< Плач Иеремии 1 >
1 Алеф. Како седе един град умноженный людьми: бысть яко вдовица, умноженный во языцех, владяй странами бысть под данию.
၁အခါတစ်ပါးကလူစည်ကားခဲ့သည့် ယေရုရှလင်မြို့သည်အထီးကျန်ဖြစ်လျက် နေ၏။ အခါတစ်ပါးကကမ္ဘာ၏ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံခဲ့ရဖူးသော်လည်း ယခုအခါသူသည်မုဆိုးမနှင့်တူတော့၏။ မြို့တကာတွင်ဂုဏ်ကြက်သရေအရှိဆုံးမြို့သည် ကျွန်ဘဝသို့သက်ဆင်းရလေပြီ။
2 Беф. Плачя плакася в нощи, и слезы его на ланитех его, и несть утешаяй его от всех любящих его: вси дружащиися с ним отвергошася его, быша ему врази.
၂သူသည်တစ်ညဥ့်လုံးငိုကြွေးလျက်နေ၏။ မျက်ရည်များသည်သူ၏ပါးပြင်ပေါ်သို့ စီးဆင်းလာ၏။ သူ၏ယခင်ကမိတ်ဆွေအပေါင်းတို့တွင်သူ့အား နှစ်သိမ့်မှုပေးမည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့ပေ။ သူ၏မဟာမိတ်တို့သည်သူ့အားသစ္စာဖောက် ကြလေပြီ။ ယခုအခါသူတို့ကပင်သူ့ကိုရန်ဘက်ပြု၍ နေကြ၏။
3 Гимель. Преселися Иуда ради смирения своего и ради множества работы своея: седе во языцех, не обрете покоя. Вси гонящии его постигнуша и среде стужающих ему.
၃ယုဒပြည်သားတို့သည်ပြည်နှင်ဒဏ်သင့်လျက် ခိုကိုးရာမဲ့ဖြစ်ကာကျွန်ခံနေရကြ၏။ သူတို့သည်အိမ်ပိုင်ယာပိုင်မရှိဘဲတိုင်းတစ် ပါးတွင် နေထိုင်ရကြလေသည်။ ရန်သူများဝိုင်းလျက်လွတ်မြောက်ရန်လမ်းမရှိကြ။
4 Далеф. Путие Сиони рыдают, яко несть ходящих по них в праздник, вся врата его разорена, жерцы его воздыхают, девицы его ведомы, и сам огорчеваемь в себе.
၄နေ့ကြီးရက်ကြီးများတွင်ကိုးကွယ်ဝတ်ပြုရန် ဗိမာန်တော်သို့လာမည့်သူမရှိ။ ဗိမာန်တော်တွင်သီချင်းဆိုသူ အမျိုးသမီးပျိုတို့သည်ဝမ်းနည်းကြေကွဲလျက် ရှိကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်းညည်းတွားမှုမှ တစ်ပါး အဘယ်သို့မျှမပြုနိုင်။ မြို့တံခါးများသည်လူဆိတ်ညံလျက်နေ၏။ ဇိအုန်မြို့သည်ဝေဒနာခံစားနေရသည်။
5 Ге. Быша стужающии ему во главу, и врази его угобзишася, яко Господь смири его за множество нечестия его: младенцы его отидоша пленени пред лицем стужающаго.
၅သူ၏ရန်သူများသည်သူ့ကိုအနိုင်ရကာမိမိတို့ အာဏာစက်အောက်တွင်ထားရှိကြ၏။ သူသည်မြောက်များစွာသောအပြစ်တို့ကို ကူးခဲ့သည်ဖြစ်၍ ထာဝရဘုရားသည်သူ့အားဆင်းရဲဒုက္ခ ရောက်စေတော်မူ၏။ သူ၏သားသမီးများသည်သုံ့ပန်းများ ဖြစ်ရကြလေပြီ။
6 Вав. И отяся от дщере Сиони вся лепота ея: быша князи ея яко овни не имущии пажити, и хождаху не с крепостию пред лицем гонящаго.
၆ယေရုရှလင်မြို့၏ကြီးကျယ်ခမ်းနားမှုသည် ရှေးအတိတ်ကာလ၏ဖြစ်ရပ်တစ်ခုသာလျှင် ဖြစ်လေတော့၏။ သူ၏ခေါင်းဆောင်များသည်မုဆိုးတို့၏ဘေးမှ ထွက်ပြေးကြသည့်သမင်များနှင့်တူ၏။ သူတို့သည်အားအင်ကုန်ခန်းလုမတတ်ဖြစ်ကာ နားနေစားသောက်မှုပြုရန်စားကျက်ကိုမရှာနိုင်။
7 Заин. Помяну Иерусалим дни смирения своего и отриновений своих, вся вожделения своя, яже имеяше от дний первых, егда падоша людие его в руце стужающаго, и не бе помагающаго ему: видевше врази его посмеяшася о преселении его.
၇အထီးကျန်ယိုယွင်းပျက်စီးလျက်ရှိသော ယေရုရှလင်မြို့သည်ရှေးခေတ်ဟောင်းကမိမိ ကြီးကျယ်ခမ်းနားမှုကိုပြန်လည်သတိရမိ၏။ ရန်သူ့လက်သို့ရောက်ချိန်၌သူ့အားကယ်မည့်သူ တစ်ဦးတစ်ယောက်မျှမရှိ။ သူ့အားနှိမ်နင်းအောင်မြင်သူတို့သည် သူ၏ပြိုလဲမှုကိုပြက်ရယ်ပြုကြ၏။
8 Иф. Грехом согреши Иерусалим, того ради в мятеж бысть: вси славящии его смириша и, видеша бо срам его: сей же стенящь обратися вспять.
၈သူ၏ဂုဏ်အသရေကင်းမဲ့ရလေပြီ။ အဝတ်အချည်းစည်းနှင့်စက်ဆုတ်ရွံရှာဖွယ် ဖြစ်၍နေ၏။ သူသည်ညည်းတွားကာရှက်သဖြင့်မျက်နှာကို အုပ်၍ထား၏။ ယေရုရှလင်မြို့သည်ဆိုးရွားသည့်အပြစ် ဒုစရိုက်အားဖြင့်မိမိကိုယ်ကိုညစ်ညမ်း စေခဲ့၏။
9 Теф. Нечистота его пред ногама его, не помяну последних своих и низведеся пречудно: несть утешаяй его. Виждь, Господи, смирение мое, яко возвеличися враг.
၉သူ၏ညစ်ညမ်းမှုကိုအလွယ်တကူ တွေ့မြင်နိုင်သော်လည်း သူသည်မိမိကြုံတွေ့ရမည့်ကံကြမ္မာကို အမှုထားပုံမပေါ်။ သူ၏ပြိုလဲမှုမှာကြောက်မက်ဖွယ်ကောင်း လှ၏။ သူ့အားအဘယ်သူမျှလည်းနှစ်သိမ့်မှု မပေးနိုင်ကြ။ ရန်သူများအနိုင်ရ၍သွားသဖြင့်သူသည် မိမိအား ကရုဏာထားတော်မူပါရန်ထာဝရဘုရား ထံတော်သို့ဆုတောင်းပတ္ထနာပြုလေသည်။
10 Иод. Руку свою простре стужаяй на вся вожделенная его, виде бо языки вшедшыя во святыню свою, имже повелел еси не входити во церковь Твою.
၁၀ရန်သူများသည်သူ၏ဥစ္စာဘဏ္ဍာရှိသမျှကို တိုက်ခိုက်လုယူကြ၏။ သူသည်လူမျိုးခြားတို့အားထာဝရဘုရား ပိတ်ပင်တားမြစ်ထားရာဖြစ်သည့် ဗိမာန်တော်သို့ပင်လျှင် ထိုသူတို့ဝင်ရောက်ကြသည်ကိုတွေ့မြင်ရ၏။
11 Каф. Вси людие его воздыхающе ищут хлеба: даша вожделенная своя за пищу, еже бы обратити душу. Виждь, Господи, и призри, яко бых безчестен.
၁၁သူ၏မြို့သူမြို့သားတို့သည်အစားအစာ ရှာဖွေလျက် နေစဉ်ညည်းတွားကြ၏။ သူတို့သည်အသက်ဆက်လက်ရှင်နိုင်ရေးအတွက် မိမိတို့ဥစ္စာဘဏ္ဍာများကိုအစားအစာနှင့် လဲလှယ်ရကြ၏။ ထိုမြို့က``အို ထာဝရဘုရားကျွန်တော်မျိုးကို ကြည့်ရှုတော်မူပါ။ ကျွန်တော်မျိုးစိတ်ဆင်းရဲခြင်းခံနေရသည်ကို ကြည့်ရှုတော်မူပါ'' ဟုအော်ဟစ်တောင်းပန်၏။
12 Ламед. Вси, иже к вам проходящии путем, обратитеся и видите, аще есть болезнь, яко болезнь моя, яже бысть: глаголавый о мне смири мя Господь в день гнева ярости Своея.
၁၂သူသည်အနီးအနားမှဖြတ်သန်းသွားလာသူ အပေါင်းတို့အားအော်ပြောသည်မှာ ``ငါ့ကိုကြည့်ကြပါ။ ငါခံရသောဝေဒနာ မျိုးကို အဘယ်သူမျှမခံရဘူးပါ။ ဤကဲ့သို့သောဝေဒနာမျိုးရှိဖူးပါသလော။ ထိုဝေဒနာသည်ထာဝရဘုရား အမျက်တော်ထွက်၍ငါ့အားခံစားစေသည့် ဝေဒနာဖြစ်ပါ၏။''
13 Мем. С высоты Своея посла огнь, в кости моя сведе его: простре сеть ногама моима, обрати мя вспять, даде мя Господь в погубление, весь день болезнующа.
၁၃``ကိုယ်တော်သည်အထက်မှမီးကို စေလွှတ်တော်မူသဖြင့်ထိုမီးသည်ငါ၏ကိုယ်ခန္ဓာ အတွင်း၌တောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်သည်ငါ့အားထောင်ချောက်ထောင်၍ ဖမ်းပြီးလျှင်မြေပေါ်သို့လှဲချတော်မူပါ၏။ ထိုနောက်စွန့်ပစ်တော်မူကာတစ်နေ့လုံး ဝေဒနာခံ၍နေစေတော်မူပါ၏။''
14 Нун. Бдяше на нечестия моя, в руку моею сплетошася: взыдоша на выю мою, изнеможе крепость моя, яко даде Господь в руце мои болезни, не возмогу стати.
၁၄``ကိုယ်တော်သည်ငါ၏အပြစ်မှန်သမျှကို မှတ်သားထားတော်မူပါ၏။ ယင်းတို့ကိုစုစည်းပြီးလျှင်ငါ၏လည်တွင် ဆွဲထားတော်မူသည်ဖြစ်၍ ငါသည်အပြစ်ဝန်ထုပ်လေးလံမှုဖြင့် အားအင်ချည့်နဲ့ရလေပြီ။ ထာဝရဘုရားသည်ငါ့အားရန်သူများ လက်သို့အပ်တော်မူပါ၏။ ငါ့မှာလည်းသူတို့အားခုခံနိုင်စွမ်းမရှိပါ။''
15 Самех. Отя вся крепкия моя Господь от среды мене, призва на мя время, еже сокрушити избранныя моя: точило истопта Господь девице, дщери Иудине: о сих аз плачу.
၁၅``ထာဝရဘုရားသည်ငါ၏ဘက်မှ စွမ်းရည်အကြီးဆုံးစစ်သည်တော်တို့ကို ပျက်ရယ်ပြုတော်မူပါ၏။ ကိုယ်တော်သည်ငါ၏လူငယ်လူရွယ်များကို သုတ်သင်ချေမှုန်းရန်တပ်မတော်ကိုစေလွှတ် တော်မူပါပြီ။ ထာဝရဘုရားသည်ငါ၏လူတို့အား စပျစ်သီးနယ်ရာကျင်းမှစပျစ်သီးများ ကဲ့သို့ ကြေမွစေတော်မူပါ၏။''
16 Аин. Очи мои излиясте воду, яко удалися от мене утешаяй мя, возвращаяй душу мою: погибоша сынове мои, яко возможе враг.
၁၆``ထို့ကြောင့်ငါ၏မျက်စိများမှမျက်ရည်တို့သည် ယိုစီး၍နေပေသည်။ ငါ့အားအဘယ်သူမျှနှစ်သိမ့်မှုကိုမပေးနိုင်။ အဘယ်သူမျှစိတ်အားတက်ကြွလာအောင် မပြုနိုင်။ ရန်သူများသည်ငါတို့ကိုအနိုင်ရကြလေပြီ။ ငါ၏လူတို့တွင်လည်းအဘယ်ဥစ္စာပစ္စည်းမျှ မကျန်မရှိတော့ပါ။''
17 Фи. Возде руце свои Сион, несть утешаяй его. Заповеда Господь на Иакова, окрест его врази его: бысть Иерусалим яко осквернена кровоточением в них.
၁၇``ငါသည်မိမိလက်များကိုကမ်းလှမ်းပါ သော်လည်း ငါ့အားကူညီမည့်သူတစ်ဦးတစ်ယောက်မျှ မရှိ။ ထာဝရဘုရားသည်ငါ့အားတိုက်ခိုက်ရန် အရပ်တကာမှရန်သူများကို ဆင့်ခေါ်တော်မူလေပြီ။ သူတို့သည်ငါ့ကိုရွံရှာဖွယ်ကောင်းသည့် အရာဟု မှတ်ယူကြပါ၏။''
18 Цади. Праведен есть Господь, яко уста Его огорчих. Слышите убо, вси людие, и видите болезнь мою: девицы моя и юноты отидоша в плен.
၁၈``သို့ရာတွင်ထာဝရဘုရားသည် တရားမျှတတော်မူပါသည်။ အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်တော်၏ အမိန့်တော်ကိုလွန်ဆန်ခဲ့သောကြောင့်တည်း။ အရပ်တကာရှိလူတို့ငါပြောဆိုသည်ကို နားထောင်ကြလော့။ ငါ၏ဝေဒနာကိုကြည့်ရှုကြလော့။ ငါ၏သားပျိုသမီးပျိုတို့သည်သုံ့ပန်း အဖြစ် ခေါ်ဆောင်ခြင်းကိုခံရကြလေပြီ။''
19 Коф. Позвах любители моя, и тии прельстиша мя: жерцы мои и старцы мои во граде оскудеша, яко взыскаша пищи себе, да укрепят душы своя, и не обретоша.
၁၉``ငါသည်မိမိမဟာမိတ်များထံတွင်အကူအညီ တောင်းခံပါသော်လည်းသူတို့ကငြင်းဆန်ခဲ့ကြ၏။ ယဇ်ပုရောဟိတ်များနှင့်ခေါင်းဆောင်များသည် အသက်ဆက်လက်ရှင်သန်နိုင်ရေးအတွက် အစားအစာရှာဖွေလျက်နေစဉ်လမ်းများပေါ်၌ သေဆုံးရကြပါ၏။''
20 Реш. Виждь, Господи, яко скорблю, утроба моя смятеся во мне, и превратися сердце мое, яко горести исполнихся: отвне обезчади мене мечь, аки смерть в дому.
၂၀``အို ထာဝရဘုရား၊ ကျွန်တော်မျိုးပူပင်သောကဖြစ်လျက် ရှိသည်ကိုလည်းကောင်း၊ ကျွန်တော်မျိုး၏စိတ်ဝိညာဉ်သည်ပြင်းစွာ ဒုက္ခရောက်လျက်နေသည်ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။ ကျွန်တော်မျိုးသည်မိမိအပြစ်များကြောင့် စိတ်နှလုံးကြေကွဲလျက်နေပါ၏။ လမ်းပေါ်တွင်လူသတ်မှုကိုတွေ့ရပါ၏။ အိမ်တွင်း၌ပင်သေမင်းကိုတွေ့ရှိရပါ၏။''
21 Шин. Слышаша убо, яко воздыхаю аз, несть утешающаго мя. Вси врази мои слышаша злая моя и порадовашася, яко Ты сотворил еси: привел еси день, призвал еси время, и будут подобни мне.
၂၁``ကျွန်တော်မျိုး၏ညည်းတွားသံများကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးအားနှစ်သိမ့်မှုပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့စေတော်မူသဖြင့် ရန်သူတို့ဝမ်းမြောက်ကြပါ၏။ ကိုယ်တော်ရှင်ကတိထားတော်မူသည့်နေ့ရက် ကာလကိုကျရောက်စေတော်မူပါ။ ရန်သူများအားကျွန်တော်မျိုးနည်းတူ ဒုက္ခတွေ့စေတော်မူပါ။''
22 Фав. Да приидет вся злоба их пред лице Твое, и отреби их, якоже сотвориша отребление о всех гресех моих, яко многа суть стенания моя, и сердце мое скорбит.
၂၂``သူတို့အားမိမိတို့ယုတ်မာမှုအပေါင်းအတွက် အပြစ်ဒဏ်စီရင်တော်မူပါ။ ကျွန်တော်မျိုးအားမိမိ၏အပြစ်များအတွက် ဆုံးမတော်မူသကဲ့သို့သူတို့ကိုလည်း ဆုံးမတော်မူပါ။ ကျွန်တော်မျိုးသည်စိတ်ဆင်းရဲ၍ညည်းတွားပါ၏။ ကျွန်တော်မျိုး၏စိတ်နှလုံးသည်လည်း ညှိုးငယ်လျက်ရှိပါ၏'' ဟူ၍တည်း။