< Псалтирь 25 >
1 К Тебе, Господи, воздвигох душу мою, Боже мой, на Тя уповах, да не постыжуся во век, ниже да посмеютмися врази мои:
၁အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်သို့ ဆုတောင်းပတ္ထနာပြုပါ၏။
2 ибо вси терпящии Тя не постыдятся.
၂ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်ကိုကိုးစားပါ၏။ စစ်အရေးနိမ့်၍အရှက်ရခြင်းမှကျွန်တော် မျိုးအား ကယ်တော်မူပါ။ ကျွန်တော်မျိုးအရေးနိမ့်သဖြင့်ရန်သူတို့အား နှစ်ထောင်းအားရခွင့်ကိုပေးတော်မမူပါနှင့်။
3 Да постыдятся беззаконнующии вотще.
၃ကိုယ်တော်ရှင်ကိုကိုးစားသူတို့သည် အရေးမနိမ့်ကြပါ။ ကိုယ်တော်ရှင်အားတော်လှန်ပုန်ကန်ရန် ဝန်မလေးသူများသာလျှင်အရေးနိမ့် ကြရပါ၏။
4 Пути Твоя, Господи, скажи ми и стезям Твоим научи мя.
၄အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏နည်းလမ်းတော်တို့ကို ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ ယင်းတို့ကိုကျွန်တော်မျိုးအားသိရှိနားလည် စေတော်မူပါ။
5 Настави мя на истину Твою и научи мя: яко Ты еси Бог спас мой, и Тебе терпех весь день.
၅ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တင်တော်မူသောဘုရားဖြစ်တော်မူသည် ဖြစ်၍ ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏ သမ္မာတရားတော်အတိုင်းပြုမူကျင့်ကြံ တတ်ရန် သွန်သင်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို အစဉ်ကိုးစားလျက်နေပါ၏။
6 Помяни щедроты Твоя, Господи, и милости Твоя, яко от века суть.
၆အို ထာဝရဘုရား၊ ရှေးကာလမှစ၍ကိုယ်တော်ရှင်ပြတော် မူသည့် ကရုဏာတော်နှင့်ခိုင်မြဲသောမေတ္တာတော် တို့ကို အောက်မေ့သတိရတော်မူပါ။
7 Грех юности моея и неведения моего не помяни: по милости Твоей помяни мя Ты, ради благости Твоея, Господи.
၇အသက်ပျိုရွယ်စဉ်အခါက ကျွန်တော်မျိုးကူးလွန်ခဲ့သည့်အပြစ်များနှင့် အမှားအယွင်းများကိုဖြေလွှတ်တော်မူပါ။ ကိုယ်တော်ရှင်သည်ခိုင်မြဲသောမေတ္တာရှိတော်မူ၍ ကောင်းမြတ်တော်မူသည်နှင့်အညီ ကျွန်တော်မျိုးအားအောက်မေ့သတိရတော်မူပါ။
8 Благ и прав Господь, сего ради законоположит согрешающым на пути.
၈ထာဝရဘုရားသည်ကောင်းမြတ် ဖြောင့်မှန်တော်မူသဖြင့် အပြစ်ကူးသူတို့အားလျှောက်လိုက်သင့်သည် လမ်းကိုပြညွှန်တော်မူ၏။
9 Наставит кроткия на суд, научит кроткия путем Своим.
၉စိတ်နှလုံးနှိမ့်ချသူတို့အားလမ်းမှန်သို့ ပို့ဆောင်တော်မူလျက် ကိုယ်တော်၏အလိုတော်ကိုသွန်သင်တော်မူ၏။
10 Вси путие Господни милость и истина, взыскающым завета Его и свидения Его.
၁၀ပဋိညာဉ်တော်နှင့်ပညတ်တော်တို့ကို စောင့်ထိန်းသူအပေါင်းတို့အား ကိုယ်တော်သည်မေတ္တာနှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်းလမ်းပြပို့ဆောင် တော်မူ၏။
11 Ради имене Твоего, Господи, и очести грех мой, мног бо есть.
၁၁အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏အပြစ်တို့သည်များလှပါ၏။ သို့ဖြစ်၍ကိုယ်တော်ရှင်၏ကတိတော်ကို တည်စေတော်မူလျက်ကျွန်တော်မျိုး၏ အပြစ်များကိုဖြေလွှတ်တော်မူပါ။
12 Кто есть человек бояйся Господа? Законоположит ему на пути, егоже изволи.
၁၂ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသောသူ တို့သည် မိမိတို့လျှောက်အပ်သည့်လမ်းစဉ်ကို ကိုယ်တော်၏ထံမှသင်ယူကြလိမ့်မည်။
13 Душа его во благих водворится, и семя его наследит землю.
၁၃သူတို့သည်အစဉ်ပင်ကောင်းစားကြလျက် သူတို့၏သားသမီးများသည်ပြည်တော် ကို ပိုင်ရကြလိမ့်မည်။
14 Держава Господь боящихся Его, и завет Его явит им.
၁၄ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့နှင့်မိတ်သဟာယဖွဲ့တော် မူ၏။ သူတို့အတွက်ကိုယ်တော်၏ပဋိညာဉ်တရား တော်ကို တည်မြဲစေတော်မူ၏။
15 Очи мои выну ко Господу, яко Той исторгнет от сети нозе мои.
၁၅ကယ်မတော်မူရန်ငါသည်ထာဝရဘုရားအား အခါခပ်သိမ်းမျှော်ကြည့်၏။ ကိုယ်တော်သည်လည်းငါ့အားဘေးအန္တရာယ်မှ ကယ်ဆယ်တော်မူ၏။
16 Призри на мя и помилуй мя, яко единород и нищь есмь аз.
၁၆အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်တစ်ကိုယ်တည်းကျန်ရစ်လျက် အားအင်ချိနဲ့၍နေပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးဘက်သို့လှည့်တော်မူ၍ ကရုဏာတော်ကိုပြတော်မူပါ။
17 Скорби сердца моего умножишася, от нужд моих изведи мя.
၁၇ကျွန်တော်မျိုး၏ပူပင်သောကအပေါင်းကို ငြိမ်းစေတော်မူလျက် ကျွန်တော်မျိုးအားဆင်းရဲဒုက္ခအပေါင်းမှ ကယ်တော်မူပါ။
18 Виждь смирение мое и труд мой, и остави вся грехи моя.
၁၈ကျွန်တော်မျိုးခံစားရသောဒုက္ခများနှင့် ဝေဒနာအပေါင်းကိုအောက်မေ့ဆင်ခြင်တော် မူ၍ ကျွန်တော်မျိုး၏အပြစ်များကိုဖြေလွှတ် တော်မူပါ။
19 Виждь враги моя, яко умножишася, и ненавидением неправедным возненавидеша мя.
၁၉ကျွန်တော်မျိုးတွင်အဘယ်မျှရန်သူများကြောင်းကို ကြည့်တော်မူပါ။ သူတို့သည်ကျွန်တော်မျိုးအားအဘယ်မျှ မုန်းကြောင်းကိုသိမှတ်တော်မူပါ။
20 Сохрани душу мою и избави мя, да не постыжуся, яко уповах на Тя.
၂၀ကျွန်တော်မျိုးအားကွယ်ကာစောင့်ရှောက်တော်မူပါ။ ကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်တွင် ခိုလှုံရန်ချဉ်းကပ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအား အရှက်ကွဲစေတော်မမူပါနှင့်။
21 Незлобивии и правии прилепляхуся мне, яко потерпех Тя, Господи.
၂၁ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို ကိုးစားသည်ဖြစ်၍ ကျွန်တော်မျိုး၏သစ္စာသမာဋ္ဌိရှိမှုသည် ကျွန်တော်မျိုးအားစောင့်ထိန်းပါစေသော။
22 Избави, Боже, Израиля от всех скорбей его.
၂၂အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ဣသရေလလူမျိုးအား ဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူပါ။