< Притчи Соломона 30 >

1 Сия глаголет муж верующым Богови, и почиваю:
ယာကေသားအာဂုရသည် ဣသေလနှင့် ဥကလကိုဆုံးမသောတရား စကား ဟူမူကား၊
2 безумнее бо есмь от всех человек, и разума человеческаго несть во мне:
အကယ်စင်စစ် ငါသည် လူမဟုတ်၊ တိရစ္ဆာန် ဖြစ်၏။ လူဥာဏ်နှင့် မပြည့်စုံ။
3 Бог же научи мя премудрости, и разум святых уразумех.
ပညာတရားကို မသင်၊ သန့်ရှင်းသော အရာ တို့ကို မလေ့ကျက်။
4 Кто взыде на небо и сниде? Кто собра ветры в недра? Кто возврати воду в ризу? Кто обдержа вся концы земли? Кое имя его? Или кое имя сыну его, да разумееши?
ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏ အမည် နှင့်သူ၏သားအမည်ကား အဘယ်သို့နည်း။ သင်ပြော နိုင်သလော။
5 Вся бо словеса Божия раздежена: защищает же Сам благоговеющих Ему.
ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ၏။
6 Не приложи ко словесем Его, да не обличит тя, и ложь будеши.
စကားတော်၌ ထပ်၍မသွင်းနှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍၊ သင်သည် မုသာသုံးသောသူ ဖြစ်လိမ့်မည်။
7 Двое прошу у Тебе: не отими от мене благодати прежде умертвия моего:
ကိုယ်တော်ထံမှာ ဆုနှစ်ပါးကို အကျွန်ုပ်တောင်း ပါ၏။ အကျွန်ုပ်မသေမှီတိုင်အောင် ငြင်းတော်မမူပါနှင့်။
8 суетно слово и ложно далече от мене сотвори, богатства же и нищеты не даждь ми: устрой же ми потребная и самодоволная,
အကျွန်ုပ်မှ အနတ္တနှင့် မုသာကိုပယ်တော်မူပါ။ ဆင်း ရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောပညာကိုသာ ပေးတော်မူပါ။
9 да не насыщься ложь буду и реку: кто мя видит? Или обнищав украду и кленуся именем Божиим.
သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။
10 Не предаждь раба в руце господина, да не когда прокленет тя, и изчезнеши.
၁၀ကျွန်၏ အကျိုးကိုဖျက်ခြင်းငှါ သူ၏သခင်ကို မပြောနှင့်။ ပြောလျှင်ကျွန်သည် သင့်ကိုကျိန်ဆဲ၍၊ သင်၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။
11 Чадо зло кленет отца и матерь не благословит.
၁၁အဘကိုကျိန်ဆဲ၍ အမိကိုလည်း ကောင်းကြီး မပေးတတ်သောလူတမျိုး၊
12 Чадо зло праведна себе судит, исхода же своего не измы.
၁၂ငါသည် စင်ကြယ်၏ဟု မိမိကိုယ်ထင်သော် လည်း၊ မိမိအညစ်အကြေးမှ မဆေးကြောသေးသော လူတမျိုး၊
13 Чадо зло высоки очи имать, веждома же своима возносится.
၁၃အလွန်စိတ်မြင့်၍ မော်ကြည့်တတ်သော လူတမျိုး၊
14 Чадо зло мечь зубы (своя) имать, и членовныя яко сечиво, еже губити и поядати смиренныя от земли и убогия их от человек.
၁၄ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။
15 Пиявица име три дщери, любовию возлюблены, и три сия не насытишася ея, и четвертая не удовлися рещи: доволно (ми есть).
၁၅မျှော့ကောင်၌ပေးပါနှင့်ပေးပါဟူသော သမီးနှစ် ကောင်ရှိ၏။ အလိုဆန္ဒမပြေနိုင်သော အရာသုံးပါးမက၊ တန်တော့ဟု မဆိုတတ်သော အရာလေးပါးဟူမူကား၊
16 Ад и похоть жены, и земля ненапоеная водою и вода и огнь не рекут: довлеет. (Sheol h7585)
၁၆သင်္ချိုင်းတပါး၊ မြုံသောမိန်းမဝမ်းတပါး၊ ရေမဝ နိုင်သောမြေတပါး၊ တန်တော့ဟု မဆိုတတ်သော မီးတပါးတည်း။ (Sheol h7585)
17 Око ругающееся отцу и досаждающее старости матерни, да исторгнут е вранове от дебрия и да снедят е птенцы орли.
၁၇အဘကိုကျီစားသောသူ၊ အမိ စကားကိုနားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏ မျက်စိကို ချိုင့်၌ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည်။
18 Трие ми суть невозможная уразумети, и четвертаго не вем:
၁၈ငါ့ဥာဏ်မမှီနိုင်သော အရာသုံးပါးမက၊ ငါမသိ၊ နားမလည်နိုင်သော အရာလေးပါးဟူမူကား၊
19 следа орла паряща (по воздуху) и пути змиа (ползуща) по камени, и стези корабля пловуща по морю и путий мужа в юности (его).
၁၉လေ၌ရွှေလင်းတသွားရာလမ်းတပါး၊ ကျောက် ပေါ်မှာ မြွေသွားရာလမ်းတပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာလမ်းတပါး၊ အပျိုမနှင့် ယောက်ျားသွား ရာလမ်းတပါးတည်း။
20 Таков путь жены блудницы: яже егда сотворит, и измывшися, ничтоже, рече, содеях нелепо.
၂၀မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူ ဖြစ်၏။ အစာစားပြီးမှ မိမိပစပ်ကိုသတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟုဆိုတတ်၏။
21 Треми трясется земля, четвертаго же не может понести:
၂၁မြေကြီးကို မွှေနှောက်သောအရာသုံးပါးမက၊ မြေကြီးမခံနိုင်သော အရာလေးပါးဟူမူကား၊
22 аще раб воцарится, и безумный исполнится пищею, и раба аще изженет свою госпожу,
၂၂မင်းပြုသောကျွန်တပါး၊ ဝစွာစားရသော လူမိုက် တပါး၊
23 и мерзкая жена аще ключится добру мужу.
၂၃လက်ထပ်သော မိန်းမဆိုးတပါး၊ သခင်မ ဥစ္စာ ကို အမွေခံရသော ကျွန်မတပါးတည်း။
24 Четыри же суть малейшая на земли, сия же суть мудрейша мудрых:
၂၄မြေကြီးပေါ်မှာ သေးနုပ်သော်လည်း၊ အထူး သဖြင့် ပညာရှိသော အရာလေးပါးဟူမူကား၊
25 мравие, имже несть крепости и уготовляют в жатву пищу:
၂၅ခွန်အားမရှိသောအမျိုးဖြစ်သော်လည်း၊ နွေ ကာလ၌ မိမိစားစရာကို ပြင်ဆင်တတ်သော ပရွက်ဆိတ် တပါး၊
26 и хирогрилли, язык не крепок, иже сотвориша в камениих домы своя:
၂၆မသန်စွမ်းသော အမျိုးဖြစ်သော်လည်း၊ ကျောက် တွင်း၌ နေရာချတတ်သော ရှာဖန်ယုန်တပါး၊
27 безцарни суть прузие, и воюют от единаго повеления благочинно:
၂၇မင်းမရှိသော်လည်း၊ တပ်ဖွဲ့၍ အစဉ်အတိုင်း သွားတတ်သောကျိုင်းတပါး၊
28 ящерица, руками опирающися и удобь уловляема сущи, живет во твердех царевых.
၂၈လက်ဖြင့်ကိုင်ဆွဲ၍၊ နန်းတော်၌ပင် နေတတ် သော အိမ်မြှောင်တပါးတည်း။
29 Трие суть, яже благопоспешно ходят, четвертое же, еже добре проходит:
၂၉ကောင်းစွာသွားတတ်သော အရာသုံးပါးမက၊ အသွားလှသော အရာလေးပါးဟူမူကား၊
30 скимен львов крепчае зверей, иже не отвращается, ни устрашается скота,
၃၀တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီး၍၊ အဘယ်သူကိုမျှ မရှောင်တတ်သော ခြင်္သေ့တပါး၊
31 и петель ходя в кокошех благодушен, и козел предводитель стаду, и царь глаголяй к народу во языце.
၃၁စစ်မြင်းတပါး၊ ဆိတ်ထီးတပါး၊ အဘယ်သူမျှ မဆီးတားနိုင်သော ရှင်ဘုရင်တပါးတည်း။
32 Аще вдаси себе в веселие и простреши руку твою со сваром, поруган будеши.
၃၂သင်သည် ကိုယ်ကိုချီးမြှောက်၍ မိုက်သောအမှု ကို ပြုမိသော်၎င်း၊ မကောင်းသော အကြံကိုကြံမိ သော်၎င်း၊ သင်၏နှုတ်ကို လက်နှင့်ပိတ်ထားလော့။
33 Мельзи млеко, и будет масло. Аще ли ноздри чешеши, изыдет кровь: аще же извлечеши словеса, изыдут судове и тяжбы.
၃၃အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်တွက် တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏။

< Притчи Соломона 30 >