< Isaya 36 >

1 Mugore regumi namana rokutonga kwaMambo Hezekia, Senakeribhi mambo weAsiria akarwisa maguta ose akakomberedzwa aJudha akaapamba.
ဟေဇကိမင်းကြီး နန်းစံဆယ်လေးနှစ်တွင် အာ ရှုရိရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်၌ခိုင်ခံ့သော မြို့ ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံပြီးလျှင်၊
2 Ipapo mambo weAsiria akatuma mukuru wehondo yake nehondo huru achibva kuRakishi kuna Mambo Hezekia muJerusarema. Mukuru wehondo akati amira pamugero weDziva roKumusoro, pamugwagwa unoenda kuMunda woMusuki,
ရာဗရှာခကို ခန့်ထား၍ များစွာသော ဗိုလ်ခြေ နှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီး ထံသို့ စေလွှတ်လေ၏။ ထိုဗိုလ်ချုပ်မင်းသည် ရောက်၍၊ ခဝါသည်၏ လယ်နားမှာ ရှောက်သောလမ်း၊ အထက်ရေ ကန်ပြွန်ဝ၌ ရပ်နေ၏။
3 ipapo Eriakimu mwanakomana waHirikia, mufambisi webasa mumuzinda wamambo, naShebhina munyori, naJoa mwanakomana waAsafi munyori wenhoroondo, akabuda kundosangana naye.
ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်သားအတွင်း ဝန်ယောအာတို့သည် သူ့ထံသို့ထွက်ပြီးလျှင်၊
4 Mukuru wehondo akati kwavari, “Udzai Hezekia kuti: “‘Zvanzi namambo mukuru, iye mambo weAsiria: Uri kuvimba nei chaizvo?
ရာဗရှာခက၊ မဟာအရှင်မင်းကြီး၊ အာရှုရိရှင် ဘုရင်သည် ဟေဇကိကို မိန့်တော်မူသည်ကား၊ သင်ခိုလှုံ သဖြင့် ခိုလှုံရာကား အဘယ်သို့နည်း။
5 Iwe unoti une urongwa nesimba rokurwa, asi uri kutaura mashoko asina maturo. Ko, unovimba naaniko, zvawandimukira?
စစ်တိုက်လောက်အောင် ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသောစကားကို သင် ဆိုပါသည်တကား။ ငါ့ကို ပုန်ကန်ခြင်းငှါ အဘယ်သူကို ကိုးစားသနည်း။
6 Tarira zvino, unovimba neIjipiti, ruya rushanga rwomudonzvo rwakavhunika, runobaya ruoko rwomunhu nokumupa vanga kana azendamira parwuri! Ndizvo zvakaita Faro mambo weIjipiti kuna vose vanovimba naye.
ကျိုးသော ကျူလုံးတောင်ဝေးတည်းဟူသော အဲ ဂုတ္တုပြည်ကို ကိုးစားပါသည်တကား။ ထိုကျူလုံးသည် မှီ သောသူ၏ လက်ကိုဖောက်၍ လျှိုသွားလိမ့်မည်။ ထိုသို့ အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ၌မှီသောသူအပေါင်းတို့ကိုပြုလိမ့်မည်။
7 Asi kana ukati kwandiri, “Isu tinovimba naJehovha Mwari wedu,” haasi iye here ane nzvimbo dzakakwirira nearitari dzakabviswa naHezekia, iye akati kuJudha neJerusarema, “Munofanira kunamata pamberi pearitari iyi”?
သင်တို့က၊ ငါတို့သည် ငါတို့၏ ဘုရားသခင် ထာဝရဘုရားကို ကိုးစားသည်ဟု ဆိုပြန်လျှင်၊ ဟေဇကိ သည်မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ်၍၊ ဤမည်သောယဇ်ပလ္လင်ရှေ့၌သာ ကိုးကွယ်ရမည်ဟု ယုဒ ပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို မှာထားသဖြင့်၊ သင် တို့ ပြစ်မှားသော ဘုရားဖြစ်သည်မဟုတ်လော။
8 “‘Zvino chiuya, ita sungano natenzi wangu, mambo weAsiria: Ndichakupa mabhiza anokwana zviuru zviviri, kana ukagona kuisa vatasvi pamusoro pawo!
သို့ဖြစ်၍၊ ယခုတွင်ငါ့သခင်၊ အာရှုရိရှင်ဘုရင်၌ အာမခံတို့ကို အပ်ပါလော့။ သင်၌မြင်းစီးသူရဲ လုံလောက် အောင်ရှိလျှင်၊ မြင်းနှစ်ထောင်တို့ကို ငါပေးမည်။
9 Ungagona seiko kukunda mubati mumwe wavabati vadiki vatenzi vangu, kunyange uchivimba nengoro dzeIjipiti navatasvi vadzo vamabhiza?
သင်သည် ငါ့သခင်၏ ကျွန်တို့တွင် အငယ်ဆုံး သော ဗိုလ်ကို အဘယ်သို့ လှန်နိုင်မည်နည်း။ အဲဂုတ္တုပြည် မှရထားများ၊ မြင်းစီးသူရဲများကိုရမည်ဟု ယုံပါသည်တ ကား။
10 Pamusoro pezvo, ndauya kuzorwa nenyika ino nokuiparadza ndisina Jehovha here? Jehovha pachake andiudza kuti ndiuye munyika ino ndizoiparadza.’”
၁၀ထာဝရဘုရား၏ အခွင့်မရှိဘဲ၊ ဤပြည်ကိုဖျက် ဆီးခြင်းငှါ ငါလာသလော။ ထိုပြည်ကိုသွား၍ ဖျက်ဆီး လော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ။ ဤအ ကြောင်းအရာများကို ပြန်ပြောကြလော့ဟု ပြောဆို၏။
11 Ipapo Eriakimu, naShebhina, naJoa vakati kumukuru wehondo, “Tapota hedu, taurai kuvaranda venyu norurimi rwechiAramu, sezvo tichirunzwa. Musataura nesu nechiHebheru vanhu vari parusvingo vachinzwa.”
၁၁ထိုအခါဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှု ရိဘာသာ စကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါ လော့။ ထိုစကားကို ကျွန်တော်တို့သည် နားလည်ပါ၏။ မြို့ရိုးပေါ်မှာ ရှိသောသူတို့သည် ကြားရအောင်၊ ယုဒ ဘာသာစကားအားဖြင့် အမိန့်မရှိပါနှင့်ဟု ရာဗရှာခကို ဆိုကြလျှင်၊
12 Asi mukuru wehondo akapindura akati, “Ko, ndakatumwa natenzi wangu kuna tenzi wenyu nemi chete ndisingatauriwo kuvarume vagere parusvingo, ivo vanofanira kudya tsvina yavo nokunwa mvura yavo kufanana nemi here?”
၁၂ရာဗရှာခက၊ ငါ့သခင်သည် သင်၏သခင်နှင့် သင့်အားသာ ဤစကားကို ပြောစေခြင်းငှါ ငါ့ကိုစေလွှတ် တော်မူသလော။ မြို့ရိုးပေါ်မှာ ထိုင်လျက်၊ သင်တို့နှင့်အ တူ မိမိတို့မစင်ကိုစား၍၊ မိမိတို့ရေဟောင်းကို သောက် ရသော သူတို့ရှိရာသို့ စေလွှတ်တော်မူသည် မဟုတ်လော ဟု ဆိုပြီးလျှင်၊
13 Ipapo mukuru wehondo akasimuka akadanidzira nechiHebheru achiti, “Inzwai mashoko amambo mukuru, mambo weAsiria!
၁၃ရာဗရှာခသည် ထ၍ ယုဒဘာသာ စကားအား ဖြင့် ကျယ်သောအသံနှင့် ကြွေးကြော်လျက်၊ မဟာအရှင် မင်းကြီး အာရှုရိ ရှင်ဘုရင်၏ အမိန့်တော်ကို နားထောင် ကြလော့။
14 Zvanzi namambo: Musarega Hezekia achikunyengerai. Iye haangagoni kukurwirai!
၁၄ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ဟေဇကိသည် သင်တို့ကို မလှည့်စားစေနှင့်။ သူသည်သင်တို့ကို ကယ်ယူ ခြင်းငှါ မတတ်နိုင်။
15 Musarega Hezekia achikunyengetedzai kuti muvimbe naJehovha achiti, ‘Jehovha achakurwirai zvirokwazvo; guta rino harizoiswa muruoko rwamambo weAsiria.’
၁၅ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ဧကန် အမှန်ကယ်ယူတော်မူမည်။ ဤမြို့သည် အာရှုရိရှင် ဘု ရင် လက်သို့ မရောက်ရဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မကိုးစားစေနှင့်။
16 “Musateerera Hezekia. Zvanzi namambo weAsiria: Itai rugare neni mugouya kwandiri. Ipapo mumwe nomumwe wenyu achadya zvinobva pamuzambiringa wake napamuonde wake uye achanwa mvura inobva muchitubu chake,
၁၆ဟေဇကိစကားကို နားမထောင်ကြနှင့်။ အာရှုရိ ရှင်ဘုရင် မိန့်တော်မူသည်ကား၊ ငါနှင့် မိဿဟာယဖွဲ့ကြ။ငါ့ထံသို့ ထွက်လာကြ။
17 kusvikira ndauya ndizokutorai, ndigokuendesai kunyika yakaita seyenyu, nyika ine zviyo newaini itsva, nyika ine chingwa neminda yemizambiringa.
၁၇သင်တို့ပြည်နှင့် တူသောပြည်တည်း ဟူသော၊ ဆန်စပါးစပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့် စပျစ်ဥယျာဉ်များသောပြည်သို့၊ သင်တို့ကို ပို့ခြင်းငှါ ငါမ လာမှီတိုင်အောင်၊ သင်တို့သည် ကိုယ်စပျစ်ပင်၏အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏ အသီးကို စား၍၊ ကိုယ်ရေကန် ကရေကို သောက်လျက်နေကြဦးလော့။
18 “Musarega Hezekia achikutsausai achiti, ‘Jehovha achatirwira.’ Ndimwari weipi nyika zvayo akamborwira nyika yake muruoko rwamambo weAsiria?
၁၈ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ကယ် ယူတော်မူမည်ဟု မဖြားယောင်းစေနှင့်။ အပြည်ပြည် သောဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင် လက်မှ ကယ်လွှတ်ကြပြီလော။
19 Vamwari veHamati neAripadhi varipi? Vamwari veSefarivhaimi varipi? Vakarwira Samaria muruoko rwangu here?
၁၉ဟာမတ်ပြည်၏ ဘုရား၊ အာပဒ်ပြည်၏ဘုရား တို့သည် အဘယ်မှာရှိကြသနည်း။ သေဖရဝိမ်ပြည်၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှ မာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။
20 Ndavapi pakati pavamwari vendudzi dzose vakambogona kuponesa nyika dzavo kubva kwandiri? Ko, Jehovha achagona seiko kurwira Jerusarema muruoko rwangu?”
၂၀ထိုအပြည်ပြည်သော ဘုရားတို့တွင်၊ အဘယ် မည်သော ဘုရားသည် မိမိပြည်ကို ငါ့လက်မှကယ်လွှတ် ဘူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့ လက်မှ အဘယ်သို့ ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ၏။
21 Asi vanhu vakaramba vanyerere, vakasapindura chinhu, nokuti mambo akanga arayira achiti, “Musamupindura.”
၂၁ယုဒလူတို့လည်း၊ စကားတခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာ နေကြ၏။ အကြောင်းမူကား၊ ပြန်မပြော နှင့်ဟု ရှင်ဘုရင် အမိန့်တော်ရှိသတည်း။
22 Ipapo Eriakimu mwanakomana waHirikia mutariri womuzinda wamambo, naShebhina munyori, naJoa mwanakomana waAsafi munyori wenhoroondo vakaenda kuna Hezekia, nenguo dzavo dzakabvaruka, vakamuudza zvakanga zvataurwa nomukuru wehondo.
၂၂ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ်ဧ လျာကိမ်၊ စာရေးတော်ကြီး ရှေ့ဗန၊ အာသပ်သားအတွင်း ဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်လျက်၊ ဟေဇ ကိမင်းထံသို့လာ၍၊ ရာဗရှာခ စကားကို ကြားလျှောက် ကြ၏။

< Isaya 36 >