< Вторая книга Паралипоменон 19 >

1 И возвратися Иосафат царь Иудин в дом свой мирно во Иерусалим.
ယုဒရှင်ဘုရင်ယောရှဖတ်သည် ယေရုရှလင်မြို့ နန်းတော်သို့ ငြိမ်ဝပ်စွာ ပြန်လာ၏။
2 И изыде во сретение ему Ииуй сын Ананиин пророк и рече к нему: царю Иосафате, нечестиву ли даеши помощь, или ненавидимому от Господа дружиши? И рече ему Ииуй: сего ради бысть на тя гнев Господень:
ဟာနန်သားပရောဖက်ယေဟုသည်၊ ယောရှ ဖတ်မင်းကြီးကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွား၍၊ မင်းကြီးသည် မတရားသောသူတို့ကို မစသင်သလော။ ထာဝရဘုရားကို မုန်သောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား၏ အချက်တော် သည် မင်းကြီးအပေါ်သို့ သက်ရောက်လေပြီ။
3 но токмо дела благая обретошася в тебе, зане отял еси кумиры от земли Иудины и исправил еси сердце твое взыскати Господа.
သို့သော်လည်း၊ မင်းကြီးသည် တပြည်လုံးတွင်၊ အားရှရပင်တို့ကို ပယ်ရှား၍၊ ဘုရားသခင်ကိုရှာခြင်းငှါ သဘောချသောကြောင့်၊ ကျင့်သော အကျင့်ကောင်းပါပြီ ဟု ဆို၏။
4 И вселися Иосафат во Иерусалиме, и паки изыде к людем от Вирсавеи даже до горы Ефремли, и возврати их ко Господу Богу отец своих.
ထိုနောက်၊ ယောရှဖတ်သည် ယေရုရှလင်မြို့၌ နေ၏။ တဖန်ဗေရရှေဘမြို့မှစ၍၊ ဧဖရိမ်တောင် တိုင်အောင် လှည့်လည်သဖြင့်၊ ပြည်သားတို့ကို ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်စေတော် မူ၏။
5 И постави судии во всех градех Иудиных крепких, во всяцем граде,
ယုဒနိုင်ငံတွင်၊ ခိုင်ခံ့သောမြို့ရှိသမျှအသီးအသီး တို့၌ တရားသူကြီးတို့ကို ခန့်ထား၍၊
6 и рече судиям: видите, что вы творите, не человеческий бо вы суд творите, но Господень, и с вами словеса суда:
သင်တို့ပြုသောအမှုကို သတိပြုကြလော့။ လူ၏ အမှုကိုစောင့်၍ တရားစီရင်သည်မဟုတ်။ သင်တို့စီရင်ရာ တွင်၊ ရှိတော်မူသော ထာဝရဘုရား၏အမှုတော်ကို စောင့်၍ စီရင်ရကြ၏။
7 и ныне да будет страх Господень на вас, и храните и творите, яко несть у Господа Бога нашего неправды, ниже дивления лицу, ни приятия мзды.
သို့ဖြစ်၍ ထာဝရဘုရားကို ကြောက်ရွံ့သော စိတ်ရှိ၍ သတိပြုကြလော့။ ငါတို့ဘုရားသခင်သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာကို ထောက် ခြင်း၊ တံစိုးစားခြင်း အခွင့်ရှိတော်မမူဟု မှာထားတော် မူ၏။
8 Во Иерусалиме же постави Иосафат левитов и священников и отценачалников от Израиля в суд Господень, да судят живущих во Иерусалиме.
ယေရုရှလင်မြို့၌လည်း၊ ထာဝရဘုရား၏တရားမှုကို၎င်း၊ ယေရုရှလင်မြို့သားအချင်းချင်း တရား တွေ့မှုတို့ကို၎င်း၊ စီရင်စေခြင်းငှါ လေဝိသား၊ ယဇ်ပုရော ဟိတ်၊ ဣသရေလအဆွေအမျိုး သူကြီးအချို့တို့ကို ခန့်ထား၍၊
9 Повеле же им, глаголя: тако творите во страсе Господни, во истине и сердцем совершенным:
သင်တို့သည် စုံလင်သောစိတ်နှလုံးနှင့် ထာဝရ ဘုရားကိုကြောက် ရွံ့လျက်၊ သစ္စာစောင့်လျက် စီရင်ကြ လော့။
10 всякую распрю, яже приидет к вам, братий ваших обитающих во градех своих, между кровию крове, и между повелением и заповедию, и оправданьми и судбами, разсудите им, да не согрешают Господеви, и не приидет гнев на вас и на братию вашу: тако творите и не согрешите:
၁၀အမြို့မြို့၌နေသော အမျိုးသားချင်းတို့တွင်၊ လူအသက်သတ်ခြင်းအမှု၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ် တရားကို လွန်ကျူးခြင်းအမှုမည်သည်ကား၊ သင်တို့ ရှေ့သို့ရောက်လျှင်၊ သင်တို့နှင့်အမျိုးသားချင်းတို့အပေါ် သို့ အမျက်တော်သက်ရောက်စေခြင်းငှါ၊ သူတို့သည် ထာဝရဘုရားကို အပြစ်မှားရမည်အကြောင်း သတိပေး ကြလော့။ သို့ပြုလျှင်၊ ကိုယ်တိုင်အပြစ်လွတ်ကြလိမ့်မည်။
11 и се Амариа, священник вождь над вами во всяко слово Господне: и Завдиа сын Исмаиль вождь в дому Иудине во всякому слову цареву: и книжницы и левити пред вами: укрепитеся и творите, и будет Господь со благим.
၁၁ထာဝရဘုရား၏ အမှုအရာရာတွင်၊ ယဇ်ပုရော ဟိတ်မင်း အာမရိသည် သင်တို့ကို အုပ်ချုပ်ရ၏။ ရှင်ဘုရင်၏အမှုအရာရာတွင်၊ ယုဒအမျိုးမှာ မင်းဖြစ် သော ဣရှမေလသားဇေဗဒိသည် အုပ်ချုပ်ရ၏။ လေဝိ သားတို့သည်လည်း၊ အမှုထမ်းလုလင်လုပ်ရကြ၏။ ရဲရင့်စွာ စီရင်ကြလော့။ ထာဝရဘုရားသည် ကောင်းသူတို့ ဘက်မှာ နေတော်မူမည်ဟု မှာထာတော်မူ၏။

< Вторая книга Паралипоменон 19 >