< Книга пророка Иеремии 37 >
1 И царствова Седекиа сын Иосиин вместо Иехонии сына Иоакимова, егоже постави Навуходоносор царь Вавилонский царствовати во Иудеи.
၁ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယောယ ကိမ်သားယေခေါနိမင်းအစား ယောရှိ၏သား ဇေဒကိအားယုဒဘုရင်အဖြစ်ခန့်ထား သော်လည်း၊-
2 И не послуша той и отроцы его и людие земли словес Господних, яже глагола рукою Иеремииною.
၂ဇေဒကိနှင့်သူ၏မှူးမတ်များနှင့်ပြည်သူ များသည် ငါ့အားထာဝရဘုရားပေးတော် မူသောဗျာဒိတ်တော်ကိုမလိုက်နာကြ။
3 И посла царь Седекиа Иоахала сына Селемиина и Софонию сына Массеа жерца ко Иеремии пророку, глаголя: молися за ны ко Господу Богу нашему.
၃ဇေဒကိမင်းသည်ယဇ်ပုရောဟိတ်များဖြစ် သော ရှေလမိ၏သားယေကုလနှင့် မာသေယ ၏သားဇေဖနိတို့ကိုငါ့ထံသို့စေလွှတ်တော် မူသဖြင့် သူတို့သည်ငါ့အား``ငါတို့နိုင်ငံအဖို့ ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ သို့ဆုတောင်းပတ္ထနာပြုပါ'' ဟုပြောကြား ကြ၏။-
4 Иеремиа же свободен прихождаше и прохождаше среде града, не введоша бо его во храмину темничную.
၄ထိုအခါငါသည်ထောင်ထဲသို့မရောက်သေး ပေ။ ငါသည်လူတို့နှင့်လွတ်လပ်စွာသွားလာ ပေါင်းသင်းလျက်နေနိုင်သေး၏။-
5 И сила фараоня изыде из Египта, и слышавше Халдее облегшии Иерусалим слух их, отступиша от Иерусалима.
၅ဤအတောအတွင်း၌ဖာရောဘုရင်၏တပ် မတော်သည်အီဂျစ်ပြည်မှချီတက်၍လာ၏။ ယင်းသို့ချီတက်လာကြောင်းကိုကြားသိ ကြသောအခါ ယေရုရှလင်မြို့ကိုတိုက်ခိုက် လျက်နေသည့်ဗာဗုလုန်အမျိုးသားတို့သည် ဆုတ်ခွာသွားကြလေသည်။
6 И бысть слово Господне ко Иеремии глаголя:
၆ထိုအခါဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားကငါ့အား``ငါ့ ထံသို့စေလွှတ်လျှောက်ထားစေသူယုဒ ဘုရင်အား၊-
7 тако рече Господь Бог Израилев: тако речеши царю Иудину, пославшему к тебе вопросити Мя: се, сила фараоня, изшедшая вам на помощь, возвратится паки до земли Египетския,
၇`သင့်ကိုအကူအညီပေးရန်ယခုချီတက် လာသောဖာရောဘုရင်၏တပ်မတော်သည် မိမိတို့နေရင်းအီဂျစ်ပြည်သို့ပြန်သွား လိမ့်မည်။-
8 и возвратятся Халдее и повоюют град сей, и возмут его и пожгут его огнем.
၈ထိုအခါဗာဗုလုန်အမျိုးသားတို့သည်ပြန် လာပြီးလျှင် ဤမြို့ကိုတိုက်ခိုက်သိမ်းယူကာ မီးရှို့လိုက်ကြလိမ့်မည်။-
9 Яко тако рече Господь: не прельщайте душ своих, глаголюще: отходяше отидут от нас Халдее: яко не отидут.
၉ဗာဗုလုန်အမျိုးသားတို့သည်မုချပြန်လာ ကြလိမ့်မည်။ သို့ဖြစ်၍သူတို့ပြန်လာကြတော့ မည်မဟုတ်ဟုသင်တို့အထင်မမှားကြစေ ရန်သင်တို့အားငါထာဝရဘုရားသတိ ပေး၏။-
10 И аще побиете всю силу Халдеев воюющих на вы, и останут нецыи язвени, кийждо на месте своем, сии востанут и пожгут град сей огнем.
၁၀အကယ်၍သင်တို့သည်မိမိတို့အားတိုက်ခိုက် လျက်ရှိသည့်ဗာဗုလုန်တပ်မတော်တစ်ခုလုံး ကိုနှိမ်နင်းနိုင်၍ ဒဏ်ရာရသူများသာလျှင် မိမိတို့တဲရှင်များတွင်ကျန်ရှိတော့သည်ဟု ဆိုစေကာမူ ထိုသူတို့သည်ထ၍ဤမြို့ကို မီးရှို့ပစ်ကြလိမ့်မည်' ဟုပြောကြားလော့'' ဟုမိန့်တော်မူ၏။
11 И бысть егда взыде сила Халдейска от Иерусалима, от лица силы фараони,
၁၁ဖာရောဘုရင်၏တပ်မတော်သည်နီးကပ်၍ လာသဖြင့် ဗာဗုလုန်တပ်မတော်သည်ဆုတ် ခွာသွားတော့၏။-
12 изыде Иеремиа из Иерусалима ити в землю Вениаминю, еже купити оттуду посреде людий.
၁၂ထိုအခါငါယေရမိသည်မိမိအိမ်ထောင်စု နှင့်ဆိုင်သောအမွေခံပစ္စည်းကိုသိမ်းယူရန် ယေရုရှလင်မြို့မှဗင်္ယာမိန်နယ်မြေသို့ စတင်ထွက်ခွာသွားလေသည်။-
13 Внегда же быти ему во вратех Вениаминих, и (бысть) тамо человек, у негоже обита Саруиа сын Селемиин, сына Ананиина, и взя Иеремию, глаголя: ко Халдеем ты бежиши.
၁၃သို့ရာတွင်ဗင်္ယာမိန်တံခါးသို့ ရောက်ရှိသော အခါဟာနနိ၏မြေး၊ ရှေလမိ၏သား ဣရိယဟုဆိုသူကင်းမှူးက``သင်သည် ဗာဗုလုန်အမျိုးသားတို့၏ဘက်သို့ထွက် ပြေးသူဖြစ်ပါသည်တကား'' ဟုဆို၏။
14 И рече Иеремиа: лжа, не ко Халдеем аз бегу. И не послуша его. И взя Саруиа Иеремию и приведе его ко князем.
၁၄ငါက``သင်ပြောသကဲ့သို့မဟုတ်။ ငါမထွက် ပြေးပါ'' ဟုပြန်ပြောသော်လည်းဣရိယ သည်ငါ၏စကားကိုနားမထောင်ဘဲ ငါ့ ကိုဖမ်းဆီးပြီးလျှင်မှူးမတ်များထံသို့ ခေါ်ဆောင်သွားလေသည်။-
15 И разгневашася князи на Иеремию и биша его, и послаша его в дом Ионафана книгочия, яко той сотвориша храминою темничною.
၁၅ထိုသူတို့သည်ငါ့အားပြင်းစွာအမျက်ထွက် သဖြင့်ရိုက်နှက်ပြီးလျှင် ဘုရင်အတိုင်ပင်ခံ အရာရှိယောနသန်၏အိမ်တွင်အကျဉ်းချ ထားကြ၏။ (ထိုအိမ်ကိုထောင်အဖြစ်သို့ ပြောင်းလဲ၍ထားသတည်း။-)
16 И прииде Иеремиа в дом рва и в херет, и седе ту дни многи.
၁၆ငါသည်လည်းမြေအောက်အချုပ်ခန်းသို့ရောက် ရှိကာ ကာလကြာမြင့်စွာအကျဉ်းခံလျက် နေရလေတော့၏။
17 И посла Седекиа царь и призва его, и вопрошаше его царь отай, аще есть слово от Господа? И рече ему Иеремиа: есть. И рече: в руце царя и Вавилонска предан будеши.
၁၇ဇေဒကိမင်းသည် ငါ့အားနန်းတော်သို့ခေါ်ယူ ပြီးလျှင် ``ထာဝရဘုရား၏ထံတော်မှဗျာ ဒိတ်တော်တစ်စုံတစ်ရာရရှိပါသလော'' ဟုတိတ်တဆိတ်မေးမြန်းတော်မူ၏။ ငါက``ရှိပါသည်။ အရှင်သည်ဗာဗုလုန်ဘုရင် ၏လက်တွင်းသို့ရောက်ရှိရပါလိမ့်မည်'' ဟု ပြန်လည်လျှောက်ထား၏။-
18 И рече Иеремиа царю: чим преобидех тя и отроки твоя и люди сия, яко ты вдаеши мя в дом темничный?
၁၈ထိုနောက်ငါက``အကျွန်ုပ်သည်အရှင်နှင့် အရှင့်မှူးမတ်များသို့မဟုတ်ဤပြည်သူ တို့ကိုအဘယ်သို့ပြစ်မှားမိသဖြင့် အရှင် သည်အကျွန်ုပ်အားအကျဉ်းချ၍ထား တော်မူပါသနည်း။-
19 И где суть пророцы ваши прорицавшии вам, глаголюще, яко не приидет царь Вавилонский на вас и на землю сию?
၁၉ဗာဗုလုန်ဘုရင်သည်အရှင့်ကိုသော်လည်းကောင်း၊ ဤပြည်ကိုသော်လည်းကောင်းတိုက်ခိုက်လိမ့်မည် မဟုတ်ဟု ဟောပြောခဲ့ကြသည့်အရှင်၏ပရော ဖက်များကားအဘယ်မှာရှိပါသနည်း။-
20 Ныне же послушай, молютися, господи мой, царю, да падет моление мое пред лицем твоим: и не посылай мя паки в дом Ионафана книгочия, да не умру тамо.
၂၀အရှင်မင်းကြီး၊ အကျွန်ုပ်၏စကားကိုနား ထောင်တော်မူ၍ အကျွန်ုပ်လျှောက်ထားသည့် အတိုင်းပြုတော်မူရန်အကျွန်ုပ်ပန်ကြား ပါ၏။ အကျွန်ုပ်အားအရှင်၏အတိုင်ပင်ခံ အမတ်ယောနသန်၏အိမ်သို့ပြန်လွှတ် တော်မမူပါနှင့်။ လွှတ်တော်မူမည်ဆိုပါ မူအကျွန်ုပ်သည်ထိုအိမ်တွင်အမှန်ပင် သေရပါလိမ့်မည်'' ဟုလျှောက်၏။
21 И повеле царь, и ввергоша его во храмину темничную, и даяху ему хлеб един на день извне, идеже пекут, дондеже скончашася хлебы из града. И седяше Иеремиа во дворе темничнем.
၂၁ထို့ကြောင့်ဇေဒကိမင်းသည်ငါ့အားနန်း တော်ဝင်းအတွင်း၌ချုပ်နှောင်ထားရန်အမိန့် ပေးတော်မူ၏။ ငါသည်မြို့တွင်း၌မုန့်များ ကုန်သည်အထိမုန့်ဖိုများမှနေ့စဉ်နေ့တိုင်း မုန့်တစ်လုံးကိုရရှိလေသည်။ ဤသို့လျှင် ငါသည်နန်းတော်ဝင်းအတွင်း၌နေရ သတည်း။