< Joere 2 >

1 Ridzai hwamanda muZioni; ridzai hwamanda yokuyambira vanhu muri pagomo rangu dzvene. Vanhu vose vagere munyika ngavadedere nokuti zuva raJehovha riri kuuya. Rava pedyo,
ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ သန့်ရှင်းသော ငါတောင်ပေါ်မှာ သတိပေးသော အသံကို ပြုကြလော့။ ပြည်သူပြည်သားအပေါင်းတို့သည် တုန်လှုပ် ကြစေ။ အကြောင်းမူကား၊ ထာဝရဘုရား၏ နေ့ရက်သည် လာ၍ နီးပြီ။
2 zuva rerima nokusuwa, zuva ramakore nokusviba. Samambakwedza anoonekwa pamusoro pamakomo, hondo huru ine simba guru iri kuuya; zvakadai hazvina kutombovapo munguva yakare, uye hazvichazoonekwizve munguva ichatevera.
မိုက်မဲသောနေ့၊ မိုဃ်းအုံ၍ မှောင်မိုက်ထူထပ် သော နေ့ဖြစ်၏။ ဓနအာရုန်သည် တောင်ထိပ်တို့ကို နှံ့ ပြားသကဲ့သို့၊ အများဖြစ်၍ အားကြီးသော အမျိုးသည် လာ၏။ ရှေးကာလ၌ ထိုသို့ မဖြစ်စဖူး။ နောင်ကာလ အစဉ်အဆက်၌လည်း မဖြစ်ရလတံ့။
3 Moto unoparadza pamberi padzo, marimi omoto ari kupisa shure kwadzo. Pamberi padzo, nyika yakafanana nebindu reEdheni, shure kwadzo kwangova gwenga risina basa, hapana chinopunyuka.
သူတို့ရှေ့မှာ မီးလောင်၏။ နောက်၌လည်း မီးလျှံတောက်၏။ ရှေ့တွင်ရှိသော ပြည်သည် ဧဒင် ဥယျာဉ်ကဲ့သို့ ဖြစ်၏။ နောက်၌ကား၊ သုတ်သင်ပယ်ရှင်း သော လွင်ပြင်ဖြစ်၏။ အကယ်စင်စစ် သူတို့လက်မှ အဘယ်အရာမျှ မလွတ်ရ။
4 Pakuonekwa kwadzo dzakaita samabhiza; dzinomhanya samabhiza ehondo.
သူတို့သည် အဆင်းအားဖြင့် မြင်းနှင့်တူ၍၊ မြင်းစီးသူရဲကဲ့သို့ ပြေးကြလိမ့်မည်။
5 Nokutinhira sokwengoro dzinokwakuka pamusoro pamakomo dzichidya mashanga semoto unopisa uswa hwakaoma, sehondo ine simba yabuda kundorwa.
ရထားမြည်သံကဲ့သို့၎င်း၊ အမှိုက်ကို လောင်သော မီးမြည်သံကဲ့သို့၎င်း အသံမြည်၍ တောင်ထိပ်တို့အပေါ် မှာ ခုန်ကြလိမ့်မည်။ စစ်တိုက်ခြင်းငှါ ခင်းကျင်း၍ အားကြီးသော လူအလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။
6 Pakungodziona chete, ndudzi dzose dzinotya; vose vanocheneruka kumeso.
သူတို့ရှေ့မှာ လူတို့သည် အလွန်ပင်ပန်းသော စိတ်ရှိ၍၊ ခပ်သိမ်းသော သူတို့သည် မျက်နှာမည်းကြ လိမ့်မည်။
7 Dzinorwisa samauto; dzinokwira madziro savarwi. Dzinofamba dzakateverana dzisingatsauki padzakananga napo.
သူတို့သည် သူရဲကဲ့သို့ ပြေး၍ စစ်သူရဲကဲ့သို့ မြို့ရိုးကို တက်ကြလိမ့်မည်။ လမ်းမလွှဲဘဲ အသီးအသီး မိမိတို့လမ်းသို့ တည့်တည့်လိုက်ကြလိမ့်မည်။
8 Hadzikwikwidzani pakufamba, imwe neimwe inofamba yakananga mberi. Dzinopwanya nzvimbo dzakadzivirirwa sei, pasina chinodzikanganisa pakurongana kwadzo.
တဦးကိုတဦး မတိုက်ဘဲ မိမိလမ်းသို့ မိမိလိုက် ကြလိမ့်မည်။ ထားသွားကို ထိသော်လည်း ရှနခြင်းကို မခံရကြ။
9 Dzinobhururuka dzakananga muguta; dzinomhanya pamusoro porusvingo. Dzinokwira dzichipinda mudzimba; dzinopinda napamawindo sembavha.
မြို့ထဲမှာတလည်လည် ပြေးလျက်၊ မြို့ရိုးကို ကျော်လျက်၊ အိမ်ပေါ်သို့ တက်လျက်၊ သူခိုးကဲ့သို့ ပြတင်း ပေါက်ထဲသို့ ဝင်လျက်ရှိကြလိမ့်မည်။
10 Pamberi padzo, pasi panozunguzika, denga rinodedera, zuva nomwedzi zvinosviba uye nyeredzi dzinodzima.
၁၀သူတို့ရှေ့မှာ မြေကြီးလှုပ်လိမ့်မည်။ မိုဃ်း ကောင်းကင်လည်း တုန်ခိုက်လိမ့်မည်။ နေနှင့်လ သည် မိုက်၍၊ ကြယ်တို့သည် မထွန်းလင်းဘဲ နေကြလိမ့်မည်။
11 Jehovha anoomba, ari pamberi pehondo yake; mauto ake haaverengeki, uye vane simba ndivo vanoteerera kurayira kwake. Zuva raJehovha iguru; rinotyisa kwazvo. Ndiani angamira musi waro?
၁၁ထာဝရဘုရားသည်လည်း မိမိတပ်တော်ရှေ့မှာ အသံကို လွှင့်တော်မူမည်။ တပ်တော်သည် အလွန်ကြီးမား ၏။ စကားတော်အတိုင်း စီရင်သော သူသည် တန်ခိုးကြီး တော်မူ၏။ ထာဝရဘုရား၏နေ့ရက်သည် ကြီး၍ အလွန် ကြောက်မက်ဘွယ်သော နေ့ရက်ဖြစ်၏။ အဘယ်သူခံနိုင် သနည်း။
12 Jehovha anoti, “Kunyange zvino, tendeukirai kwandiri nemwoyo yenyu yose muchitsanya, muchichema uye muchiungudza.”
၁၂သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့။
13 Bvarurai mwoyo yenyu, kwete nguo dzenyu. Dzokerai kuna Jehovha Mwari wenyu, iye ane nyasha uye ane tsitsi, anononoka kutsamwa uye ane rudo rukuru; anozvidzora pakutumira vanhu njodzi.
၁၃အဝတ်ကို မဆုတ်ဘဲ နှလုံးကို ဆုတ်လျက်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာ ကြလော့။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန်ကျေးဇူးပြုချင်သော သဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သော သဘောရှိတော်မူ၏။
14 Ndiani anoziva? Anogona kupinduka agonzwa tsitsi, uye agokusiyirai mukomborero wezvipiriso zvezviyo nezvipiriso zvokunwa zvinoitirwa Jehovha Mwari wenyu.
၁၄သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားအား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှါ၊ ဘုရား သခင်သည် တဖန် ပြန်လာ၍ နောင်တရပြီးလျှင်၊ ကောင်းကြီးမင်္ဂလာကို ထားရစ်စေတော်မူမည်မမူမည်ကို အဘယ်သူသိနိုင်သနည်း။
15 Ridzai hwamanda muZioni. Sarudzai zuva rokutsanya kutsvene, danai vanhu kuungano tsvene.
၁၅ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ အစာရှောင်ရသော အချိန်ကို ခန့်ထား၍ ခြိုးခြံစွာ ကျင့်ရသော အချိန်ကို ကြော်ငြာကြလော့။
16 Unganidzai vanhu, munatse ungano iyi, unganidzai pamwe chete vakuru, unganidzai vana, vachiri kuyamwa. Vachangowanana, murume ngaabude muimba yake nomwenga muimba yake.
၁၆လူများတို့ကို ခေါ်၍ စုဝေးသော ပရိသတ်တို့ကို သန့်ရှင်းစေကြလော့။ အသက်ကြီးသော သူတို့ကို၎င်း၊ ငယ်သောသူနှင့်နို့စို့သော သူတို့ကို၎င်း စုဝေးစေကြလော့။ မင်္ဂလာဆောင်လုလင်သည် မိမိအခန်းထဲက၎င်း၊ မင်္ဂလာ ဆောင်သတို့သမီးသည် မိမိကွယ်၍နေသော ကုလားကာ တွင်းက၎င်း ထွက်စေ။
17 Vaprista vanoshumira pamberi paJehovha ngavacheme vari pakati pebiravira retemberi nearitari. Ngavati, “Musaparadza vanhu venyu, imi Jehovha. Musaita kuti nhaka yenyu ive chinhu chinosekwa, chirevo pakati pendudzi. Vachataurirei pakati pamarudzi vachiti, ‘Mwari wavo aripiko?’”
၁၇ထာဝရဘုရား၏ အမှုတော်စောင့်၊ ယဇ်ပုရော ဟိတ်တို့သည် အိမ်တော်ဦးနှင့် ယဇ်ပလ္လင်စပ်ကြားမှာ ငိုကြွေးလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏လူများကို သနားတော်မူပါ။ တပါးအမျိုးသားတို့သည် အစိုးရ၍ အမွေတော်လူတို့ကို ကဲ့ရဲ့စေခြင်းငှါ အပ်နှံတော်မမူပါ နှင့်။ သူတို့ ဘုရားသခင်ကား၊ အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါ သနည်းဟု လျှောက်ကြစေ။
18 Ipapo Jehovha achava negodo pamusoro penyika yake, uye achanzwira vanhu vake tsitsi.
၁၈သို့ပြုလျှင်၊ ထာဝရဘုရားသည် ပြည်တော်ကို မစချင်သော စိတ်အားကြီး၍ မိမိလူတို့ကို ကယ်မသနား တော်မူလိမ့်မည်။
19 Jehovha achavapindura achiti, “Ndava kukutumirai zviyo, waini itsva namafuta, zvakawanda zvokuti muchaguta kwazvo, handichazokuitai zvakare chiseko chendudzi.
၁၉အကယ်စင်စစ် ထာဝရဘုရားသည် ထူးတော်မူ လျက်၊ ငါသည် ဆန်စပါး၊ စပျစ်ရည်၊ ဆီကို ပေးလိုက်၍ သင်တို့သည် ဝကြလိမ့်မည်။ နောက်တဖန် တပါးအမျိုး သားကဲ့ရဲ့ရာဖြစ်စေခြင်းငှါ ငါမပြု။
20 “Ndichadzingira kure nemi hondo yokumusoro, ndichaidzingira kunyika yakaoma isina chibereko, dziya dziri mberi dzichawira mugungwa rokumabvazuva, uye dziya dziri shure dzichawira mugungwa rokumadokero. Uye kunhuhwa kwadzo kuchakwira; kunhuhwa kwadzo kukuru kuchakwira.” Zvirokwazvo akaita zvinhu zvikuru.
၂၀မြောက်မျက်နှာတပ်သားတို့ကို သင်တို့နေရာမှ ငါပယ်ရှားမည်။ အဘယ်သူမျှမရှိ၊ သွေ့ခြောက်သော အရပ်သို့ နှင်ထုတ်မည်။ အရှေ့ပင်လယ်ကို မျက်နှာပြု လျက်၊ အနောက်ပင်လယ်ကို ကျောခိုင်းလျက် ချီသွားလိမ့် မည်။ ပုပ်စပ်နံစော်သော အနံ့ထွက်လိမ့်မည်။ ထာဝရ ဘုရားသည် ကြီးသော အမှုတို့ကို ပြုတော်မူမည်ဟု မိန့်တော်မူလိမ့်မည်။
21 Usatya iwe nyika; fara zvako upembere. Zvirokwazvo Jehovha aita zvinhu zvikuru.
၂၁အိုပြည်တော်၊ မစိုးရိမ်နှင့်။ ဝမ်းမြောက်ရွှင်လန်း ခြင်းရှိလော့။ ထာဝရဘုရားသည် ကြီးသောအမှုတို့ကို ပြုတော်မူမည်။
22 Musatya, imi mhuka dzesango, nokuti mafuro ava kusvibira. Miti yava kubereka michero yayo; mionde nemizambiringa zvichabereka kwazvo.
၂၂အိုတော သားရဲတို့၊ မစိုးရိမ်ကြနှင့်။ တောမြက် ပင်ပေါက်လျက်၊ သစ်ပင်တို့သည် အသီးကို သီးလျက်၊ သင်္ဘောသဖန်းပင်နှင့် စပျစ်နွယ်ပင်တို့လည်း အားထုတ် လျက်ရှိကြ၏။
23 Farai imi vanhu veZioni, farai muna Jehovha Mwari wenyu, nokuti akakupai mvura yokupedzisira mukururama. Anokupai mvura yakawanda, yokupedzisira neyebumharutsva sakare.
၂၃အိုဇိအုန်မြို့သားတို့၊ ဝမ်းမြောက်၍ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်း ကြလော့။ အကြောင်းမူကား၊ ဓမ္မဆရာကို ပေးတော်မူ၍ အစအဦး၌လည်း အရင်မိုဃ်းနှင့်နောက်မိုဃ်းကို သင်တို့ အပေါ်မှာ ရွာစေတော်မူမည်။
24 Mapuriro enyu achazara nezviyo, uye zvisviniro zvenyu zvichazara newaini itsva namafuta.
၂၄ကောက်နယ်တလင်းတို့သည် စပါးနှင့်ပြည့်၍၊ အသီးနယ်ရာ ကျင်းတို့၌လည်း စပျစ်ရည်နှင့်ဆီ လျှံကြ လိမ့်မည်။
25 “Ndichakuripirai makore ose amakadyirwa nemhashu: mhashu dzemagutaguta nedzegwatakwata, dzimwe mhashu nefararira remhashu; hondo yangu huru yandinotuma pakati penyu.
၂၅အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတည်းဟူသော ငါစေလွှတ်သော ငါ၏ မဟာ ဗိုလ်ခြေတို့ ကိုက်စားသော နှစ်ပေါင်းကာလကို ငါပြန်ပေး မည်။
26 Muchava nezvokudya zvakawanda kusvikira maguta, ipapo mucharumbidza zita raJehovha Mwari wenyu, uyo akakuitirai zvishamiso; vanhu vangu havachazonyadziswi zvakare.
၂၆သင်တို့သည် ဝစွာ စားရကြလိမ့်မည်။ အံ့ဩ ဘွယ်သောအမှုတို့ကို သင်တို့၌ ပြုသော သင်တို့၏ဘုရား သခင်ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလိမ့်မည်။ နောက်တဖန် ငါ၏လူတို့သည်လည်း ရှက်ကြောက်ခြင်း မရှိရကြ။
27 Ipapo muchazoziva kuti ndirimo muIsraeri, uye kuti ndini Jehovha Mwari wenyu, uyewo kuti hakuna mumwe; vanhu vangu havachazonyadziswi zvakare.
၂၇ငါသည် ဣသရေလအမျိုး၏အလယ်၌ရှိ ကြောင်းကို၎င်း၊ အခြားသော ဘုရားမရှိ၊ ငါထာဝရဘုရား သည် သင်တို့၏ဘုရားသခင်ဖြစ်ကြောင်းကို၎င်း သင်တို့ သိရကြလိမ့်မည်။ နောက်တဖန်ငါ၏လူတို့သည် ရှက် ကြောက်ခြင်း မရှိရကြ။
28 “Uye mushure maizvozvo, ndichadururira Mweya wangu pamusoro pavanhu vose. Vanakomana navanasikana venyu vachaprofita, vatana venyu vacharota hope, majaya enyu achaona zviratidzo.
၂၈ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သော သူတို့ သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။
29 Kunyange pamusoro pavaranda vangu, zvose varume navakadzi, ndichadururira Mweya wangu mumazuva iwayo.
၂၉ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။
30 Ndicharatidza zvishamiso kudenga napanyika, ropa nomoto neshongwe dzoutsi.
၃၀မိုဃ်းကောင်းကင်၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ အံ့ဘွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင် တို့ကို ငါပြမည်။
31 Zuva richashanduka rigova rima, uye mwedzi uchava ropa, zuva guru raJehovha rinotyisa risati rasvika.
၃၁ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိ ဖြစ်လိမ့်မည်။လသည်လည်း သွေးဖြစ်လိမ့်မည်။
32 Uye ani naani anodana kuzita raJehovha achaponeswa; nokuti paGomo reZioni nomuJerusarema muchava noruponeso, sezvakataurwa naJehovha, pakati pavanopunyuka, avo vachadanwa naJehovha.
၃၂ထိုအခါ ထာဝရဘုရားကို ပဌနာ ပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြ လတံ့။ အကြောင်းမူကား၊ ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ဇိအုနတောင်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား ခေါ်တော်မူသောသူ အကျန်အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိရလတံ့။

< Joere 2 >