< Dhuteronomi 27 >

1 Zvino Mozisi navakuru veIsraeri vakarayira vanhu vachiti, “Chengetai mirayiro iyi yose yandinokupai nhasi.
တဖန် မောရှေသည်၊ ဣသရေလအမျိုး၌ အသက်ကြီးသူတို့နှင့်တကွ လူများတို့ကို မှာထားသည်ကား၊ ယနေ့ ငါထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ကြ လော့။
2 Kana muchinge mayambuka Jorodhani muchipinda munyika yamuri kupiwa naJehovha Mwari wenyu, munofanira kumisa mabwe makuru mugoapenda nesuko.
သင်သည် ယော်ဒန်မြစ်ကို ကူး၍၊ သင်၏ဘုရား သခင် ထာဝရဘုရားပေးတော်မူသော ပြည်သို့ ရောက် သောအခါ၊ ကြီးသောကျောက်တို့ကို ထူထောင်၍ အင်္ဂတေနှင့် မွမ်းမံရမည်။
3 Mugonyora pamusoro pawo mashoko ose nomurayiro uyu kana muchinge mayambuka mhiri kuti mupinde munyika yamuri kupiwa naJehovha Mwari wenyu, nyika inoyerera mukaka nouchi, sezvamakavimbiswa naJehovha, iye Mwari wamadzibaba enyu.
ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း သင့်အား ပေးတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသောပြည်သို့ ဝင်စားအံ့သောငှာ ကူးသွားပြီးမှ၊ ဤတရား စကားတော် အလုံးစုံတို့ကို ထိုကျောက်ပေါ်မှာ ရေးထားရမည်။
4 Zvino kana muchinge mayambuka Jorodhani, misai mabwe aya paGomo reEbhari, sezvandakurayirai nhasi, mugoapenda nesuko.
ယော်ဒန်မြစ်ကို ကူးပြီးမှ၊ ယနေ့ငါမှာထားသော ကျောက်တို့ကို ဧဗလတောင်ပေါ်မှာ ထူထောင်၍ အင်္ဂ တေနှင့် မွမ်းမံရမည်။
5 Muvake aritari yaJehovha Mwari wenyu ipapo, aritari yamabwe. Musashandisa simbi pakumisa mabwe aya.
ထိုအရပ်၌လည်း သင်၏ဘုရားသခင် ထာဝရ ဘုရားအဘို့၊
6 Muvake aritari yaJehovha Mwari wenyu namabwe asina kuvezwa uye mugobayirapo kuna Jehovha Mwari wenyu zvipiriso zvinopiswa.
ယဇ်ပလ္လင်ကို ကျောက်နှင့်တည်ရမည်။ သံ တန်ဆာကို မသုံးဆောင်ဘဲ၊ မကွဲမပြတ်သော ကျောက် တို့နှင့် တည်ရမည်။ သင်၏ဘုရားသခင် ထာဝရဘုရား အား မီးရှို့ရာယဇ်တို့ကို ထိုပလ္လင်ပေါ်မှာ ပူဇော်ရမည်။
7 Mubayire zvipiriso zvokuwadzana ipapo, muzvidye muchipembera pamberi paJehovha Mwari wenyu.
မိဿဟာယယဇ်တို့ကိုလည်း ပူဇော်၍၊ ထိုအရပ် တွင် စားသောက်လျက် ရှေ့တော်၌ ပျော်မွေ့ခြင်းကို ပြုရမည်။
8 Uye munofanira kunyora mashoko aya ose omurayiro pamabwe amakamisa aya zvinonyatsoonekwa.”
ထိုကျောက်ပေါ်မှာ ဤတရား စကားတော် အလုံးစုံတို့ကို သေချာစွာ ရေးထားရမည်ဟု ပြောဆိုကြ၏။
9 Ipapo Mozisi navaprista vanova vaRevhi, vakataura kuvaIsraeri vose vakati, “Nyararai imi Israeri, uye muteerere! Iye zvino mava rudzi rwaJehovha Mwari wenyu.
တဖန် မောရှေနှင့် ယဇ်ပုရောဟိတ်များ၊ လေဝိ သားများတို့က၊ အိုဣသရေလအမျိုး၊ သတိနှင့် နားထောင် လော့။ ယနေ့သင်သည် သင်၏ဘုရားသခင် ထာဝရ ဘုရား၏ လူမျိုးဖြစ်လေပြီ။
10 Naizvozvo teererai Jehovha Mwari wenyu uye mugotevera mirayiro nemitemo yandinokupai nhasi.”
၁၀သို့ဖြစ်၍၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ရမည်။ ယနေ့ငါတို့ ဆင့်ဆို သော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ကျင့်ရမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ပြောဆိုကြ၏။
11 Pazuva rimwe chetero Mozisi akarayira vanhu achiti:
၁၁တဖန် မောရှေသည် ထိုနေ့၌ လူများတို့ကို မှာထားသည်မှာ၊
12 Kana muchinge mayambuka Jorodhani, aya ndiwo marudzi anofanira kundomira pamusoro peGomo reGerizimu kuti varopafadze vanhu: Simeoni, Revhi, Judha, Isakari, Josefa naBhenjamini.
၁၂သင်တို့သည် ယော်ဒန်မြစ်ကို ကူးသောနောက်၊ လူများတို့အား ကောင်းကြီးပေးခြင်းအလိုငှာ ဂေရဇိမ် တောင်ပေါ်မှာ ရပ်ရသော သူဟူမူကား၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်၊ ဗင်္ယာမိန်တည်း။
13 Uye marudzi aya ndiwo achamira paGomo reEbhari kuti vadanidzire kutuka: Rubheni, Gadhi, Asheri, Zebhuruni, Dhani, naNafutari.
၁၃ကျိန်ခြင်းအလိုငှာ၊ ဧဗလတောင်ပေါ်မှာ ရပ်ရ သော သူဟူမူကား၊ ရုဗင်၊ ဂဒ်၊ အာရှာ၊ ဇာဗုလုန်၊ ဒန်၊ နဿလိတည်း။
14 VaRevhi vachataura kuvanhu vose veIsraeri nenzwi guru vachiti:
၁၄ထိုအခါ လေဝိသားတို့သည် ကြီးသောအသံနှင့် ဣသရေလအမျိုးသားအပေါင်းတို့အား ဟစ်ကြော်ရ သော စကားဟူမူကား၊
15 “Ngaatukwe munhu anoita chifananidzo chakavezwa kana chakaumbwa, chinhu chinonyangadza Jehovha, basa ramaoko emhizha, uye agochimisa pakavanzwa.”
၁၅ထာဝရဘုရား စက်ဆုပ်ရွံရှာသောအရာ၊ လက်သမားလက်နှင့် ထုလုပ်သော ရုပ်တု၊ သွန်းသော ဆင်းတုကို လုပ်၍ မထင်ရှားသော အရပ်၌ ထားသောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်း တို့က အာမင်ဟု ဝန်ခံရကြမည်။
16 “Ngaatukwe munhu anozvidza baba kana mai vake.”
၁၆မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
17 “Ngaatukwe munhu anoshandura muganhu womuvakidzani wake.”
၁၇အိမ်နီးချင်း၏ မြေမှတ်တိုင်ကို ရွှေ့သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
18 “Ngaatukwe munhu anotsausa bofu panzira.”
၁၈မျက်စိမမြင်သောသူကို လမ်းလွဲစေသောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်း တို့က အာမင်ဟု ဝန်ခံရကြမည်။
19 “Ngaatukwe munhu anorega kururamisira mutorwa, nherera kana chirikadzi.”
၁၉တရားတွေ့ခြင်းအမှုမှာတပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမကို မတရားသဖြင့် အရှုံးပေးသော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူ အပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
20 “Ngaatukwe munhu anovata nomukadzi wababa vake, nokuti azvidza nhoo yababa vake.”
၂၀အဘနှင့်သာဆိုင်သော အဘ၏ မယားနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
21 “Ngaatukwe munhu anovata nemhuka ipi zvayo.”
၂၁တိရစ္ဆာန်တစုံတမျိုးနှင့် ပေါင်းဘော်သော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူ အပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
22 “Ngaatukwe munhu anovata nehanzvadzi yake, mwanasikana wababa vake, kana mwanasikana wamai vake.”
၂၂အဘ၏ သမီး၊ အမိ၏ သမီးတည်းဟူသော မိမိအစ်မ နှမနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
23 “Ngaatukwe munhu anovata namai vomukadzi wake.”
၂၃မယား၏ အမိနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
24 “Ngaatukwe munhu anouraya muvakidzani pakavanda.”
၂၄အိမ်နီးချင်းကို မထင်မရှား ရိုက်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
25 “Ngaatukwe munhu anogamuchira fufuro kuti auraye munhu asina mhosva.”
၂၅အပြစ်မရှိသော သူ၏ အသက်ကို သတ်ခြင်းငှာ အခကို ယူသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
26 “Ngaatukwe munhu asingasimbisi mashoko omurayiro uyu nokuaita.”
၂၆ဤပညတ်တရားစကားတို့ကို အမြဲမကျင့်သော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအ ပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

< Dhuteronomi 27 >