< Zekaria 6 >

1 Ndakasimudzazve meso angu ndikaona, hapo pamberi pangu paiva nengoro ina dzaibuda kubva pakati pamakomo maviri, makomo endarira!
တဖန် ငါမျှော်ကြည့်၍၊ ကြေးဝါဖြင့် ပြီးသော တောင်နှစ်လုံးကြားမှ ရထားလေးစီးထွက်လာ၏။
2 Ngoro yokutanga yakanga ine mabhiza matsvuku, yechipiri ine matema,
ပဌမရထား၌ မြင်းနီ၊ ဒုတိယရထား၌ မြင်းနက်၊
3 yechitatu ine machena uye yechina ine mapfumbu, ose aiva nesimba.
တတိယရထား၌မြင်းဖြူ၊ စတုတ္ထရထား၌ ခွန် အားကြီးသော မြင်းကျားတို့သည် ကလျက်ရှိကြ၏။
4 Ndakabvunza mutumwa akanga achitaura neni ndikati, “Zviiko izvi, ishe wangu?”
အကျွန်ုပ်သခင်၊ ထိုရထားတို့ကား အဘယ်သို့ နည်းဟု ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊
5 Mutumwa akandipindura akati, “Iyi ndiyo mweya mina yokudenga, inobuda payakanga imire pamberi paIshe wenyika yose.
ကောင်းကင်တမန်က၊ ထိုရထားတို့သည်၊ မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ရှေ့ တော်၌ ရပ်နေရာမှ ထွက်သွားသော မိုဃ်းကောင်းကင် လေ လေးပါးဖြစ်၏။
6 Ine mabhiza matema iri kuenda kunyika yokumusoro, ine mabhiza machena iri kuenda kumadokero, uye ine mabhiza mapfumbu iri kuenda kunyika yezasi.”
ကသော မြင်းနက်တို့သည် မြောက်ပြည်သို့ သွား ကြ၏။ မြင်းဖြူတို့သည် မြင်းနက်နောက်သို့ လိုက်ကြ၏။ မြင်းကျားတို့သည် တောင်ပြည်သို့ သွားကြ၏ဟု ဆို၏။
7 Mabhiza ane simba paakabuda akanga achitsvaka kuti aende nomunyika yose. Uye iye akati, “Endai munyika yose!” Saka akaenda nomunyika yose.
ခွန်အားကြီးသော မြင်းတို့သည် ထွက်၍၊ မြေ ကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ခြင်းငှါ အား ထုတ်ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား၍ မြေကြီး ပေါ်မှာ တောင်မြောက်သို့ လှည်လည်ကြလော့ ဟုဆိုသည် အတိုင်း၊ သူတို့သည် မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ကြ၏။
8 Ipapo akadanidzira kwandiri achiti, “Tarira, ayo anoenda kunyika yokumusoro, apa Mweya wangu zororo munyika yokumusoro.”
ကောင်းကင်တမန်သည်လည်း ငါ့ကို ခေါ်၍၊ ကြည့်လော့။ မြောက်ပြည်သို့ သွားသော မြင်းတို့သည် ငါ့အမျက်ကို မြောက်ပြည်၌ တည်စေကြပြီဟု ဆို၏။
9 Shoko raJehovha rakasvika kwandiri richiti,
တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊
10 “Tora sirivha negoridhe kubva kuvatapwa vanoti Heridhai, naTobhiya uye naJedhaya, vasvika vachibva kuBhabhironi. Enda, zuva rimwe chetero, kuimba yaJosia mwanakomana waZefania.
၁၀အရင်သိမ်းသွားခြင်းကို ခံရ၍ ယခု ဗာဗုလုန် မြို့မှ ပြန်လာသော ဟေလဒဲအမျိုး၊ တောဘိယအမျိုး၊ ယေဒါယအမျိုးအချို့တို့ကို ခေါ်၍၊ တနေ့ခြင်းတွင် ဇေဖနိ၏သားယောရှိအိမ်သို့ သွားပြီးသော်၊
11 Tora sirivha negoridhe ugadzire korona, uye ugoidzika pamusoro womuprista mukuru, Joshua mwanakomana waJehozadhaki.
၁၁ရွှေငွေတို့ကို ယူ၍ သရဖူကို လုပ်ပြီးလျှင် ယောဇ ဒက်သား ယဇ်ပုရောဟိတ်မင်းယောရှု၏ ခေါင်းပေါ်မှာ တင်လော့။
12 Muudze kuti zvanzi naJehovha Wamasimba Ose: ‘Houno murume anonzi Davi, achakura panzvimbo yake uye achavaka temberi yaJehovha.
၁၂ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အမိန့်တော်ကို ထိုသူအား ဆင့်ဆိုရမည်မှာ၊ အညွန့်အမည် ရှိသော သူကို ကြည့်ရှုလော့။ မိမိဒေသအရပ်၌ ပေါက်၍ ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်။
13 Ndiye achavaka temberi yaJehovha, uye achapfekedzwa ukuru agogara achitonga pachigaro chake. Uye achava muprista pachigaro chake. Uye pachava norugare pakati pezviviri izvi.’
၁၃ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက် ပြီးလျှင်၊ ဘုန်းကြီး၍ မိမိရာဇပလ္လင်ပေါ်မှာ ထိုင်လျက် စိုးစံလိမ့်မည်။ ရာဇပလ္လင် တော် ပေါ်မှာ ယဇ်ပုရောဟိတ်လည်း ဖြစ်၍၊ ထိုနှစ်ပါးတို့သည် မိဿဟာယ ပဋိညာဉ်ကို ဖွဲ့ကြ လိမ့်မည်။
14 Korona ichapiwa kuna Heridhai, naTobhiya, naJedhaya uye naHeni mwanakomana waZefania sechiyeuchidzo mutemberi yaJehovha.
၁၄ထိုသရဖူသည်ဟေလင်၊ တောဘိယ၊ ယေဒါယ၊ ဇေဖနိ၏သား ဟင်တို့အဘို့၊ ထာဝရဘုရား၏ ဗိမာန် တော်၌ သက်သေဖြစ်ရမည်။
15 Avo vari kure vachauya kuzobatsira kuvaka temberi yaJehovha, uye iwe uchaziva kuti Jehovha Wamasimba Ose andituma kwauri. Izvi zvichaitika kana ukateerera zvakanaka Jehovha Mwari wako.”
၁၅ဝေးသော သူတို့သည်လည်းလာ၍ ထာဝရဘုရား၏ ဗိမာန်တော်၌ တည်ဆာက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကို စေ့စေ့နားထောင်လျှင်၊ ဤသို့ ဖြစ်ရလိမ့်မည်ဟု မိန့်တော် မူ၏။

< Zekaria 6 >