< Книга Есфири 7 >
1 Вниде же царь и Аман пировати со царицею.
၁ဤသို့ဖြင့်မင်းကြီးနှင့်ဟာမန်သည် ဧသတာ ၏ညစာစားပွဲသို့-
2 И рече царь Есфири во вторый день на пиру: что есть, Есфире царице? И что прошение твое? И что моление твое? И будет тебе до полуцарствия моего.
၂ဒုတိယအကြိမ်သွားရောက်ကြ၏။ မင်းကြီး သည်စပျစ်ရည်သောက်လျက်နေစဉ်ဧသတာ အား``မိဖုရားဧသတာ၊ အဘယ်ဆုကိုတောင်း လိုပါသနည်း။ ငါ့အားပြောကြားလော့။ သင့် အားငါပေးမည်။ ငါ၏အင်ပါယာနိုင်ငံတော် တစ်ဝက်တိုင်အောင်သင့်အားငါပေးမည်'' ဟု မိန့်တော်မူ၏။
3 И отвещавши (Есфирь царица) рече: аще обретох благодать пред очима твоима, царю, да дастся душа моя прошению моему и людие мои молению моему:
၃မိဖုရားဧသတာက``အရှင်မင်းကြီးကျွန် တော်မသည်စိတ်တော်နှင့်တွေ့၍တောင်းလျှောက် သည်ကိုပေးတော်မူမည်ဆိုပါလျှင် ကျွန်တော် မ၏အသက်နှင့်ကျွန်တော်မ၏အမျိုးသား ချင်းတို့၏အသက်ကိုချမ်းသာပေးတော် မူပါ။-
4 продани бо есмы, аз же и людие мои, на погибель и расхищение и в работу, мы же и чада наша в рабы и рабыни, и небрегох: несть бо достоин клеветник двора царева.
၄ကျွန်တော်မနှင့်ကျွန်တော်မ၏အမျိုးသား ချင်းတို့အားရောင်းစားလိုက်ကြပြီဖြစ်၍ ကျွန်တော်မတို့သည်သေရကြပါတော့မည်။ အကယ်၍ကျွန်ဘဝသို့ရောက်ရကြရုံသာ ဆိုလျှင်ကျွန်တော်မသည်အရှင်မင်းကြီး အားအနှောင့်အယှက်မပေးဘဲကြိတ်၍ခံ မည်သာဖြစ်ပါ၏။ ယခုမှာမူကျွန်တော် မတို့သည်အမျိုးပြုတ်အောင်သုတ်သင် ဖျက်ဆီးခြင်းကိုခံရကြပါတော့မည်'' ဟုလျှောက်၏။
5 И рече царь: кто есть сей, иже дерзну сотворити вещь сию?
၅ထိုအခါဧကရာဇ်မင်းက``ဤသို့သော အမှုမျိုးကိုအဘယ်သူပြုရဲသနည်း။ ထိုသူကားအဘယ်မှာရှိသနည်း'' ဟု မေးတော်မူ၏။
6 И рече Есфирь: человек враг, Аман лукавый сей. Аман же смятеся от царя и царицы.
၆ဧသတာက``ကျွန်တော်မတို့၏ရန်သူ၊ ကျွန် တော်မတို့အား နှိပ်စက်ညှင်းပန်းသူမှာဤ သူယုတ်မာဟာမန်ပင်ဖြစ်ပါသည်'' ဟု ပြန်၍လျှောက်လေ၏။ ထိုအခါဟာမန်သည်ကြောက်လန့်တုန်လှုပ် လျက်နေတော့၏။-
7 Царь же воста со гневом от пира (и иде) в вертоград: Аман же моляше царицу, видяше бо себе в бедах суща.
၇မင်းကြီးသည်အမျက်ထွက်၍ညစာစား ပွဲမှထပြီးလျှင်ဥယျာဉ်တော်သို့ကြွတော် မူ၏။ ဟာမန်သည်ဤအမှုကိစ္စအတွက် မိမိအားဧကန်မုချမင်းကြီးအပြစ်ပေး တော်မူမည်ကိုသိသဖြင့် မိမိ၏အသက် ကိုချမ်းသာပေးပါမည့်အကြောင်း ဧသတာအားအသနားခံရန်နေ ရစ်ခဲ့၏။-
8 Возвратися же царь из вертограда, и Аман припаде к ложу, на немже бе Есфирь, моля царицу. И рече царь: егда и жену насилует в дому моем? Аман же слышав изменися лицем.
၈သူသည်ဧသတာ၏သလွန်ထက်သို့လှဲချ ကာအသနားခံမည်အပြုတွင်မင်းကြီး သည် ဥယျာဉ်တော်မှပြန်လည်ရောက်ရှိကာ ညစာခန်းမဆောင်သို့ဝင်လာလေသည်။ ဟာမန်၏အမူအရာကိုမြင်သောအခါ မင်းကြီးက``ဤသူသည်မိဖုရားအားနန်း တော်အတွင်းငါ့ရှေ့မှောက်၌ပင်မတရား ပြုကျင့်မည်လော'' ဟုဟစ်အော်မိန့်မြွက် တော်မူ၏။ ယင်းသို့မင်းကြီးမိန့်မြွက်လိုက်သည့်အခါ မိန်းမစိုးတို့သည်ဟာမန်၏မျက်နှာကို ဖုံးအုပ်ကြလေသည်။
9 Рече же Вугафан един от скопцев, сей же ведяше о том древе, видев е в дому Аманове, егда призываше его на обед царский, и о сем испытав единаго от отрок, уразумев замышляемое, и рече ко царю: се, и древо уготова Аман Мардохею глаголавшему благая о цари, и стоит в дому Аманове возвышено на лакот пятьдесят. И рече царь: да повесится (Аман) на нем.
၉ထိုနောက်မိန်းမစိုးဟာဗောနက``ဟာမန် သည်အရှင်မင်းကြီး၏အသက်ကိုကယ် ဆယ်သူမော်ဒကဲအားသတ်ရန် မိမိ၏ အိမ်၌လည်ဆွဲစိုက်ထူထားပါသည်။ ထို လည်ဆွဲတိုင်သည်ခုနစ်ဆယ့်ငါးပေမြင့် ပါ၏'' ဟုလျှောက်လေ၏။ မင်းကြီးက``ဟာမန်ကိုထိုတိုင်၌ဆွဲထား ကွပ်မျက်စေ'' ဟုအမိန့်ပေးတော်မူ၏။
10 И повешен бысть Аман на древе, еже уготова Мардохею. И тогда царь утолися от ярости.
၁၀သို့ဖြစ်၍ဟာမန်သည်မော်ဒကဲအတွက် မိမိစိုက်ထူထားသည့်လည်ဆွဲတိုင်၌ပင် ကွပ်မျက်ခြင်းခံရလေတော့၏။ ထိုနောက် မှမင်းကြီးသည်အမျက်တော်ပြေသွား လေသည်။