< Третья книга Царств 10 >

1 И царица Савска услыша имя Соломоне и имя Господне, и прииде искусити его притчами:
ရှေ​ဘ​ပြည့်​ရှင်​ဘု​ရင်​မ​သည် ရှော​လ​မုန်​၏​ကျော် စော​ကိတ္တိ​သ​တင်း​ကို​ကြား​လျှင် ခက်​ခဲ​သော​ပုစ္ဆာ များ​ဖြင့်​မင်း​ကြီး​အား​ပ​ညာ​စမ်း​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​လာ​တော်​မူ​၏။-
2 и прииде во Иерусалим с силою тяжкою зело: и на велблюдех привезоша ароматы и злата много зело, и камение драгое: и вниде к Соломону и глагола ему вся, елика име на сердцы своем.
ဘု​ရင်​မ​သည်​နံ့​သာ​မျိုး၊ ကျောက်​မျက်​ရ​တ​နာ၊ ရွှေ​အ​မြောက်​အ​များ​တင်​ဆောင်​ထား​သည့် ကု​လား​အုတ်​များ​နှင့်​တ​ကွ များ​စွာ​သော အ​ခြံ​အ​ရံ​လိုက်​ပါ​လျက်​ရောက်​ရှိ​လာ​လေ သည်။ သူ​သည်​မင်း​ကြီး​ရှေ့​တော်​သို့​ရောက်​သော အ​ခါ​မိ​မိ​စဉ်း​စား​ရ​သ​မျှ​သော​ပုစ္ဆာ​တို့​ကို မေး​တော်​မူ​၏။-
3 И возвести ей Соломон вся глаголы ея: и не бе слово презрено от царя, егоже не возвести ей.
မင်း​ကြီး​က​လည်း​တစ်​ခု​မ​ကျန်​ဖြေ​ကြား တော်​မူ​သည်။ မင်း​ကြီး​မ​ဖြေ​ရှင်း​နိုင်​လောက် အောင်​ခက်​ခဲ​သည့်​ပုစ္ဆာ​ဟူ​၍​မ​ရှိ။-
4 И виде царица Савска весь смысл Соломонь и дом егоже созда,
ဘု​ရင်​မ​သည်​မင်း​ကြီး​ဉာဏ်​ပ​ညာ​ရှိ​ပုံ၊ မင်း​ကြီး ဆောက်​လုပ်​ထား​သည့်​နန်း​တော်၊ သူ​ကျွေး​မွေး​သည့် အ​စား​အ​စာ၊ မှူး​မတ်​များ​နေ​ထိုင်​ရန်​အ​ဆောက် အ​အုံ​များ၊ နန်း​တွင်း​အ​ရာ​ရှိ​အ​စေ​ခံ​များ​ကို စီ​မံ​ခန့်​ခွဲ​ပုံ​နှင့်​သူ​တို့​ဝတ်​ဆင်​ထား​သော​ဆင် တူ​ဝတ်​စုံ​များ၊ စား​သောက်​ပွဲ​များ​တွင်​မင်း​ကြီး အား​လုပ်​ကျွေး​ရ​သည့်​အ​စေ​အ​ပါး​များ၊ ဗိ​မာန်​တော်​တွင်​ပူ​ဇော်​ထား​သည့်​ယဇ်​များ​ကို မြင်​သော​အ​ခါ​အံ့​သြ​တွေ​ဝေ​၍​သွား​လေ​သည်။-
5 и снеди Соломони, и жилища отроков его, и предстояние служащих ему, и облачение его, и виночерпцы его, и всесожжения его, яже приношаше во храме Господни, и вне себе бысть,
6 и рече к Соломону царю: истинна суть словеса, яже слышах в земли моей,
သူ​သည်​ရှော​လ​မုန်​အား``ကျွန်ုပ်​သည်​ရှေ​ဘ​ပြည် တွင်​ရှိ​စဉ်​အ​ခါ​က အ​ဆွေ​တော်​နှင့်​အ​ဆွေ​တော် ၏​ဉာဏ်​ပ​ညာ​တော်​အ​ကြောင်း​ကို​ကြား​သိ​ခဲ့​ရ သည့်​သ​တင်း​မှန်​ပေ​၏။-
7 о словесех твоих и о смысле твоем: и не ях веры глаголющым ми, дондеже приидох семо, и видеста очи мои: и се, несть ни пол того, якоже ми поведаша: приложил еси премудрость и благая к сим паче всякаго слуха, егоже слышах в земли моей:
သို့​ရာ​တွင်​ကျွန်ုပ်​သည်​ကိုယ်​တိုင်​မျက်​မြင်​ဒိ​ဌ မ​တွေ့​မ​မြင်​ရ​မိ​စဉ်​အ​ခါ​က ထို​သတင်း​ကို မ​ယုံ​နိုင်​ပါ။ ထို​စဉ်​အ​ခါ​က​ကျွန်ုပ်​ကြား​သိ ရ​သည့်​အ​ရာ​များ​သည် ယ​ခု​တွေ့​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​၏​ထက်​ဝက်​မျှ​ပင်​မ​ရှိ​ပါ။ အ​ဆွေ​တော်​၏​ဉာဏ်​ပ​ညာ​တော်​နှင့်​စည်း​စိမ် ချမ်း​သာ​သည်​ကျွန်ုပ်​ကြား​သိ​ခဲ့​သည်​ထက် များ​စွာ​ပို​မို​ကြီး​ကျယ်​ပါ​ပေ​သည်။-
8 блаженны жены твоя, блажени отроцы твои сии, иже предстоят пред тобою всегда, слышаще всякий смысл твой:
အ​ဆွေ​တော်​၏​မိ​ဖု​ရား​များ​သည်​အ​လွန်​မင်္ဂ လာ​ရှိ​ကြ​ပါ​သည်​တ​ကား။ အ​ဆွေ​တော်​၏ အ​ပါး​တော်​တွင်​အ​စဉ်​ခ​စား​လျက် အ​ဆွေ တော်​၏​ထံ​မှ​ဉာဏ်​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား များ​ကို​ကြား​ရ​သူ​အ​ဆွေ​တော်​၏​အ​စေ​ခံ များ​သည်​လည်း အ​လွန်​မင်္ဂ​လာ​ရှိ​ကြ​ပါ​သည် တ​ကား။-
9 буди Господь Бог твой благословен, иже восхоте тя дати на престол Израилев, понеже возлюби Господь Израиля утвердити во веки и постави тя царя над ними творити суд в правде и в судбах их.
အ​ဆွေ​တော်​၏​ဘုရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ ကိုယ်​တော်​သည် အ​ဆွေ​တော်​ကို​လွန်​စွာ​နှစ်​သက်​မြတ်​နိုး​တော်​မူ သည်​ဖြစ်​၍ ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ချီး​မြှောက် တော်​မူ​လေ​ပြီ။ ဣ​သ​ရေ​လ​လူ​မျိုး​ကို​ထာ​ဝ​စဉ် ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​အား​တ​ရား​မျှ​တ​စွာ အုပ်​စိုး​စေ​ရန်​အ​ဆွေ​တော်​ကို​မင်း​မြှောက်​တော် မူ​လေ​ပြီ'' ဟု​ပြော​၏။
10 И даде Соломону сто и двадесять талант злата, и ароматы многи зело, и камение драгое: не приидоша еще таковыя ароматы во множестве, яже даде царица Савска царю Соломону.
၁၀ထို​နောက်​ရှေ​ဘ​ဘု​ရင်​မ​သည်​ရှော​လ​မုန်​အား ရွှေ​ချိန်​ငါး​တန်​နီး​ပါး​ကို​လည်း​ကောင်း၊ နံ့​သာ မျိုး​အ​မြောက်​အ​မြား​နှင့်​ကျောက်​မျက်​ရ​တ​နာ တို့​ကို​လည်း​ကောင်း​ပေး​ဆက်​တော်​မူ​၏။ ရှော​လ​မုန် ရ​ရှိ​ဖူး​သ​မျှ​သော​နံ့​သာ​မျိုး​တို့​အ​နက်​ဘု​ရင် မ​ပေး​ဆက်​သည့်​နံ့​သာ​မျိုး​၏​ပ​မာ​ဏ​မှာ အ​များ​ဆုံး​ဖြစ်​သ​တည်း။
11 И корабль Хирамль приносящь злато из Софира, (и) принесе древа нетесана многа зело, и камение драгое.
၁၁သြ​ဖိ​ရ​မြို့​မှ​ရွှေ​များ​ကို​တင်​ဆောင်​လာ​သော ဟိ​ရံ​၏​သင်္ဘော​စု​သည် စန္ဒ​ကူး​သား​နှင့်​ကျောက် မျက်​ရ​တ​နာ​မြောက်​မြား​စွာ​ကို​လည်း​ယူ ဆောင်​ခဲ့​လေ​သည်။-
12 И сотвори царь древом нетесаным подпоры храму Господню и дому цареву, и сопели и гусли певцем: не приидоша по сем таковая древеса нетесаная на земли, ниже видена быша где даже до дне сего.
၁၂ရှော​လ​မုန်​သည်​စန္ဒ​ကူး​သား​ကို​ဗိ​မာန်​တော်​နှင့် နန်း​တော်​တွင် လက်​ရန်း​များ​ပြု​လုပ်​ရာ​တွင်​လည်း ကောင်း၊ ဂီ​တ​ဆ​ရာ​များ​အ​တွက်​စောင်း​ကြီး၊ စောင်း​ငယ်​များ​ပြု​လုပ်​ရာ​တွင်​လည်း​ကောင်း အ​သုံး​ပြု​တော်​မူ​၏။ ထို​မျှ​ကောင်း​သော​စန္ဒ​ကူး သား​မျိုး​ကို​ဣသ​ရေ​လ​ပြည်​သို့ ယ​ခင်​အ​ဘယ် အ​ခါ​က​မျှ​မ​သွင်း​စ​ဖူး​ချေ။ ယ​နေ့​တိုင် အောင်​လည်း​မ​မြင်​ဘူး​ချေ။
13 И царь Соломон даде царице Савстей вся, елика восхоте и елики проси у него, кроме всех, яже даде ей рукама своима Соломон царь, и возвратися, и отиде в землю свою, сама и вси отроцы ея.
၁၃ရှော​လ​မုန်​မင်း​သည်​အ​ခါ​အား​လျော်​စွာ ပေး​လေ့ ပေး​ထ​ရှိ​သည့်​လက်​ဆောင်​များ​ကို ရှေ​ဘ​ဘု​ရင်​မ အား​ရက်​ရော​စွာ​ပေး​တော်​မူ​သည့်​အ​ပြင် ဘု​ရင်​မ အ​လို​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​လည်း​ပေး​တော် မူ​၏။ ထို့​နောက်​ဘု​ရင်​မ​နှင့်​အ​ခြွေ​အ​ရံ​တို့​သည် ရှေ​ဘ​ပြည်​သို့​ပြန်​သွား​ကြ​၏။
14 И бе вес принесеннаго злата Соломону во едино лето шесть сот и шестьдесят и шесть талант злата,
၁၄နှစ်​စဉ်​နှစ်​တိုင်း​ရှော​လ​မုန်​သည်​ရွှေ​ချိန်​နှစ်​ဆယ့် ငါး​တန်​ရ​ရှိ​၏။-
15 кроме даней от подданных и от купцов и от всех царей странных и от воевод земных.
၁၅ထို့​အ​ပြင်​ကုန်​သည်​ကြီး​များ​ထံ​မှ​ကောက်​ခံ​ရ​ရှိ သည့်​အ​ခွန်​အ​ကောက်​များ၊ ကုန်​စည်​ကူး​သန်း​ရောင်း ဝယ်​မှု​မှ​ထွက်​ပေါ်​လာ​သည့်​အမြတ်​အ​စွန်း​များ၊ အာ​ရပ်​ဘု​ရင်​များ​နှင့်​နယ်​မြေ​ဘုရင်​ခံ​များ ဆက်​သ​သည့်​အ​ခွန်​များ​ရ​ရှိ​သေး​၏။
16 И сотвори царь Соломон триста копий златых кованных, по триста златых во едино копие вдела:
၁၆ရှော​လ​မုန်​သည်​ဒိုင်း​ကြီး​နှစ်​ရာ​ကို​ပြု​လုပ်​ပြီး လျှင် တစ်​ခု​စီ​ကို​ရွှေ​ချိန်​တစ်​ဆယ့်​ငါး​ပေါင်​ခန့် ဖြင့်​မွမ်း​မံ​ထား​စေ​၏။-
17 и триста щитов кованных златых, по три литры злата бяше на коемждо щите: и даде я царь во храм дубравы Ливанския.
၁၇ရွှေ​ချိန်​လေး​ပေါင်​ခန့်​စီ​ဖြင့်​မွမ်း​မံ​ထား​သော​ဒိုင်း ငယ်​သုံး​ရာ​ကို​လည်း​ပြု​လုပ်​၍ ထို​ဒိုင်း​အား​လုံး ကို​လေ​ဗ​နုန်​ခန်း​မ​ဆောင်​တွင်​ထား​ရှိ​စေ​၏။
18 И сотвори царь престол от костей слоновых велий и позлати его златом искушеным:
၁၈မင်း​ကြီး​သည်​ရွှေ​စင်​ဖြင့်​မွမ်း​မံ​ထား​သည့် ဆင် စွယ်​ရာ​ဇ​ပလ္လင်​ကြီး​ကို​လည်း​ပြု​လုပ်​တော်​မူ​၏။-
19 шесть степеней престолу, и образы телцов престолу созади, и верх престола кругл бе созади его, и руце сюду и сюду на престоле седалища, и два льва стояща при руках,
၁၉ရာဇ​ပလ္လင်​ကို​တက်​ရန်​လှေ​ကား​ထစ်​ခြောက်​ထစ်​ရှိ​၍ ယင်း​တို့​၏​အ​စွန်း​တစ်​ဘက်​တစ်​ချက်​တွင်​ခြင်္သေ့ ရုပ်​တစ်​ကောင်​စီ​ရှိ​သ​ဖြင့် စု​စု​ပေါင်း​ခြင်္သေ့​ရုပ် တစ်​ဆယ့်​နှစ်​ကောင်​ရှိ​လေ​သည်။ ရာ​ဇ​ပလ္လင်​၏ ကျော​ဘက်​တွင်​နွား​လား​ဥ​သ​ဘ​၏​ခေါင်း​ရုပ် တစ်​ခု​ရှိ​၍ လက်​တင်​နှစ်​ခု​၏​ဘေး​တစ်​ဘက် တစ်​ချက်​၌​ခြင်္သေ့​ရုပ်​တစ်​ခု​စီ​ရှိ​လေ​သည်။ အ​ခြား​အ​ဘယ်​နိုင်​ငံ​တွင်​မျှ​ဤ​သို့​သော ရာ​ဇ​ပလ္လင်​မျိုး​မ​ရှိ​ချေ။
20 и дванадесять львы стояще ту на шести степенех сюду и сюду: не бяше тако во всяком царстве.
၂၀
21 И вси сосуди, иже бяху при царе Соломоне, злати беша, и умывалницы златы и вси сосуди в храме дубравы Ливанския златокованны: не бяше сребра, понеже за ничто бе сребро во дни Соломони:
၂၁ရှော​လ​မုန်​၏​သောက်​တော်​ရေ​ဖ​လား​မှန်​သ​မျှ သည်​ရွှေ​ဖြင့်​ပြီး​၍ လေ​ဗ​နုန်​တော​ခေါ်​ခန်း​မ ဆောင်​တွင်​ရှိ​သ​မျှ​သော​အ​သုံး​အ​ဆောင်​များ သည်​လည်း​ရွှေ​စင်​ဖြင့်​ပြီး​သ​တည်း။ ရှော​လ​မုန် ၏​လက်​ထက်​က​ငွေ​ကို​တန်​ဖိုး​မ​ထား​သ​ဖြင့် ငွေ​အ​သုံး​အ​ဆောင်​မ​ထား​ချေ။-
22 корабль бо Фарсийский царю Соломону на мори с корабли Хирамлими, единою во триех летех прихождаше цареви корабль из Фарсиса и приношаше злато и сребро, и зубы слоновы, и пифики и павы, и камение точеное и тесаное.
၂၂မင်း​ကြီး​သည်​ဟိ​ရံ​၏​သင်္ဘော​စု​နှင့်​အ​တူ ကူး​သန်း သွား​လာ​ရန်​ပင်​လယ်​ကူး​သင်္ဘော​များ​ရှိ​လေ​သည်။ ထို​သင်္ဘော​တို့​သည်​သုံး​နှစ်​လျှင်​တစ်​ကြိမ်​ပြည်​တော် သို့​ပြန်​လာ​၍ ရွှေ၊ ငွေ၊ ဆင်​စွယ်၊ လူ​ဝံ​နှင့်​မျောက်​များ ကို​ယူ​ဆောင်​လာ​တတ်​ကြ​၏။
23 И возвеличися Соломон паче всех царей земных и богатством и смыслом.
၂၃ရှော​လ​မုန်​မင်း​သည်​ဘု​ရင်​တ​ကာ​တို့​ထက်​ပို​၍ စည်း​စိမ်​ချမ်း​သာ​နှင့်​ဉာဏ်​ပ​ညာ​ရှိ​တော်​မူ​၏။-
24 И вси царие земстии искаху видети лице Соломона, еже бы услышати смысла его, егоже даде ему Господь в сердцы его:
၂၄ထို့​ကြောင့်​ကမ္ဘာ​အ​ရပ်​ရပ်​မှ​လူ​တို့​သည်​မင်း​ကြီး အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဉာဏ်​ပ​ညာ ဖြင့် မြွက်​ဆို​သည့်​စ​ကား​များ​ကို​ကြား​နာ​ရန် လာ​ရောက်​ကြ​၏။-
25 и тии приношаху кийждо дары своя, и сосуды златы и сребряны, и ризы, стакти и сладкости, и кони и мски на всякое лето.
၂၅နှစ်​စဉ်​လာ​ရောက်​ကြ​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​စီ ကိုယ်​ငှ ရွှေ​ထည်၊ အ​ဝတ်​တန်​ဆာ၊ လက်​နက်၊ နံ့​သာ မျိုး၊ မြင်း၊ လား​တို့​ကို​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ် မင်း​ကြီး​အား​ဆက်​သ​ကြ​လေ​သည်။
26 И собра Соломон колесницы и кони, и бяху Соломону четыредесять тысящ кобылиц в колесницы, и дванадесять тысящ конных: и постави я во градех колесниц, а (друзии бяху) у царя во Иерусалиме: и бе властелин всем царем от реки и до земли иноплеменник и до предел Египта.
၂၆ရှော​လ​မုန်​သည်​စစ်​ရ​ထား​တစ်​ထောင့်​လေး​ရာ​နှင့် မြင်း​ကောင်​ရေ​တစ်​သောင်း​နှစ်​ထောင်​ရှိ​သော​တပ်​ကို ဖွဲ့​စည်း​ပြီး​နောက် အ​ချို့​ကို​ယေ​ရု​ရှ​လင်​မြို့​တွင် လည်း​ကောင်း၊ အ​ချို့​ကို​အ​ခြား​မြို့​တို့​တွင်​လည်း ကောင်း​စ​ခန်း​ချ​၍​ထား​တော်​မူ​၏။-
27 И сложи царь злато и сребро во Иерусалиме якоже камение, и кедры сложи якоже черничие, еже на поли во множестве.
၂၇သူ​၏​လက်​ထက်​တော်​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ငွေ သည်​ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ သစ်​က​တိုး သား​သည်​ယု​ဒ​ပြည်​တောင်​ခြေ​၌​အ​လေ့​ကျ ပေါက်​သော​ပိုး​စာ​ပင်​ကဲ့​သို့​လည်း​ကောင်း​ပေါ များ​လေ​သည်။-
28 И привождаху Соломону кони от Египта и от Фекуя купцы царстии и куповаху от Фекуя променою.
၂၈မူ​သ​ရိ​ပြည်​နှင့်​ကိ​လိ​ကိ​ပြည် မှ​မြင်း​များ၊-
29 И прихождаху колесницы из Египта за шесть сот сребреник, и конь за сто пятьдесят сребреник: такожде и ко всем царем Хеттимским и Сирийским по морю исхождаху.
၂၉အီ​ဂျစ်​ပြည်​မှ​ရထား​များ​တင်​သွင်း​မှု​ကို​မင်း ကြီး​၏​အ​ဝယ်​တော်​များ​က​ချုပ်​ကိုင်​ထား​ကြ​၏။ သူ​တို့​သည်​ဟိတ္တိ​နှင့်​ရှု​ရိ​ဘု​ရင်​တို့​အား​မြင်း တစ်​ကောင်​လျှင် ငွေ​သား​ခြောက်​ရာ​နှုန်း​ဖြင့်​လည်း ကောင်း၊ ရထား​တစ်​စီး​လျှင်​ငွေ​သား​တစ်​ရာ့​ငါး ဆယ်​နှုန်း​ဖြင့်​လည်း​ကောင်း​ရောင်း​ချ​ကြ​လေ သည်။

< Третья книга Царств 10 >