< Vatongi 14 >

1 Samusoni akaburuka akaenda kuTimina akandoona ikoko mukadzi muduku wechiFiristia.
တရံရောအခါ၊ ရှံဆုန်သည် တိမနတ်မြို့သို့ သွား၍၊ ထိုမြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတယောက်ကို မြင်လျှင်၊
2 Akati adzoka, akasvikoti kuna baba namai vake, “Ndaona mukadzi wechiFiristia muTimina; zvino nditorerei kuti ave mukadzi wangu.”
မိဘထံသို့ ပြန်လာ၍၊ တိမနတ်မြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတယောက်ကို မြင်ခဲ့ပြီ။ ကျွန်ုပ် ကြင်ဘက်ဖြစ်ဘို့ရာ တောင်း၍ ပေးပါဟုဆိုသော်၊
3 Baba namai vake vakapindura vakati, “Hapana here mukadzi akakodzera pakati pehama dzako kana pakati pavanhu vokwedu vose? Ungaenda here kuvaFiristia vasina kudzingiswa kuti undotora mukadzi?” Asi Samusoni akati kuna baba vake, “Nditorerei iye. Ndiye akanaka kwandiri.”
မိဘတို့က၊ သင်သည် အရေဖျားလှီးခြင်းကို မခံသော ဖိလိတ္တိလူတို့တွင် မယားကို သွား၍ ယူရမည် အကြောင်း၊ သင်၏ညီအစ်ကိုသမီး ငါတို့အမျိုးသားချင်းသမီးတို့တွင် မိန်းမတယောက်မျှ မရှိလောဟု ဆိုသော်လည်း၊ ရှံဆုန်က၊ ထိုမိန်းမကို တောင်း၍ ပေးပါ။ အလွန်နှစ်သိမ့်ပါသည်ဟု အဘအား ပြောဆို၏။
4 (Vabereki vake vakanga vasingazivi kuti izvi zvakanga zvichibva kuna Jehovha, akanga achitsvaka mukana wokurwa navaFiristia; nokuti nenguva iyo ndivo vakanga vachitonga vaIsraeri.)
ထာဝရဘုရားစီရင်တော်မူသောအားဖြင့်၊ ရှံဆုန်သည် ဖိလိတ္တိလူတို့၌ အမှုရှာကြောင်းကို မိဘတို့သည် မရိပ်မိကြ။ ထိုကာလ၌ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို အုပ်စိုးသတည်း။
5 Samusoni akaburuka akaenda kuTimina pamwe chete nababa vake namai vake. Vakati vasvika kuminda yemizambiringa yeTimina, pakarepo shumba yakauya yakananga kwaari ichiomba.
ထိုအခါ ရှံဆုန်သည် မိဘနှင့်တကွ တိမနတ်မြို့သို့ သွား၍၊ တိမနတ်စပျစ်ဥယျာဉ်များသို့ ရောက်လျှင်၊ ခြင်္သေ့ပျိုတကောင်သည် သူ့ကိုတွေ့၍ ဟောက်လေ၏။
6 Mweya waJehovha wakauya pamusoro pake nesimba zvokuti akabvambura shumba napakati namaoko ake kunge anobvambura mbudzana.
ထိုအခါ ရှံဆုန်လက်၌ တစုံတခုမျှ မပါသော်လည်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် ဆိတ်သငယ်ကို ဆွဲဖြတ်သကဲ့သို့ ထိုခြင်္သေ့ကို ဆွဲဖြတ်၏။ သို့ရာတွင် မိမိပြုသော အမှုကို မိဘတို့အား မကြားမပြောဘဲ နေ၏။
7 Ipapo akaburuka akandotaura nomukadzi, uye aimuda.
မြို့သို့ ရောက်၍ မိန်းမနှင့် နှုတ်ဆက်သဖြင့် ရှံဆုန်သည် နှစ်သိမ့်၏။
8 Mushure menguva yakati kuti, paakadzokera kundomuroora, akatsauka kundoona mutumbi weshumba. Mukati macho makanga mava nebumha renyuchi nouchi,
အချိန်စေ့၍ ထိုမိန်းမကို သိမ်းယူခြင်းငှါ သွားစဉ်အခါ၊ ခြင်္သေ့အကောင်ကို ကြည့်ရှုအံ့သောငှါ၊ လမ်းမှ လွှဲသွား၍ ခြင်္သေ့အကောင်ထဲမှာ ပျားအုံနှင့် ပျားရည်ရှိသည်ကို တွေ့မြင်လျှင်၊
9 akahubura namaoko ake akadya achifamba. Akati asvika kuvabereki vake akavapa humwe vakadyawo naivo. Asi haana kuvaudza kuti akanga atora uchi mumutumbi weshumba.
နှိုက်ယူ၍စားလျက် ခရီးသွားလေ၏။ မိဘထံသို့ ရောက်သော် ပေး၍ သူတို့သည်လည်း စားကြ၏။ သို့ရာတွင် ထိုပျားရည်ကို ခြင်္သေ့အကောင်ထဲက နှိုက်ယူကြောင်းကို မကြားမပြောဘဲ နေ၏။
10 Zvino baba vake vakaburuka kundoona mukadzi uya. Uye Samusoni akaita mutambo ikoko, setsika yaiitwa nezvikomba.
၁၀အဘသည်လည်း၊ မိန်းမနေရာအရပ်သို့ သွားပြန်၍ ရှံဆုန်သည် လူပျိုထုံးစံအတိုင်း ပွဲလုပ်လေ၏။
11 Paakasvika, akapiwa shamwari makumi matatu.
၁၁ထိုအရပ်သားတို့သည် ရှံဆုန်ကို မြင်သောအခါ၊ သူနှင့်အတူ ပွဲခံခြင်းငှါ အပေါင်းအဘော်သုံးဆယ်တို့ကို ခေါ်ခဲ့ကြ၏။
12 Samusoni akati kwavari, “Regai ndikutaurirei chirahwe. Kana mukagona kuchidudzira mukati mamazuva manomwe omutambo, ini ndichakupai nguo dzomucheka dzinosvika makumi matatu nehanzu makumi matatu.
၁၂ရှံဆုန်ကလည်း၊ သင်တို့အား စကားဝှက်ကို ငါပြောမည်။ ပွဲခံရာခုနစ်ရက်တွင် ဘော်ပြနိုင်လျှင် ခြုံထည် သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါပေးမည်။
13 Kana musingagoni kudzidudzira, imi munofanira kundipa nguo dzomucheka makumi matatu namakumi matatu ehanzu.” Ivo vakati, “Tiudze chirahwe chako. Rega tichinzwe.”
၁၃မဘော်မပြနိုင်လျှင် သင်တို့သည် ခြုံထည်သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါ့အား ပေးရမည်ဟုဆိုသော် သူတို့က၊ သင့်စကားဝှက်ကို ငါတို့အား ကြားပြောပါဟု ဝန်ခံကြ၏။
14 Akapindura akati, “Kumudyi kwakabuda chokudya; kubva kune chine simba kwakabuda zvinotapira.” Havana kugona kupa mhinduro kwamazuva matatu.
၁၄ရှံဆုန်ကလည်း၊ စားတတ်သောသူ၏အထဲက အစာ၊ သန်စွမ်းသော သူ၏အထဲက အချိုထွက်လေစွဟု ဆို၏။ ထိုစကားဝှက်အနက်ကို သူတို့သည် သုံးရက်ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။
15 Pazuva rechina, vakati kumukadzi waSamusoni, “Nyengetedza murume wako kuti atsanangure chirahwe kuti tiregere kukupisai mukafa iwe neveimba yababa vako. Munotikoka pano kuzotibira nhai?”
၁၅စတုတ္ထနေ့ရောက်မှ၊ သူတို့က၊ သင်၏လင်သည် စကားဝှက်အနက်ကို ဘော်ပြစေခြင်းငှါ သူ့ကို ချော့မော့ ရမည်။ သို့မဟုတ် သင်နှင့်တကွ သင့်အဆွေအမျိုးကို မီးရှို့မည်။ ငါတို့ဥစ္စာကို လုယူခြင်းငှါ ငါတို့ကို ခေါ်ဘိတ်သလောဟု ရှံဆုန်၏ မယားကို ဆိုသောကြောင့်၊
16 Ipapo mukadzi waSamusoni akazviwisira paari, achichema akati, “Unondivenga iwe! Haundidi chaizvo izvo. Wakapa vanhu vokwangu chirahwe, asi hauna kundiudza dudziro yacho.” Akapindura akati, “Handina kutongochitsanangurira baba vangu kana mai vangu, saka ndingachitsanangura seiko kwauri?”
၁၆သူသည် လင်ရှေ့မှာ ငိုကြွေး၍ သင်သည် ငါ့ကို မချစ် မုန်းပါ၏။ ငါ့အမျိုးသားချင်းတို့အား စကားဝှက်ကို ပြောသော်လည်း၊ အနက်ကို ငါ့အား မပြပါတကားဟု ဆို၏။ ရှံဆုန်ကလည်း၊ ငါသည် ကိုယ်မိဘကိုမျှ မပြဘဲ သင့်အား ပြရမည်လောဟုဆိုသော်လည်း၊
17 Akachema kwamazuva manomwe ose omutambo. Saka akapedzisira amuudza pazuva rechinomwe, nokuti akaramba achingomumanikidza. Iye akabva azotsanangurira vanhu vake chirahwe.
၁၇ပွဲခံရာခုနစ်ရက်စေ့အောင် လင်ရှေ့မှာ ငိုကြွေး၍ ခုနစ်ရက်မြောက်သော နေ့၌ အလွန်ပူဆာသော ကြောင့် အနက်ကို ဘော်ပြ၏။ မိန်းမသည်လည်း အမျိုးသားချင်းတို့အား ပြန်ပြောလေ၏။
18 Pazuva rechinomwe, zuva risati radoka, varume vomuguta vakati kwaari, “Chiiko chinotapira souchi? Chiiko chine simba seshumba?” Samusoni akati kwavari, “Dai manga musina kurima netsiru rangu, mungadai musina kugona kududzira chirahwe changu.”
၁၈မြို့သားတို့သည် ခုနစ်ရက်မြောက်သောနေ့ နေမဝင်မှီလာ၍ ပျားရည်ထက် အဘယ်အရာ ချိုသနည်း။ ခြင်္သေ့ထက် အဘယ်အရာ သန်စွမ်းသနည်းဟု ဘော်ပြကြ၏။ ရှံဆုန်ကလည်း၊ သင်တို့သည် ငါ့နွားမပျို နှင့် မထွန်လျှင် ငါ့စကားဝှက်အနက်ကို ရှာ၍ မတွေ့ဟုဆို၏။
19 Ipapo Mweya waJehovha wakauya pamusoro pake nesimba. Akaburuka akaenda kuAshikeroni, akandouraya varume makumi matatu, akakutunura zvinhu zvavo akapa nguo dzavo kuna avo vakadudzira chirahwe. Akatsamwa kwazvo akaenda kumba kwababa vake.
၁၉ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် အာရှကေလုန်မြို့ သို့ သွား၍ မြို့သားသုံးဆယ်ကို သတ်ပြီးမှ သူတို့ဥစ္စာကို လုယူ၍ စကားဝှက်အနက်ကို ဘော်ပြသော သူတို့အား အဝတ်စုံတို့ကို ပေးပြီးမှ၊ အမျက်ထွက်၍ မိမိအဘအိမ်သို့ ပြန်သွားလေ၏။
20 Uye mukadzi waSamusoni akapiwa kushamwari yakanga yamuperekedza pasvitsa.
၂၀မယားကို ကားရှံဆုန်ပေါင်းဘော်သော အဆွေခင်ပွန်းအား ပေးစားသတည်း။

< Vatongi 14 >