< Dhuteronomi 25 >

1 Kana vanhu vane gakava, vanofanira kuenda kudare uye vatongi vachatonga nyaya iyi, vachiruramisira asina mhosva nokupa mhosva uyo akatadza.
လူချင်းအမှုရှိ၍ မင်းထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ်သောသူ ကို အပြစ်လွတ်စေခြင်းငှာ၎င်း၊ ဆိုးသောသူကို အရှုံးခံ စေခြင်းငှာ၎င်း စီရင်ရမည်။
2 Kana munhu ane mhosva achifanira kurohwa, mutongi anofanira kumuti arare pasi agoita kuti arohwe pamberi pake neshamhu dzakafanira mhosva yake.
ဆိုးသောသူသည် အရိုက်ခံထိုက်လျှင်၊ တရားသူ ကြီးသည် ကိုယ်မျက်မှောက်၌ သူ့ကို ချ၍၊ အပြစ်နှင့် အလျောက် မည်မျှသော ဒဏ်ချက်ဖြင့် ရိုက်စေရမည်။
3 Asi haafaniri kupiwa shamhu dzinodarika makumi mana. Kana akarohwa zvakapfurikidza mwero, hama yako inenge yazvidzwa pamberi pako.
သို့သော်လည်း ဒဏ်ချက်လေးဆယ်ထက် မလွန် စေရ။ လွန်၍ များစွာသော ဒဏ်ချက်ဖြင့် ရိုက်လျှင်၊ သင်၏အမျိုးသားချင်းသည် ယုတ်ညံ့သောသူ ဖြစ်ဟန်ရှိ မည်ဟု စိုးရိမ်စရာရှိ၏။
4 Usasunga muromo wenzombe kana ichipura zviyo.
စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရ။
5 Kana hama dzichigara pamwe chete mumwe wavo akafa asina mwanakomana, chirikadzi yake haifaniri kuwanikwa kunze kwemhuri. Hama yomurume wake inofanira kumutora nokumuwana uye agoita zvinofanira kuitwa nehama yomurume wake kwaari.
အတူနေသော ညီအစ်ကို တို့တွင်၊ တစုံတ ယောက်သောသူသည် သားမရှိဘဲသေလျှင်၊ သေသောသူ ၏ မယားသည် အခြားတပါးသောလူစိမ်းနှင့် စုံဘက်ခြင်း ကို မပြုရ။ သူ၏လင်ညီသည် သူ့ကို သိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သောဝတ်ကို ပြုရမည်။
6 Mwanakomana wokutanga waachabereka anofanira kutora zita rehama yake yakafa kuitira kuti zita rake rirege kudzimwa muIsraeri.
ဣသရေလအမျိုး၌ အစ်ကိုအမည်ကို မပျောက် စေခြင်းငှာ၊ အဦးဘွားသော သားသည် သေသောဘကြီး ၏ အရိပ်အရာကို ခံရမည်။
7 Asi, kana munhu asingadi kuwana mukadzi wehama yake, mukadzi achaenda kuvakuru pasuo reguta agoti, “Hama yomurume wangu yaramba kumutsa zita romukoma wake muIsraeri. Haadi kuita zvinofanira kuitwa nehama yomurume kwandiri.”
ညီသည် အစ်ကိုမယားကို မယူလိုလျှင်၊ မိန်းမ သည် အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား၍၊ ကျွန်မ ၏ လင်ညီသည် အစ်ကိုအမည်ကို ဣသရေလအမျိုး၌ မတည်စေလိုပါ။ သူပြုအပ်သောဝတ်ကို မပြုလိုပါဟု လျှောက်လျှင်၊
8 Ipapo vakuru veguta romurume uyu vanofanira kumudana vataure naye. Kana akaramba achiti, “Handidi zvangu kumuwana,”
မြို့၌ အသက်ကြီးသူတို့သည် ထိုသူကို ခေါ်၍ မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမကို အကျွန်ုပ် မယူလိုပါဟုဆို၍ ခိုင်မာစွာနေလျှင်၊
9 chirikadzi yehama yake inofanira kuenda kwaari pamberi pavakuru, agomubvisa imwe yeshangu dzake, uye agomusvipira mate kumeso achiti, “Izvi ndizvo zvinoitwa kumurume anoramba kuvaka imba yomukoma wake.”
သူ၏မရီးသည် အသက်ကြီးသူတို့ရှေ့မှာ သူ့အပါးသို့ ချဉ်း၍ သူ၏ခြေနင်းကို ချွတ်လျက်၊ သူ၏ မျက်နှာ၌ တံထွေးထွေးလျက်၊ မိမိအစ်ကို အိမ်ကို မဆောက်လိုသောသူ၌ ဤသို့ ပြုသင့်သည်ဟု သူ့အား ပြန်ပြောရမည်။
10 Imba yomurume uyu ichazivikanwa muIsraeri nezita rokuti Imba yoMurume Akabviswa Shangu Yake.
၁၀နောက်မှ၊ ထိုသူကို ခြေနင်းချွတ်ရသော အမျိုးဟူ၍ ဣသရေလအမျိုး၌ ခေါ်ဝေါ်သမုတ်ရမည်။
11 Kana varume vaviri vachirwa ipapo mukadzi womumwe wavo akauya kuzonunura murume wake pane anomurwisa, uye akaswedera akabata murume uya nhengo dzake,
၁၁လူချင်းခိုက်ရန်ပြုကြစဉ်တွင်၊ တယောက်သော သူ၏မယားသည် အပါးသို့ချဉ်း၍ မိမိလင်ကို ကူညီလို သောငှာ ခိုက်ရန်ပြုသော သူ၏ ယောက်ျားတန်ဆာကို ကိုင်ဆွဲမိလျှင်၊
12 munofanira kugura ruoko rwake. Musamunzwira tsitsi.
၁၂ထိုမိန်းမလက်ကို ဖြတ်ရမည်။ သင်၏ မျက်စိ သည် သူ့ကို မသနားရ။
13 Usava nezviyereso zviviri zvisina kuenzana muhomwe yako, chimwe chinorema, chimwe chakareruka.
၁၃သင့်အိတ်၌ ကြီးသောအလေး၊ ငယ်သောအ လေးတည်းဟူသော ခြားနားသော အလေးကို မရှိစေရ။
14 Usava nezvipimiso zviviri zvakasiyana mumba mako, chimwe chikuru, chimwe chiduku.
၁၄သင့်အိမ်၌ ခြားနားသော ခြင်စရာတန်ဆာ အကြီးအငယ်ကို မရှိစေရ။
15 Unofanira kuva nezviereso nezvipimiso zvakanaka uye zvechokwadi kuitira kuti ugorarama mazuva mazhinji munyika yauri kupiwa naJehovha Mwari wako.
၁၅သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်၌ သင်၏အသက် တာရှည်မည်အကြောင်း၊ မှန်ကန်သောအလေး၊ မှန်ကန်သောခြင်စရာ တန်ဆာ များကိုသာ သုံးရမည်။
16 Nokuti Jehovha Mwari wako anonyangadzwa nomunhu anoita zvinhu izvi, munhu upi zvake, anoita zvinhu nokusatendeka.
၁၆အထက်ဆိုခဲ့ပြီးသော အမှုကို ပြုသောသူအ ပေါင်းတို့နှင့် မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ ၏။
17 Murangarire zvamakaitirwa navaAmareki parwendo rwenyu pamakabuda kubva muIjipiti.
၁၇သင်သည် အဲဂုတ္တုပြည်မှ ထွက်၍ ခရီးသွား သောအခါ၊
18 Pamakanga maziya uye maneta, vakasangana nemi parwendo rwenyu vakauraya vose vakanga vachisaririra shure; vakanga vasingatyi Mwari.
၁၈သင်သည် အားကုန်၍ မောလျက်နေစဉ်တွင်၊ သင့်နောက်၌ လိုက်သောသူ၊ အားနည်းသော သူတို့ကို အာမလက် အမျိုးသားတို့သည် လမ်း၌ ဆီးကြို၍ လုပ်ကြံ ကြောင်းကို၎င်း၊ ဘုရားသခင်ကို မကြောက်ရွံ့ကြောင်းကို ၎င်း၊ အောက်မေ့လော့။
19 Kana Jehovha Mwari wenyu akupai zvose kubva kuvavengi vakakupoteredzai munyika yaari kukupai kuti ive yenyu senhaka, munofanira kudzima kurangarirwa kwaAmareki kubva pasi pedenga. Musazokanganwa!
၁၉သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်အမွေခံစရာဘို့ အပိုင်ပေးတော်မူသောပြည်၌ သင့်ပတ်လည်၌ နေသောရန်သူအပေါင်းတို့၏ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးတော်မူသောအခါ၊ အာမလက် အမျိုးကို အောက်မေ့စရာ မရှိစေခြင်းငှာ၊ ကောင်းကင် အောက်၌ သုတ်သင်ပယ်ရှင်းရမည်။ ထိုအမှုကို မမေ့ မလျော့ရ။

< Dhuteronomi 25 >