< Vatongi 21 >

1 Varume veIsraeri vakanga vaita mhiko paMizipa vachiti: “Hapana mumwe wedu acharoodza mwanasikana wake kumuBhenjamini.”
ဣသရေလအမျိုးသားတို့သည် အဘယ်သူမျှ မိမိသမီးကို ဗင်္ယာမိန်အမျိုးသား၌ မပေးစားရမည် အကြောင်း၊ မိဇပါမြို့မှာ ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။
2 Vanhu vakaenda kuBheteri, uko kwavakagara pamberi paMwari kusvikira madekwana, vachisimudza manzwi avo uye vachichema zvikuru.
လူများတို့သည် ဘုရားသခင့် အိမ်တော်သို့ လာ၍ ဘုရားသခင့် ရှေ့တော်၌ ညဦးတိုင်အောင် နေလျက်၊ အသံကို လွှင့်၍ ငိုကြွေးလျက်၊-
3 Vakachema vachiti, “Haiwa Jehovha, Mwari waIsraeri, seiko izvi zvakaitika kuIsraeri? Seiko rumwe rudzi rwashayikwa muIsraeri nhasi?”
အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တမျိုး ချို့တဲ့ရသော အမှုသည် အဘယ်ကြောင့် ဖြစ်ရပါသနည်းဟု လျှောက်ဆိုကြ၏။
4 Mangwanani ezuva rakatevera, vanhu vakavaka aritari vakapa zvipiriso zvinopiswa nezvipiriso zvokuwadzana.
နက်ဖြန်နံနက်စောစော လူများတို့သည် ထပြီးလျှင်၊ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော်ကြ၏။
5 Ipapo vaIsraeri vakabvunza vakati, “Ndianiko kubva kumarudzi ose aIsraeri akatadza kuungana navamwe pamberi paJehovha?” Nokuti vakanga vaita mhiko kuti ani zvake anotadza kuungana navamwe pamberi paJehovha paMizipa anofanira kuurayiwa zvirokwazvo.
ဣသရေလအမျိုးသားတို့ကလည်း၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့တွင် အဘယ်သူသည် ပရိ သတ်အပေါင်းနှင့်အတူ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟု မေးကြ၏။ အကြောင်း မူကား၊ မိဇပါမြို့ထာဝရဘုရားထံတော်သို့ မလာဘဲ နေသောသူသည် ဧကန်အမှန် အသေသတ်ခြင်းကို ခံစေဟု ကြီးစွာသော ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။
6 Zvino vaIsraeri vakasuwa nokuda kwehama dzavo, vaBhenjamini. Vakati, “Nhasi rumwe rudzi rwabviswa pana Israeri.
ဣသရေလအမျိုးသားတို့သည်လည်း၊ ညီဗင်္ယာမိန်အတွက် နောင်တရလျက်၊ ဣသရေလ အမျိုးအနွယ် တို့တွင် ယနေ့တမျိုးဆုံးပြီ။
7 Tichapa seiko vakadzi kuna avo vakasara, sezvo takapika kuna Jehovha kuti tirege kupa upi zvake wavanasikana vedu kuti awanikwe navo.”
ငါတို့သည် ကိုယ်သမီးကို သူတို့အား မပေးစားရမည်အကြောင်း၊ ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုသောကြောင့်၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍၎င်း၊
8 Ipapo vakabvunza vakati, “Ndavapiko pamarudzi aIsraeri vakatadza kuungana navamwe pamberi paJehovha paMizipa?” Vakawana kuti kwakanga kusina munhu aibva kuJabheshi Gireadhi akanga auya kumusasa kuungano.
ဣသရေလအမျိုးအနွယ်တို့တွင် အဘယ်သူသည် မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲ နေသနည်းဟူ၍၎င်း မေးမြန်းလျှင်၊ ဂိလဒ်ပြည်ယာ ဗက်မြို့သားတယောက်မျှ စုဝေးရာ တပ်သို့ မရောက်မလာကြောင်းကို သိကြ၏။
9 Nokuti vakati vaverenga vanhu, vakaona kuti kwakanga kusina munhu weJabheshi Gireadhi akanga aripo.
လူများတို့ကို ရေတွက်သောအခါ၊ ဂိလဒ်ပြည်ယာဗက်မြို့သားတယောက်မျှမပါ။
10 Saka ungano yakatuma varume vehondo zviuru gumi nezviviri vakavarayira kuti vaende kuJabheshi Gireadhi vandouraya nomunondo vanhu vaigarako, kusanganisira vakadzi navana.
၁၀ထိုအခါ စုဝေးသော သူတို့သည် စစ်သူရဲတသောင်းနှစ်ထောင်တို့ကို စေလွှတ်လျက်၊ သင်တို့သည် သွား၍ ဂိလဒ်ပြည် ယာဗက်မြို့သားယောက်ျား မိန်းမသူငယ်တို့ကို ထားနှင့်လုပ်ကြံကြလော့။
11 Vakati, “Hezvi zvamunofanira kuita: Urayai murume mumwe nomumwe nomukadzi mumwe nomumwe asiri mhandara.”
၁၁သို့ဆိုသော်၊ ယောက်ျားအပေါင်းကို၎င်း၊ ယောက်ျားနှင့်ဆက်ဆံသော မိန်းမအပေါင်းကို၎င်း၊ ရှင်းရှင်း ပယ်ရှားကြလော့ဟု မှာထားသည်အတိုင်း၊-
12 Vakawana pakati pavanhu vaigara muJabheshi Gireadhi mhandara mazana mana vakanga vasina kumbovata navarume, vakaenda navo kumusasa paShiro muKenani.
၁၂စစ်သူရဲတို့သည် ဂိလဒ်ပြည် ယာဗက်မြို့သားတို့တွင်၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာ မိန်းမပျိုလေးရာတို့ကို တွေ့၍ ခါနာန်ပြည်၌ တပ်ချရာ၊ ရှိလောမြို့သို့ ဆောင်ခဲ့ကြ၏။
13 Ipapo ungano yose yakatuma nhume neshoko rorugare kuvaBhenjamini paruware rweRimoni.
၁၃တဖန်စုဝေးသော သူအပေါင်းတို့သည်၊ ရိမ္မုန်ကျောက်၌နေသော ဗင်္ယာမိန်လူတို့ကို နှုတ်ဆက်၍ အသင့်အတင့်ခေါ်ခြင်းငှါ လူတို့ကို စေလွှတ်ကြ၏။
14 Saka vaBhenjamini vakadzoka panguva iyoyo vakapiwa vakadzi veJabheshi Gireadhi vakanga vasara. Asi vakanga vasina kuvakwanira vose.
၁၄ထိုအခါ ဗင်္ယာမိန်လူတို့သည် လာပြန်၍၊ ဣသရေလလူတို့သည် အရှင်ချန်ထားသော ဂိလဒ်ပြည် ယာဗက်မြို့သူ မိန်းမတို့နှင့် ပေးစားကြ၏။ သို့သော်လည်း မိန်းမတို့သည် မလောက်မကြေ။
15 Vanhu vakasuwa nokuda kweBhenjamini, nokuti Jehovha akanga aisa mukaha mumarudzi avaIsraeri.
၁၅ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးအနွယ်တို့တွင် ပြိုပျက်ရာကို ပြုတော်မူသောကြောင့်၊ ဣသရေလလူတို့သည် ဗင်္ယာမိန်အတွက် နောင်တရကြ၏။
16 Uye vakuru veungano vakati, “Sezvo vakadzi veBhenjamini vakaparadzwa, tichawanira seiko varume vakasara vakadzi?”
၁၆စုဝေးရာ ပရိသတ် အသက်ကြီးသူတို့ကလည်း၊ ဗင်္ယာမိန် အမျိုးထဲက မိန်းမတို့ကို ပယ်ရှင်း သောကြောင့်၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍၎င်း၊-
17 Vakati, “VaBhenjamini vakasara vanofanira kuva navadyi venhaka kuitira kuti rudzi rwaIsraeri rurege kurova.
၁၇ဣသရေလအမျိုးတို့တွင် တမျိုးကို မပျောက်စေခြင်းငှါ သေဘေးမှ လွှတ်သော ဗင်္ယာမိန်လူတို့ အမွေ ခံစရာမြေရှိရမည်။
18 Hatigoni kuvapa vanasikana vedu kuti vave vakadzi vavo sezvo isu vaIsraeri takapika tichiti, ‘Ngaatukwe munhu anopa mukadzi kumuBhenjamini.’
၁၈သို့သော်လည်း အကြင်သူသည် ဗင်္ယာမိန်လူ၌ သမီးကို ပေးစား၏။ ထိုသူသည် ကျိန်အပ်သောသူ ဖြစ်စေဟု ဣသရေလလူတို့သည် ကျိန်ဆိုခြင်းကို ပြုသောကြောင့် ငါတို့သည် ကိုယ်သမီးတို့ကို မပေး စားရဟူ၍၎င်း၊
19 Asi tarirai, kune mutambo waJehovha wegore negore paShiro, nechokumusoro kweBheteri, kumabvazuva omugwagwa unobva kuBheteri uchienda kuShekemu, nezasi kweRebhona.”
၁၉ဗေသလမြို့ မြောက်ဘက်၊ ဗေသလမြို့မှ ရှေခင်မြို့သို့သွားသောလမ်း အရှေ့ဘက်၊ လေဗောနမြို့တောင် ဘက်၊ ရှိလောမြို့နယ်တွင် ထာဝရဘုရားအဘို့ နှစ်စဉ် ပွဲခံတတ်သည်ဟူ၍၎င်း၊ တိုင်ပင်ကြသည်နှင့် အညီ၊-
20 Saka vakarayira vaBhenjamini vakati, “Endai mundovanda muminda yemizambiringa
၂၀ဗင်္ယာမိန်လူတို့ကို ခေါ်၍ သင်တို့သည် သွားကြလော့။ စပျစ်ဥယျာဉ်တို့၌ ချောင်းမြောင်းလျက်နေ ကြလော့။ ရှိလောမြို့သမီးတို့သည် ပွဲခံအံ့သောငှါ ကလျက်လာကြသောအခါ၊-
21 uye mutarire. Vasikana veShiro pavanobuda kuti vandotamba navamwe, ipapo mumhanye muchibva muminda yemizambiringa mumwe nomumwe wenyu azvitorere mukadzi kubva kuvasikana veShiro mugoenda henyu kunyika yavaBhenjamini.
၂၁စပျစ်ဥယျာဉ်ထဲက ထွက်ပြီးလျှင်၊ ထိုမြို့သမီးတို့ကို အသီးအသီး ကိုယ်မယားဖြစ်စေဘို့ ဘမ်းဆီး၍ ဗင်္ယာမိန်ပြည်သို့ ဆောင်သွားကြလော့။
22 Madzibaba avo kana hanzvadzi dzavo pavanouya kuzomhanʼara kwatiri, isu tichati kwavari, ‘Tiitirei henyu zvakanaka nokuvabatsira, nokuti hatina kuvawanira vakadzi panguva yehondo, uye imi hamuna mhosva, sezvo musina kupa vanasikana venyu kwavari.’”
၂၂သူတို့အဘနှင့်မောင်တို့သည် ငါတို့ထံသို့လာ၍ အမှုလုပ်သောအခါ၊ ငါတို့က ငါတို့မျက်နှာကို ထောက်၍ သူတို့ကို သနားကြပါ။ စစ်တိုက်ရာတွင် သူတို့ အသီးအသီးဆိုင်သော မယားတို့ကို သူတို့ အဘို့ ငါတို့သည် မချန်မထားမိပါ။ သင်တို့၌ အပြစ်ရောက်စေခြင်းငှါ ယခုပေးစားကြသည် မဟုတ်ဟု သူတို့အား ပြန်ပြောမည်ဟု မှာထားကြသည်အတိုင်း၊-
23 Saka ndizvo zvakaitwa navaBhenjamini. Vasikana vachiri kutamba, murume mumwe nomumwe akabata musikana ndokuenda naye kuti ave mukadzi wake. Ipapo vakadzokera kunhaka yavo uye vakavakazve maguta vakagara maari.
၂၃ဗင်္ယာမိန်လူတို့သည်ပြု၍ ပွဲခံလျက်ကသော မိန်းမတို့ကို ကိုယ်အရေအတွက်အတိုင်း မယားဖြစ်ဘို့ ရာ ဘမ်းဆီး၍ ယူသွားကြ၏။ ကိုယ်အမွေခံရာမြေသို့ ပြန်ရောက်ပြီးလျှင်၊ မြို့တို့ကို အသစ်ပြင်ဆင်၍ နေကြ၏။
24 Panguva iyoyo vaIsraeri vakabva panzvimbo iyo vakaenda kumusha kumarudzi avo nokudzimba dzavo, mumwe nomumwe kunhaka yake pachake.
၂၄ထိုအခါ ဣသရေလလူအပေါင်းတို့သည်လည်း ကိုယ်အမျိုး၊ ကိုယ်အဆွေနေရာ ကိုယ်အမွေခံရာမြေ သို့ ပြန်သွားကြ၏။
25 Mumazuva iwayo kwakanga kusina mambo pakati paIsraeri; mumwe nomumwe aiita zvaaifunga kuti zvakanaka.
၂၅ထိုကာလ၌ ဣသရေလရှင်ဘုရင်မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။

< Vatongi 21 >