< Genesisi 6 >

1 Vanhu vakati vatanga kuwanda panyika uye vanasikana vakaberekwa kwavari,
မြေကြီးမျက်နှာပေါ်မှာလူတို့သည် များပြား၍ သမီးများကိုလည်း ရကြသောအခါ၊
2 vanakomana vaMwari vakaona kuti vanasikana vavanhu vakanga vakanaka, uye vakazviwanira upi zvake wavakasarudza.
ဘုရားသခင်၏သားတို့သည် လူသမီးတို့ လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ကြ၏။
3 Ipapo Jehovha akati, “Mweya wangu haungarambi uchigara mumunhu nokusingaperi, nokuti inyama; mazuva ake achava makore zana namakumi maviri.”
ထာဝရဘုရားကလည်း ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ။ အကြောင်းမူကား လူတို့သည် အသားဖြစ်၏။ သူ၏အသက်တန်းသည်လည်း၊ အနှစ်တရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။
4 VaNefirimu vakanga vari panyika mumazuva iwayo, uyewo mushure maizvozvo, vanakomana vaMwari vakapinda kuvasikana vavanhu vakaita vana navo. Vakanga vari mhare dzakare, vanhu vaiva nomukurumbira.
ထိုကာလ၌၊ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသော သူအချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏ သားတို့သည်၊ လူသမီးတို့နှင့် ဆက်ဆံ၍ ရသောသားတို့သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ၏။
5 Jehovha akaona kuti kuipa kwomunhu panyika kwakanga kuri kukuru sei, uye kuti ndangariro dzomwoyo wake dzakanga dzakaipa bedzi nguva dzose.
မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏ စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊
6 Jehovha akazvidemba kuti akanga aita munhu panyika, uye mwoyo wake wakazara nokurwadziwa.
မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသည်ကို နောက်တရ၍၊ နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။
7 Saka Jehovha akati, “Ndichabvisa vanhu pamusoro penyika ivo vanhu vandakaisa, vanhu nemhuka, nezvisikwa zvinokambaira pamusoro pevhu, neshiri dzedenga, nokuti ndinozvidemba kuti ndakazviita.”
ထာဝရဘုရားကလည်း၊ ငါဖန်ဆင်းသော လူကို၎င်း၊ လူမှစ၍ သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ မိုဃ်းကောင်းကင်ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှာ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသော ကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။
8 Asi Noa akawana nyasha pamberi paJehovha.
နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။
9 Iyi ndiyo rondedzero yezvaNoa. Noa akanga ari munhu akarurama, asina chaanopomerwa pakati pavanhu venguva yake, uye akafamba naMwari.
နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ၏။
10 Noa akanga ana vanakomana vatatu vaiti: Shemu, Hamu naJafeti.
၁၀နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။
11 Zvino nyika yakanga yaora pamberi paMwari uye yakanga yazara nokurwisana.
၁၁ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။
12 Mwari akaona kuti nyika yakanga yaora sei, nokuti vanhu vose panyika vakanga vaodza nzira dzavo.
၁၂ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။
13 Saka Mwari akati kuna Noa, “Ndava kuzoisa magumo kuvanhu vose, nokuti nyika yazara nokurwisana nokuda kwavo. Zvirokwazvo ndiri kuzovaparadza vose pamwe chete nenyika.
၁၃ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့် တကွ သူတို့ကို ငါဖျက်ဆီးမည်။
14 Saka iwe zviitire areka yomuti womusipuresi; uite makamuri mukati mayo uye uiname nenamo mukati nokunze.
၁၄ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။
15 Uku ndiko kuvaka kwaunofanira kuiita: Areka inofanira kureba makubhiti mazana matatu, upamhi hwayo huve makubhiti makumi mashanu uye makubhiti makumi matatu pakukwirira kwayo.
၁၅လုပ်ရမည်ပုံ ဟူမူကား၊ သင်္ဘောအလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့် အတောင်သုံးဆယ်ရှိစေရမည်။
16 Uite windo uchipoteredza areka ugosiya kubhiti rimwe chete kumusoro. Uise mukova parutivi rweareka uye uite muturikidzwa wapasi, wapakati nowapamusoro.
၁၆အပေါ်၌သည်အမိုးကိုလုပ်ရမည်။ ထိုအမိုး အပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတတောင်အကျယ် ရှိစေရမည်။ သင်္ဘောနံတဘက်၌လည်း တံခါးကို လုပ်ရမည်။ အောက်ဆင့်၊ အလယ်ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံးဆင့်ကိုလည်း ရှိစေရမည်။
17 Ndichauyisa mvura yamafashamu pamusoro penyika kuti iparadze zvipenyu zvose pasi pedenga, zvisikwa zvose zvino upenyu mazviri. Zvinhu zvose zviri panyika zvichaparara.
၁၇အသက်ရှင်သော သတ္တဝါ အပေါင်းတို့ကို၊ ကောင်းကင်အောက်မှ ငါ့ကိုယ်တိုင် ပယ်ရှင်ခြင်းငှါ၊ မြေကြီးကို ရေလွှမ်းမိုးစေသဖြင့်၊ မြေပေါ်မှာ ရှိသမျှတို့သည် သေကြရမည်။
18 Asi ndichasimbisa sungano yangu newe, uye uchapinda muareka, iwe navanakomana vako uye nomukadzi wako uye navakadzi vavanakomana vako vari pauri.
၁၈သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘော ထဲသို့ ဝင်ရမည်။
19 Unofanira kuisa muareka zviviri zviviri pazvisikwa zvipenyu zvose, chikono nechikadzi, kuti zvirarame pamwe chete newe.
၁၉အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက် ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။
20 Zviviri zviviri kubva kumhando dzose dzeshiri, nokubva kumhando dzose dzemhuka nokuzvisikwa zvose zvinokambaira panyika, zvichauya kwauri kuti zvichengetwe zviri zvipenyu.
၂၀ငှက်လည်းအမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ၊ သင့်ထံသို့ လာကြလိမ့်မည်။
21 Unofanira kutora zvokudya zvamarudzi ose zvinofanira kudyiwa ugozvichengeta kuti zvigova zvokudya zvako nezvazvo.”
၂၁ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကို ယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။
22 Noa akaita zvose sezvaakanga arayirwa naMwari.
၂၂မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။

< Genesisi 6 >

The World is Destroyed by Water
The World is Destroyed by Water