< Книга пророка Иезекииля 39 >

1 И ты, сыне человечь, прорцы на Гога и рцы: сия глаголет Адонаи Господь: се, Аз на тя, Гог, князя Рос, Мосоха и Фовеля,
သို့ဖြစ်၍၊ အချင်းလူသား၊ ဂေါဂတဘက်၌ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသောအိုဂေါဂမင်း၊ ငါသည်သင့်တဘက်၌ နေ၏။
2 и соберу тя и наставлю тя, и возведу тя от конца севера и возведу тя на горы Израилевы:
သင့်ကို ငါလှည့်၍ သွေးဆောင်မည်။ မြောက် မျက်နှာမှ ချီလာ၍ ဣသရေလတောင်တို့အပေါ်သို့ ရောက်စေမည်။
3 и исторгну лук твой от руки твоея левыя и стрелы твоя от руки твоея десныя,
ထိုအခါ သင့်လက်ဝဲလက်မှ လေးကို၎င်း။ လက်ျာလက်မှ မြှားတို့ကို၎င်း၊ ငါရိုက်၍ကျစေမည်။
4 и поражу тя на горах Израилевых, и падеши ты и вси иже окрест тебе, и языцы иже с тобою отдадятся во множество птиц всякому парящему, и всем зверем польным дах тя на изядение:
သင်နှင့်သင်၌ပါသော တပ်သား အပေါင်းတို့ သည် ဣသရေလတောင်တို့အပေါ်မှာ လဲ၍သေကြလိမ့် မည်။ သင့်ကို အမျိုးမျိုးသော ငှက်ရဲ၊ သားရဲတို့ကိုက်စား စရာဘို့ ငါအပ်မည်။
5 на лицы поля падеши, яко Аз глаголах, глаголет Адонаи Господь.
သင်သည် လွင်ပြင်၌ လဲ၍သေလိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
6 И пущу огнь на Магога, и населятся острови с миром,
မာဂေါဂပြည်နှင့် ပင်လယ်ကမ်းနားမှာ ငြိမ်ဝပ် စွာနေသော သူတို့အပေါ်သို့ မီးကိုငါလွှတ်လိုက်၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
7 и уведят, яко Аз есмь Господь, и имя Мое святое вестно будет среде людий Моих Израиля, и не осквернится имя Мое святое ктому, и уведят вси языцы, яко Аз есмь Господь Святый среде Израиля.
ထိုသို့ငါ၏ နာမမြတ်ကိုငါ၏ လူဣသရေလ အမျိုးသားတို့တွင် ထင်ရှားစေမည်။ နောက်တဖန်သူတို့ သည် ငါ၏နာမမြတ်ကိုမရှုတ်ချရကြ။ ငါသည်ဣသရေလ အမျိုး၏ သန့်ရှင်းသောဘုရား၊ ထာဝရဘုရားဖြစ်ကြောင်း ကို တပါးအမျိုးသားတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
8 Се, приспе, и увеси, яко будет, глаголет Адонаи Господь: се есть день, о немже глаголах,
တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ အမှုရောက်လေပြီ။ ပြည့်စုံလေပြီ။ ယခုနေ့ရက် သည် ငါမိန့်မြွက်နှင့်ပြီးသော နေ့ရက်ဖြစ်၏။
9 и изыдут живущии во градех Израилевых, и пожгут оружие, и щиты и копия, и луки и стрелы, и жезлы ручныя и сулицы, и раждегут ими огнь седмь лет:
ဣသရေလမြို့တို့၌ နေသောသူတို့သည် ထွက် သွား၍၊ စစ်တိုက်လက်နက်၊ ဒိုင်း၊ လွှား၊ လေး၊ မြှား၊ တုတ်၊ လှံများကို ခုနစ်နှစ်ပတ်လုံး မီးရှို့ကြလိမ့်မည်။
10 и не возмут древес с поля, ни изсекут от дубравы, но оружием раждегут огнь, и пленят пленившыя их и расхитят расхитивших я, глаголет Адонаи Господь.
၁၀ထိုကာတွင် ဥယျာဉ်တော်၌ထင်းမခွေ၊ တော၌ ထင်းမခုတ်မလှဲ၊ စစ်တိုက်လက်နက်တို့နှင့် မီးမွေးကြလိမ့် မည်။ ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးကြလိမ့်မည်။ လုယူသောသူတို့၏ ဥစ္စာကိုလည်းလုယူကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
11 И будет, в той день дам Гогу место нарочито, гроб во Израили, многопогребателно, пришедших на восток моря, и заградят устие дебри и погребут тамо Гога и все множество его, и прозовется та дебрь: многопогребателное Гога.
၁၁ထိုကာလတွင် ဣသရေလပြည်၊ အိုင်အရှေ့၊ ခရီးသွားရာချိုင့်၌ ထင်ရှားသော သင်္ချိုင်းကိုဂေါဂအား ငါပေးမည်။ ခရီသွားသော သူတို့သည် နှာခေါင်းကို ပိတ်ရ ကြလိမ့်မည်။ ထိုအရပ်၌ ဂေါဂ နှင့်သူ၏လူ အလုံးအရင်းရှိသမျှကိုမြေ၌ မြှုပ်၍၊ ထိုချိုင့်သည် ဟာမုန်ဂေါဂ ချိုင့်အမည်ဖြင့် တွင်လိမ့်မည်။
12 И закопают я дом Израилев, да очистится земля в седмь месяц,
၁၂ဣသရေလ အမျိုးသားတို့သည် ပြည်ကို သန့်ရှင်းစေခြင်းငှါ ခုနစ်နှစ်ပတ်လုံး မြေ၌မြှုပ်ကြ လိမ့်မည်။
13 и погребут я вси людие земли, и будет им именито, в оньже день прославлюся, глаголет Адонаи Господь.
၁၃ပြည်သားအပေါင်းတို့သည် ဝိုင်း၍မြေ၌မြှုပ်သဖြင့်၊ ငါ၏ဘုန်းပွင့်သော ထိုနေ့ရက်၌ သူတို့သည်လည်း ကျော်စောခြင်းသို့ ရောက်ကြလိမ့်မည် ဟုအရှင်ထာဝရ ဘုရား မိန့်တော်မူ၏။
14 И мужей всегда поставят обходити всю землю, еже погребсти оставшихся на лицы земли и очистити ю по седми месяцех, и взыщут опасно.
၁၄အရပ်ရပ်လှည့်လည်၍ အခြားသောခရီးသည် တို့နှင့် ဝိုင်းလျက်၊ မြေပေါ်၌ကြွင်းသေးသော အသေ ကောင်တို့ကို မြှုပ်၍၊ ထိုပြည်ကို သန့်ရှင်းစေခြင်းငှါ အစဉ်အမှုစောင့်သော သူတို့ကိုရွေးကောက်၍ ခန့်ထား ရကြလိမ့်မည်။ ထိုသူတို့သည် ခုနစ်လမက ရှာဖွေ ကြစဉ်တွင်၊
15 Всяк проходяй землю и узревый кость человечу сотворит у нея знамение, дондеже погребут ю погребающии в дебри, многопогребателнем Гогове.
၁၅လှည့်လည်၍ ခရီးသွားသောသူတို့သည် အသေ ကောင်၏ အရိုးကိုတွေ့မြင်လျှင်၊ မြေ၌မြှုပ်သော သူတို့သည် ဟာမုန်ဂေါဂချိုင့်၌ မမြှုပ်မှီတိုင်အောင်၊ အရိုး၏အနားမှာမှတ်တိုင်ကို စိုက်ရကြမည်။
16 Ибо имя месту (прозовется) Падение многопогребателное: и очистится земля.
၁၆ထိုအရပ်၌ တည်သောမြို့သည်လည်း ဟာမုန် မြို့ဟူ၍တွင်သဖြင့်၊ ထိုသို့ပြည်တော်ကို သန့်ရှင်းစေကြ လိမ့်မည်။
17 И ты, сыне человечь, рцы: сия глаголет Адонаи Господь: рцы всяцей птице парящей и ко всякому зверю селному: соберитеся и приидите от всех окрестных его на заколение Мое, еже заклах вам, заклание велие на горах Израилевых, ядите мяса и пийте кровь:
၁၇အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို ငှက်အမျိုးမျိုးတို့နှင့် မြေတိရစ္ဆာန်ခပ်သိမ်တို့အား၊ ဆင့်ဆိုရမည်မှာ၊ စည်ဝေး၍လာကြလော့။ ဣသရေလ တောင်တို့အပေါ်၌ သင်တို့အဘို့ ငါစီရင်သော ယဇ်ပွဲကြီး သို့ အရပ်ရပ်တို့က စည်းဝေး၍၊ အသားအသွေးကို သောက်စားခြင်းငှါ လာကြလော့။
18 мяса исполинов изясте и кровь князей земных испиете, овны и телцы, и козлы и волы тучнии вси:
၁၈သင်တို့သည် အားကြီးသောသူတို့၏ အသား၊ လောကီမင်းတို့၏အသွေး၊ ဗာရှန်ပြည်၌ ဆူအောင်ကျွေး သော သိုးထီး၊ ဆိတ်ထီး၊ နွားလားဥဿဘတို့၏ အသား အသွေးကို သောက်စားရကြလိမ့်မည်။
19 и да ясте тук до сытости и испиете кровь до пиянства от заклания Моего, еже заклах вам:
၁၉သင်တို့အဘို့ ငါစီရင်သော ယဇ်ပွဲ၌ ဆီဥကိုဝစွာ စားရကြလိမ့်မည်။ အသွေးနှင့်ယစ်မူးသည်တိုင်အောင် သောက်ရကြလိမ့်မည်။
20 и насытитеся от трапезы Моея, от коня и всадника, исполина и всякаго мужа воинскаго, глаголет Адонаи Господь.
၂၀ထိုသို့စားပွဲ၌မြင်း၊ မြင်းစီးသူရဲ၊ ခွန်အားကြီး သောသူ၊ စစ်တိုက်သောသူ အမျိုးမျိုးတို့ကို ဝစွာစားရကြ လိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
21 И дам славу Мою в вас, и узрят вси языцы суд Мой, егоже сотворих, и руку Мою, юже наведох на ня,
၂၁ငါ့ဘုန်းကိုလည်း တပါးအမျိုးသားတို့တွင် ငါထင်ရှားစေ၍၊ ငါစီဂရင်သောတရားမှုနှင့်၊ သူတို့၌ ငါတင်သောလက်ကို တပါးအမျိုးသားအပေါင်းတို့သည် မြင်ရကြလိမ့်မည်။
22 и увесть дом Израилев, яко Аз есмь Господь Бог их от сего дне и в прочыя.
၂၂ငါသည်သူတို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို ဣသရေလအမျိုးသားတို့သည် ထိုနေ့မှ စ၍ သိရကြလိမ့်မည်။
23 И уведят вси языцы, яко грехов ради своих пленени быша дом Израилев, понеже отвергошася Мене, и отвратих лице Мое от них и предах я в руце врагов их, и падоша мечем вси:
၂၃ဣသရေလအမျိုးသားတို့သည် မိမိအမျိုးတို့ အပြစ်ကြောင့် သိမ်းသွားခြင်းခံရကြောင်းကို တပါး အမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါ့ကိုပြစ်မှားသော ကြောင့်၊ ငါသည် မျက်နှာလွှဲ၍ ရန်သူတို့လက်သို့ အပ် သဖြင့်၊ ထိုသူအပေါင်းတို့သည် ထားဖြင့် လဲ၍ သေရ ကြပြီ။
24 по нечистотам их и по беззаконием их сотворих им и отвратих лице Мое от них.
၂၄သူတို့ညစ်ညူးသောအမှု၊ လွန်ကျူးခြင်းအမှုတို့ အတိုင်း ငါသည် ပြု၍ မျက်နှာကိုလွှဲပြီ။
25 Того ради сия глаголет Адонаи Господь: ныне возвращу пленение Иаковле и помилую дом Израилев, и возревную имене ради Моего святаго:
၂၅ဤအမှုတွင် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သိမ်းသွားခြင်းကို ခံရသောယာကုပ် အမျိုးကို ငါတဖန်ဆောင်ခဲ့၍၊ ဣသရေလအမျိုးသားအပေါင်းတို့ကို ကယ်မသနားသဖြင့်၊ ငါ၏နာမမြတ်အဘို့ အလိုငှါ စိတ်အားကြီးမည်။
26 и возмут безчестие свое и всякую неправду свою, еюже неправдоваша, егда вселятся на земли своей с миром и не будет устрашающаго,
၂၆သူတို့ကို လူအမျိုးမျိုးထဲက ငါခေါ်ခဲ့၍၊
27 внегда возвращу я от язык и соберу я от стран языческих и освящуся в них пред языки:
၂၇ရန်သူနေရာပြည်တို့မှ စုဝေးစေလျက်၊ သူတို့ အားဖြင့်များစွားသော လူမျိုးတို့ရှေ့မှာ ငါသည်ချီးမြှောက် ခြင်းသို့ရောက်သောအခါ၊ သူတို့သည် ကြောက်စေသော သူမရှိ၊ ငြိမ်ဝပ်စွာနေကြစဉ်တွင် ခံရဘူးသောအရှက်ကွဲ ခြင်းနှင့်၊ ငါအားပြစ်မှားခြင်းအပြစ်များကို အောက်မေ့ကြ ရလိမ့်မည်။
28 и уведят, яко Аз есмь Господь Бог их, внегда явлюся им во языцех и соберу я на землю их и не оставлю от них тамо ктому:
၂၈ငါသည်သူတို့ကို တပါးအမျိုးသားတို့၏ သိမ်း သွားခြင်းကို ခံစေသောကြောင့်၎င်း၊ နောက်တဖန် နေရင်းပြည်၌ စုဝေးစေ၍ နေရာချသောကြောင့်၎င်း၊ သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်။
29 и не отвращу лица Моего ктому от них, зане излиях ярость Мою на дом Израилев, глаголет Адонаи Господь.
၂၉ငါသည် ကိုယ်ဝိညာဉ်ကို ဣသရေလအမျိုးသား အပေါ်သို့ သွန်းလောင်းသောအခါ၊ သူတို့တွင် တယောက် ကိုမျှ နောက်တဖန်ငါမစွန့်ပစ်၊ ငါ့မျက်နှာကိုလည်းမလွှဲဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

< Книга пророка Иезекииля 39 >