< Книга пророка Иеремии 19 >
1 Сия рече Господь ко мне: иди и стяжи сосуд скудельничь жжен, и приведи от старец людских и от старец священнических:
၁ထာဝရဘုရားသည်မြေအိုးတစ်လုံးကိုသွား ရောက်ဝယ်ယူရန် ငါ့အားစေခိုင်းတော်မူ၏။ ကိုယ် တော်ကငါနှင့်အတူအသက်ကြီးသူပြည်သူ့ ခေါင်းဆောင်အချို့နှင့် ယဇ်ပုရောဟိတ်အချို့ တို့ကိုလည်းခေါ်ဆောင်ကာ၊-
2 и изыди в место многогробищное сынов Енноних, еже есть близ придверия врат Харсифских, и прочти тамо вся словеса, яже Аз возглаголю тебе,
၂အိုးကွဲမြို့တံခါးကိုဖြတ်၍ပင်ဟိန္နုံချိုင့်ဝှမ်း သို့သွားရောက်ရန်မှာကြားတော်မူ၏။ ထိုအရပ် တွင် ငါသည်ထာဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ကိုဆင့်ဆိုရန်ဖြစ်၏။-
3 и речеши им: слышите слово Господне, царие Иудины и мужие Иудины, и обитателие Иерусалима и входящии вратами сими: сия глаголет Господь Сил, Бог Израилев: се, Аз наведу злая на место сие, яко всякому слышащему сия зазвучит во ушию его:
၃ထာဝရဘုရားက``ယုဒဘုရင်များနှင့် ယေရုရှလင်မြို့သားတို့၊ ဣသရေလအမျိုး သားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်၊ ငါ ထာဝရဘုရားမိန့်တော်မူသည်ကိုနားထောင် ကြလော့။ ငါသည်ကြားသိရသူတို့ထိတ်လန့် သည်တိုင်အောင်ဆိုးရွားသည့်ဘေးအန္တရာယ် ကိုဤအရပ်သို့သက်ရောက်စေတော်မူမည်။-
4 понеже оставиша Мя, и чужде сотвориша место сие, и пожроша на нем богом чуждим, ихже не ведеша тии и отцы их: и царие Иудины наполниша место сие крове неповинных
၄အဘယ်ကြောင့်ဆိုသော်လူတို့သည်ငါ့ကိုစွန့် ပစ်ကာ မိမိတို့ကိုယ်တိုင်မိမိတို့ဘိုးဘေးများ နှင့်ယုဒဘုရင်များမသိဘူးသည့်အခြား ဘုရားများကိုယဇ်ပူဇော်ခြင်းဖြင့် ဤဌာန တော်ကိုညစ်ညမ်းစေကြသောကြောင့်ဖြစ်၏။ သူတို့သည်ဤဌာနကိုအပြစ်မဲ့သူတို့၏ အသွေးဖြင့်ပြည့်စေလျက်၊-
5 и создаша высокая Ваалу на сожжение сынов своих огнем, во всесожжение Ваалу, яже не заповедах ни глаголах, ниже взыдоша на сердце Мое.
၅မိမိတို့သားသမီးများအားမီးရှို့ရာယဇ် အဖြစ်ပူဇော်ရန် ဗာလဘုရားအတွက်မြင့် သောအရပ်၌ယဇ်ပလ္လင်များကိုတည်ဆောက် ကြလေပြီ။ သူတို့သားသမီးများကိုဤ သို့ဗာလဘုရားအားမီးရှို့ပူဇော်စေရန် ငါသည်အဘယ်အခါ၌မျှအမိန့်မပေး ခဲ့၊ မပြောကြားခဲ့၊ စိတ်မကူးခဲ့။-
6 Сего ради, се, дние грядут, глаголет Господь, и не прозовется ктому место сие Падение и место многогробищное сынов Енноних, но место многогробищное заклания:
၆သို့ဖြစ်၍ဤအရပ်သည်တောဖက်ဟူ၍မခေါ်၊ ဟိန္နုံချိုင့်ဝှမ်းဟူ၍မခေါ်၊ ကွပ်မျက်ရာချိုင့်ဟူ ၍ခေါ်ရမည့်အချိန်ကျရောက်လာလိမ့်မည် ကို သတိပြုကြလော့ဟုထာဝရဘုရား မိန့်တော်မူ၏။-
7 и расточу совет Иудин и совет Иерусалима в месте сем, и превращу их мечем пред враги их и в руку ищущих душ их: и дам трупие их в ядь птицам небесным и зверем земным:
၇ငါသည်ဤအရပ်တွင်ယုဒပြည်သားများ နှင့် ယေရုရှလင်မြို့သားများ၏အကြံအစည် မှန်သမျှကိုပျက်ပြားစေတော်မူမည်။ သူတို့ ကိုအသက်ရန်ရှာသူတို့လက်သို့အပ်၍စစ်ပွဲ တွင်ကျဆုံးစေတော်မူမည်။ သူတို့၏အလောင်း များသည်ငှက်များနှင့်တောသားရဲတို့၏ အစာဖြစ်ရလိမ့်မည်။-
8 и поставлю град сей в разорение и во звиздание: всяк, иже мимоидет, о нем почудится и позвиждет о всей язве его:
၈ငါသည်ဤမြို့အပေါ်သို့အလွန်ဆိုးရွားသည့် ဘေးအန္တရာယ်ကိုသက်ရောက်စေမည်ဖြစ်၍ အနီး မှဖြတ်သန်းသွားလာသူတို့သည် ထိုမြို့၏ဖြစ် အင်ကိုမြင်၍ကဲ့ရဲ့ကြလိမ့်မည်။ စိတ်ထိခိုက် လျက်အံ့သြတွေဝေသွားကြလိမ့်မည်။-
9 и снедят плоти сынов своих и плоти дщерей своих, и кийждо плоти подруга своего снесть во обстоянии и в тесноте, в нейже запрут их врази их, ищущии души их.
၉ရန်သူတို့သည်မြို့ကိုဝိုင်းရံတိုက်ခိုက်ကာ သူ တို့အားသတ်ဖြတ်ရန်ကြိုးစားကြလိမ့်မည်။ သူတို့သည်အချင်းချင်းတစ်ယောက်ကိုတစ် ယောက်စားကြလိမ့်မည်။ မိမိတို့သားသမီး များကိုပင်စားကြလိမ့်မည်'' ဟုဆင့်ဆို ပြောကြားရန်ငါ့အားမိန့်တော်မူ၏။
10 И да сокрушиши сосуд пред очима мужей исходящих с тобою
၁၀ထိုနောက်ထာဝရဘုရားသည် ငါ့ကိုမိမိ နှင့်အတူလိုက်ပါလာသူတို့၏ရှေ့တွင်အိုး ကိုခွဲစေတော်မူပြီးလျှင်၊-
11 и речеши к ним: сия глаголет Господь Сил: тако сокрушу люди сия и град сей, якоже сокрушается сосуд скудельный, иже не может ктому изцелитися: и в Тофефе погребутся того ради, яко не будет иного места на погребение.
၁၁သူတို့အားအနန္တတန်ခိုးရှင်ထာဝရ ဘုရားက``ဤအိုးကိုပြန်၍ဆက်စပ်မရ နိုင်အောင်ခွဲလိုက်သကဲ့သို့ ငါသည်ဤလူ များနှင့်ဤမြို့ကိုငါခွဲတော်မူမည်။ တော ဖက်မြို့တွင်မြေမြှုပ်စရာနေရာမရှိသည့် တိုင်အောင်လူတို့သည်ထိုသူတို့၏အလောင်း များကိုသင်္ဂြိုဟ်ရကြလိမ့်မည်။-
12 Тако сотворю месту сему, глаголет Господь, и обитателем его, да поставлю град той яко Падающь.
၁၂ဤမြို့နှင့်ဤမြို့တွင်နေထိုင်သူတို့ကို တောဖက်မြို့ကဲ့သို့ဖြစ်စေမည်'' ဟုထာဝရ ဘုရားမိန့်တော်မူ၏။-
13 И будут домы Иерусалима и домы царей Иудиных, якоже место Падающее, от нечистот своих во всех домех, в нихже жряху на кровех своих всему воинству небесному и приношаху возлияния богом чуждим.
၁၃``ယေရုရှလင်မြို့ရှိအိမ်များနှင့်ယုဒဘုရင် တို့၏နန်းတော်များ မိမိတို့အမိုးပေါ်တွင် ကြယ်နက္ခတ်များအားနံ့သာပေါင်းဖြင့်မီးရှို့ ပူဇော်ရာအိမ်များနှင့်အခြားဘုရားများ အား စပျစ်ရည်ပူဇော်သကာသွန်းလောင်း ကြသည့်အိမ်မှန်သမျှတို့သည်တောဖက်မြို့ ကဲ့သို့ မသန့်စင်သည့်အရပ်များဖြစ်ရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
14 И прииде Иеремиа от (места) Падения, аможе посла его Господь пророчествовати, и ста во дворе дому Господня и рече ко всем людем:
၁၄ထိုနောက်ငါသည်ဗျာဒိတ်တော်ကိုပြန်ကြား ရန် ထာဝရဘုရားစေလွှတ်တော်မူရာတောဖက် အရပ်မှထွက်ခွာ၍ ဗိမာန်တော်တံတိုင်းအတွင်း ရပ်ပြီးလျှင်လူအပေါင်းတို့အား၊-
15 сия глаголет Господь Сил, Бог Израилев: се, Аз наведу на град сей и на вся грады его и на вся села его вся злая, яже глаголал есмь нань: яко ожесточиша выи своя, еже не слышати заповедий Моих.
၁၅ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင်တို့ သည်ခေါင်းမာ၍ငါပြောသည့်စကားကိုနား မထောင်ကြ။ သို့ဖြစ်၍ဤမြို့နှင့်အနီးအနား ရှိမြို့အပေါင်းတို့အား ယခင်ငါဖော်ပြခဲ့ သည့်အတိုင်းပြစ်ဒဏ်စီရင်တော်မူမည်'' ဟု မိန့်တော်မူကြောင်းသူတို့အားဆင့်ဆို၏။