< Joshua 2 >

1 Zvino Joshua mwanakomana waNuni akatuma vasori vaviri muchivande kubva kuShitimu. Akati, “Endai munotarisa nyika, kunyanya Jeriko.” Naizvozvo vakaenda vakandopinda mumba mechifeve chainzi Rahabhi vakagaramo.
နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက်၊ ခါနာန်ပြည် ယေရိခေါမြို့ကို သွား၍ ကြည့်ရှုကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင် ရာခပ်အမည်ရှိ သော ပြည်တန်ဆာမိန်းမအိမ်သို့ ဝင်၍နေလေ၏။
2 Zvino mambo weJeriko akaudzwa kuti, “Tarirai! Kune vamwe vaIsraeri vauya muno manheru anhasi kuzosora nyika.”
ပြည်သားအချို့တို့ကလည်း၊ ဤပြည်ကို စူးစမ်း ခြင်းငှါ ဣသရေလအမျိုးသားအချို့တို့သည် ယနေ့ည မှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါမင်းကြီးအား လျှောက်ကြားကြသည် ရှိသော်၊
3 Naizvozvo mambo weJeriko akatumira shoko kuna Rahabhi achiti, “Budisa varume vauya kwauri vakapinda mumba mako, nokuti vauya kuzosora nyika yose.”
ယေရိခေါမင်းကြီးသည် ရာခပ်အား သင့်ဆီသို့ ရောက်လာ၍၊ သင့်အိမ်သို့ဝင်သောသူတို့ကို အပ်လော့။ သူတို့သည် တပြည်လုံးကို စူးစမ်းခြင်းငှါ ရောက်လာပြီဟု အမိန့်တော်နှင့် စေလွှတ်လေ၏။
4 Asi mukadzi uyu akanga atora varume vaviri vaya akavavanza. Iye ndokuti, “Ichokwadi, varume ava vakauya kwandiri, asi handina kuziva kuti vakanga vabvepi.
ရာခပ်သည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထား နှင့်ပြီးမှ ကျွန်မဆီသို့ လူရောက်သည် မှန်ပါ၏။ သို့ရာ တွင် အဘယ်အရပ်ကလာသည်ကို မသိပါ။
5 Zvino kwati zvarara yava nguva yokupfiga suo reguta, varume ava vakaenda. Handizivi kuti vakaenda vakanangepi. Vateverei nokukurumidza, pamwe mungangovabata.”
မိုဃ်းချုပ်၍ တံခါးပိတ်ချိန်ရှိသောအခါ၊ သူတို့ သည် ထွက်သွားကြပါ၏။ အဘယ်အရပ်သို့ ထွက်သွား သည်ကို မသိပါ။ အလျင်အမြန်လိုက်ကြလော့။ မှီကောင်း မှီပါလိမ့်မည်ဟု ပြန်ပြော၏။
6 (Asi iye akanga avatora ndokuvaisa pamusoro pemba ndokuvavanza mumashanga aakanga aunganidza pamusoro pemba.)
သို့ဆိုသော်လည်း ထိုသူတို့ကို အိမ်အပေါ်သို့ တက်စေ၍၊ အမိုးပေါ်မှာဖြန့်ထားသော ပိုက်ဆန်ရိုးထဲ၌ ဝှက်ထားနှင့်ပြီ။
7 Naizvozvo varume vakasimuka votevera vasori nenzira yainanga kumazambuko eJorodhani, uye vaitevera vachangobuda, suo rakabva rapfigwa.
မင်းလုလင်တို့သည် ယော်ဒန်မြစ်ကူးရာလမ်းသို့ လိုက်ကြ၏။ မြို့ပြင်သို့ရောက်ကြပြီးမှ မြို့တံခါးများကို ပိတ်ကြ၏။
8 Vasori vasati varara, iye akakwira padenga remba,
သူလျှိုတို့သည် မအိပ်မှီ မိန်းမသည် သူတို့ရှိရာ အိမ်မိုးပေါ်သို့တက်၍၊
9 ndokuti kwavari, “Ndinozviziva kuti Jehovha akupai nyika ino, uye kuti kutyiwa kwenyu kukuru kuri pamusoro pedu, zvokuti vose vanogara munyika muno vari kubvunda nokutya nokuda kwenyu.
ထာဝရဘုရားသည် သင်တို့အား ဤပြည်ကို ပေး တော်မူကြောင်းကို၎င်း၊ သင်တို့ကို ငါတို့ကြောက်လန့်အား ကြီး၍ သင်တို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက်ကြောင်းကို၎င်း ကျွန်မသိပါ၏။
10 Takanzwa maomeserwo akaitwa mvura yeGungwa Dzvuku naJehovha nokuda kwenyu pamakabuda muIjipiti, uye zvamakaita kuna Sihoni naOgi, madzimambo maviri avaAmori kumabvazuva kweJorodhani, avo vamakaparadza zvachose.
၁၀သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ ဧဒုံပင်လယ်ရေကို ထာဝရဘုရား ခန်းခြောက်စေတော်မူ ကြောင်းကို၎င်း၊ ယော်ဒန်မြစ်တဘက်၌နေ၍ သင်တို့ ရှင်းရှင်းဖျက်ဆီးသော အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌ သင်တို့ပြုသောအမှုကို၎င်း၊ အကျွန်ုပ်တို့ကြား ရကြပြီ။
11 Patakazvinzwa mwoyo yedu yakarukutika, uye hapana akasara nokutsunga maari nokuda kwenyu, nokuti Jehovha Mwari wenyu ndiMwari kumusoro kudenga napasi panyika.
၁၁ထိုသိတင်းကိုကြားသောအခါ၊ အကျွန်ုပ်တို့သည် စိတ်ပျက်၍ သင်တို့ကြောင့် တစုံတယောက်သောသူ၌မျှ ရဲရင့်ခြင်းသတ္တိ အလျှင်းမကျန်ကြွင်းပါ။ အကြောင်းမူ ကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အထက် ကောင်းကင်ဘုံ၌၎င်း၊ အောက်အရပ်မြေကြီး၌၎င်း၊ အစိုး ရသော ဘုရားသခင်ဖြစ်တော်မူ၏။
12 Zvino ndapota, pikai kwandiri naJehovha kuti muchaitira mhuri yangu tsitsi, nokuti ini ndakuitiraiwo tsitsi. Ndipei chiratidzo chechokwadi chakasimba
၁၂သို့ဖြစ်၍ သင်တို့၌ ကျွန်မသည် ကျေးဇူးပြုသော ကြောင့် သင်တို့သည် ကျွန်မပေါက်ဘော်တို့၌ ကျေးဇူးပြု ၍၊
13 chokuti muchararamisa baba vangu namai vangu, hanzvadzi dzangu namadzikoma angu, nemhuri dzavo dzose, uye kuti muchatiponesa kubva parufu.”
၁၃ကျွန်မမိဘ၊ ညီအစ်မ၊ မောင်အစရှိသော သူတို့ နှင့်ဆိုင်သမျှသော သူတို့ကို မသတ်ဘဲ အသက်ချမ်းသာ ပေးမည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုကြပါ။ မှန်သောလက္ခဏာသက်သေကိုလည်း ပေးခဲ့ကြပါဟုဆို လျှင်၊
14 Ipapo varume vaya vakamuvimbisa vachiti, “Isu ngatife pachinzvimbo chenyu. Kana ukasareva zvatiri kuita tichakubata zvakanaka nokutendeka kana Jehovha atipa nyika ino.”
၁၄ထိုသူတို့က၊ သင်သည် ငါတို့အမှုကို မဘော်မပြ လျှင် သင့်အသက်အတွက် ငါတို့အသက်သည် အာမခံ ဖြစ်စေတော့။ ဤပြည်ကို ထာဝရဘုရားပေးတော်မူသော အခါ၊ သင်၌ သစ္စာစောင့်၍ ကျေးဇူးပြုမည်ဟု ဝန်ခံကြ၏။
15 Saka akavadzikisa pasi netambo napawindo, nokuti imba yaaigara yaiva mumasvingo eguta.
၁၅ထိုမိန်းမနေရာ အိမ်သည် မြို့ရိုးနားမှာရှိသော ကြောင့်၊ ထိုသူတို့ကို ပြတင်းပေါက်ကကြိုးနှင့် လျှော့ချ လျက်၊
16 Zvino akati kwavari, “Endai kumakomo kuitira kuti vateveri varege kukuwanai. Muvande ikoko kwamazuva matatu kusvikira vadzoka, mozoenda henyu nenzira yenyu.”
၁၆သင်တို့သည် လိုက်၍ရှာသောသူတို့နှင့် လွတ် မည်အကြောင်း တောင်ပေါ်သို့ပြေး၍ သုံးရက်ပုန်းနေကြ ပါ။ ရှာသောသူတို့သည် ပြန်သောနောက်မှ သွားကြပါဟု ဆိုလျှင်၊
17 Varume vaya ndokuti kwaari, “Mhiko yawatipikisa iyi haizotisungi
၁၇ထိုသူတို့က၊ သင်သည် ကျိန်ဆိုစေသောအကျိန် ကြောင့်၊ ငါတို့၌ အပြစ်မရောက်ပါစေနှင့်။
18 kunze kwokuti, patinopinda munyika, uchange wasungirira tambo tsvuku iyi pawindo rawatidzikisa naro, uye kunze kwokunge wapinza baba vako namai vako, hanzvadzi dzako nemhuri yako yose mumba mako.
၁၈ဤပြည်သို့ ငါတို့ရောက်လာသောအခါ၊ ယခု လျှော့ချသော ပြတင်းပေါက်၌ ဤကြိုးနီကို ချည်ထား၍၊ သင့်မိဘ၊ သင့်မောင်များနှင့် ပေါက်ဘော်များအပေါင်းတို့ ကို သင့်အိမ်၌ ခေါ်ထားရမည်။
19 Ani naani anobuda mumba mako achienda panze, ropa rake richava pamusoro wake, isu hatizova nemhosva. Asi wose anenge ari mumba pamwe chete newe, ropa rake richava pamisoro yedu kana pakangowana anomubata chete.
၁၉ထိုအခါ သင့်အိမ်ထဲက လမ်းသို့ထွက်သွားသော သူမည်သည်ကား၊ သေလျှင်သေပြစ်ကို ကိုယ်တိုင်ခံစေ၊ ငါတို့သည် အပြစ်လွတ်စေ။ သင့်အိမ်၌ ရှိသောသူမည် သည်ကို အသေသတ်လျှင် သေပြစ်ကို ငါတို့သည် ခံစေ။
20 Asi ukangoreva zvatiri kuita, tichasunungurwa pamhiko yawatipikisa.”
၂၀ငါတို့အမှုကိုလည်း သင်သည် ဘော်ပြလျှင်၊ သင်ယခုကျိန်ဆိုစေသော အကျိန်နှင့် ငါတို့သည် လွတ်စေ ဟုဆိုလျှင်၊
21 Iye akapindura akati, “Ngazviitwe sokutaura kwenyu.” Naizvozvo akavati vaende ivo ndokuenda. Ipapo akabva asungirira tambo tsvuku pawindo.
၂၁မိန်းမက၊ သင်တို့စကားရှိသည်အတိုင်း ဖြစ်ပါ စေတော့ဟု ဝန်ခံလျက် လွှတ်လိုက်၍ သူတို့သည် သွားကြ ၏။ မိန်းမသည်လည်း ထိုကြေးနီကို ပြတင်းပေါက်၌ ချည်ထားလေ၏။
22 Pavakabva, vakaenda mumakomo vakagaramo kwamazuva matatu, kusvikira vateveri vatsvaka nzira yose vakavashayiwa vakadzoka.
၂၂ထိုသူတို့သည် တောင်ပေါ်သို့ရောက်အောင် သွား၍ လိုက်ရှာသောသူတို့ မပြန်မှီတိုင်အောင် သုံးရက် နေကြ၏။ ရှာသောသူတို့သည်လည်း လမ်းတရှောက်လုံး ရှာ၍ မတွေ့ကြ။
23 Ipapo varume vaviri vaya vakatanga kudzokera. Vakadzika kubva muzvikomo ndokuyambuka rwizi vakasvika kuna Joshua mwanakomana waNuni vakamuudza zvose zvakanga zvaitika kwavari.
၂၃ထိုလူနှစ်ယောက်တို့သည် လှည့်၍ တောင်ပေါ် က ဆင်းပြီးမှ မြစ်ကို ကူးသဖြင့်၊ နုန်၏သား ယောရှုထံသို့ ရောက်၍၊ မိမိတို့၌ ဖြစ်သမျှတို့ကို ပြန်ကြားလျက်၊
24 Vakati kuna Joshua, “Zvirokwazvo Jehovha aisa nyika yose mumaoko edu; vanhu vose vari kugwagwadza nokutitya.”
၂၄အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည် တရှောက်လုံးကို ငါတို့လက်သို့ အပ်တော်မူပြီ။ ငါတို့ ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက် လျက် ရှိကြပါ၏ဟု ယောရှုအား လျှောက်ဆို၏။

< Joshua 2 >