< Первая книга Паралипоменон 18 >
1 И бысть по сих, и порази Давид иноплеменники, и прогна их: и взя Геф и веси его от руки иноплеменничи.
၁ထို့နောက်ကာလအနည်းငယ်ကြာသောအခါ ဒါဝိဒ်မင်းသည်ဖိလိတ္တိအမျိုးသားတို့နှင့် စစ်တိုက်ရာအနိုင်ရတော်မူ၏။ သူတို့၏လက် မှဂါသမြို့အနီးတစ်ဝိုက်ရှိကျေးရွာများ ကိုသိမ်းယူတော်မူ၏။-
2 И порази Давид Моава, и бяху Моавити раби Давиду приносяще ему дань.
၂မောဘအမျိုးသားတို့ကိုလည်းနှိမ်နင်းတော် မူသဖြင့် သူတို့သည်မင်းကြီး၏လက်အောက် ခံများဖြစ်လာကြလျက်အခွန်ဘဏ္ဍာများ ကိုဆက်သရကြလေသည်။
3 И порази Давид Адраазара царя Сувска во Емафе, идущу ему поставити руку свою над рекою Евфратом:
၃ထိုနောက်ဒါဝိဒ်မင်းသည်ဟာမတ်မြို့အနီးတွင် ဇောဘဘုရင်ဟာဒဒေဇာကိုတိုက်ခိုက်တော် မူ၏။ အဘယ်ကြောင့်ဆိုသော်ဟာဒဒေဇာ သည်ဥဖရတ်မြစ်အထက်ပိုင်းရှိနယ်မြေ ကိုသိမ်းယူရန်ကြိုးစားအားထုတ်သော ကြောင့်ဖြစ်၏။-
4 и взя от него Давид тысящу колесниц и седмь тысящ конник и двадесять тысящ мужей пешцев, и разби Давид вся колесницы, и остави от них сто колесниц, (ихже удержа себе).
၄ဒါဝိဒ်သည်ထိုမင်း၏စစ်ရထားတစ်ထောင်၊ မြင်းစီးသူရဲခုနစ်ထောင်နှင့်ခြေလျင်တပ် သားနှစ်သောင်းတို့ကိုလက်ရဖမ်းမိတော် မူ၏။ သူသည်စစ်ရထားတစ်ရာအတွက် လိုအပ်သမျှသောမြင်းတို့ကိုသိမ်းယူထား ပြီးလျှင် အခြားမြင်းတို့အားဒူးခေါက်ကြော ကိုဖြတ်၍ခြေဆွံ့အောင်ပြုတော်မူ၏။
5 И прииде Сир от Дамаска, да помощь даст Адраазару царю Сувску, и порази Давид от Сировых двадесять две тысящы мужей:
၅ဒမာသက်မြို့မှရှုရိအမျိုးသားတို့သည် ဟာဒဒေဇာဘုရင်ကိုစစ်ကူရန်တပ်တစ် တပ်စေလွှတ်လိုက်ကြ၏။ ဒါဝိဒ်မင်းသည် သူတို့အားတိုက်တော်မူ၍ လူနှစ်သောင်း နှစ်ထောင်ကိုသုတ်သင်ပစ်တော်မူသည်။-
6 и постави Давид стражу в Сирии, яже близ Дамаска, и бяху Давиду в рабы приносяще дани: и спасе Господь Давида во всех, в нихже хождаше.
၆ထိုနောက်ထိုသူတို့ပိုင်နက်တွင်စစ်စခန်း များချ၍ထားတော်မူ၏။ သူတို့သည်လည်း ဒါဝိဒ်မင်း၏လက်အောက်ခံများဖြစ်လာ ကြလျက် သူ့အားအခွန်ဘဏ္ဍာများကိုဆက် သရကြ၏။ ထာဝရဘုရားသည်ဒါဝိဒ် မင်းအားအရပ်တကာ၌အောင်ပွဲကို ပေးတော်မူ၏။-
7 И взя Давид гривны златыя, ихже имеша раби Адраазаровы, и принесе я во Иерусалим.
၇ဒါဝိဒ်သည်ဟာဒဒေဇာ၏အရာရှိများ ကိုင် ဆောင်သည့်ရွှေဒိုင်းလွှားတို့ကိုဖမ်းဆီးသိမ်းယူ တော်မူပြီးလျှင် ယေရုရှလင်မြို့သို့ဆောင်ယူ သွားတော်မူ၏။-
8 И из Метавефа и от избранных градов Адраазаровых взя Давид меди много зело, из неяже сотвори Соломон море медяно, и столпы, и сосуды медяныя.
၈သူသည်ဟာဒဒေဇာအစိုးရသည့်တိဗဟတ် မြို့နှင့် ခုန်မြို့တို့မှကြေးဝါအမြောက်အမြား ကိုလည်းသိမ်းယူ၍သွားလေသည်။ (နောင်အခါ ၌ရှောလမုန်မင်းသည်ထိုကြေးဝါတို့ဖြင့်ရေ ကန်တိုင်ကြီးများ၊ ဗိမာန်တော်အတွက်အိုး ခွက်များကိုပြုလုပ်သတည်း။)
9 И услыша Фоа царь Емафский, яко порази Давид всю силу Адраазара царя Сувска,
၉ဒါဝိဒ်မင်းသည်ဟာဒဒေဇာမင်း၏တပ်မ တော်တစ်ခုလုံးကိုဖြိုခွင်းလိုက်ကြောင်း ဟာမတ်ဘုရင်တောဣကြားသိလေသော်-
10 и посла Адурама сына своего к царю Давиду, да вопросит его, яже о мире, и благословити его о сем, яко победи Адраазара и порази его, понеже муж противен бяше Фоа Адраазару.
၁၀ဒါဝိဒ်မင်းကြီးအားနှုတ်ခွန်းဆက်သရန်နှင့် စစ်ပွဲနိုင်သည့်အတွက် နှစ်ထောင်းအားရကြောင်း ဖော်ပြရန်သားတော်ဟဒေါရံကိုစေလွှတ် လိုက်လေသည်။ ဟဒေါရံသည်ဒါဝိဒ်မင်း အတွက် ရွှေ၊ ငွေ၊ ကြေးဝါ၊ တို့ဖြင့်ပြီးသော လက်ဆောင်ပဏ္ဏာများကိုယူဆောင်သွား၏။-
11 И вся сосуды златыя и сребряныя и медяныя, и сия освяти царь Давид Господу со сребром и златом, яже взя от всех язык, от Идумеи и Моава, и от сынов Аммоних и от иноплеменник и от Амалика.
၁၁ဒါဝိဒ်မင်းသည်ထိုပစ္စည်းတို့ကိုမိမိစစ်ပွဲနိုင် သည့်ဧဒုံပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိ ပြည်နှင့်အာမလက်ပြည်ရှိလူမျိုးတကာတို့ ထံမှရရှိခဲ့သောရွှေ၊ ငွေများနှင့်အတူဝတ်ပြု ကိုးကွယ်ရာ၌အသုံးပြုရန်ဆက်ကပ်ပူဇော် တော်မူ၏။
12 Авесса же сын Саруиев порази Идумею во юдоли Сланей, осмьнадесять тысящ:
၁၂ဇေရုယာ၏သားအဘိရှဲသည်ဆားချိုင့်ဝှမ်း တွင် ဧဒုံအမျိုးသားလူတစ်သောင်းရှစ်ထောင် ကိုလုပ်ကြံလေသည်။-
13 и постави во юдоли стражу, и беша вси Идумеане раби Давиду. И спасаше Господь Давида во всех, в нихже хождаше.
၁၃သူသည်ဧဒုံပြည်တစ်လျှောက်လုံးတွင်တပ်စခန်း များချ၍ထားသဖြင့် ထိုအရပ်ရှိလူတို့သည် ဒါဝိဒ်၏လက်အောက်ခံများဖြစ်လာကြလေ၏။ ထာဝရဘုရားသည်ဒါဝိဒ်အားအရပ် တကာတွင်အောင်ပွဲကိုပေးတော်မူသတည်း။
14 И воцарися Давид над всем Израилем, и бе творя суд и правду всем людем своим.
၁၄ဒါဝိဒ်သည်ဣသရေလနိုင်ငံတစ်ခုလုံးကို အစိုးရတော်မူ၍ မိမိ၏ပြည်သူပြည်သား အပေါင်းတို့အပေါ်တွင်အစဉ်ပင်တရား မျှတစွာစီရင်အုပ်ချုပ်တော်မူ၏။-
15 Иоав же сын Саруиев (бысть) над воинством, и Иосафат сын Ахилудов памятописец,
၁၅ဇေရုယာ၏ညီယွာဘသည်တပ်မတော် ဗိုလ်ချုပ်ဖြစ်၍ အဟိလုဒ်၏သားယောရှဖတ် သည်မှတ်တမ်းထိမ်းမှူးဖြစ်၏။-
16 и Садок сын Ахитов и Авимелех сын Авиафаров священницы, и Суса книгочий,
၁၆အဟိတုပ်၏သားဇာဒုတ်နှင့်အဗျာသာ၏ သားအဟိမလက်သည်ယဇ်ပုရောဟိတ်များ ဖြစ်ကြ၏။ စရာယကားနန်းတော်အတွင်းဝန် ဖြစ်သတည်း။-
17 и Ванеа сын Иодаев над Херефием и над Фелефием: сынове же Давидовы первии преемницы царевы.
၁၇ယောယဒ၏သားဗေနာယသည်ဒါဝိဒ်၏ ကိုယ်ရံတော်တပ်ဖွဲ့ဝင်၊ ခေရသိအမျိုးသား များနှင့်ပေလသိအမျိုးသားတို့ကိုအုပ်ချုပ် ရလေသည်။ ဒါဝိဒ်၏သားတော်တို့သည်လည်း ကြီးမြင့်သည့်ရာထူးရာခံများတွင်မင်းကြီး ၏အမှုတော်ကိုထမ်းဆောင်ရကြ၏။