< Книга пророка Исаии 54 >
1 Возвеселися, неплоды, нераждающая возгласи и возопий, нечревоболевшая, яко многа чада пустыя паче, нежели имущия мужа.
၁အို ယေရုရှလင်မြို့၊သင်သည်သားသမီးမရ သည့် အမျိုးသမီးနှင့်တူ၍နေခဲ့၏။ သို့ရာတွင်ယခုအခါ၌ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆို၍ကြွေးကြော်နိုင်လေပြီ။ ယခုသင်သည်ခင်ပွန်းဖြစ်သူ၏စွန့်ပစ်မှုကို အဘယ်အခါ၌မျှမခံရဘူးသည့် အမျိုးသမီးထက်ပင်ပို၍သားသမီးများကို ရရှိပေလိမ့်မည်။
2 Рече бо Господь: разшири место, кущи твоея и покровов твоих, водрузи, не пощади, продолжи ужя твоя и колие твое укрепи,
၂သင်နေထိုင်သည့်တဲကိုတိုးချဲ့ပါလော့။ တဲ၏ကုလားကာများကိုဆန့်ထုတ်လော့၊ မတွန့်ဆုတ်နှင့်။ တဲကြိုးတို့ကိုရှည်အောင်ပြု၍ပန္နက်တိုင်များကို ခိုင်မြဲအောင်ရိုက်လော့။
3 еще на десно и на лево простри: и семя твое языки наследит, и грады опустевшыя населиши.
၃သင်သည်မိမိ၏နယ်နိမိတ်များကိုအဘက်ဘက်မှ တိုးချဲ့ရလိမ့်မည်။ ယခုအခါ၊လူမျိုးခြားတို့နေထိုင်ရာပြည်ကို သင်၏အမျိုးသားတို့သည်ပြန်လည်ရရှိကြလိမ့်မည်။ ယခုအခါလူသူဆိတ်ငြိမ်လျက်နေသောမြို့တို့သည် စည်ကား၍လာလိမ့်မည်။
4 Не бойся, яко посрамлена еси, ниже устыдися, яко укорена еси: понеже срамоту вечную забудеши и укоризны вдовства твоего не помянеши ктому.
၄မကြောက်နှင့်၊သင်သည်နောက်တစ်ဖန် အသရေပျက်ရတော့မည်မဟုတ်။ ရှုတ်ချခြင်းကိုလည်းခံရလိမ့်မည်မဟုတ်။ သင်သည်ငယ်ရွယ်စဉ်အခါကသစ္စာမဲ့သည့် ဇနီး ဖြစ်ခဲ့မှုကိုလည်းကောင်း၊ မုဆိုးမအဖြစ်ဖြင့်မကြံတတ်အောင်ပင် ကိုယ်တိုင်ကြုံခဲ့ရသည်ကိုလည်းကောင်း၊ မေ့လျော့သွားလိမ့်မည်။
5 Яко Господь Творяй тя, Господь Саваоф имя Ему: и Избавивый тя Святый Бог Израилев, всей земли прозовется.
၅သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည်၊ သင်၏ခင်ပွန်းပမာသင့်အားကြည့်ရှုစောင့်ရှောက် တော်မူလိမ့်မည်။ ထိုအရှင်၏နာမတော်ကား၊အနန္တတန်ခိုးရှင် ထာဝရဘုရားပင်ဖြစ်သတည်း။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်သော ဘုရားသခင်သည်သင့်ကိုကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာလောကကို အစိုးရတော်မူပါသည်တကား။
6 Не яко жену оставлену и малодушну призва тя Господь, ниже яко жену из юности возненавидену, рече Бог твой.
၆အို ဣသရေလအမျိုးသားတို့၊သင်တို့သည်၊ ခင်ပွန်းဖြစ်သူစွန့်ပစ်သဖြင့်၊အလွန်စိတ်ဒုက္ခ ရောက်လျက်နေသည့်ဇနီးငယ်တစ်ဦးနှင့်တူကြ၏။ သို့ရာတွင်ထာဝရဘုရားသည်သင်တို့ကို ပြန်လည်ခေါ်ယူတော်မူပါ၏။
7 На время мало оставих тя, а с милостию великою помилую тя:
၇``ငါသည်သင်တို့အားခေတ္တမျှစွန့်ပယ်ခဲ့သော်လည်း နက်နဲသည့်မေတ္တာဖြင့်ပြန်လည်သိမ်းပိုက်မည်။
8 во ярости мале отвратих лице Мое от тебе, но милостию вечною помилую тя, рече Избавивый тя Господь.
၈ငါသည်အမျက်ထွက်သဖြင့်သင်တို့ထံမှ မျက်နှာလွှဲ၍နေခဲ့၏။ သို့ရာတွင်မေတ္တာတော်ကိုသင်တို့အားထာဝစဉ် ငါပြမည်'' ဟု သင်တို့ကိုကယ်တင်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
9 От воды, яже при Нои, сие Ми есть, якоже кляхся Ему во время оно на землю, не разгневатися о тебе ктому, ниже во прещении твоем
၉``ငါသည်ကမ္ဘာမြေကြီးကိုနောက်တစ်ဖန် ရေလွှမ်းမိုးစေလိမ့်မည်မဟုတ်ဟု နောဧ၏လက်ထက်၌ကတိပြုခဲ့၏။ သင်တို့အားနောက်တစ်ဖန် အမျက်ထွက်တော်မူလိမ့်မည်မဟုတ်ကြောင်း ယခုငါကတိပြုပါ၏။ ငါသည်သင်တို့အားပြစ်တင်ဆုံးမမှုနှင့် အပြစ်ဒဏ်ခတ်မှုကိုပြုလိမ့်မည်မဟုတ်ပါ။
10 горы преставити, и холми твои не предвигнутся: тако ниже, яже от Мене к тебе, милость оскудеет, ниже завет мира твоего преставится: рече бо милостив к тебе Господь.
၁၀တောင်ကြီးတောင်ငယ်တို့သည်ပြိုကွဲ ပျက်စီးကြလိမ့်မည်။ သို့ရာတွင်သင်တို့အပေါ်၌ထားရှိသည့် ငါ၏မေတ္တာတော်သည်အဘယ်အခါ၌မျှ ပျက်သုဉ်းလိမ့်မည်မဟုတ်။ ငြိမ်းချမ်းရေးဆိုင်ရာကတိတော်ကိုငါသည် အစဉ်တည်မြဲစေမည်'' ဟု သင်တို့ကိုချစ်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
11 Смиренная и колеблемая не имела еси утешения: се, Аз уготовляю тебе анфракс камень твой и на основание твое сапфир:
၁၁``အို ယေရုရှလင်မြို့၊ဒုက္ခရောက်လျက်၊ အားကိုးရာမဲ့ဖြစ်ကာ၊ နှစ်သိမ့်မည့်သူ မရှိသည့်မြို့၊ ငါသည်သင်၏အုတ်မြစ်များကိုအဖိုးတန် ကျောက်များဖြင့်ပြန်လည်တည်ဆောက်မည်။
12 и положу забрала твоя иаспис, и врата твоя камение кристалла, и ограждение твое камение избранное,
၁၂သင်၏ပြအိုးများကိုပတ္တမြားဖြင့်လည်းကောင်း၊ သင်၏တံတိုင်းတို့ကိုကျောက်မျက်ရတနာ များဖြင့်လည်းကောင်း၊ သင်၏နံရံများကိုအဖိုးတန်ရတနာ များဖြင့်လည်းကောင်း၊ပြန်လည်တည်ဆောက်မည်။
13 и вся сыны твоя научены Богом, и во мнозе мире чада твоя.
၁၃``သင်၏လူတို့အားငါကိုယ်တိုင်ဆုံးမသွန်သင်မည်။ သင်၏သားသမီးတို့အားချမ်းသာကြွယ်ဝမှုနှင့် ငြိမ်းချမ်းသာယာမှုကိုငါပေးမည်။
14 И правдою возградишися: удалися от неправеднаго, и не убоишися, и трепет не приближится тебе.
၁၄သင်သည်သူတော်ကောင်းတရားတွင်အခြေခံ သဖြင့် တည်တံ့ခိုင်မြဲလိမ့်မည်။ နှိပ်စက်ညှင်းဆဲမှု၊ထိတ်လန့်တုန်လှုပ်မှုတို့နှင့် ကင်းဝေးရလိမ့်မည်။
15 Се, пришелцы приидут к тебе Мною и вселятся у тебе и к тебе прибегнут.
၁၅အကယ်၍သင့်အားထိပါးတိုက်ခိုက်လာသူ တစ်စုံတစ်ယောက်ရှိပါမူ၊ ထိုသူသည်ငါ၏ခွင့်ပြုချက်ကိုရရှိလိမ့်မည်မဟုတ်။ သင့်အားစစ်ပြိုင်လာသူမှန်သမျှသည် ကျဆုံးရကြလိမ့်မည်။
16 Се, Аз создах тя, не якоже кузнец раздуваяй углие и износя сосуд на дело: Аз же создах тя не на пагубу, еже истлити.
၁၆``မီးကိုမွှေး၍လက်နက်များကိုပြုလုပ်သူ ပန်းပဲဆရာကိုငါဖန်ဆင်း၏။ သတ်ဖြတ်ရန်အတွက်ထိုလက်နက်များကို အသုံးပြုသူစစ်သူရဲကိုလည်းငါဖန်ဆင်း၏။
17 Всяк сосуд соделан на тя не благопоспешу, и всяк глас, иже на тя востанет на прю, одолееши им всем: повиннии же твои будут в нем есть наследие служащым Господеви, и вы будете Мне праведни, глаголет Господь.
၁၇သို့ရာတွင်အဘယ်လက်နက်မျှသင့်အားအနာတရ ဖြစ်စေနိုင်လိမ့်မည်မဟုတ်။ သင်သည်မိမိအားပြစ်တင်စွပ်စွဲသူမှန်သမျှကို ပြန်လည်ချေပနိုင်လိမ့်မည်။ ငါသည်မိမိ၏အစေခံများကာကွယ်စောင့်ရှောက်ရန် အောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟတော်မူသော စကားပင်ဖြစ်သတည်း။