< Псалтирь 20 >
1 В конец, псалом Давиду. Услышит тя Господь в день печали, защитит тя имя Бога Иаковля.
၁ဒုက္ခရောက်စဉ်အခါအရှင်မင်းကြီး၏ ပတ္ထနာကို ထာဝရဘုရားသည်နားညောင်းတော်မူ ပါစေသော။ ယာကုပ်ကိုးကွယ်သောဘုရားသခင်သည် အရှင်မင်းကြီးအား ကွယ်ကာစောင့်ထိန်းတော်မူပါစေသော။
2 Послет ти помощь от Святаго, и от Сиона заступит тя.
၂ကိုယ်တော်သည်အရှင်မင်းကြီးအားဗိမာန် တော်ထဲက အကူအညီပေးတော်မူပါစေသော။ ဇိအုန်တောင်တော်ပေါ်မှအထောက်အကူ ပေးတော်မူပါစေသော။
3 Помянет всяку жертву твою, и всесожжение твое тучно буди.
၃ကိုယ်တော်သည်အရှင်မင်းကြီး၏ပူဇော် သကာ ရှိသမျှကိုလက်ခံတော်မူလျက် မီးရှို့ရာယဇ်အပေါင်းကိုလည်းနှစ်သက် တော်မူပါစေသော။
4 Даст ти Господь по сердцу твоему, и весь совет твой исполнит.
၄အရှင်မင်းကြီး၏လိုအင်ဆန္ဒကိုပြည့်ဝစေ တော်မူ၍ အကြံအစည်ရှိသမျှတို့ကိုလည်းအောင် မြင်စေရန် ကူမတော်မူပါစေသော။
5 Возрадуемся о спасении твоем, и во имя Господа Бога нашего возвеличимся: исполнит Господь вся прошения твоя.
၅ထိုအခါကျွန်တော်မျိုးတို့သည်အရှင်မင်း ကြီး၏ အောင်ပွဲအတွက်ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်ကြပါလိမ့်မည်။ ထာဝရဘုရားအားထောမနာပြုလျက် အရှင် မင်းကြီး၏အောင်ပွဲကိုဆင်နွှဲကြပါလိမ့်မည်။ ဘုရားသခင်သည်အရှင်မင်းကြီးတောင်း လျှောက် သမျှကိုပေးသနားတော်မူပါစေသော။
6 Ныне познах, яко спасе Господь Христа Своего: услышит его с небесе святаго Своего: в силах спасение десницы его.
၆ထာဝရဘုရားသည်မိမိဘိသိက်ပေးတော် မူသော ဘုရင်အားစစ်ပွဲနိုင်စေတော်မူကြောင်းကို ယခုငါသိ၏။ ကိုယ်တော်သည်မင်းကြီး၏ပန်ကြားချက်ကို သန့်ရှင်း မြင့်မြတ်သည့်ကောင်းကင်ဘုံမှကြားတော်မူ၍ တန်ခိုးတော်ဖြင့်မင်းကြီးအားအောင်ပွဲကြီး များကို ပေးတော်မူ၏။
7 Сии на колесницах, и сии на конех: мы же во имя Господа Бога нашего призовем.
၇အချို့သောသူတို့သည်မိမိတို့၏ စစ်ရထားများကိုလည်းကောင်း၊ မြင်းများကိုလည်းကောင်းအားကိုးကြ၏။ သို့ရာတွင်ငါတို့မူကားငါတို့၏ဘုရားသခင် ထာဝရဘုရားကိုအားကိုးကြ၏။
8 Тии спяти быша и падоша: мы же востахом и исправихомся.
၈ထိုသူတို့သည်ခြေချော်၍လဲကြလိမ့်မည်။ ငါတို့မူကားထ၍ကြံ့ကြံ့ခိုင်ရပ်တည်ကြ လိမ့်မည်။
9 Господи, спаси царя, и услыши ны, в оньже аще день призовем Тя.
၉အို ထာဝရဘုရား၊ မင်းကြီးအားအောင်ပွဲကိုပေးတော်မူပါ။ ကျွန်တော်မျိုးတို့ခေါ်သောအခါထူးတော်မူပါ။