< Псалтирь 114 >

1 Во исходе Израилеве от Египта, дому Иаковля из людий варвар,
ယာ​ကုပ်​၏​သား​မြေး​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည် နိုင်​ငံ​ရပ်​ခြား​အီ​ဂျစ်​ပြည်​မှ​ထွက်​သွား​ကြ သော​အ​ခါ၊
2 бысть Иудеа святыня Его, Израиль область Его.
ယု​ဒ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သန့်​ရှင်း​မြင့်​မြတ်​သော​လူ​စု​တော်​ဖြစ်​လာ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကိုယ်​တော် ပိုင်​တော်​မူ​သော​လူ​စု​တော်​ဖြစ်​လာ​ကြ​၏။
3 Море виде и побеже, Иордан возвратися вспять:
ပင်​လယ်​နီ​သည်​မြင်​၍​ထွက်​ပြေး​လေ​၏။ ယော်​ဒန်​မြစ်​သည်​မ​စီး​တော့​ဘဲ​ရပ်​တန့် သွား​၏။
4 горы взыграшася яко овни, и холми яко агнцы овчии.
တောင်​ကြီး​တို့​သည်​ဆိတ်​များ​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ငယ်​တို့​သည်​သိုး​များ​ကဲ့​သို့​လည်း​ကောင်း ခုန်​ပေါက်​ကြ​၏။
5 Что ти есть, море, яко побегло еси, и тебе, Иордане, яко возвратился еси вспять?
အ​ချင်း​ပင်​လယ်၊သင်​သည်​အ​ဘယ်​ကြောင့် ထွက်​ပြေး​ပါ​သ​နည်း။ အ​ချင်း​ယော်​ဒန်​မြစ်၊သင်​သည်​အ​ဘယ်​ကြောင့် မ​စီး​ဘဲ​ရပ်​တန့်​ပါ​သ​နည်း။
6 Горы, яко взыграстеся яко овни, и холми яко агнцы овчии?
တောင်​ကြီး​တို့၊သင်​တို့​သည်​အ​ဘယ်​ကြောင့် ဆိတ်​များ​ကဲ့​သို့​ခုန်​ပေါက်​ကြ​ပါ​သ​နည်း။ တောင်​ငယ်​တို့၊သင်​တို့​သည်​အ​ဘယ်​ကြောင့် သိုး​သ​ငယ်​များ​ကဲ့​သို့​ခုန်​ပေါက်​ကြ​ပါ သ​နည်း။
7 От лица Господня подвижеся земля, от лица Бога Иаковля:
အ​ချင်း​မြေ​ကြီး၊ယာ​ကုပ်​၏​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား​ကြွ​လာ​တော်​မူ​ချိန်​၌ ရှေ့​တော်​တွင် တုန်​လှုပ်​လျက်​နေ​လော့။
8 обращшаго камень во езера водная и несекомый во источники водныя.
ကိုယ်​တော်​သည်​ကျောက်​တောင်​ကို​ရေ​အိုင်၊ ကျောက်​ဆောင်​ကို​စမ်း​ချောင်း​ဖြစ်​စေ​တော် မူ​၏။

< Псалтирь 114 >