< Revhitiko 18 >

1 Jehovha akati kuna Mozisi,
တဖန်မောရှေအား ထာဝရဘုရားက၊-
2 “Taura kuvaIsraeri uti kwavari, ‘Ndini Jehovha Mwari wenyu.
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
3 Hamufaniri kuita sezvavanoita kuIjipiti, kwamaigara uye hamufaniri kuita sezvavanoita kuKenani, kwandiri kukuendesai. Musatevera zviito zvavo.
သင်တို့ နေဘူးသော အဲဂုတ္တုပြည်၏ အကျင့်ကို၎င်း၊ သင်တို့ကို ငါပို့ဆောင်လတံ့သော ခါနာန်ပြည်၏ အကျင့်ကို၎င်း၊ သင်တို့သည် မကျင့်၊ သူတို့ တရားလမ်းသို့ မလိုက်ရကြ။
4 Munofanira kutevera mitemo yangu uye mugochenjerera kuti mutevere mirayiro yangu. Ndini Jehovha Mwari wenyu.
ငါစီရင်ချက်ရှိသည်အတိုင်း ကျင့်၍၊ ငါ့ပညတ်တရားလမ်းသို့ လိုက်ခြင်းငှါ စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
5 Chengetai mirayiro nemitemo yangu nokuti munhu anoiteerera achararama nayo. Ndini Jehovha.
ထိုကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။
6 “‘Hapana anofanira kuswedera kuhama yepedyo kuti avate naye. Ndini Jehovha.
သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဘော်တော်သောသူကို ချဉ်း၍ သံဝါသမပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။
7 “‘Usazvidza baba vako nokusangana namai vako. Ndimai vako usasangana navo.
သင်၏ အဘနှင့်သာဆိုင်သော သင်၏ အမိကို မချဉ်းရ။ ကိုယ်အမိ ဖြစ်သောကြောင့် သံဝါသမပြုရ။
8 “‘Usasangana nomukadzi wababa vako, izvi zvingazvidza baba vako.
ကိုယ်အဘ၏ မယားမည်သည်ကို မချဉ်းရ။ အဘနှင့်သာဆိုင်၏။
9 “‘Usasangana nehanzvadzi yako kana mwanasikana wababa vako kana mwanasikana wamai vako, zvisinei kuti akaberekwa mumba mumwe chete kana kumwewo.
တအိမ်တည်း၌ မွေးဘွားသည်ဖြစ်စေ၊ အခြားသော အရပ်၌ မွေးဘွားသည်ဖြစ်စေ၊ သင်၏ နှမကို မချဉ်းရ။
10 “‘Usasangana nomwanasikana womwanakomana wako kana mwanasikana womwanasikana wako; izvi zvingauyisa kuzvidzwa kwauri.
၁၀ကိုယ်ရင်သွေးဖြစ်သော သင်၏မြေးကို မချဉ်းရ။
11 “‘Usasangana nomwanasikana womukadzi wababa vako akaberekwa nababa vako, ihanzvadzi yako.
၁၁အမိခြားသော်လည်း တဘတည်းဖြစ်သော နှမကို မချဉ်းရ။
12 “‘Usasangana nehanzvadzi yababa vako, ihama yababa vako yepedyo.
၁၂သင့်အဘ၏ ပေါက်ဘော်ရင်းဖြစ်သော အဘ၏ နှမကို၎င်း၊
13 “‘Usasangana nomukoma kana mununʼuna wamai vako nokuti ihama yamai vako yepedyo.
၁၃သင့်အမိ၏ ပေါက်ဘော်ရင်းဖြစ်သော အမိ၏ ညီအစ်မကို၎င်း၊
14 “‘Usazvidza mununʼuna kana mukoma wababa vako nokuswedera kumukadzi wavo kuti uvate naye; nokuti ndimaiguru kana mainini.
၁၄အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော မိကြီး မိထွေးဖြစ်သော အဘ၏ ညီအစ်ကို မယားကို၎င်း၊
15 “‘Usasangana nomuroora wako, mukadzi womwanakomana wako; usasangana naye.
၁၅သား၏မယားတည်းဟူသော ချွေးမကို၎င်း၊
16 “‘Usasangana nomukadzi womukoma kana mununʼuna wako; izvi zvingauyisa kuzvidzwa kwomukoma kana mununʼuna wako.
၁၆ညီအစ်ကိုနှင့်သာဆိုင်သော ညီအစ်ကို၏ မယားကို၎င်း၊ မချဉ်းရ။
17 “‘Usasangana nomukadzi pamwe chete nomwanasikana wake. Usasangana nomwanasikana womwanakomana wake kana mwanasikana womwanasikana wake; ihama dzake dzepedyo. Zvakaipa izvozvo.
၁၇ကိုယ်မယား၏ ပေါက်ဘော်ရင်းဖြစ်သော မယား၏သမီး၊ မယား၏ မြေးကို မချဉ်းရ။ မတရားသောအမှုဖြစ်၏။
18 “‘Usatora mununʼuna womukadzi wako kuti ave mukadzinyina, varwisane, ugosangana naye mukadzi wako achiri mupenyu.
၁၈ကိုယ်မယားကို နှောင့်ရှက်ခြင်းငှါ သူအသက်ရှင်စဉ်တွင် သူ၏ ညီအစ်မကို မသိမ်းရ။
19 “‘Usaswedera kumukadzi kuti usangane naye panguva yokusachena kwokuenda kumwedzi kwake.
၁၉ဥတုရောက်၍ မစင်ကြယ်သော မိန်းမကိုလည်း မချဉ်းရ။
20 “‘Usasangana nomukadzi womuvakidzani wako ugozvisvibisa naye.
၂၀ကိုယ်ကို ညစ်ညူးစေလျက်၊ သူ့မယားကို မပြစ်မှားရ။
21 “‘Usapa ani zvake pakati pavana vako kuti vabayirwe kuna Moreki nokuti haufaniri kumhura zita raJehovha. Ndini Jehovha.
၂၁သင်၏ သားသမီးတို့ကို၊ မောလုတ်ဘုရားအား မီးဖြင့် ပူဇော်ရ။ သင်၏ ဘုရားသခင် နာမတော်ကို မရှုတ်မချရ။ ငါသည် ထာဝရဘုရားဖြစ်၏။
22 “‘Usavata nomurume somurume anovata nomukadzi; zvinonyangadza.
၂၂မိန်းမနှင့် ပေါင်းဘော်သကဲ့သို့ ယောက်ျားချင်း မပေါင်းဘော်ရ။ ရွံရှာဘွယ်အမှုဖြစ်၏။
23 “‘Usasangana nemhuka uye ugozvisvibisa nayo. Mukadzi haafaniri kuzvipa kumhuka kuti asangane nayo; uku kunyangadza kukuru.
၂၃ကိုယ့်ကိုကိုယ် ညစ်ညူးစေ၍ တိရစ္ဆာန်နှင့်မပေါင်းဘော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကို မခံရ။ ရွံရှာဘွယ်သော ရောနှောခြင်းဖြစ်၏။
24 “‘Musazvisvibisa neimwe yenzira idzi nokuti ndudzi dzandichadzinga pamberi penyu dzakazvisvibisa naizvozvo.
၂၄ထိုသို့သော အမှုအားဖြင့် ကိုယ်ကို ကိုယ် မညစ်ညူးစေရ။ သင်တို့ရှေ့မှာ ငါနှင်ထုတ်သော လူအမျိုး မျိုးတို့သည်၊ ထိုသို့သောအမှုကို ပြု၍ ညစ်ညူးကြ၏။
25 Kunyange nyika yakasvibiswa; naizvozvo ndakairanga nokuda kwezvakaipa zvayo uye nyika yakarutsa vagari vayo.
၂၅သူတို့ ပြည်သည်လည်း ညစ်ညူး၏။ ညစ်ညူးသော အပြစ်ကြောင့် ငါဆုံးမ၍၊ ထိုပြည်သည် မိမိ သားတို့ကို အော့အန်လိမ့်မည်။
26 Asi imi munofanira kuchengeta mirayiro yangu nemitemo yangu. Zvizvarwa zvenyu navatorwa vagere pakati penyu havafaniri kuita kana chimwe chezvinhu zvinonyangadza izvi,
၂၆သင်တို့မူကား၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုပြည်သည် သင်တို့ရှေ့၌ရှိသော လူအမျိုးမျိုးတို့ကို အော့အန်သကဲ့သို့ တဖန် ညစ်ညူးခြင်းကိုခံ၍၊ သင်တို့ကို မအော့အန်စေခြင်းငှါ၊ ကိုယ်အမျိုးသားဖြစ်စေ၊
27 nokuti zvinhu zvose izvi zvakaitwa navanhu vaigara munyika iyoyo musati mavamo, uye nyika ikasvibiswa.
၂၇သင်တို့တွင် တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ ထိုသို့သော ရွံ့ရှာဘွယ် အမှုတို့ကို မပြုရ။
28 Uye kana mukasvibisa nyika, ichakurutsirai kunze sokurutsa kwayakaita ndudzi dzaigaramo imi musati mavamo.
၂၈သင်တို့ရှေ့၌ရှိသော ပြည်သားတို့သည် ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို ပြုသော အားဖြင့် သူတို့ပြည်သည် ညစ်ညူးခြင်းရှိ၏။
29 “‘Ani naani anoita zvinonyangadza izvi, vanhu vakadaro vanofanira kubviswa kubva pavanhu vokwavo.
၂၉ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို ပြုသောသူ မည်သည်ကား၊ သူ၏အမျိုးမှ ပယ်ရှင်းခြင်း ခံရမည်။
30 Chengetai zvandakakurayirai uye musatevedzera kana imwe yetsika dzinonyangadza dzaiitwa musati mauya, uye musazvisvibisa nadzo. Ndini Jehovha Mwari wenyu.’”
၃၀သို့ဖြစ်၍ သင်တို့ရှေ့၌ ပြူဘူးသော ထိုရွံ့ရှာဘွယ် ထုံးစံဓလေ့သို့ သင်တို့သည် လိုက်၍၊ ကိုယ့်ကိုကိုယ် မညစ်ညူးစေခြင်းငှါ၊ ငါ့ပညတ်တရားကို စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။

< Revhitiko 18 >