< Книга пророка Захарии 5 >
1 И обратихся и возведох очи мои и видех, и се, серп летящь.
၁ငါသည်နောက်တစ်ဖန်ကြည့်လိုက်ပြန်သောအခါ လေထဲတွင်ပျံဝဲနေသောစာလိပ်တစ်ခုကိုမြင် ရ၏။-
2 И рече ко мне: что ты видиши? И рех: аз вижду серп летящь, в долготу лактей двадесять и в широту десяти лактей.
၂ကောင်းကင်တမန်က``သင်အဘယ်အရာကို မြင်သနည်း'' ဟုမေးလျှင်ငါသည်လည်း``လေ ထဲတွင်ပျံနေသောစာလိပ်တစ်ခုကိုမြင် ပါ၏။ ထိုစာလိပ်သည်အလျားပေသုံးဆယ် အနံတစ်ဆယ့်ငါးပေရှိပါသည်'' ဟုပြန် လည်ဖြေကြား၏။
3 И рече ко мне: сия клятва исходящая на лице всея земли: зане всяк тать от сего даже до смерти отмщен будет, и всяк кленыйся во лжу от сего до смерти отмстится.
၃ထိုအခါကောင်းကင်တမန်က``တစ်နိုင်ငံလုံး အပေါ်သို့သက်ရောက်မည့်ကျိန်စာကိုထိုစာ လိပ်တွင်ရေးသားထားပါသည်။ စာလိပ်တစ် မျက်နှာ၌သူခိုးမှန်သမျှတို့သည် ဤနိုင်ငံ မှဖယ်ရှားခြင်းကိုခံရကြလိမ့်မည်ဟူ၍ လည်းကောင်း၊ အခြားတစ်မျက်နှာ၌မူမမှန် မကန်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူအပေါင်း တို့သည်သုတ်သင်ပယ်ရှင်းခြင်းကိုခံရကြ လိမ့်မည်ဟူ၍လည်းကောင်းဖော်ပြထား ပါသည်။-
4 И изнесу его, глаголет Господь Вседержитель, и внидет в дом татя и в дом кленущагося именем Моим во лжу, и вселится посреде дому его, и скончает его и древа его и камение его.
၄အနန္တတန်ခိုးရှင်ထာဝရဘုရားကငါသည် ဤကျိန်စာကိုစေလွှတ်လိုက်မည်ဖြစ်၍ယင်း သည်ငါ၏နာမတော်ကိုတိုင်တည်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူမှန်သမျှနှင့်သူခိုးမှန် သမျှတို့၏အိမ်များတွင်ဝင်၍နေလိမ့်မည်။ ထိုအိမ်တို့သည်လည်းကျိန်စာထွက်ခွာသွား သောအခါ ယိုယွင်းပျက်စီးလျက်ကျန်ရစ် ကြလိမ့်မည်'' ဟုဆို၏။
5 И изыде Ангел глаголяй во мне и рече ко мне: воззри очима твоима и виждь исходящее сие. И рех:
၅ကောင်းကင်တမန်သည်တစ်ဖန်ပေါ်လာပြန် ၍``ကြည့်လော့။ အရာဝတ္ထုတစ်ခုသည်ရွေ့ လျား၍လာနေ၏'' ဆို၏။
6 что есть? И рече: сия мера исходящая. И рече: сия неправда их по всей земли.
၆ငါက``ထိုအရာကားအဘယ်နည်း'' ဟု မေးလျှင်၊ ကောင်းကင်တမန်က``ထိုအရာသည်ခြင်း တောင်းတစ်ခုဖြစ်၍တစ်နိုင်ငံလုံး၏အပြစ် ကိုသရုပ်ဆောင်၏'' ဟုပြန်လည်ဖြေကြား လေသည်။-
7 И се, талант оловян вземляйся, и се, жена едина седяше посреде меры.
၇ထိုခြင်းတောင်းတွင်ခဲဖြင့်ပြီးသောအဖုံး တစ်ခုရှိ၏။ ထိုအဖုံးသည်ငါကြည့်လျက် နေစဉ်၌ပင်ပွင့်၍လာလေသည်။ ခြင်းတောင်း ထဲတွင်အမျိုးသမီးတစ်ယောက်ထိုင်လျက် နေပါသည်တကား။
8 И рече: сия есть беззаконие. И верже ю в средину меры и вверже камень оловяный во уста ея.
၈ကောင်းကင်တမန်က၊``ဤအမျိုးသမီးသည် ယုတ်မာမှုကိုသရုပ်ဆောင်၏'' ဟုဆိုကာ သူ့အားခြင်းတောင်းထဲသို့နှိပ်ချလိုက်ပြီး လျှင်အဖုံးပြန်ဖုံး၍ထားလိုက်လေသည်။-
9 И возведох очи мои и видех, и се, две жены исходящыя, и дух в крилех их, и те имяху крила, яко криле вдодовы: и взяша меру между землею и между небом.
၉ငါသည်မော်၍ကြည့်လိုက်သောအခါငှက် ကျား၏အတောင်ကဲ့သို့ကြီးမားသည့် အတောင်များနှင့် ငါ့ထံသို့ပျံလာနေသော အမျိုးသမီးနှစ်ဦးကိုမြင်ရ၏။ သူတို့သည် ခြင်းတောင်းကိုချီယူကာအဝေးသို့ပျံ သွားကြ၏။
10 И рех ко Ангелу глаголющему во мне: камо сия относят меру?
၁၀ငါသည်ကောင်းကင်တမန်အား``ထိုသူတို့ သည်ခြင်းတောင်းကိုအဘယ်အရပ်သို့ ယူဆောင်သွားကြပါသနည်း'' ဟုမေး လျှင်၊
11 И рече ко мне: создати ей храмину в земли Вавилонстей и уготовати, и положат ю тамо на уготование свое.
၁၁ကောင်းကင်တမန်က``ဗာဗုလုန်ပြည်သို့ဖြစ် ပါ၏။ သူတို့သည်ထိုပြည်တွင်ဗိမာန်တစ်ခု ကိုတည်ဆောက်ကြပါလိမ့်မည်။ ထိုနောက်ဝတ် ပြုကိုးကွယ်ရန်ထိုဗိမာန်တော်ထဲတွင်ခြင်း တောင်းကိုတည်ထားကြပါလိမ့်မည်'' ဟု ဆို၏။