< Исход 27 >

1 И да сотвориши олтарь от древ негниющих, пяти лакот в долготу и пяти лакот в широту: четвероуголен да будет олтарь, и трех лактий высота его.
``အ​ကာ​ရှ​သစ်​သား​ဖြင့်​ယဇ်​ပလ္လင်​ကို​ပြု​လုပ် လော့။ ထို​ပလ္လင်​သည်​အ​လျား​ခု​နစ်​ပေ​ခွဲ၊ အ​နံ ခု​နစ်​ပေ​ခွဲ​နှင့်​အ​မြင့်​လေး​ပေ​ခွဲ​ရှိ​စေ​ရ​မည်။-
2 И да сотвориши роги на четырех углех: из него да будут роги, и покрыеши я медию.
ပလ္လင်​လေး​ထောင့်​တွင်​ဦး​ချို​သဏ္ဌာန်​အ​တက် လေး​ခု​ရှိ​စေ​ရ​မည်။ ထို​ဦး​ချို​တို့​သည်​ပလ္လင် နှင့်​တစ်​သား​တည်း​ရှိ​၍ တစ်​ခု​လုံး​ကို​ကြေး ဝါ​ပြား​ဖြင့်​ဖုံး​ထား​ရ​မည်။-
3 И да сотвориши венец олтарю: и покров его, и фиалы его, и вилицы его, и кадилник его, и вся сосуды его да сотвориши медяны.
ပြာ​နှင့်​အ​ဆီ​ခံ​အိုး၊ ဂေါ်​ပြား၊ အင်​တုံ၊ ချိတ်၊ မီး ကျီး​ခံ​အိုး​အ​စ​ရှိ​သော​ယဇ်​ပလ္လင်​နှင့်​ဆိုင်​ရာ တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ် ရ​မည်။-
4 И да сотвориши ему огнище на подобие мрежи медяно: и сотвориши огнищу четыри колца медяна на четыри страны,
ပလ္လင်​အ​တွက်​ကြေး​ဝါ​ဆန်​ခါ​ကို​လည်း​ပြု​လုပ် ရ​မည်။ ထို​ဆန်​ခါ​ထောင့်​လေး​ထောင့်​တွင်​ကြေး​ဝါ ကွင်း​လေး​ကွင်း​တပ်​ဆင်​ရ​မည်။-
5 и подложиши я под огнище олтаря снизу, и будет огнище до среды олтаря.
ပလ္လင်​အမြင့်​ထက်​ဝက်​နေ​ရာ​၌​ဆန်​ခါ​ကို​တပ် ဆင်​ရ​မည်။-
6 И да сотвориши олтарю носила от древес негниющих, и окуеши я медию,
ပလ္လင်​ကို​ထမ်း​ရန်​အ​ကာ​ရှ​သစ်​သား​ဖြင့်​ထမ်း ပိုး​များ​ပြု​လုပ်​၍၊ ထို​ထမ်း​ပိုး​များ​ကို​ကြေး ဝါ​ပြား​ဖြင့်​ဖုံး​ထား​ရ​မည်။-
7 и вложиши носила в колца: и да будут носила олтарю по бокам, еже подимати его.
ယဇ်​ပလ္လင်​ကို​သယ်​ဆောင်​ရန်​ထမ်း​ပိုး​များ​ကို တစ်​ဘက်​တစ်​ချက်​ရှိ​ကွင်း​များ​တွင်​လျှို​ထား ရ​မည်။-
8 Тощь, дощатый сотвориши его: по показанному тебе на горе, тако сотвориши его.
တောင်​ပေါ်​တွင်​ငါ​ပြ​သော​ပုံ​စံ​အ​တိုင်း​ယဇ်​ပလ္လင် ကို ဟင်း​လင်း​ပေါက်​ဖြစ်​စေ​ရန်​ပျဉ်​ပြား​ဖြင့်​ပြု လုပ်​ရ​မည်။
9 И да сотвориши двор скинии: на стране, яже к югу, завесы двора из виссона сканаго: долгота сто лакот стране единей:
``ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ကို ပိတ်​ချော​ကန့်​လန့် ကာ​တို့​ဖြင့်​ကာ​ရံ​ထား​ရ​မည်။ တောင်​ဘက်​ကိုက် ငါး​ဆယ်​ရှည်​သော​ကန့်​လန့်​ကာ​ဖြင့်​ကာ​ရ​မည်။-
10 и столпы их двадесять, и стояла их двадесять медяна, и крючки их, и верхи их сребряны.
၁၀ထို​ကန့်​လန့်​ကာ​ချိတ်​ဆွဲ​ရန်​အ​တွက်​တိုင်​နှစ်​ဆယ်၊ ဖိ​နပ်​နှစ်​ဆယ်​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြုလုပ်​၍​တိုင် ချိတ်၊ တိုင်​တန်း​များ​ကို​ငွေ​ဖြင့်​ပြီး​စေ​ရ​မည်။-
11 Такожде на стране, яже к северу, завесы сто лакот в долготу, и столпы их двадесять, и стояла их двадесять медяна, и крючки их, и верхи столпов, и стояла их посребрена сребром.
၁၁မြောက်​ဘက်​တွင်​လည်း​ထို​နည်း​အ​တိုင်း​ကန့်​လန့် ကာ​ချိတ်​ဆွဲ​ရန်​စီ​မံ​လော့။-
12 Широта же двора, яже к морю, опоны пятьдесят лакот: столпы их десять, и стояла их десять.
၁၂တဲ​တော်​ဝင်း​အ​နောက်​ဘက်​တွင်​နှစ်​ဆယ့်​ငါး​ကိုက် ရှည်​သော​ကန့်​လန့်​ကာ​ကို​ချိတ်​ဆွဲ​ရန်၊ တိုင်​ဆယ် တိုင်​နှင့်​ဖိ​နပ်​ဆယ်​ခု​ရှိ​စေ​ရ​မည်။-
13 И широта двора, яже к востоку, завесы пятьдесят лактий: столпы их десять, и стояла их десять.
၁၃တဲ​တော်​တံ​ခါး​ဝ​တည်​ရှိ​ရာ​အ​ရှေ့​ဘက်​တွင် လည်း၊ နှစ်​ဆယ့်​ငါး​ကိုက်​ရှည်​သော​အကာ​အရံ ရှိ​စေ​ရ​မည်။-
14 И пятьнадесять лакот высота опон стране единей: столпы их три, и стояла их три:
၁၄အ​ဝင်​ဝ​တစ်​ဘက်​တစ်​ချက်​တွင်​ခု​နစ်​ကိုက်​ခွဲ ရှည်​သော​ကန့်​လန့်​ကာ​နှင့်​တိုင်​သုံး​တိုင်၊ ဖိ​နပ် သုံး​ခု​ရှိ​စေ​ရ​မည်။-
15 и стране вторей опон пятьнадесять лакот высота: столпы их три, и стояла их три.
၁၅
16 И вратам двора завеса двадесять лакот в высоту, от синеты и багряницы, и червленицы сканыя и виссона сканаго пестрением швенным: столпы их четыри, и стояла их четыри.
၁၆တဲ​တော်​ဝင်း​တံ​ခါး​ဝ​အ​တွက်​အ​လျား​ဆယ် ကိုက်​ရှိ​၍​သိုး​မွေး​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​နှင့်​ချည်​ချော​တို့​ဖြင့်​ရက်​သော​ပန်း​ထိုး ကန့်​လန့်​ကာ​ပြု​လုပ်​ရ​မည်။ ထို​ကန့်​လန့်​ကာ​ကို ဖိ​နပ်​လေး​ခု​တွင်​စွပ်​ထား​သော​တိုင်​လေး​တိုင် ဖြင့်​ချိတ်​ဆွဲ​ရ​မည်။-
17 Вси столпы двора окрест окованы сребром, и верхи их сребряны, и стояла их медяна.
၁၇တဲ​တော်​ပတ်​လည်​ရှိ​တိုင်​အား​လုံး​ကို​ငွေ​တန်း​များ ဖြင့်​ဆက်​ထား​၍၊ ချိတ်​များ​ကို​ငွေ​ဖြင့်​လည်း​ကောင်း၊ ဖိ​နပ်​များ​ကို​ကြေး​ဝါ​ဖြင့်​လည်း​ကောင်း​ပြု​လုပ် ရ​မည်။-
18 Долгота же двора сто на сто, и широта пятьдесят на пятьдесят, и высота пяти лактий от виссона сканаго: и стояла их медяна.
၁၈တဲ​တော်​ဝင်း​အ​ကာ​အ​ရံ​သည်​အ​လျား​ပေ​တစ် ရာ့​ငါး​ဆယ်၊ အ​နံ​ခု​နစ်​ဆယ့်​ငါး​ပေ​နှင့်​အ​မြင့် ခု​နစ်​ပေ​ခွဲ​ရှိ​ရ​မည်။ ကန့်​လန့်​ကာ​များ​ကို​ပိတ် ချော​ဖြင့်​လည်း​ကောင်း၊ ဖိ​နပ်​များ​ကို​ကြေး​ဝါ ဖြင့်​လည်း​ကောင်း​ပြု​လုပ်​ရ​မည်။-
19 И все устроение, и вся орудия, и гвозди двора медяны.
၁၉တဲ​တော်​အ​တွက်​အ​သုံး​အ​ဆောင်​ပစ္စည်း​အား လုံး​ကို​လည်း​ကောင်း၊ တဲ​တော်​နှင့်​တဲ​တော်​အကာ အရံ​အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ရ​မည်။
20 И ты заповеждь сыном Израилевым, и да возмут тебе елей от масличия без дрождей чист изжат в светение, да горит светилник всегда.
၂၀``ဆီ​မီး​တိုင်​ကို​ည​နေ​တိုင်း​ထွန်း​ညှိ​နိုင်​ရန် အ ကောင်း​ဆုံး​သံ​လွင်​ဆီ​ကို​ယူ​ဆောင်​ခဲ့​ကြ​လော့ ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို လော့။-
21 В скинии свидения вне завесы, яже над заветом, возжигати будет его Аарон и сынове его, от вечера даже до утра, пред Господем, законно вечно в роды вашя от сынов Израилевых.
၂၁အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ တဲ​တော်​အ​တွင်း​ပ​ဋိ​ညာဉ်​သေတ္တာ ကို ကာ​ရံ​ထား​သော​ကန့်​လန့်​ကာ​အ​ပြင်​ဘက် တွင်၊ ထို​ဆီ​မီး​တိုင်​ကို​ည​နေ​မှ​နံ​နက်​ထိ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ထွန်း​ထား​ရ မည်။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​သူ​တို့​၏ အ​ဆက်​အ​နွယ်​တို့​သည် ဤ​ပ​ညတ်​ချက်​ကို အ​မြဲ​စောင့်​ထိန်း​ရ​ကြ​မည်။

< Исход 27 >