< Nehemia 11 >

1 Zvino vatungamiri vavanhu vakagara muJerusarema, uye vamwe vanhu vose vakakanda mijenya kuti vasarudze mumwe chete kubva mugumi roga roga kuti andogara muJerusarema, guta dzvene, kwozoti vapfumbamwe vanenge vasara vachizogara mumaguta avo pachavo.
ထိုအခါလူများတို့တွင် မင်းလုပ်သော သူတို့သည် ယေရုရှလင်မြို့၌ နေကြ၏။ ကြွင်းသောသူတို့သည် သန့်ရှင်းသောအရပ်၊ ယေရုရှလင်မြို့၌ တကျိပ်တွင် တယောက်၊ အခြားသောမြို့တို့၌ ကိုးယောက် နေရမည် အကြောင်း စာရေးတံပြုကြ၏။
2 Vanhu vakarumbidza varume vose vakanga vazvipira kugara muJerusarema.
ယေရုရှလင်မြို့၌နေခြင်းငှါ အလိုလို ဝန်ခံသော သူအပေါင်းတို့ကို၊ လူများတို့သည် ကောင်းကြီးပေးကြ၏။
3 Ava ndivo vakuru vamatunhu vakandogara muJerusarema (zvino vamwe vavaIsraeri, vaprista, vaRevhi, vashandi vomutemberi nezvizvarwa zvavaranda vaSoromoni vakagara mumaguta aJudha, mumwe nomumwe panzvimbo yake mumaguta akasiyana-siyana,
ယုဒမြို့ရွာတို့တွင် ဣသရေလလူ၊ ယဇ်ပုရော ဟိတ်၊ လေဝိသား၊ ဘုရားကျွန်၊ ရှောလမုန့်၏ ကျွန် အမျိုးသားအသီးအသီးတို့သည် မိမိတို့ ဆိုင်ရာအရပ်၌ နေကြ၏။ ယေရုရှလင်မြို့၌နေသော ပြည်သူပြည်သား အကြီးအကဲ၊ မင်းအရာရှိဟူမူကား၊
4 kwozoti vamwe vanhu vaiva vokwaJudha nokwaBhenjamini vakagara muJerusarema): Vaibva kuzvizvarwa zvaJudha vaiti: Ataya mwanakomana waUzia, mwanakomana waZekaria, mwanakomana waAmaria, mwanakomana waShefatia, mwanakomana waMaharareri, chizvarwa chaPerezi;
ယုဒအမျိုး၊ ဖာရက်၊ မဟာလေလ၊ ရှေဖတိ၊ အာမရိ၊ ဇာခရိ၊ ဩဇိတို့မှ ဆင်းသက်သော အသာယ တပါး၊
5 naMaaseya mwanakomana waBharuki, mwanakomana waKori-Hoze, mwanakomana waHazaya, mwanakomana waAdhaya, mwanakomana waJoyaribhi, mwanakomana waZekaria, chizvarwa chaShera.
ရှိလောနိ၊ ဇာခရိ၊ ယောယရိပ်၊ အဒါယ၊ ဟဇာယ၊ ကောလဟောဇ၊ ဗာရုတ်တို့မှ ဆင်းသက်သော မာသေယတပါးနှင့်တကွ၊
6 Zvizvarwa zvaPerezi avo vaigara muJerusarema vaiva mazana mana namakumi matanhatu navasere vaiva varume voumhare.
ယေရုရှလင်မြို့၌နေသော ဖာရက်အမျိုးသား၊ သူရဲလေးရာခြောက်ဆယ်ရှစ်ယောက်တည်း။
7 Vaibva kuzvizvarwa zvaBhenjamini vaiti: Saru mwanakomana waMeshurami, mwanakomana waJoedhi, mwanakomana waPedhaya, mwanakomana waKoraya, mwanakomana waMaaseya, mwanakomana waItieri, mwanakomana waJeshaya,
ဗင်္ယာမိန်အမျိုး၊ ယေရှာယ၊ ဣသေလ၊ မာသေယ၊ ကောလာယ၊ ပေဒါယ၊ ယောဒ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု၊
8 nevaimutevera vaiti Gabhai naSarai, vaiva varume vanosvika mazana mapfumbamwe namakumi maviri navasere.
သုနောက်၊ ဂဗ္ဗဲနှင့်သလ္လဲ အစရှိသော ကိုးရာ နှစ်ဆယ်ရှစ်ယောက်တည်း။
9 Joere mwanakomana waZikiri akanga ari mukuru wavo, uye Judha mwanakomana waHasenua, aiva pamusoro peDunhu reChipiri reguta.
ဇိခရိသား ယောလသည် ဗင်္ယာမိန် အမျိုးအုပ် ဖြစ်၏။ သေနွာသားယုဒသည် ပြင်မြို့ကိုအုပ်ရ၏။
10 Vaibva kuvaprista ndeava: Jedhaya mwanakomana waJoyaribhi naJakini;
၁၀ယဇ်ပုရောဟိတ်မူကား ယေဒါယ၊ ယောယရိပ်၊ ယာခိန်နှင့်တကွ၊
11 Seraya mwanakomana waHirikia, mwanakomana waMeshurami, mwanakomana waZadhoki, mwanakomana waMerayoti, mwanakomana waAhitubhi, mutariri weimba yaMwari,
၁၁အဟိတုပ်၊ မရာယုတ်၊ ဇာဒုတ်၊ မေရှုလံ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရားသခင်၏ အိမ်တော်အုပ်စရာ ယ အစရှိသော၊
12 nehama dzavo, avo vakaenderera mberi nebasa retemberi, vaiva varume vana mazana masere namakumi maviri navaviri; naAdhaya mwanakomana waJerohamu, mwanakomana waPeraria, mwanakomana waAmuzi, mwanakomana waZekaria, mwanakomana waPashuri, mwanakomana waMarikiya,
၁၂အိမ်တော်အမှုကို ဆောင်ရွက်သော အမျိုးသား ချင်း ရှစ်ရာနှစ်ဆယ်နှစ်ယောက်တည်း။ ထိုမှတပါး၊ မာလခိ၊ ပါရှုရ၊ ဇာခရိ၊ အာမဇိ၊ ပေလလိ၊ ယေရောဟံ တို့မှ ဆင်းသက်သော အဒါယအစရှိသော၊
13 nehama dzake vaiva vakuru vedzimba, varume mazana maviri namakumi mana navaviri; naAmashisai mwanakomana waImeri,
၁၃အဆွေအမျိုး သူကြီးအမျိုးသားချင်း နှစ်ရာလေး ဆယ်နှစ်ယောက်တည်း။ ဣမေရ၊ မေရှိလမုတ်၊ အဟာသဲ၊ အာဇရေလတို့မှ ဆင်းသက်သော အာမရှဲအစရှိသော၊
14 nehama dzake, vaiva varume voumhare, zana namakumi maviri navasere. Mutariri wavo mukuru aiva Zadhidhieri mwanakomana waHagedhorimi.
၁၄ခွန်အားကြီးသော သူရဲအမျိုးသားချင်း တရာ နှစ်ဆယ်ရှစ်ယောက်တည်း။ ဟဂဒေါလိမ်သား ဇာဗ ဒေလသည် သူတို့ကို အုပ်ရ၏။
15 Vaibva kuvaRevhi ndeava: Shemaya mwanakomana waHashubhi, mwanakomana waAzirikami, mwanakomana waHashabhia, mwanakomana waBhuni;
၁၅လေဝိသားမူကား၊ ဗုန္နိ၊ ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာယတပါး၊
16 Shabhetai naJozabhadhi, vari vaviri vaiva vakuru vavaRevhi, vari vatariri vamabasa okunze kweimba yaMwari;
၁၆လေဝိသားအကြီး ရှဗ္ဗေသဲနှင့် ယောဇဗဒ်တို့ သည် ဘုရားသခင်၏အိမ်တော်၌ ပြင်အမှုကို ကြည့်ရှု စီရင်ရကြ၏။
17 Matania mwanakomana waMika, mwanakomana waZabhidhi, mwanakomana waAsafi, mukuru aitungamirira pakuvonga nokunyengetera; Bhakubhukia, aiva wechipiri paukuru pakati pehama dzake; naAbhudha mwanakomana waShamua, mwanakomana waGarari, mwanakomana waJedhutuni.
၁၇အာသပ်၊ ဇာဗဒိ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိသည် ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့် ဆုတောင်း ခြင်းအမှုမှာ အကြီးလုပ်သော သူဖြစ်၏။ ဗာကဗုကိသည် အပေါင်းအဘော်တို့တွင် ဒုတိယသူဖြစ်၏။ ထိုမှတပါး၊ ယေဒုသုန်၊ ဂလာလ၊ ရှမွာတို့မှ ဆင်းသက်သော ဩဗဒိ ရှိ၏။
18 VaRevhi vaiva muguta dzvene vaisvika mazana maviri namakumi masere navana.
၁၈သန့်ရှင်းသောမြို့၌နေသော လေဝိသားပေါင်း ကား နှစ်ရာနှစ်ဆယ်လေးယောက်တည်း။
19 Vachengeti vamasuo: Akubhi, naTarimoni nehama dzavo, ndivo vaichengeta masuo, varume vaisvika zana namakumi manomwe navaviri.
၁၉တံခါးစောင့်အက္ကုပ်၊ တာလမုန်အစရှိသော တံခါးကို စောင့်သော အမျိုးသားချင်း ပေါင်းကားတရာ ခုနစ်ဆယ်နှစ်ယောက်တည်း။
20 Vamwe vaIsraeri vose, navaprista navaRevhi, vaiva mumaguta ose eJudha, mumwe nomumwe panhaka yake.
၂၀ကြွင်းသော ဣသရေလအမျိုးသား၊ ယဇ်ပုရော ဟိတ်၊ လေဝိသားတို့သည် ယုဒမြို့ရွာတို့တွင်၊ မိမိတို့ ပိုင်ရင်းအရပ်၌နေကြ၏။
21 Vashandi vomutemberi vaigara pamusoro pegomo reOferi, uye Ziha naGishipa ndivo vaiva vatungamiri vavo.
၂၁ဘုရားကျွန်တို့သည် ဩဖေလအရပ်၌နေ၍၊ ဇိဟနှင့် ဂိသပတို့ သည် ဘုရားကျွန်အုပ် ဖြစ်ကြ၏။
22 Mutariri mukuru wavaRevhi muJerusarema aiva Uzi mwanakomana waBhani, mwanakomana waHashabhia, mwanakomana waMatania, mwanakomana waMika. Uzi aiva mumwe wezvizvarwa zvaAsafi, vaiva vaimbi vari vabati veshumiro yeimba yaMwari.
၂၂မိက္ခာ၊ မဿနိ၊ ဟာရှဘိ၊ ဗာနိတို့မှ ဆင်းသက် သော ဩဇိသည် ယေရုရှလင်မြို့၌နေသော လေဝိသားတို့ ကို အုပ်ရ၏။ အာသပ်အမျိုးသား သီချင်းသည်တို့သည် လည်း ဘုရားသခင်၏ အိမ်တော်အမှုကို ကြည့်ရှုစီရင် ရကြ၏။
23 Vaimbi vaiva pasi pomutemo wamambo, waivataurira zvokuita zuva nezuva.
၂၃အကြောင်းမူကား၊ သီချင်းသည်တို့သည် နေ့ရက် အစဉ်အတိုင်း စားစရာရိက္ခာကို ခံရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိ၏။
24 Petahia mwanakomana waMeshezabheri, mumwe wezvizvarwa zvaZera mwanakomana waJudha, aiva mubati waMambo panyaya dzose dzavanhu.
၂၄ယုဒအမျိုး ဇာရအနွှယ်မေရှဇ ဗေလသား ပေသဟိသည်လည်း ရှင်ဘုရင်အခွင့်နှင့် ပြည်သားတို့ကို အုပ်၍ အရေးတော်ပိုင်မင်းဖြစ်၏။
25 Kana iri misha neminda yavo, vanhu vokwaJudha vakagara muKiriati Abha namaruwa akaripoteredza, muDhibhoni namaruwa aro, muJekabhizeri nemisha yaro,
၂၅ယုဒလူအချို့တို့သည် မြို့ရွာကျေးလက်တည်း ဟူသော ကိရယသာဘမြို့ရွာ၊ ဒိဘုန်မြို့ရွာ၊ ယေကပ် ဇေလမြို့ရွာ၊
26 muJeshua, muMoradha, nomuBheti Pereti,
၂၆ယေရွှ၊ မောလဒ၊ ဗက်ပါလက်၊
27 nomuHazari Shuari, nomuBheerishebha namaruwa aro,
၂၇ဟာဇာရွှာလ၊ ဗေရရှေဘ မြို့ရွာများ၊
28 nomuZikiragi, nomuMekona namaruwa aro,
၂၈ဇိကလတ်၊ မေကောနမြို့ရွာများ၊
29 muEni Rimoni, nomuZora, nomuJarimuti,
၂၉အင်ရိမ္မုန်၊ ဇာရ၊ ယာမုတ်၊
30 Zanoa, neAdhurami nemisha yawo, muRakishi neminda yaro, nomuAzeka namaruwa aro. Naizvozvo vakanga vagere munzvimbo yose kuBheerishebha kusvikira kuMupata weHinomi.
၃၀ဇာနော၊ အဒုလံ မြို့ရွာများ၊ လာခိရှမြို့နှင့် ကျေးလက်များ၊ အဇေကာမြို့ရွာများ၊ ဗေရရှေဘ မြို့မှ စ၍ ဟိန္နုံချိုင့်တိုင်အောင် အနှံ့အပြားနေကြ၏။
31 Zvizvarwa zvaBhenjamini zvaibva kuGebha zvakagara muMikimashi, neAija neBheteri namaruwa acho,
၃၁ဗင်္ယာမိန် အမျိုးသားတို့သည်လည်း ဂေဗ၊ မိတ်မတ်၊ အာဣ၊ ဗေသလမြို့ရွာတို့၌၎င်း၊
32 muAnatoti, neNobhi neAnania,
၃၂အာနသုတ်၊ နောဗ၊ အာနနိ၊
33 muHazori, neRama neGitaimi,
၃၃ဟာဇော်၊ ရာမ၊ ဂိတ္တိမ်၊
34 muHadhidhi, Zebhoimi neNebharati,
၃၄ဟာဒိဒ်၊ ဇေဘိုင်၊ နေဗလ္လတ်၊
35 muRodhi neOno, nomuMupata weMhizha.
၃၅လေဒ၊ ဩနောမြို့များ၌၎င်း၊ ဆရာသမားချိုင့်၌၎င်း နေကြ၏။
36 Mamwe mapoka avaRevhi vokwaJudha akandogara muBhenjamini.
၃၆လေဝိသား အသင်းအပေါင်းအချို့တို့သည် ယုဒပြည်၊ အချို့တို့သည် ဗင်္ယာမိန်ပြည်၌နေကြ၏။

< Nehemia 11 >