< Genesisi 30 >

1 Rakeri akati aona kuti akanga asingaberekeri Jakobho vana, akaitira mukoma wake godo. Saka akati kuna Jakobho, “Ndipe vana, kana zvikasadaro ndichafa!”
ရာခေလသည် ယာကုပ်အား သားမဘွား ကြောင်းကို မိမိသိမြင်သောအခါ၊ အစ်မကို ငြူစူသော စိတ်ရှိ၍၊ ငါ့အား သားကို ပေးပါ။ သို့မဟုတ် ငါသေတော့ အံ့ဟု ယာကုပ်ကို ဆိုလေ၏။
2 Jakobho akamutsamwira akati, “Ko, ini ndiri panzvimbo yaMwari here akakuita kuti urege kuva nevana?”
ယာကုပ်ကလည်း၊ ငါသည် သင့်အား သားဘွား သောအခွင့်ကို ပေးတော်မမူသော ဘုရားသခင် ကိုယ်စား တော်ဖြစ်သလောဟု၊ ရာခေလကို အမျက်ထွက်၍ ပြန်ဆို ၏။
3 Ipapo akati, “Hoyu Bhiriha, murandakadzi wangu. Vata naye kuitira kuti andiberekere vana uye kuti kubudikidza naye neni ndigovawo nemhuri.”
ရာခေလကလည်း၊ အကျွန်ုပ်၌ ကျွန်မဗိလဟာ ရှိပါ၏။ သူ့ထံသို့ ဝင်ပါ။ သူသည် အကျွန်ုပ်ဒူးပေါ်မှာ သားဘွား၍၊ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက် ခြင်းရှိပါလိမ့်မည်ဟု ဆိုလျက်၊
4 Saka akamupa murandakadzi wake Bhiriha kuti ave mukadzi wake. Jakobho akavata naye,
ကျွန်မဗိလဟာကို ယာကုပ်၏မယားဖြစ်စေခြင်း ငှါ အပ်၍၊ သူ့ထံသို့ ယာကုပ်ဝင်လေ၏။
5 akava nemimba akamuberekera mwanakomana.
ဗိလဟာသည် ပဋိသန္ဓေယူ၍၊ ယာကုပ်အား သားကို ဘွားမြင်သည်ရှိသော်၊
6 Ipapo Rakeri akati, “Mwari andiruramisira; iye akanzwa mukumbiro wangu uye akandipa mwanakomana.” Nokuda kwaizvozvo akamutumidza zita rokuti Dhani.
ရာခေလက၊ ဘုရားသခင်သည် ငါ့ဘက်၌ တရားစီရင်တော်မူပြီ။ ငါ့စကားကိုကြား၍ သားကို ပေးသနားတော်မူပြီဟု ဆိုသည်နှင့်အညီ၊ ထိုသားကို ဒန် အမည်ဖြင့် မှည့်လေ၏။
7 Bhiriha murandakadzi waRakeri akavazve nemimba uye akaberekera Jakobho mwanakomana wechipiri.
တဖန် ရာခေလ၏ကျွန်မ ဗိလဟာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား နှစ်ကြိမ်မြောက်သော သားကိုဘွားမြင်သည်ရှိသော်၊
8 Ipapo Rakeri akati, “Ndakava nokurwa kukuru nomukoma wangu, ndikakunda.” Saka akamutumidza zita rokuti Nafutari.
ရာခေလက၊ ငါသည် ငါ့အစ်မနှင့် ကျပ်ကျပ် လုံးထွေး၍ နိုင်ခဲ့ပြီဟု ဆို၍၊ ထိုသားကို နဿလိအမည်ဖြင့် မှည့်လေ၏။
9 Rea akati aona kuti aguma kubereka vana, akatora murandakadzi wake Ziripa akamupa kuna Jakobho somukadzi wake.
လေအာသည် သားပြတ်၍ မဘွားဘဲနေ ကြောင်းကို မိမိသိမြင်သောအခါ၊ မိမိကျွန်မ ဇိလပကို ယူ၍၊ ယာကုပ်၏မယားဖြစ်စေခြင်းငှါ အပ်လေ၏။
10 Ziripa murandakadzi waRea akaberekera Jakobho mwanakomana.
၁၀လေအာ၏ ကျွန်မဇိလပသည်လည်း ယာကုပ် အား သားကိုဘွားမြင်သည်ရှိသော်၊
11 Ipapo Rea akati, “Makorokoto! Zvaita zvakanaka.” Saka akamutumidza zita rokuti Gadhi.
၁၁လေအာက၊ ကောင်းကျိုးလာသည်ဟု ဆို၍၊ ထိုသားကို ဂဒ်အမည်ဖြင့် မှည့်လေ၏။
12 Ziripa murandakadzi waRea akaberekera Jakobho mwanakomana wechipiri.
၁၂တဖန်လေအာ၏ ကျွန်မဇိလပသည် ယာကုပ် အား နှစ်ကြိမ်မြောက်သောသားကို ဘွားမြင်သည် ရှိသော်၊
13 Ipapo Rea akati, “Mufaroi wandinawo! Vakadzi vachati mufaro kwandiri.” Saka akamutumidza zita rokuti Asheri.
၁၃လေအားက၊ ငါ၌ မင်္ဂလာရှိ၏။ လူသမီးတို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်ဟု ဆိုသဖြင့်၊ ထိုသားကို အာရှာအမည်ဖြင့် မှည့်လေ၏။
14 Panguva yokuchekwa kwegorosi, Rubheni akabuda akaenda musango akandowana mamandiraki, akauya nawo kuna mai vake Rea, Rakeri akati kuna Rea, “Ndapota dondipawo mamwe mamandiraki omwanakomana wako.”
၁၄ထိုနောက်၊ ဂျုံစပါးကို စုသိမ်းသော အချိန် ကာလ၌၊ ရုဗင်သည် လယ်ပြင်သို့ထွက်သွားပြီးလျှင်၊ အနု ဆေးသီးကိုတွေ့၍၊ မိမိအမိလေအာထံသို့ ဆောင်ခဲ့လေ ၏။ ရာခေလကလည်း၊ သင်၏သား ရခဲ့သော အနုဆေးသီး အချို့ကို ပေးပါလော့ဟု၊ လေအာကိုတောင်းလျှင်၊
15 Asi iye akati kwaari, “Ko, hazvina kuringana here kuti wakanditorera murume wangu? Uchada kutorazve mamandiraki omwanakomana wangu here?” Rakeri akati, “Zvakanaka, ngaavate newe usiku huno nokuda kwamamandiraki omwanakomana wako.”
၁၅လေအာက၊ သင်သည် ငါ့လင်ကိုယူ၍ အတွက် မရှိထင်သလော။ ငါ့သား၏ အနုဆေးသီးကိုလည်း ယူချင် သေးသည်တကားဟု ဆိုလေသော်၊ ရာခေလက၊ သို့ဖြစ် လျှင်၊ သင့်သား၏ အနုဆေးသီးအတွက်၊ လင်သည် ယနေ့ ညဉ့်တွင် သင်နှင့်အိပ်ရမည်ဟု ဆို၏။
16 Saka Jakobho akati achisvika kubva kusango manheru iwayo, Rea akabuda kundomuchingamidza. Akati kwaari, “Unofanira kuvata neni iwe. Ndakutenga nemamandiraki omwanakomana wangu.” Saka akavata naye usiku ihwohwo.
၁၆ညဦးအချိန်၌၊ လယ်ပြင်မှယာကုပ်လာသော အခါ၊ လေအာသည် ခရီးဦးကြိုပြုခြင်းငှါ သွား၍၊ သင် သည် အကျွန်ုပ်ထံသို့ ဝင်ရမည်။ အကျွန်ုပ် ၏သားရခဲ့ သော အနုဆေးသီးနှင့် သင့်ကို အကျွန်ုပ်ငှါးသည် မှန်ပါ ၏ဟုဆိုသဖြင့်၊ ထိုနေ့ညဉ့်တွင် သူနှင့်အိပ်ရလေ၏။
17 Mwari akanzwa Rea, uye akava nemimba akaberekera Jakobho mwanakomana wechishanu.
၁၇လေအာစကားကို ဘုရားသခင်နားထောင် တော်မူသဖြင့်၊ သူသည် ပဋိသန္ဓေယူ၍၊ ယာကုပ်အား ပဥ္စမသားကို ဘွားမြင်လေသော်၊
18 Ipapo Rea akati, “Mwari akandipa mubayiro nokuda kwokupa murandakadzi wangu kumurume wangu.” Saka akamutumidza zita rokuti Isakari.
၁၈ငါ့ကျွန်မကို ငါ့လင်အား ပေးသောကြောင့်၊ ဘုရားသခင်သည် ငါ့အား အခကို ပေးတော်မူပြီဟုဆို၍၊ ထိုသားကို ဣသခါအမည်ဖြင့် မှည့်လေ၏။
19 Rea akabatazve pamuviri uye akaberekera Jakobho mwanakomana wechitanhatu.
၁၉တဖန် လေအာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား ဆဌမသားကို ဘွားမြင်လေသော်၊
20 Ipapo Rea akati, “Mwari andipa chipo chinokosha. Nguva ino murume wangu achandikudza, nokuti ndamuberekera vanakomana vatanhatu.” Saka akamutumidza zita rokuti Zebhuruni.
၂၀ဘုရားသခင်သည် ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ။ ငါ့လင်အား သားခြောက်ယောက်ကို ဘွားမြင်သောကြောင့်၊ ယခုငါနှင့် အမြဲနေလိမ့်မည်ဟု ဆို၍၊ ထိုသားကို ဇာဗုလုန် အမည်ဖြင့် မှည့်လေ၏။
21 Shure kwaizvozvo akazobereka mwanasikana uye akamutumidza zita rokuti Dhaina.
၂၁ထိုနောက်မှ သမီးကိုဘွား၍၊ ဒိနအမည်ဖြင့် မှည့်လေ၏။
22 Ipapo Mwari akarangarira Rakeri; akamunzwa uye akazarura chizvaro chake.
၂၂ထိုအခါ ဘုရားသခင်သည် ရာခေလကို အောက်မေ့တော်မူ၏။ သူ၏စကားကို နားထောင်၍၊ သားဘွားသောအခွင့်ကို ပေးတော်မူသဖြင့်၊
23 Akava nemimba akabereka mwanakomana uye akati, “Mwari abvisa kunyadziswa kwangu.”
၂၃သူသည် ပဋိသန္ဓေယူ၍ သားကိုဘွားမြင်လျှင်၊ ငါခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ဘုရားသခင်သည် ပယ်တော်မူပြီဟူ၍၎င်း၊
24 Akamutumidza zita rokuti Josefa, uye akati, “Mwari ngaandiwedzere mumwe mwanakomana.”
၂၄ထာဝရဘုရားသည် အခြားသောသားကို ထပ်၍ ပေးတော်မူပါစေသောဟူ၍၎င်းဆိုလျက်၊ ထိုသားကို ယောသပ်အမည်ဖြင့် မှည့်လေ၏။
25 Shure kwokuberekwa kwaJosefa naRakeri, Jakobho akati kuna Rabhani, “Ndiregei ndiende kunyika yokwangu.
၂၅ရာခေလသည် ယောသပ်ကို ဘွားမြင်ပြီးသော နောက်၊ ယာကုပ်က၊ အကျွန်ုပ်သည် ကိုယ်နေရင်းပြည်သို့ သွားမည်အကြောင်း အကျွန်ုပ်ကို လွှတ်ပါလော့။
26 Ndipei vakadzi vangu navana, avo vandakakushandirai kuti ndigowana, uye ndigoenda. Munoziva kuti ndakakushandirai sei.”
၂၆ကျွန်ုပ်သည် အစေခံ၍ရသော မယားနှင့်သား တို့ကို ဆောင်ယူ၍၊ သွားရသောအခွင့်ကို ပေးပါလော့။ ကျွန်ုပ်အစေခံသည်အကြောင်းကို အဘသိပါသည်ဟု လာဗန်အားဆိုလျှင်၊
27 Asi Rabhani akati kwaari, “Kana ndawana nyasha pamberi pako, ndapota hangu imbogara. Ndakaona nokuvuka kuti Jehovha akandiropafadza nokuda kwako.”
၂၇လာဗန်က၊ သင်၏စိတ်နှင့် တွေ့ပါစေ။ ထာဝရ ဘုရားသည် သင်၏အကြောင်းကြောင့် ငါ့အား ကောင်း ကြီးပေးတော်မူသည်ကို ငါရိပ်မိပြီ။
28 Akatizve, “Reva muripo wako, uye ndichakuripa.”
၂၈ငါပေးရမည်အခကို ပြောပါ၊ ငါပေးမည်ဟု ဆိုလေသော်၊
29 Jakobho akati kwaari, “Munoziva kuti ndakakushandirai sei uye kuti zvipfuwo zvenyu ndakazvichengeta sei.
၂၉ကျွန်ုပ်သည် အဘ၌ အဘယ်သို့ အစေခံသည် ကို၎င်း အဘ၏တိရစ္ဆာန်တို့သည် ကျွန်ုပ်၌အဘယ်သို့ ရှိနေသည်ကို၎င်း အဘသိပါ၏။
30 Zvishoma zvamaiva nazvo kare ndisati ndauya zvawanda, uye Jehovha akakuropafadzai kwose kwandakanga ndiri. Asi zvino, ndichaitirawo mhuri yangu chinhu riniko?”
၃၀အထက်က အဘ၏ဥစ္စာနည်းလှ၏။ ယခု တိုးပွါး၍ များပြားလျက်ရှိ၏။ ကျွန်ုပ်သွားလာလုပ် ကိုင်သောအားဖြင့်၊ ထာဝရဘုရားသည် အဘအား ကောင်းကြီးပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ်သည် ကိုယ် အိမ်သူ အိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ်ပြုစု ရပါအံ့နည်းဟု ဆိုလေ၏။
31 Akamubvunza akati, “Ndokupeiko?” Jakobho akati, “Musandipa chinhu. Asi kana mukandiitira chinhu chimwe chete ichi, ndicharamba ndichifudza makwai enyu uye ndichaachengeta:
၃၁လာဗန်ကလည်း၊ အဘယ်အခကို ပေးရမည် နည်းဟု မေးပြန်လျှင်၊ ယာကုပ်က၊ ဘာကိုမျှမပေးပါနှင့်၊ ကျွန်ုပ်၌ကျေးဇူးတခု ပြုလိုလျှင်၊ အဘ၏သိုးစု၊ ဆိတ်စုကို တဖန်ကျွေးမွေးစောင့်ထိန်းပါဦးမည်။
32 Regai ndifambe pakati pezvipfuwo zvenyu zvose nhasi nditsaure pakati pazvo zvose zvina mavara namakwai ana makwapa, gwayana dema rimwe nerimwe nembudzi imwe neimwe ina mavara kana ina makwapa. Ndizvo zvichava mubayiro wangu.
၃၂ယနေ့သိုးစု၊ ဆိတ်စုတရှောက်လုံးကို ကျွန်ုပ် သွား၍၊ ပြောက်ကျား သောဆိတ်များ ညိုသော သိုးများ၊ ရှိသမျှတို့ကိုရွေးနှုတ်ခွဲထားပါမည်။ နောက်မှ ပြောက်ကျားသောဆိတ်၊ ညိုသောသိုးတို့သည် ကျွန်ုပ်၏ အခ ဖြစ်စေလော့။
33 Uye kutendeka kwangu kuchandipupurira pane ramangwana rangu, pose pamunenge muchizoona mubayiro wangu wamakandipa. Mbudzi ipi zvayo yandinayo inenge isina mavara kana gwapa, kana gwayana ripi zvaro rinenge risina kusviba, zvichanzi zvakabiwa.”
၃၃သို့ဖြစ်၍၊ နောင်ကာလ၌ ကျွန်ုပ်၏အခသည်၊ အဘရှေ့သို့ ရောက်သောအခါ၊ ကျွန်ုပ်၏ဖြောင့်မတ်ခြင်း သည် ကျွန်ုပ်ကို စောင့်ရှောက်ပါလိမ့်မည်။ မပြောက် မကျားသော ဆိတ်၊ မညိုသောသိုး ရှိသမျှတို့ကို၊ ကျွန်ုပ်ခိုး သော အကောင်ဟူ၍ မှတ်စေလော့ဟု ဆိုလေ၏။
34 Rabhani akati, “Ndizvozvo. Ngazvive sezvawataura.”
၃၄လာဗန်ကလည်း၊ သင်ပြောတိုင်းဖြစ်လော့ဟု ဝန်ခံ၍၊ ထိုနေ့၌ပင်၊ ပြောက်ကျားသော ဆိတ်ထီး၊ ပြောက်ကျားသောဆိတ်မ၊
35 Musi wacho iwoyo akatsaura nhongo dzose dzembudzi dzakanga dzine mitsetse kana dzaiva namakwapa, nenhunzvi dzose dzembudzi (dzose dzakanga dzine zvichena padziri) namakwayana matema ose, akazvichengetesa navanakomana vake.
၃၅အဖြူပါသော ဆိတ်ရှိသမျှတို့နှင့်၊ အဆင်းညို သော သိုးရှိသမျှတို့ကိုရွေး၍၊ မိမိသားတို့လက်သို့ အပ်ပေး လေ၏။
36 Ipapo akaisa nhambwe yorwendo rwamazuva matatu pakati pake naJakobho, asi Jakobho akaramba achifudza makwai akanga asara aRabhani.
၃၆ကိုယ်နေရာ အရပ်နှင့်၊ ယာကုပ်နေရာအရပ်ကို သုံးရက်ခရီး ကွာစေခြင်းငှါ စီရင်သေး၏။ ယာကုပ်သည် ကြွင်းသော လာဗန်၏သိုးဆိတ်များကို ထိန်းလျက် နေရ လေ၏။
37 Kunyange zvakadaro, Jakobho akatora matavi akatemwa kubva pamupopura, muarimondi nomuti womupureni uye akasvuura mitsetse michena pairi achibvisa gwati kuti kuchena kwedanda kwomukati kuonekwe.
၃၇ထိုအခါ ယာကုပ်သည်၊ စိမ်းသောလိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်တို့၏ အခက်တံဖျားများကိုယူ၍၊ အဖြူ၊ အစိမ်း၊ အတန့်တန့်ပေါ်အောင် အခွံကို လှီးခွာ ပြီးလျှင်၊
38 Ipapo akaisa matanda ose akasvuurwa muzvinwiro zvose, kuitira kuti ave mberi kwezvipfuwo pazvainge zvauya kuzonwa. Zvipfuwo zvapfumvura zvaiti pazvinenge zvauya kuzonwa mvura,
၃၈ရေသောက်လာသောသိုး၊ ဆိတ်အထီးအမ ရှက်တင်စေမည်အကြံရှိ၍၊ ရေသောက်လာသောအခါ၊ အခွံခွာပြီးသော တံဖျာတို့ကို ရေသောက်ကျင်း၊ သောက် ခွက်တို့၌ သိုးဆိတ်တို့ ရှေ့မှာစိုက်ထားလေ၏။
39 zvaisangana pamberi pamatanda. Uye zvaibereka vana vane mitsetse kana vane mavara kana makwapa.
၃၉သိုးဆိတ်တို့သည် တံဖျာများရှေ့မှာ ရှက်တင်၍၊ အပြောက်အကျား စသည်တို့ကို ဘွားကြ၏။
40 Jakobho aitsaura mbudzana kana makwayana oga, asi aiita kuti akasara atarisane nezvipfuwo zvine mitsetse nezvipfuwo zvitema zvakanga zviri zvaRabhani. Nokudaro akaparadzanisa zvipfuwo zvake nezvaRabhani.
၄၀ယာကုပ်သည် သိုး၊ ဆိတ်သငယ်တို့ကိုလည်း ခွဲထား၍၊ လာဗန်၏သိုးစု၊ ဆိတ်စုတွင် အဆင်းပြောက် ကျားသော အကောင်၊ အဆင်းညိုသော အကောင်ရှိသမျှ တို့ ရှေ့မှာ သိုးဆိတ်များကိုမျက်နှာပြုစေ၏။ မိမိတိရစ္ဆာန် များနှင့်လာဗန်၏ တိရစ္ဆာန်များကိုလည်း မရောမနှော စေဘဲ၊ တစုစီခွဲထားလေ၏။
41 Pose painge nhunzvi dzezvipfuwo zvine simba zvapfumvura, Jakobho aiisa matanda muzvinwiro pamberi pezvipfuwo kuitira kuti zvisangane pedyo namatanda,
၄၁အားကြီးသောအကောင်တို့သည် ရှက်တင် သောအခါ၊ တံဖျာတို့တွင် ရှက်တင်စေခြင်းငှါ၊ ယာကုပ် သည် တံဖျာများကို ရေကျင်း၌၊ သူတို့ မျက်မှောက်တွင် ထားတတ်၏။
42 asi kana zvipfuwo zvisina simba, aisaisa matanda ipapo. Saka zvipfuwo zvisina simba zvakaenda kuna Rabhani uye zvine simba zvikaenda kuna Jakobho.
၄၂အားနည်းသောအကောင်တို့ရှေမှာ တံဖျာတို့ကို မပြမထား။ ထိုကြောင့် အားနည်းသောအကောင်တို့သည် လာဗန်၏ဥစ္စာဖြစ်လေ၏။ အားကြီးသော အကောင်တို့မူ ကား၊ ယာကုပ်၏ ဥစ္စာဖြစ်လေ၏။
43 Nenzira iyi murume uyu akapfuma kwazvo uye akava namapoka akawanda amakwai, navarandakadzi navarandarume, uye ngamera nembongoro.
၄၃ထိုသို့ယာကုပ်၌ စည်းစိမ်တိုးပွား၍၊ သိုး၊ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်၊ မြည်းအများ ရှိကြ၏။

< Genesisi 30 >