< Левит 2 >

1 Аще же душа принесет дар жертву Господу, мука пшенична да будет дар его, и да возлиет на ню елей, и возложит на ню ливан: жертва есть:
တစ်​စုံ​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​လို​လျှင်​မုန့်​ညက်​ကို​ပူ​ဇော်​ရ မည်။ မုန့်​ညက်​တွင်​သံ​လွင်​ဆီ​နှင့်​အ​မွှေး​နံ့ သာ​လောင်း​ထည့်​၍၊-
2 и да принесет ю к сыном Аароним жерцем, и возмет от нея полну горсть муки пшеничны с елеем и весь ливан ея, и да возложит жрец память ея на олтарь: жертва воня благоухания Господу:
အာ​ရုန်​၏​သား​များ​ဖြစ်​သော​ယဇ်​ပု​ရော​ဟိတ် တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ တာ​ဝန်​ကျ​သော ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​တစ်​လက်​ဆုပ်၊ ဆီ နှင့်​အ​မွှေး​နံ့​သာ​ရှိ​သ​မျှ​ကို​ယူ​၍​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ယင်း​သို့​ပူ​ဇော် ခြင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​အ​ကုန် အ​စင်​ပူ​ဇော်​ရာ​ရောက်​၏။ ဤ​ပူ​ဇော်​သ​ကာ​၏ ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။-
3 и останок от жертвы Аарону и сыном его: святое святых от жертв Господних.
ကျန်​သော​ဘော​ဇဉ်​သ​ကာ​သည် ယဇ်​ပု​ရော​ဟိတ် များ​သုံး​ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို ဘော​ဇဉ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ပြီး သော​ဘော​ဇဉ်​သ​ကာ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော ဟိတ်​များ​သာ​သုံး​ဆောင်​ရ​မည်။ အ​လွန်​သန့်​ရှင်း သည်။
4 Аще же принесет дар жертву печену в пещи от муки пшеничны, хлебы пресны спряжены с елеем и опресноки помазаны елеем.
မီး​ဖို​တွင်​ဖုတ်​သော​မုန့်​ကို​ပူ​ဇော်​သော​အ​ခါ မုန့်​တွင်​တ​ဆေး​မ​ပါ​စေ​ရ။ မုန့်​ညက်​နှင့်​သံ လွင်​ဆီ​ရော​၍​ပြု​လုပ်​သော​မုန့်​လုံး​ကို​ဖြစ် စေ၊ သံ​လွင်​ဆီ​သုတ်​သော​မုန့်​ကြွပ်​ပြား​ကို ဖြစ်​စေ​ပူ​ဇော်​နိုင်​သည်။
5 Аще же жертва от сковрады дар твой, мука пшенична смешена со елеем, пресна да будут:
သံ​ဒယ်​ပြား​တွင်​ဖုတ်​သော​မုန့်​ကို​ပူ​ဇော်​လျှင် ယင်း​မုန့်​သည်​တ​ဆေး​မ​ပါ​သော​မုန့်​ညက် ကို သံ​လွင်​ဆီ​နှင့်​ရော​သော​မုန့်​ဖြစ်​စေ​ရ မည်။-
6 и да разломиши я на укрухи, и возлиеши на на елей: жертва есть Господу.
ထို​မုန့်​ကို​ပူဇော်​သော​အ​ခါ​မုန့်​ကို​ချေ​၍ မုန့် ပေါ်​တွင်​ဆီ​လောင်း​ရ​မည်။
7 Аще же жертву от огнища дар твой, мука пшенична с елеем да сотворена будет:
အိုး​တွင်​ကြော်​သော​မုန့်​ကို​ပူ​ဇော်​လျှင် သံ​လွင် ဆီ​နှင့်​ရော​သော​မုန့်​ညက်​ဖြင့်​ပြု​လုပ်​ရ​မည်။-
8 и принесет жертву, юже аще сотворит от сих Господу, и да принесет к жерцу:
ထို​ပူ​ဇော်​သ​ကာ​ကို​ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ယူ​ဆောင်​ခဲ့​၍ ယဇ်​ပု​ရော​ဟိတ်​လက် သို့​ပေး​အပ်​ရ​မည်။-
9 и приступив ко олтарю, да отимет жрец от жертвы память ея, и да возложит жрец на олтарь: приношение воня благовония Господу:
ယဇ်​ပု​ရော​ဟိတ်​သည်​ထို​ပူ​ဇော်​သ​ကာ​ကို ယဇ် ပလ္လင်​သို့​ယူ​ဆောင်​ခဲ့​၍ မုန့်​အား​လုံး​ကို​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သည့်​အ​နေ​ဖြင့် မုန့်​အ​နည်း ငယ်​ကို​ယူ​ပြီး​လျှင်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော် ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​၏။-
10 останок же от жертвы Аарону и сыном его: святая святых от приношений Господу.
၁၀ကျန်​သော​မုန့်​သည် ယဇ်​ပု​ရော​ဟိတ်​များ​သုံး ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို​မုန့်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ပြီး​သော​မုန့် ထဲ​က​ဖြစ်​သော​ကြောင့်​အ​လွန်​သန့်​ရှင်း​သည်။
11 Всяку жертву, юже аще приносите Господу, не сотворите квасну: всяк бо квас и всяк мед да не принесете от него, еже приносити Господу дар.
၁၁ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​ဆက်​သ​သော ဘော​ဇဉ်​သ​ကာ​ရှိ​သ​မျှ​တို့​တွင် တ​ဆေး မ​ပါ​စေ​ရ။ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် သည့်​ဘော​ဇဉ်​သ​ကာ​တွင် ဘယ်​သော​အ​ခါ မျှ​တ​ဆေး​သို့​မ​ဟုတ်​ပျား​ရည်​မ​ပါ စေ​ရ။-
12 От начатков да принесете я Господу: на олтарь же да не вознесутся в воню благовония Господу.
၁၂သင်​တို့​နှစ်​စဉ်​အ​ဦး​ဆုံး​ရိတ်​သိမ်း​သည့် ကောက်​ပဲ​သီး​နှံ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ရ​မည်။ သို့​ရာ​တွင်​ယင်း​ကို​ပလ္လင် ပေါ်​တွင်​မီး​မ​ရှို့​ရ။-
13 И всяк дар жертвы вашея солию да осолится: да не отставите соли завета Господня от жертв ваших, во всяком даре вашем да принесете Господу Богу вашему соль.
၁၃ဆား​သည်​သင်​တို့​နှင့်​ဘု​ရား​သ​ခင်​ပြု​ထား သော​ပ​ဋိ​ညာဉ်​ကို​ပုံ​ဆောင်​သော​ကြောင့် ဘော ဇဉ်​သ​ကာ​ဟူ​သ​မျှ​တွင်​ဆား​ခတ်​ရ​မည်။ (သင်​တို့​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ တို့​တွင်​ဆား​ခတ်​ရ​မည်။-)
14 Аще же принесеши жертву от начатков жит Господу, новы спряжены зелены класы истлачены Господу, и принесеши жертву от начатков жит:
၁၄သင်​တို့​သည်​အ​ဦး​ဆုံး​ရိတ်​သိမ်း​သော ကောက်​ပဲ​သီး​နှံ​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​အ​ခါ​ဆန်​လှော်​သို့​မ​ဟုတ် ဆန်​မှုန့်​ကို​ပူ​ဇော်​ရ​မည်။-
15 и да возлиеши на ню елей, и да возложиши на ню ливан: жертва есть:
၁၅၎င်း​တွင်​သံ​လွင်​ဆီ​နှင့်​အ​မွှေး​နံ့​သာ​ထည့်​ရ​မည်။-
16 и да вознесет жрец память ея от спряженых с елеем, и весь ливан ея: принос есть Господу.
၁၆ယဇ်​ပု​ရော​ဟိတ်​သည်​ဆန်​နှင့်​ဆီ​အ​ထိမ်း​အ​မှတ် အ​ဖြစ် ဆန်​မှုန့်​နှင့်​ဆီ​အ​နည်း​ငယ်​ကို​ယူ​၍ အ​မွှေး​နံ့​သာ​ရှိ​သ​မျှ​နှင့်​တ​ကွ​ထာ​ဝ​ရ ဘု​ရား​အ​တွက်​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ရ​မည်။

< Левит 2 >