ်ရှင်းမည်။
6 и укланяющихся от Господа и не ищущих Господа и не придержащихся Господа.
ငါ့နောက်သို့မလိုက်တော့ဘဲ လှည့်၍ထွက် ခွာသွားသူများအားလည်းကောင်း၊ ငါ့ထံ မချဉ်းကပ် ငါ၏ပို့ဆောင်လမ်းပြမှုကို လည်းမတောင်းခံသူများအားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။
7 Убойтеся от лица Господа Бога, зане близ день Господень, яко уготова Господь жертву Свою и освяти званныя Своя.
``ထာဝရဘုရားတရားစီရင်တော်မူရာ ကာလသည်ကျရောက်လာတော့မည်။ အရှင် ထာဝရဘုရားရှေ့တော်တွင်ငြိမ်ဝပ်စွာနေ ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ အားယဇ်ပူဇော်ရန်ပြင်ဆင်လျက်ဆက် ကပ်ပူဇော်ရန်ပြုလုပ်နေလေပြီ။
8 И будет в день жертвы Господни: и отмщу на князи и на дом царский и на вся оболченныя во одеяния чуждая,
ထာဝရဘုရာက``ထိုသို့သတ်ဖြတ်ရာ နေ့ရက်ကာလကျရောက်လာသောအခါ၊ မှူးမတ်များ၊ ဘုရင့်သားတော်များနှင့်လူ မျိုးခြားဓလေ့ထုံးစံကိုကျင့်သုံးသူတို့ အားအပြစ်ဒဏ်ခတ်မည်။
9 и отмщу яве на вся предвратныя в день той, исполняющыя храм Господа Бога своего нечестием и лестию.
ရုပ်တုကိုးကွယ်သူများကဲ့သို့ပြုကျင့်သူ များအားလည်းကောင်း၊ မိမိတို့သခင်၏အိမ် ကိုဖြည့်တင်းရန် ပစ္စည်းဥစ္စာရရှိရေးအတွက် ခိုးဝှက်သတ်ဖြတ်သူတို့အားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။
10 И будет в день он, глаголет Господь, глас вопля от врат избодающих и плачь от вторых и сотрение велие от холмов.
၁၀ထာဝရဘုရားက``ထိုနေ့ရက်ကာလ၌ ယေရုရှလင်မြို့ငါးတံခါးဝ၌အော်ဟစ် သံကိုကြားရကြလိမ့်မည်။ မြို့သစ်ပိုင်း၌ လူတို့ငိုကြွေးသံကိုလည်းကောင်း၊ တောင် ကုန်းများတွင်ကျိုးပဲ့သံကိုလည်းကောင်း ကြားရကြလိမ့်မည်။
11 Плачите, живущии в посеченней, яко уподобишася вси людие ханаану, и потребишася вси величающиися сребром.
၁၁မြို့အနိမ့်ပိုင်းတွင်နေထိုင်သူတို့ငိုကြွေး ကြလော့။ ကုန်သည်ကြီးများသည်သေဆုံး ကြတော့မည်။
12 И будет в той день, изыщу Иерусалима со светилником и отмщу на мужы нерадящыя о стражбах своих, глаголющыя в сердцах своих: не имать блага сотворити Господь, ниже имать озлобити.
၁၂``ထိုအချိန်၌ငါသည်မီးခွက်ကိုယူ၍ ယေရုရှလင်မြို့တွင်ရှာဖွေမည်။ `ဘုရား သခင်သည်အခါခပ်သိမ်းကောင်းကျိုးဆိုး ကျိုး၊ အဘယ်အကျိုးကိုမျှမပေးတတ်' ဟုထင်မှတ်ရေရွတ်သူများ၊ မိမိတို့ကိုယ် ကိုအထင်ကြီး၍ကျေနပ်ရောင့်ရဲနေသူ များအားငါအပြစ်ဒဏ်ခတ်မည်။
13 И будет сила их в расхищение и домы их в разорение: и созиждут жилища и не имут пожити в них, и насадят винограды и не имут пити вина их:
၁၃သူတစ်ပါးတို့သည်ထိုသူတို့၏စည်းစိမ် ဥစ္စာများကိုလုယူကာသူတို့၏အိမ်များ ကိုဖျက်ဆီးလိုက်ကြလိမ့်မည်။ သူတို့သည် မိမိတို့ဆောက်လုပ်လျက်ရှိသည့်အိမ်များ တွင်အဘယ်အခါ၌မျှနေထိုင်ရကြ လိမ့်မည်မဟုတ်။ မိမိတို့စိုက်ပျိုးလျက်ရှိ သည့်စပျစ်ဥယျာဉ်များမှစပျစ်ရည်ကို လည်းသောက်ရကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
14 яко близ день Господень великий, близ и скор зело, глас дне Господня горек и жесток учинися.
၁၄ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ကြီးသည်နီးကပ်၍အလွန်နီးကပ်၍ လာလေပြီ။ ထိုနေ့ရက်ကာလသည်လျင် မြန်စွာသက်ရောက်လာတော့အံ့။ ထိုနေ့ရက် သည်ခါးသီးလွန်းသောကြောင့်ရဲစွမ်းသတ္တိ အရှိဆုံးစစ်သူရဲပင်လျှင်စိတ်ပျက်စွာ အော်ဟစ်လိမ့်မည်။
15 Силен день гнева день той, день скорби и нужды, день безгодия и изчезновения, день тмы и мрака, день облака и мглы,
၁၅ထိုနေ့ရက်သည်အမျက်ထန်သည့်နေ့၊ ဆင်းရဲ ပူပန်ရသောနေ့၊ ယိုယွင်းပျက်စီးသုတ်သင် ပယ်ရှင်းရာနေ့၊ မိုက်မှောင်ညိုမှိုင်းသည့်နေ့ မည်းနက်၍မိုးတိမ်ထူသည့်နေ့၊
16 день трубы и вопля на грады твердыя и на углы высокия.
၁၆ခံတပ်မြို့များ၊ မြင့်မားသည့်ရဲတိုက်များ ကိုတိုက်ခိုက်နေသူ၊ စစ်သူရဲတို့၏တံပိုး ခရာသံများ၊ ညာသံများဖြင့်ဆူညံနေ သောနေ့ဖြစ်ပေသည်။
17 И оскорблю человеки, и пойдут яко слепи, зане Господеви прегрешиша, и излиется кровь их яко персть, и плоти их яко лайна:
၁၇ထာဝရဘုရားက``ငါသည်လူသားတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေမည်ဖြစ်၍ လူတိုင်းပင်မျက်မမြင် ကဲ့သို့အမှောင်တွင်စမ်း၍သွားလာရကြ လိမ့်မည်။ သူတို့သည်ငါ့ကိုပြစ်မှားကြ လေပြီ။ ထို့ကြောင့်ငါတို့သည်သူတို့၏ သွေးကိုရေကဲ့သို့သွန်းလောင်းမည်။ သူတို့ ၏အလောင်းများသည်လည်းမြေပေါ်တွင် ပုပ်ပျက်၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။
18 и сребро их и злато их не возможет изяти их в день гнева Господня, и огнем рвения Его поядена будет вся земля: зане скончание и тщание сотворит на вся живущыя на земли.
၁၈ထာဝရဘုရားအမျက်ထွက်တော်မူရာ ထိုကာလ၌ထိုသူတို့သည် မိမိတို့၏ရွှေ ငွေရှိသမျှကိုစုပုံပေးသော်လည်းအသက် ချမ်းသာရာရကြလိမ့်မည်မဟုတ်။ ကမ္ဘာ မြေပြင်တစ်ခုလုံးသည်ကိုယ်တော်၏ အမျက်တော်မီးသင့်၍ဆုံးရှုံးပျက်စီး သွားလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ ပေါ်တွင်နေထိုင်သူမှန်သမျှကိုရုတ် တရက်အစတုံးအောင်စီရင်တော်မူ လိမ့်မည်။

< Книга пророка Софонии 1 >