< Genesisi 24 >

1 Zvino Abhurahama akanga akwegura ava namakore mazhinji, uye Jehovha akanga amuropafadza pazvinhu zvose.
အာဗြဟံသည်အို၍၊ အသက်အရွယ်ကြီးရင့်လှပြီ။ ထာဝရဘုရားသည်၊ အရာရာ၌ သူ့ကို ကောင်းကြီး ပေးတော်မူပြီ။
2 Akati kumuranda wake mukuru womumba make, iye akanga ari mutariri wezvose zvaakanga anazvo, “Isa ruoko rwako pasi pechidya changu.
အာဗြဟံသည်၊ မိမိအိမ်သားတို့တွင် အသက်ကြီး ၍ ဘဏ္ဍာစိုးလုပ်သောသူကိုခေါ်လျက်၊
3 Ndinoda kuti upike naJehovha, Mwari wokudenga uye Mwari wenyika, kuti haungatoreri mwanakomana wangu mukadzi kubva kuvanasikana vavaKenani, avo vandigere pakati pavo,
သင်သည်၊ ငါနေသော ခါနာန်အမျိုးသမီးတို့ တွင်၊ ငါ့သားဘို့ မယားကို မရွေးမယူဘဲ၊
4 asi uchaenda kunyika yangu nokuhama dzangu ugondotorera mwanakomana wangu Isaka mukadzi.”
ငါ့ပြည်ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သား ဣဇာက်အဘို့ မယားကိုယူရမည်ဟု၊ သင်၏လက်ကို ငါ့ ပေါင်အောက်၌ထားပြီးမှ၊ ကောင်းကင်မြေကြီးအရှင် ဘုရားသခင်၊ ထာဝရဘုရားကို တိုင်တည်၍၊ ငါကျိန်ဆိုစေ ပါမည်ဟုဆို၏။
5 Muranda akabvunza akati, “Ko, kana mukadzi asingadi kuuya neni kunyika ino? Ndichazoenda here nomwanakomana wenyu kunyika yamakabva?”
ကျွန်ကလည်း၊ မိန်းမသည်ဤပြည်သို့ ကိုယ်တော် ၏သားကို တဖန်ကျွန်တော်ခေါ်သွားရပါမည်လောဟု မေးလေသော်၊
6 Abhurahama akati, “Chenjera kuti urege kudzokera nomwanakomana wangu ikoko.
အာဗြဟံက၊ ထိုပြည်သို့ ငါ့သားကိုခေါ်၍ မသွား နှင့်။ သတိပြုလော့။
7 Jehovha, Mwari wokudenga, akandibudisa muimba yababa vangu nomunyika yokuzvarwa kwangu uye iye akataura kwandiri akandivimbisa nemhiko achiti, ‘Ndichapa nyika iyi kuvana vako,’ achatuma mutumwa pamberi pako kuitira kuti ugogona kuwanira mwanakomana wangu mukadzi kubva ikoko.
ငါ့အဘ၏အိမ်မှ၎င်း၊ ငါ့အမျိုးသားနေရာပြည်မှ ၎င်း ငါ့ကိုခေါ်၍၊ သင်၏အမျိုးအနွယ်အား ဤပြည်ကို ငါပေးမည်ဟု၊ငါ့အား ဗျာဒိတ်တော်ပေး၍ ကျိန်ဆိုတော်မူ သော ကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားသည်၊ မိမိကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်တော်မူ သဖြင့်၊ သင်သည်ထိုပြည်မှ ငါ့သားဘို့ မယားကို ယူရလိမ့် မည်။
8 Kana mukadzi asingadi kuuya newe, iwe uchasunungurwa pamhiko yangu iyi. Usadzokera chete nomwanakomana wangu ikoko.”
မိန်းမသည်သင်နှင့်အတူ မလိုက်လိုလျှင်၊ သင် သည်၊ ယခုငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ။ ငါ့သားကို ထိုပြည်သို့ခေါ်၍ မသွားနှင့်ဟုဆိုပြီးမှ၊
9 Saka muranda akaisa ruoko rwake pasi pechidya chatenzi wake Abhurahama akapika mhiko kwaari maererano neshoko iri.
ကျွန်သည် သခင်အာဗြဟံ၏ ပေါင်အောက်၌ လက်ကိုထား၍ ထိုအမှု၌ကျန်ဆိုလေ၏။
10 Ipapo muranda akatora ngamera dzatenzi wake gumi akaenda, akatora mhando dzezvinhu zvose zvakanaka kubva kuna tenzi wake. Akasimuka akaenda kuAramu Naharaimu akananga kuguta reNahori.
၁၀ထိုကျွန်သည်လည်း၊ မိမိသခင်၏ဥစ္စာရှိသမျှကို စီရင်သောသူဖြစ်၍၊ သခင်၏ကုလားအုပ်စုထဲက၊ ကုလား အုပ်ဆယ်စီးကိုယူ၍ထသွားသဖြင့်၊ မေသောပေါဘာမိ တိုင်း၊ နာခေါ်မြို့သို့ ရောက်လေ၏။
11 Akaita kuti ngamera dzipfugame pasi pedyo netsime raiva kunze kweguta; kwakanga kwava kudoka, nguva yaibuda vakadzi kundochera mvura.
၁၁မိန်းမများရေခပ်သော ညဦးယံအချိန်၌၊ မြို့ပြင် ရေတွင်းနားမှာ ကုလားအုပ်တို့ကို ဝပ်စေပြီးလျှင်၊
12 Akanyengetera akati, “Haiwa Jehovha, Mwari watenzi wangu Abhurahama, itai kuti ndibudirire nhasi, muitire tenzi wangu Abhurahama zvakanaka.
၁၂အကျွန်ုပ်၏သခင်၊ အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရား ယနေ့ အကျွန်ုပ်အကြံကို ထမြောက်စေ၍၊ အကျွန်ုပ်၏သခင် အာဗြဟံ၌ ကျေးဇူးပြုတော်မူပါဟု၊ အကျွန်ုပ်ဆုတောင်းပါ၏။
13 Onai, ndimire parutivi petsime rino, uye vanasikana vavanhu vomuguta rino vari kubuda vachiuya kuzochera mvura.
၁၃အကျွန်ုပ်သည်၊ ဤရေတွင်းနားမှာ ရပ်နေ၍၊ ထိုမြို့သူသတို့ သမီးတို့သည်၊ ရေခပ်ခြင်းငှါလာကြသည် တွင်၊
14 Ngazviitike kuti pandinoti kumusikana, ‘Ndapota, tura chirongo chako kuti ndinwewo mvura,’ uye iye akati, ‘Inwai henyu uye ndichanwisawo ngamera dzenyu’ ngaave iye wamasarudzira muranda wenyu Isaka. Naizvozvo ndichaziva kuti maitira tenzi wangu zvakanaka.”
၁၄အကြင်သတို့သမီးကို၊ ကျွန်ုပ်သောက်ခြင်းငှါ သင်ရေဘူးကို ချပါဟုဆိုသော်၊ သောက်ပါ၊ သင်၏ကုလား အုပ်တို့ကိုလည်း ရေတိုက်ပါမည်ဟု၊ ပြန်ဆိုသော သမီး သည်၊ ကိုယ်တော်၏ကျွန်ဣဇာက်ဘို့ ခန့်ထားတော် မူသောသူဖြစ်ပါစေသော။ ထိုသို့အားဖြင့်၊ အကျွန်ုပ်၏ သခင်၌ ကျေးဇူးပြုတော်မူကြောင်းကို၊ အကျွန်ုပ်သိရပါ မည်ဟု လျှောက်ဆို၏။
15 Asati apedza kunyengetera, Rabheka akasvika nechirongo chake papfudzi rake. Akanga ari mwanasikana waBhetueri mwanakomana waMirika, mukadzi waNahori mununʼuna waAbhurahama.
၁၅ထိုသို့လျှောက်ဆို၍မပြီးမှ၊ အာဗြဟံအစ်ကိုနား ခေါ်မယား မိလခါသား၊ ဗေသွေလ၏သမီး ရေဗက္ကသည်၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင်၏။
16 Musikana akanga akanaka kwazvo, ari mhandara; hakuna murume akanga ambovata naye. Akaenda kutsime, akazadza chirongo chake akadzokazve.
၁၆ထိုသတို့သမီးသည်၊ အလွန်အဆင်းလှ၍၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာဖြစ်၏။ ရေတွင်းသို့ဆင်း၍၊ ရေဘူးကို ရေနှင့်ဖြည့်ပြီးမှ တက်လာ ၏။
17 Muranda akamhanya akandosangana naye akati, “Ndapota, ndipewo mvura shoma shoma yokunwa kubva muchirongo chako.”
၁၇ကျွန်သည်လည်း၊ ထိုမိန်းမနှင့်တွေ့ခြင်းငှါပြေး၍၊ သင်၏ရေဘူး၌ ရေအနည်းငယ်ကို သောက်ပါရစေဟု ဆိုလေသော်၊
18 Iye akati, “Inwai henyu, ishe wangu,” akakurumidza kutura chirongo mumaoko ake uye akamupa kuti anwe.
၁၈မိန်းမက၊ သောက်ပါလောအရှင်ဟုဆိုသဖြင့်၊ မိမိလက်ပေါ်မှာ၊ အလျင်အမြန်ရေဘူးကို ချ၍၊ ရေကို ပေးလေ၏။
19 Shure kwokumupa mvura kuti anwe, akati, “Ndichachererawo ngamera dzenyu mvura, kusvikira dzapedza kunwa.”
၁၉ရေကိုပေးပြီးလျှင်၊ သင်၏ကုလားအုပ်တို့သည် လည်း၊ ဝစွာ သောက်စရာဘို့ရေခပ်ပါမည်ဟု ဆိုသည် အတိုင်း၊
20 Saka akakurumidza kudururira mvura yaiva muchirongo chake muchinwiro, akamhanyira kutsime zvakare kundochera imwe mvura zhinji, akachera yakakwanira ngamera dzake.
၂၀အလျင်အမြန်ဘူး၌ရှိသော ရေကိုရေတိုက်ခွက် ထဲ၌ လောင်းပြီးလျှင်၊ တဖန်ခပ်ခြင်းငှါ ရေတွင်းသို့ပြေး၍၊ ကုလားအုပ်အဘို့ ရေခပ်လေ၏။
21 Asina chaakataura, murume uyu akamutarisisa kuti azive kuti Jehovha akanga aita kuti rwendo rwake rubudirire here kana kuti kwete.
၂၁ယောက်ျားသည် ထိုမိန်းမကို အံ့ဩ၍၊ မိမိ ရောက်လာသော အမှုကို ထာဝရဘုရားပြုစုတော်မူသည်၊ မမူသည်ကို သိလို၍၊ တိတ်ဆိတ်စွာ နေလေ၏။
22 Ngamera dzakati dzapedza kunwa, murume uya akatora mhete yegoridhe yapamhino yairema hafu yeshekeri nezvishongo zviviri zvamaoko zvairema mashekeri gumi.
၂၂ကုလားအုပ်များကို ရေသောက်စေပြီးသော နောက်၊ ယောက်ျားသည်၊ အချိန်ငါးမူးရှိသော ရွှေနှာဆွဲ၊ အကျပ်တဆယ်အချိန်ရှိသော ရွှေလက်ကောက်တရံကို ထုတ်၍၊
23 Ipapo akamubvunza akati, “Uri mwanasikana waaniko? Ndapota, dondiudzawo, kumba kwababa vako kungaita nzvimbo yedu yokuvata here?”
၂၃သင်သည် အဘယ်သူ၏သမီးဖြစ်သနည်း။ ကျွန်ုပ်ကို ပြောပါ။ သင်၏အဘအိမ်၌ ကျွန်ုပ်တို့တည်းခို စရာအရပ်ရှိသလောဟု မေးလေသော်၊
24 Akamupindura akati, “Ndiri mwanasikana waBhetueri, mwanakomana waMirika akaberekera Nahori.”
၂၄မိန်းမက၊ ကျွန်ုပ်သည် နာခေါ်၏မယားမိလခါ ဘွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည်ဟူ၍၎င်း၊
25 Uye akatizve, “Tine uswa hwakawanda namashanga, uyewo nenzvimbo yenyu yokuvata.”
၂၅ကျွန်ုပ်တို့၌ မြက်ခြောက်များ၊ စားဘွယ်သောက် ဘွယ်များနှင့် တည်းခိုစရာအရပ်လည်း ရှိသည်ဟူ၍၎င်း ဆိုလေ၏။
26 Ipapo murume uya akakotamira pasi akanamata Jehovha,
၂၆ထိုအခါယောက်ျားသည် ဦးညွှတ်ချ၍ ထာဝရ ဘုရားကိုကိုးကွယ်လျက်၊
27 akati, “Jehovha ngaarumbidzwe, Mwari watenzi wangu Abhurahama, iye asina kurega kuita zvakanaka nokutendeka kwake kuna tenzi wangu. Kana ndirini, Jehovha akanditungamirira parwendo rwangu akandisvitsa kumba kwehama dzatenzi wangu.”
၂၇ကရုဏာ၊ သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော၊ အကျွန်ုပ်သခင်အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။ လမ်းမှာ သွားလျက်ရှိသော အကျွန်ုပ်ကို ထာဝရဘုရားသည် အကျွန်ုပ်သခင်၏ညီအစ်ကိုတို့အိမ်သို့ ပို့ဆောင်တော်မူပါသည်တကားဟု မြွက်ဆို၏။
28 Musikana akamhanya akandoudza veimba yamai vake pamusoro pezvinhu zvose izvi.
၂၈သတို့သမီးသည်လည်းပြေး၍ အမိ၏အိမ်၌ ဤအရာများကို ကြားပြောလေ၏။
29 Zvino Rabheka akanga ane hanzvadzi yainzi Rabhani, uye iye akakurumidza kubuda akaenda kumurume uya kutsime.
၂၉ရေဗက္က၌ လာဗန်အမည်ရှိသော မောင် တယောက်ရှိ၏။ လာဗန်သည် ယောက်ျားရှိရာ ရေတွင်း သို့ပြေး၏။
30 Akati achingoona mhete yemhino nezvishongo mumaoko ehanzvadzi yake, uye anzwa Rabheka achitaura zvakanga zvarehwa nomurume uyu kwaari, akabuda akaenda kumurume akamuwana amire pangamera pedyo netsime.
၃၀သူသည်နှာဆွဲကို၎င်း၊ နှမလက်၌ လက်ကောက် ကို၎င်း မြင်၍၊ ထိုယောက်ျားသည်ကျွန်ုပ်ကို ဤသို့ ပြောသည်ဟု၊ နှမရေဗက္ကဆိုသော စကားကို ကြားသော အခါ၊ ရေတွင်း၌ ကုလားအုပ်အနားမှာရပ်နေသော ယောက်ျားထံသို့ ရောက်သောအခါ၊
31 Akati, “Uya iwe wakaropafadzwa naJehovha. Wakamirireiko pano? Ndatogadzira imba nenzvimbo yengamera.”
၃၁ထာဝရဘုရားကောင်းကြီးပေးတော်မူသော သူ၊ ကျွန်ုပ်အိမ်သို့ ဝင်ပါလော့။ ပြင်၌အဘယ်ကြောင့် ရပ်နေ သနည်း။ အိမ်ကို၎င်း၊ ကုလားအုပ် များနေရာအရပ်ကို ၎င်း၊ ကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့်၊
32 Saka murume uya akaenda kumba, uye ngamera dzakaturwa. Uswa namashanga zvakavigirwa ngamera, uye iye navanhu vake vakavigirwa mvura kuti vashambe tsoka dzavo.
၃၂ယောက်ျားကိုအိမ်သို့သွင်း၍ ကုလားအုပ်တို့ တန်ဆာကို ချွတ်ပြီးမှ၊ သူတို့အားမြက်ခြောက်နှင့်စားစရာ ကို ပေး၏။ ယောက်ျားခြေ၊ လိုက်သော သူတို့ခြေဆေးဘို့ ရေကိုလည်းပေးလေ၏။
33 Zvokudya zvakaiswa pamberi pake, asi iye akati, “Handingatongodyi kusvikira ndakuudzai zvandinoda kureva.” Rabhani akati, “Tiudze hako zvino.”
၃၃သူ့ရှေ့မှာ စားစရာကို ထည့်သောအခါ၊ သူက၊ ကျွန်ုပ်သည် ကိုယ်အမှုကိုမပြောမှီမစားလိုပါဟုဆိုလျှင်၊ ပြောပါဟုဆို၏။
34 Saka iye akati, “Ndiri muranda waAbhurahama.
၃၄ယောက်ျားကလည်း၊ ကျွန်ုပ်ကားအာဗြဟံ၏ ကျွန်ဖြစ်ပါ၏။
35 Jehovha akaropafadza tenzi wangu kwazvo, uye ava mupfumi. Akamupa makwai nemombe, sirivha negoridhe, varandarume navarandakadzi, ngamera nembongoro.
၃၅ထာဝရဘုရားသည် ကျွန်ုပ်၏သခင်ကို အလွန် ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည်ကြီးမြတ်ခြင်းသို့ ရောက်လေပြီ။ သိုးစု၊ နွားစု၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်နှင့်မြည်းများတို့ကို ပေးတော်မူပြီ။
36 Sara mukadzi watenzi wangu akamuberekera mwanakomana panguva yokukwegura kwake, uye akamupa zvinhu zvose zvaanazvo.
၃၆ကျွန်ုပ်သခင်၏မယားစာရာသည်၊ သခင် အသက်အိုသောအခါ၊ သူ့အားသားကို ဘွားမြင်သဖြင့်၊ ထိုသားအားဥစ္စာရှိသမျှကိုသခင်သည် အပ်ပေးပြီ။
37 Uye tenzi wangu akaita kuti ndipike mhiko, uye akati, ‘Haufaniri kutorera mwanakomana wangu mukadzi kubva kuvanasikana vavaKenani, munyika yandigere,
၃၇ကျွန်ုပ်၏သခင်ကလည်း၊ သင်သည်ငါနေသော ခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဘို့ မယားကို မရွေးဘဲ၊
38 asi enda kumhuri yababa vangu uye nokuimba yangu, undotorera mwanakomana wangu mukadzi ikoko.’
၃၈ငါ့အဘ၏အိမ်၊ ငါ့အမျိုးသားချင်းတို့ထံသို့ သွား၍၊ ငါ့သားဘို့ မယားကို ယူရမည်ဟု အကျွန်ုပ်ကို ကျိန်ဆိုစေ၏။
39 “Ipapo ndakabvunza tenzi wangu ndikati, ‘Ko, kana mukadzi akasauya neni?’
၃၉အကျွန်ုပ်ကလည်း၊ မိန်းမသည်မလိုက်လိုလျှင် အဘယ်သို့နည်းဟု သခင်ကိုမေးလေသော်၊
40 “Akapindura akati, ‘Jehovha, iye wandinofamba pamberi pake, achatuma mutumwa wake newe uye achaita kuti rwendo rwenyu rubudirire, kuti uwanire mwanakomana wangu mukadzi, paunoenda kuimba yokwangu, kumhuri yababa vangu.
၄၀သခင်က၊ အကြင်ထာဝရဘုရားသခင်ရှေ့တော် ၌ ငါသွားလာ၏၊ ထိုဘုရားသည် မိမိကောင်းကင်တမန် ကို သင်နှင့်အတူစေလွှတ်၍၊ သင်သွားသောအမှုကို ပြုစုတော်မူသဖြင့်၊ ငါ့အမျိုးသားချင်း၊ ငါ့အဘ၏အိမ်ထဲ က ငါ့သားဘို့ မယားကိုယူရမည်။
41 Zvino, kana wasvika kuimba yokwangu, iwe uchasunungurwa pamhiko kunyange vakaramba kumupa kwauri, uchasunungurwa pamhiko yangu.’
၄၁ငါ့အမျိုးသားချင်းတို့ထံသို့ရောက်သောအခါ၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေ။ ထိုသူတို့သည်မိန်းမကိုမပေးသော်လည်း၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေမည်ဟု ပြော၏။
42 “Pandasvika patsime nhasi, ndati, ‘Haiwa Jehovha, Mwari watenzi wangu Abhurahama, kana muchida, ndapota ndipeiwo kubudirira parwendo rwandafamba.
၄၂ကျွန်ုပ်သည်ယနေ့ရေတွင်းသို့ ရောက်ပြီးလျှင်၊ ကျွန်ုပ်သခင် အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ရောက်လာသော အမှုကို ယခုပြုစုတော်မူလျှင်၊
43 Tarirai, ndimire parutivi petsime iri; kana musikana akabuda kuzochera mvura uye ndikati kwaari, “Ndapota rega ndinwe mvura shoma shoma kubva muchirongo chako,”
၄၃အကျွန်ုပ်သည် ရေတွင်းနားမှာရပ်နေ၍၊ ရေခပ် ခြင်းငှါ လာသော အကြင်သမီးကညာကို၊ ကျွန်ုပ်သောက် ဘို့ သင်၏ရေဘူး၌ရေအနည်းငယ်ကို ပေးပါဟုတောင်း သော်၊
44 uye kana iye akati kwandiri, “Inwai henyu, uye ndichachererawo ngamera dzenyu,” ngaave iye asarudzirwa mwanakomana watenzi wangu naJehovha.’
၄၄သောက်ပါ။သင်၏ကုလားအုပ်တို့ဘို့လည်း ရေခပ်ပါမည်ဟု ပြန်ဆိုသောသမီးကညာသည်၊ ကိုယ် တော်ကျွန်၏သားဘို့၊ ခန့်ထားတော်မူသော မိန်းမဖြစ်ပါ စေသောဟု လျှောက်ဆို၏။
45 “Ndisati ndapedza kunyengetera mumwoyo mangu, Rabheka auya, ane chirongo chake papfudzi rake. Aenda kutsime uye akachera mvura, uye ini ndikati kwaari, ‘Ndapota ndipewo mvura ndinwe.’
၄၅ထိုသို့စိတ်နှလုံး၌ လျှောက်ဆို၍မပြီးမှီ၊ ရေဗက္ကသည် ရေဘူးကို ထမ်းလျက်ထွက်လာသဖြင့်၊ ရေတွင်းသို့ ဆင်း၍ ရေခပ်သည်ကို ကျွန်ုပ်မြင်လျှင်၊ ရေသောက်ပါရ စေဟု သူ့ကိုတောင်းလေသော်၊
46 “Akurumidza kutura chirongo chake papfudzi rake akati, ‘Inwai henyu, uye ndichanwisa ngamera dzenyuwo.’ Saka ndanwa mvura, uye anwisawo ngamera.
၄၆သူသည်အလျင်အမြန်ပခုံးပေါ်က ရေဘူးကို ချလျက်၊ သောက်ပါလော့။ သင်၏ ကုလားအုပ်တို့ကို လည်း၊ ရေတိုက်ပါမည်ဟုဆိုသည်အတိုင်း၊ ကျွန်ုပ်သောက် ရ၏။ ကုလားအုပ်တို့ကိုလည်း ရေတိုက်လေ၏။
47 “Ndamubvunza ndikati, ‘Uri mwanasikana waaniko?’ “Iye ati, ‘Ndiri mwanasikana waBhetueri mwanakomana waNahori, waakaberekerwa naMirika.’ “Ipapo ndaisa mhete pamhino yake nezvishongo mumaoko ake,
၄၇ကျွန်ုပ်ကလည်း၊ သင်သည် အဘယ်သူ၏ သမီးဖြစ်သနည်းဟုမေးသော်၊ သူက၊ ကျွန်ုပ်သည် မိလခါ ဘွားမြင်သော နာခေါ်သားဗေသွေလ ၏သမီးဖြစ်သည် ဟုပြောဆို၏။ ကျွန်ုပ်သည် မိလခါဘွားမြင်သော နာခေါ် သားဗေသွေလ၏သမီးဖြစ်သည်ဟုပြောဆို၏။ ကျွန်ုပ် သည်လည်း၊ သူ၏ မျက်နှာ၌နှာဆွဲကို၎င်း၊ သူ၏လက်၌ လက်ကောက်တို့ကို၎င်းထည့်ပြီးလျှင်၊
48 uye ndakotama pasi ndikanamata Jehovha. Ndarumbidza Jehovha, Mwari watenzi wangu Abhurahama, uyo akanditungamirira munzira yakarurama kuti ndiwane muzukuru womununʼuna watenzi wangu kuti ave mukadzi womwanakomana wake.
၄၈ဦးညွှတ်ချ၍၊ ကျွန်ုပ်သခင်အစ်ကို၏ မြေးကို သခင်၏သားဘို့ ယူစေခြင်းငှါ၊ မှန်သောလမ်းဖြင့် ပို့ဆောင်တော်မူသော ကျွန်ုပ်သခင် အာဗြဟံ၏ ဘုရား သခင် ထာဝရဘုရားကို ကောင်းကြီးပေး၍ ကိုးကွယ် လေ၏။
49 Zvino kana muchaitira zvakanaka nokutendeka kuna tenzi wangu, ndiudzei; uye kana zvisizvo, ndiudzei, kuti ndigoziva kwokuenda.”
၄၉ယခုတွင်သင်တို့သည်၊ ကျွန်ုပ်သခင်၌ သစ္စာနှင့် ကျေးဇူးပြုမည်၊ မပြုမည်ကိုပြောပါ။ ကျွန်ုပ်သည်လည်း၊ လက်ျာလမ်းဖြစ်စေ၊ လက်ဝဲလမ်းဖြစ်စေ၊ တလမ်းလမ်းသို့ လိုက်သွားပါမည်ဟု ပြောဆို၏။
50 Rabhani naBhetueri vakapindura vakati, “Izvi zvinobva kuna Jehovha; isu hatina chinhu chatingataura kwauri, chakaipa kana chakanaka.
၅၀လာဗန်နှင့်ဗေသွေလတို့ကလည်း၊ ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှုဖြစ်၏။ အကျွန်ုပ်တို့ သည်၊ သင့်အား ကောင်းမကောင်းကို မပြောနိုင်ပါ။
51 Hoyu Rabheka; mutore uende, uye ngaave mukadzi womwanakomana watenzi wako, sokutungamirirwa kwawaitwa naJehovha.”
၅၁ရေဗက္ကသည် သင့်ရှေ့၌ရှိပါ၏။ ယူသွားပါ လော့။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သင်၏ သခင်သား၏ မယားဖြစ်စေဟုပြန်ဆို၏။
52 Muranda waAbhurahama akati anzwa zvavakataura, akakotama pasi pamberi paJehovha.
၅၂ထိုစကားကိုကြားလျှင်၊ အာဗြဟံကျွန်သည် ဦးညွှတ်ချ၍၊ ထာဝရဘုရားကို ကိုးကွယ်ပြီးမှ၊
53 Ipapo muranda akabudisa goridhe nezvishongo zvesirivha nenguo dzokufuka akazvipa kuna Rabheka; uye akapawo zvipo zvomutengo mukuru kuhanzvadzi yake nokuna mai vake.
၅၃ငွေဖလား၊ ရွှေဖလား၊ အဝတ်တန်ဆာများကို ထုတ်၍ ရေဗက္ကအားပေး၏။ သူ၏အမိ၊ မောင်အားလည်း၊ အဘိုးထိုက်သော လက်ဆောင်ကိုပေး၏။
54 Ipapo iye navarume vakanga vanaye vakadya vakanwa, uye vakararapo usiku uho. Akati amuka mangwanani, akati, “Ndiregei hangu ndichienda kuna tenzi wangu.”
၅၄သူနှင့်သူ၏အဘော်အပေါင်းတို့သည်၊ စား သောက်၍ ညဉ့်ကို လွန်စေပြီးမှ၊ နံနက်ယံ၌ထလျက်၊ ကျွန်ုပ်သည်၊ သခင်ထံသို့ပြန်ပါရစေဟု ဆိုလေသော်၊
55 Asi hanzvadzi yake namai vake vakapindura vakati, “Regai musikana agare nesu mazuva angaita kana gumi; ipapo mungazoenda henyu.”
၅၅မောင်နှင့်အမိက၊ မိန်းမကလေးသည်၊ ကျွန်ုပ်တို့ ထံမှာ၊ ဆယ်ရက်ခန့်လောက်နေပါစေဦး။ နောက်မှ၊ သူ့ကိုသွားပါစေမည်ဟု ဆိုကြ၏။
56 Asi akati kwavari, “Musandirambidza, sezvo zvino Jehovha akandipa kubudirira parwendo rwangu. Ndiregei hangu ndiende kuna tenzi wangu.”
၅၆ထိုသူကလည်း၊ ကျွန်ုပ်ကို မဆီးတားပါနှင့်။ ထာဝရဘုရားသည်၊ ကျွန်ုပ်ရောက်လာသောအမှုကို ပြုစုတော်မူပြီ။ ကျွန်ုပ်သည် သခင်ထံသို့ သွားရသော အခွင့်ကို ပေးပါလော့ဟုဆိုလျှင်၊
57 Ipapo vakati, “Regai tidane musikana timubvunze nezvazvo.”
၅၇သူတို့က၊ မိန်းကလေးကိုခေါ်၍၊ သူ့အလိုကို မေးပါဦးမည်ဟု ဆိုသည်နှင့်၊
58 Saka vakadana Rabheka vakamubvunza vakati, “Uchaenda here nomurume uyu?” Iye akati, “Ndichaenda.”
၅၈ရေဗက္ကကိုခေါ်၍ သင်သည်ဤလူနှင့်အတူ ယခုလိုက်မည်လောဟု မေးသောအခါ၊ ကျွန်ုပ်လိုက်ပါမည် ဟုဆို၏။
59 Saka vakaendesa hanzvadzi yavo Rabheka, pamwe chete nomureri wake nomuranda waAbhurahama navanhu vake.
၅၉သို့ဖြစ်၍၊ မိမိနှမရေဗက္ကနှင့် သူ၏အထိန်းကို၎င်း၊ အာဗြဟံကျွန်နှင့် သူ၏လူတို့ကို၎င်း လွှတ်လိုက် ကြ၏။
60 Uye vakaropafadza Rabheka vakati, “Iwe hanzvadzi yedu, uve mai wavazhinji vave zviuru nezviuru; vana vako ngavatore masuo avavengi vavo.”
၆၀ရေဗက္ကကိုလည်း၊ သင်သည် ကျွန်ုပ်တို့၏နှမ ဖြစ်၏။ အသောင်းအသိန်းတို့၏အမိဖြစ်ပစေသော။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကို အစိုးရပါစေသောဟု ကောင်းကြီးပေးကြ၏။
61 Ipapo Rabheka navasikana vake vakagadzirira vakatasva ngamera dzavo vakaenda nomurume uya. Saka muranda akatora Rabheka akabva aenda.
၆၁ရေဗက္ကနှင့်သူ၏မိန်းမငယ်တို့သည်ထ၍၊ ကုလားအုပ်ကိုစီးလျက်၊ ထိုယောက်ျားနှင့်အတူ လိုက်ကြ ၏။ ထိုသို့ အာဗြဟံကျွန်သည် ရေဗက္ကကို ဆောင်သူ သွားလေ၏။
62 Zvino Isaka akanga achibva kuBheeri Rahai Roi, nokuti akanga achigara kuNegevhi.
၆၂ထိုအခါ တောင်ပြည်အတွင်း၌ နေသော ဣဇာက်သည်၊ ဗေရလဟဲရောလမ်းဖြင့် ရောက်လာသည် ဖြစ်၍၊
63 Humwe usiku akabuda akaenda musango kuti ambondorangarira, uye paakasimudza meso ake, akaona ngamera dzichiswedera,
၆၃ညဦးအချိန်၌ ဆင်ခြင်လိုသောငှါ၊ တောအရပ် သို့ထွက်သွား၍၊ မြော်ကြည့်လျှင်၊ ကုလားအုပ်များ လာသည်ကို မြင်လေ၏။
64 naRabhekawo akasimudza meso ake akaona Isaka. Akaburuka kubva pangamera yake
၆၄ရေဗက္ကသည်လည်း၊ မြော်ကြည့်၍ ဣဇာက်ကို မြင်သောအခါ၊ ကုလားအုပ်အပေါ်မှဆင်းပြီးလျှင်၊
65 uye akabvunza muranda akati, “Ndianiko murume ari musango uyo ari kuuya kuzosangana nesu?” Muranda akapindura akati, “Nditenzi wangu.” Saka akatora chifukidzo akazvifukidza.
၆၅ကျွန်ုပ်တို့ကို ကြိုဆိုခြင်းငှါ၊ တော၌လာသော ထိုသူကား၊ အဘယ်သူနည်းဟု ကျွန်ကိုမေးလေသော်၊ ကျွန်က၊ ထိုသူသည် ကျွန်ုပ်သခင်ဖြစ်ပါ၏ဟု ပြောဆို သောစကားကိုကြားလျှင်၊ ရေဗက္ကသည် မျက်နှာဖုံးကို ယူ၍ ဖုံးလေ၏။
66 Ipapo muranda akaudza Isaka zvose zvaakanga aita.
၆၆ကျွန်သည်လည်း၊ မိမိပြုလေသမျှတို့ကို ဣဇာက် အား ကြားပြောပြီးမှ၊
67 Isaka akamupinza mutende ramai vake Sara, uye akawana Rabheka. Saka akava mukadzi wake, uye akamuda; naizvozvo Isaka akanyaradzwa shure kwokufa kwamai vake.
၆၇ဣဇာက်သည် မိမိအမိစာရာ၏ တဲသို့ ရေဗက္က ကို ဆောင်ယူ၍ စုံဘက်လေ၏။ ရေဗက္ကကိုချစ်နှစ်မြို့ သဖြင့်၊ အမိသေသောအမှု၌ သက်သာခြင်းသို့ ရောက် လေ၏။

< Genesisi 24 >