< Книга пророка Исаии 19 >
1 Се, Господь седит на облаце легце и приидет во Египет, и потрясутся рукотворенная Египетская от лица Его, и сердца их разслабнут в них.
၁ဤဗျာဒိတ်တော်သည်အီဂျစ်ပြည်နှင့် သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ထာဝရဘုရားသည်မိုးတိမ်ကိုစီး၍ အီဂျစ် ပြည်သို့လျင်မြန်စွာကြွလာတော်မူလေပြီ။ အီဂျစ်ပြည်ရှိရုပ်တုဆင်းတုများသည် ကိုယ် တော်၏ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြ ကုန်၏။ အီဂျစ်ပြည်သူတို့သည်လည်းသူရဲ ဘောကြောင်၍သွားကုန်၏။-
2 И востанут Египтяне на Египтяны, и воюружится человек на брата своего, и всяк на ближняго своего, востанет град на град и закон на закон.
၂ထာဝရဘုရားက``ငါသည်အီဂျစ်ပြည်တွင် ပြည်တွင်းစစ်ဖြစ်စေရန်လှုံ့ဆော်၍ညီအစ်ကို အချင်းချင်း၊ အိမ်နီးချင်းအချင်းချင်းခိုက် ရန်ဖြစ်ပွားစေမည်။ ဂုဏ်ပြိုင်ဘက်မြို့များသည် လည်းကောင်း၊ ဂုဏ်ပြိုင်ဘက်မင်းတို့သည်လည်း ကောင်း၊ အချင်းချင်းတိုက်ခိုက်ကာအာဏာ လုကြလိမ့်မည်။-
3 И возмятется дух Египтян в них, и совет их разсыплю, и вопросят богов своих и кумиров своих, и гласящих от земли и чревоволшебников.
၃ငါသည်အီဂျစ်အမျိုးသားတို့၏ အကြံ အစည်များကိုပျက်စီးစေ၍ သူတို့၏စိတ် ဋ္ဌာတ်ကိုလည်းပျက်ပြားသွားစေမည်။ သူတို့ သည်မိမိတို့ကိုးကွယ်သည့်ရုပ်တုများထံ တွင်အကူအညီတောင်းခံကြလိမ့်မည်။ နတ် ဝင်သည်များထံသွားရောက်မေးမြန်းစုံစမ်း ကာ၊ သူသေတို့၏ဝိညာဉ်များအားအကြံ ဉာဏ်တောင်းခံကြလိမ့်မည်။-
4 И предам Египет в руце человеков властелей жестоких, и царие жестоцы обладати будут ими: сия глаголет Господь Саваоф.
၄ငါသည်အီဂျစ်အမျိုးသားတို့အားရက်စက် ကြမ်းကြုတ်သူမင်းဆိုးမင်းညစ်တစ်ပါး၏ လက်သို့အပ်၍ ထိုမင်းကိုသူတို့အားအုပ်စိုး စေမည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
5 И испиют Египтяне воду, яже при мори, а река оскудеет и изсхнет.
၅နိုင်းမြစ်သည်ရေနည်း၍တစ်စတစ်စခန်း ခြောက်သွားလိမ့်မည်။-
6 И оскудеют реки и ровенницы речнии: и изсхнет весь сонм водный, и во всяцем лузе тростнем и ситнем,
၆မြစ်ဝကျွန်းပေါ်ဒေသရှိချောင်းမြောင်းများ သည်လည်း တဖြည်းဖြည်းခန်းခြောက်ကာပုပ် စော်နံ၍လာလိမ့်မည်။ ကူပင်ကိုင်းပင်များ သည်ခြောက်သွေ့သွားကြလိမ့်မည်။-
7 и злак зеленый весь иже окрест реки, и все сеемое при реце посхнет ветром растленно.
၇နိုင်းမြစ်ကမ်းပေါ်၌စိုက်ပျိုးထားသည့်သီးနှံ ပင်များသည်လည်း ခြောက်ကပ်ပြီးလျှင်လေ တွင်လွင့်ပါသွားကြလိမ့်မည်။-
8 И возстенят рыбарие, и возстенят вси мещущии удицу в реку, и мещущии неводы и мещущии сети возрыдают.
၈နိုင်းမြစ်တွင်ငါးလုပ်ငန်းဖြင့်အသက်မွေးသူ အပေါင်းတို့သည် ညည်းညူငိုကြွေးကြလိမ့်မည်။ သူတို့၏ငါးမျှားချိပ်များနှင့်ပိုက်ကွန်များ သည်လည်း အသုံးဝင်ကြတော့မည်မဟုတ်။-
9 И студ приимет делающих лен разчесаный и делающих виссон, и будут делающии я в болезни,
၉ပိတ်ချောချည်ငင်သူတို့သည်စိတ်ပျက်အား လျော့ကြလျက်၊-
10 и вси творящии сикеру опечалятся и поболят душами.
၁၀ရက်ကန်းသည်များနှင့်အတတ်ပညာရှင် အလုပ်သမားများသည်လက်မှိုင်ချလျက် နေကြလိမ့်မည်။
11 И юродиви будут князи Танесовы: мудрии царевы советницы, совет их объюродеет. Како речете царю: сынове смысленых мы, сынове царей древних?
၁၁ဇောနမြို့သူမြို့သားတို့၏ခေါင်းဆောင်များ သည် အသိဉာဏ်တုံးသူများဖြစ်ပါသည် တကား၊ အီဂျစ်ပြည်၏အတိုင်ပင်ခံပညာ ကျော်တို့ကလည်း မိုက်မဲသောအကြံဉာဏ် ကိုပေးကြပါသည်တကား။ သူတို့သည် မိမိတို့ကိုယ်ကိုအဘယ်သို့လျှင် ရှေးဘုရင် များနှင့်ရှေးပညာရှင်တို့၏အဆက်အနွယ် များဖြစ်သည်ဟုမင်းကြီးအားလျှောက်ထား ဝံ့ကြပါသနည်း။-
12 Где суть ныне мудрии твои, и да возвестят тебе и рекут: что совеща Господь Саваоф на Египет?
၁၂အို အီဂျစ်မင်း၊ သင်၏အတိုင်ပင်ခံပညာရှိ များကားအဘယ်မှာနည်း။ အီဂျစ်ပြည်အတွက် အနန္တတန်ခိုးရှင်ထာဝရဘုရားအဘယ်သို့ အကြံအစည်တော်ရှိသည်ကိုသူတို့အား မေးမြန်းပါလော့။-
13 Оскудеша князи Танесовы, и вознесошася князи Мемфитстии, и прельстят Египта по племеном.
၁၃ဇောနမြို့သားများနှင့်နောဗမြို့သားတို့၏ ခေါင်းဆောင်များသည် အသိဉာဏ်တုံးသူများ သာတည်း။ သူတို့အားမိမိတို့လူမျိုး၏ရှေ့ ဆောင်လမ်းပြများဟုယူဆရမည်ဖြစ်သော် လည်း သူတို့ကလမ်းမှားကိုပြ၍ပေးကြ၏။-
14 Господь бо раствори им дух прельщения, и прельстиша Египта всеми делесы своими, якоже прельщается пияный и купно блюющь.
၁၄ထာဝရဘုရားသည်သူတို့အားမရှင်းမလင်း သည့်အကြံဉာဏ်များကိုပေးစေတော်မူသဖြင့် အီဂျစ်ပြည်သူတို့သည်အမှားမှားအယွင်း ယွင်းဖြစ်လျက်၊ မိမိ၏အံဖတ်ပေါ်တွင်ပြန်လဲ သောသေသောက်ကြူးသူကဲ့သို့ယိမ်းယိုင်၍ နေကြတော့၏။-
15 И не будет Египтяном дела, еже бы сотворило главу и ошиб, и начало и конец.
၁၅ချမ်းသာသူဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ၊ ကြီး မြတ်သူဖြစ်စေ၊ ယုတ်ညံ့သူဖြစ်စေ၊ အဘယ် သူမျှမိမိတို့အီဂျစ်ပြည်ကိုအကူ အညီပေးနိုင်ကြလိမ့်မည်မဟုတ်။
16 В той день будут Египтяне аки жены во страсе и трепете от лица руки Господа Саваофа, юже Той возложит на ня.
၁၆အီဂျစ်အမျိုးသားတို့သည်မိန်းမကဲ့သို့ သဝန်ကြောင်ကြမည့်အချိန်ကာလ ကျရောက် လာလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရား သည်သူတို့အားအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုချိန်ရွယ်လျက်ထားတော်မူ သည်ကိုတွေ့မြင်ကြသောအခါ၊ သူတို့ သည်ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။-
17 И будет страна Иудейска во страх Египтяном: всяк, иже аще воспомянет ю им, убоятся совета ради, егоже совеща Господь Саваоф нань.
၁၇အီဂျစ်ပြည်သူတို့သည်မိမိတို့အတွက် အနန္တ တန်ခိုးရှင်ထာဝရဘုရားပြင်ဆင်ထားတော် မူသည့်ကံကြမ္မာကိုပြန်လည်သတိရသည့် အခါတိုင်းယုဒပြည်ကိုကြောက်ကြလိမ့်မည်။
18 В той день будет пять градов во Египте, глаголющих языком Ханаанитским и кленущихся именем Господа Саваофа: град Аседек прозовется един град.
၁၈ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်မြို့ကြီးငါးမြို့တွင်ဟေဗြဲ ဘာသာစကားကိုသုံးစွဲကြလိမ့်မည်။ ထို မြို့များရှိလူတို့သည်ကျိန်ဆို၍ထာဝရ ဘုရားအားသစ္စာကတိပြုကြလိမ့်မည်။ ထို မြို့တို့အနက်မှမြို့တစ်မြို့သည်နေမင်း၏ မြို့ဟုနာမည်တွင်လိမ့်မည်။
19 В той день будет жертвенник Господеви в земли Египетстей и столп в пределех его Господеви.
၁၉ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်တွင်ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုကိုတည်ထားလိမ့်မည်။ ကိုယ် တော်အားအနုမောဒနာပြု၍စိုက်ထူထား သည့်ကျောက်တိုင်တစ်ခုသည်နယ်စပ်တွင်ရှိ လိမ့်မည်။-
20 И будет в знамение во век Господеви в земли Египетстей: яко возопиют ко Господу на оскорбляющыя их, и послет им Господь человека, иже спасет я, судяй спасет я.
၂၀ထိုအရာတို့သည်အီဂျစ်ပြည်တွင် အနန္တတန်ခိုး ရှင်ထာဝရဘုရားရှိတော်မူကြောင်းသက်သေ ခံအမှတ်လက္ခဏာများဖြစ်လိမ့်မည်။ ပြည်သူတို့ သည်ဖိနှိပ်ချုပ်ချယ်ခြင်းကိုခံရ၍ ထာဝရ ဘုရားထံတော်သို့ကူမတော်မူရန်ဟစ်အော် ကြသောအခါ ကိုယ်တော်သည်သူတို့အား ကယ်တင်မည့်သူတစ်ဦးကိုစေလွှတ်တော် မူလိမ့်မည်။-
21 И познан будет Господь Египтяном: и уведят Египтяне Господа в той день и сотворят жертвы и дары, и обещают обеты Господеви и воздадят.
၂၁ထာဝရဘုရားသည်မိမိကိုအီဂျစ်အမျိုး သားတို့သိရှိလာအောင်ပြုတော်မူလိမ့်မည်။ ထိုအခါသူတို့သည်ကိုယ်တော်အားသိမှတ် လာကြလျက်ဝတ်ပြုကိုးကွယ်ကြလိမ့်မည်။ အထံတော်သို့လည်းယဇ်နှင့်ပူဇော်သကာ များကိုယူဆောင်လာကြလိမ့်မည်။ သူတို့သည် ကိုယ်တော်၏ရှေ့တော်၌သစ္စာကတိထားပြီး လျှင်ယင်းသစ္စာကတိအတိုင်းပြုမူကြ လိမ့်မည်။-
22 И поразит Господь Египтян язвою великою и изцелит их цельбою, и обратятся ко Господеви, и услышит их и изцелит их цельбою.
၂၂ထာဝရဘုရားသည်အီဂျစ်အမျိုးသားတို့ အား အပြစ်ဒဏ်ခတ်တော်မူမည်ဖြစ်သော်လည်း သူတို့၏ဒဏ်ရာဒဏ်ချက်များကိုပျောက်ကင်း စေတော်မူပေအံ့။ သူတို့သည်ထာဝရဘုရား ထံတော်သို့ပြောင်းလဲလာသဖြင့် သူတို့တောင်း လျှောက်သံကိုနားထောင်လျက် သူတို့ရောဂါ ကိုပျောက်ကင်းစေတော်မူမည်။
23 В той день будет путь от Египта ко Ассирианом, и внидут Ассириане во Египет, и Египтяне пойдут ко Ассирианом, и поработают Египтяне Ассирианом.
၂၃ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်နှင့်အာရှုရိပြည်စပ်ကြားတွင် လမ်းမကြီးတစ်သွယ်ဖောက်လုပ်ထားလိမ့်မည်။ ထိုပြည်များမှလူတို့သည်တစ်ပြည်နှင့်တစ် ပြည်အပြန်အလှန်ကူးသန်းသွားလာလျက် အတူတကွကိုးကွယ်ဝတ်ပြုမှုကိုပြု ကြလိမ့်မည်။-
24 В той день будет Израиль третий во Египтянех и во Ассирианех, благословен на земли,
၂၄ထိုအချိန်ကာလကျရောက်လာသောအခါ ဣသရေလပြည်သည်အီဂျစ်ပြည်၊ အာရှုရိ ပြည်နှင့်ရင်ဘောင်တန်းလျက်နေလိမ့်မည်။ ထို နိုင်ငံသုံးခုသည်ကမ္ဘာတစ်ဝှမ်းလုံးအတွက် ကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေလိမ့်မည်။-
25 юже благослови Господь Саваоф, глаголя: благословени людие Мои, иже во Египте и иже во Ассириах, и наследие Мое Израиль.
၂၅အနန္တတန်ခိုးရှင်ထာဝရဘုရားကထို ပြည်တို့ကိုကောင်းချီးပေး၍``ငါ၏လူစု အီဂျစ်အမျိုးသားတို့၊ ငါဖန်ဆင်းထားသူ အာရှုရိအမျိုးသားတို့နှင့် ငါရွေးကောက် သောလူမျိုးတော်ဣသရေလအမျိုးသား တို့၊ သင်တို့အားငါကောင်းချီးပေးမည်'' ဟုမိန့်တော်မူ၏။