< Ezekieri 24 >

1 Mugore rechipfumbamwe, nomwedzi wegumi pazuva regumi, shoko raJehovha rakasvika kwandiri richiti,
သက္ကရာဇ်ကိုးခု၊ ဒသမလဆယ်ရက်နေ့တွင်၊ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
2 “Mwanakomana womunhu, nyora zita rezuva iri, zuva iro rino chairo, nokuti mambo weBhabhironi akomba Jerusarema pazuva irori.
အချင်းလူသား၊ ဤမည်သောနေ့၊ ယခုနေ့ရက် ကိုမှတ်လော့။ ယခုနေ့၌ ဗာဗုလုန်ရှင်ဘုရင်သည် ယေရု ရှလင်မြို့ကို ဝိုင်းထားစပြု၏။
3 Taurira imba yokumukira iyi mufananidzo, uti kwavari, ‘Zvanzi naIshe Jehovha: “‘Gadza hadyana; igadze ugodira mvura mairi.
ပုန်ကန်တတ်သော အမျိုးအားလည်း ပုံစကား တည်းဟူသော၊ အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ အိုးကင်းကို မီးဖို၌ တင်ထား၍ ရေကိုလောင်းလော့။
4 Uise mairi nhindi dzenyama, nhindi dzakanaka, gumbo nebandauko. Uizadze namapfupa akaisvonaka aya;
အမဲသားတစ်များ၊ ကောင်းသောအတစ်တို့ကို စုထား၍၊ ပေါင်၊ ပခုံး၊ အစရှိသော အကောင်းဆုံးသော အရိုးတို့ကို အိုးကင်း၌အပြည့်ထည့်လော့။
5 utore gwai rakasanangurwa. Uise huni pasi payo kuitira mapfupa; uivirise ugobika mapfupa imomo.
သိုးအကောင်းဆုံးတို့ကို ယူပြီးလျှင်၊ အရိုးအချို့ တို့ကို အိုးကင်းအောက်မှာပုံ၍၊ အိုးကင်းထဲမှာ အရိုးတို့ကို ကျက်စေခြင်းငှါ၊ ကျပ်ကျပ်ဆူစေလော့။
6 “‘Nokuti zvanzi naIshe Jehovha: “‘Rine nhamo guta rinoteura ropa, nehadyana ine ngura, mukati mayo, ine ngura isingabvi. Budisai nhindi imwe neimwe musingakandi mijenya nokuda kwadzo.
ဤအမှု၌ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား၊ လူအသက်ကိုသတ်တတ်သောမြို့၊ သံချေးတက်၍ ရှိသေး သောအိုးကင်းသည် အမင်္ဂလာရှိ၏။ သားတစ်တို့ကို တခုနောက်တခုထုတ်လော့။ စာရေးတံမပြုနှင့်။
7 “‘Nokuti ropa rarakateura riri pakati paro: Rakaridururira paruware pasina chinhu; harina kuriteurira pavhu, paringafukidzwa neguruva.
အကြောင်းမူကား၊ ထိုမြို့သတ်သော သူ၏ အသွေးသည် မြို့အလယ်၌ ရှိ၏။ ထိုအသွေးကိုမြေမှုန့်နှင့် ဖုံးခြင်းငှါ မြေပေါ်မှာသွန်းသည်မဟုတ်၊ ရှင်းလင်းသော ကျောက်ပေါ်မှာတင်ထားပြီ။
8 Kuti ndimutse hasha dzangu ndigotsiva ndakaisa ropa raro paruware pasina chinhu kuti rirege kufukidzwa.
ငါသည်လည်း အပြစ်ဒဏ်ပေးမည်အကြောင်း၊ ဒေါသအမြတ်ထွက်စေခြင်းငှါ၊ ထိုအသွေကိုမဖုံးဘဲ ရှင်းလင်းသောကျောက်ပေါ်မှာ တင်ထားပြီ။
9 “‘Naizvozvo zvanzi naIshe Jehovha: “‘Rine nhamo guta rinoteura ropa! Neniwo, ndichaunganidza huni dzakawanda.
ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ လူအသက် ကိုသတ်တတ်သောမြို့သည် အမင်္ဂလာရှိ၏။ ကြီးစွာသော မီးပုံကို ငါစီရင်မည်။
10 Saka tutira huni ugobatidza moto. Ubike nyama zvakanaka, uchisanganisa nezvinonhuhwira; uye urege mapfupa atsve.
၁၀ထင်းများကို ပုံထား၍မီးရှို့လော့။ အမဲသား လျော့၍ မြိန်စွာသော စားဘွယ်ဖြစ်စေလော့။ အရိုးတို့ကို လည်း ကျွမ်းစေ။
11 Ipapo ugoisa hadyana isina chinhu pamazimbe kusvikira yapisa ndarira yayo yanʼaima kuti kusachena kwayo kunyauke uye tsvina yayo itsve yose.
၁၁ထိုနောက်၊ အဘယ်အရာမျှမပါဘဲ မီးခဲပေါ်မှာ မီးခဲပေါ်မှာ တင်ထားလော့။ ကြေးနီပူ၍ မီးတောက်စေ။ အိုးကင်း၌ပါသော အညစ်အကြေးကို အရည်ကျို၍ သံချေးကုန်စေ။
12 Zvakunda kushingaira kwangu kwose; tsvina yayo zhinji haina kubviswa, kunyange nomoto chaiwo.
၁၂ကြိုးစား၍ ပင်ပန်းသော်လည်း၊ များစွာသော သံချေးမထွက်တတ်။ မီးအားဖြင့် မကုန်တတ်။
13 “‘Zvino kusachena kwako ndihwo unzenza hwako. Nokuti ndakaedza kukunatsa asi hauna kunatswa pakusachena kwako, hauchazonatswizve kusvikira hasha dzangu dzabva pamusoro pako.
၁၃သင်၏အညစ်အကြေး၌ အဓမ္မအမှုပါ၏။ ငါဆေးကြော၍ သင်သည်ဆေးကြောခြင်းကို မခံသော ကြောင့်၊ ငါ၏အမျက်အရှိန်သည် သင့်အပေါ်သို့ မရောက် မချင်းတိုင်အောင်၊ သင်၏အညစ်အကြေးကို မဆေး ကြောရ။
14 “‘Ini Jehovha ndakazvitaura. Nguva yangu yokuzviita yasvika. Handingaregi; handinganzwiri ngoni, uye handingazvidembi. Uchatongwa zvakafanira mabasa ako namafambiro ako, ndizvo zvinotaura Ishe Jehovha.’”
၁၄ငါထာဝရဘုရားပြောပြီ။ ပြောသည်အတိုင်း ငါပြု၍ပြည့်စုံစေမည်။ နောက်သို့မဆုတ်၊ မနှမြော၊ နောင်တမရ၊ သင်ကျင့်ကြံပြုမူသမျှ အတိုင်း၊ ငါစီရင်မည် ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
15 Shoko raJehovha rakasvika kwandiri richiti,
၁၅တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
16 “Mwanakomana womunhu, ndava kuzokutorera uyo anofadza meso ako kamwe chete. Asi usachema kana kuungudza kana kubudisa misodzi.
၁၆အချင်းလူသား၊ သင်ကြည့်ရှုလိုဘွယ်သော သူကိုငါသည် ဒဏ်ခတ်၍ ပယ်ရှားမည်။ သို့ရာတွင်၊ သင်သည် ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။ မျက်ရည် မကျရ။
17 Gomera chinyararire; usachema akafa. Gara wakasunga nguwani yako zvakasimba uye neshangu dziri mumakumbo ako; urege kufumbira zasi kwouso hwako kana kudya zvokudya zvavanochema.”
၁၇တိုးတိုးညည်းတွားလော့။ သေသောသူအတွက် မြည်တမ်းခြင်းကို မပြုနှင့်။ ခေါင်းပေါင်းပေါင်း၍ ခြေနင်း ကိုစီးလော့။ နှုတ်ကိုမဖုံးနှင့်။ ဆင်းရဲသောသူ၏ အစာကို မစားနှင့်ဟု မိန့်တော်မူ၏။
18 Saka mangwanani ndakataura kuvanhu, uye mukadzi wangu akafa madekwana. Fume mangwana, ndakaita zvandakanga ndarayirwa.
၁၈ထိုသို့ငါသည် နံနက်အချိန်၌ လူများတို့အား ကြားပြော၏။ ညဦးအချိန်၌ ငါ့ခင်ပွန်းသည် သေ၏။ မှာထားတော်မူသည်အတိုင်း နက်ဖြန်နံနက်မှငါပြု၏။
19 Ipapo vanhu vakandibvunza vachiti, “Haungatiudzi kuti zvinhu izvi zvinorevei kwatiri here?”
၁၉လူများတို့ကလည်း ဤသို့သင်ပြုသောအမှုသည် ငါတို့နှင့်အဘယ်သို့ ဆိုင်သနည်း။ ငါတို့အားမပြော သလောဟု ငါ့အားမေးကြသော်၊
20 Saka ndakati kwavari, “Shoko raJehovha rakasvika kwandiri richiti,
၂၀ငါက၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ၍၊
21 Uti kuimba yaIsraeri, ‘Zvanzi naIshe Jehovha: Ndava pedyo nokusvibisa nzvimbo yangu tsvene, iyo nhare yamunozvirumbidza nayo, iwo mufaro wamaziso enyu, nechinhu chamunoda. Vanakomana navanasikana vamakasiya vachaurayiwa nomunondo.
၂၁အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသား ဆင့်ဆိုရမည်မှာ၊ ငါ၏သန့်ရှင်းရာ ဌာန၊ သင်တို့အစွမ်းသတ္တိအထွဋ်အမြတ်၊ သင်တို့ကြည့်ရှု လိုဘွယ်သောအရာ၊ အလွန်နှမြောသော အရာကို ငါရှုတ်ချမည်။ သင်တို့ဘွားမြင်သောသားသမီးတို့သည် ထားဖြင့်ဆုံးကြလိမ့်မည်။
22 Uye imi muchaita sezvandakaita. Hamungazofumbiri zasi kwezviso zvenyu kana kudya zvokudya zvavanochema.
၂၂ထိုအခါ သင်တို့သည် ငါပြုသကဲ့သို့ ပြုကြ ရလိမ့်မည်။ နှုတ်ကိုမဖုံး၊ ဆင်းရဲသောသူတို့၏ အစာကို မစားရကြ။
23 Mucharega nguwani dzenyu dziri mumisoro yenyu neshangu dziri mumakumbo enyu. Hamungaungudzi kana kuchema asi muchaonda nokuda kwezvivi zvenyu uye muchagomera pakati penyu.
၂၃ခေါင်းပေါင်းပေါင်း၍ ခြေနင်းကို စီးရကြလိမ့် မည်။ ငိုကြွေးမြည်တမ်းခြင်းကိုမပြုရကြ။ ကိုယ်အပြစ် ကြောင့် ပိန်ကြုံး၍ တယောက်ကိုတယောက် ညည်းတွား ရကြလိမ့်မည်။
24 Ezekieri achava chiratidzo kwamuri; muchaita sezvaakaita. Panoitika izvi, imi muchaziva kuti ndini Ishe Jehovha.’
၂၄ထိုသို့ဇေကျေလသည် သင်တို့အား ပုပ္ပနိမိတ် ဖြစ်ရ၏။ သူပြုသမျှအတိုင်း သင်တို့သည်၊ အမှုရောက် သောအခါ ပြု၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိရကြလိမ့်မည်။
25 “Uye iwe, mwanakomana womunhu, pazuva randichavatorera nhare dzavo mufaro wavo nokukudzwa kwavo, mufaro wamaziso avo, chishuvo chemwoyo yavo, uye vanakomana navanasikana vavowo,
၂၅အချင်းလူသား၊ သင်၏အမှုမူကား၊ သူတို့ အစွမ်းသတ္တိ၊ ဝါကြွားစရာဘုန်း၊ ကြည့်ရှုလိုဘွယ်သော အရာ၊ စိတ်စွဲလမ်းသောအရာကို၎င်း၊ သားသမီးတို့ကို၎င်း ငါပယ်ရှားသောအခါ၊
26 pazuva iro mutizi achauya kuzokuudza zvinenge zvaitika.
၂၆လွတ်သောသူ တစုံတယောက်သည် သင်ရှိရာသို့ရောက်လာ၍ ကြားပြောလိမ့်မည်။
27 Panguva iyoyo muromo wako uchazaruka; uchataura naye uye hauchazonyararizve. Saka iwe uchava chiratidzo kwavari, uye vachaziva kuti ndini Jehovha.”
၂၇ထိုအခါ လွတ်လပ်သောသူနှင့်တွေ့သဖြင့် သင်၏နှုတ်ပွင့်လိမ့် မည်။ စကားမပြောဘဲနေချိန်လွန်၍ ဟောပြောရလိမ့်မည်။ ထိုသို့သင်သည် သူတို့အား ပုပ္ပနိမိတ်ဖြစ်၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Ezekieri 24 >