< Dhuteronomi 19 >

1 Kana Jehovha Mwari wenyu aparadza ndudzi dzaari kukupai nyika yadzo, uye kana muchinge madzidzinga mukagara mumaguta avo nedzimba dzavo,
သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သော ပြည်၌နေသော လူမျိုးတို့ကို သင်၏ဘုရားသခင် ထာဝရဘုရား ပယ်ဖြတ်တော်မူသဖြင့်၊ သင်သည် သူတို့ အရာ၌ ဝင်စား၍၊ သူတို့မြို့၊ သူတို့အိမ်၌ နေသောအခါ၊
2 ipapo muzvitsaurire maguta matatu ari pakati penyika yamuri kupiwa naJehovha Mwari wenyu kuti ive yenyu.
သင်၏ဘုရားသခင် ထာဝရဘုရားသည် အပိုင် ပေးတော်မူသော ထိုပြည်အတွင်း၌ မြို့သုံးမြို့တို့ကို ခွဲထား ရမည်။
3 Mugadzire migwagwa inoenda kwaari uye mugoganhura, muzvikamu zvitatu nyika yamuri kupiwa naJehovha Mwari wenyu senhaka, kuitira kuti ani naani anenge auraya munhu agotizirako.
လူအသက်ကို သတ်မိသောသူအပေါင်းတို့သည် ထိုမြို့သို့ ပြေးနိုင်မည်အကြောင်း၊ သင့်အမွေခံစရာဘို့ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည် ကို သုံးပိုင်းပိုင်း၍ လမ်းခရီးကိုလည်း ပြင်ဆင်ရမည်။
4 Uyu ndiwo murayiro pamusoro pomunhu anenge auraya mumwe munhu anotizirako kuti aponese upenyu hwake, munhu anouraya muvakidzani wake asingazivi, asina kunge amuvenga kare.
လူအသက်ကို သတ်မိ၍၊ ကိုယ်အသက် ချမ်းသာ စေခြင်းငှာ၊ ထိုမြို့သို့ပြေးရသော သူ၏အမှုဟူကား၊
5 Somuenzaniso, munhu anogona kupinda musango nomuvakidzani wake kundotema huni, paanosimudza demo kuti ateme muti, demo rovhomoka rotema muvakidzani wake ofa. Munhu iyeye anogona kutizira kune rimwe ramaguta aya agoponesa mweya wake.
လူ သည် ထင်းခုတ်ခြင်းငှာ အဘော်နှင့် တောသို့သွား၍ သစ်ပင်ကို ခုတ်လှဲစဉ်အခါ၊ ပုဆိန်သည် အရိုးကျွတ်၍ အဘော်ကို ထိသောကြောင့်၊ မိမိအဘော်သေအောင် ပြုမိ သောသူနှင့်တူ၍၊ ရန်ငြိုးဖွဲ့ခြင်းမရှိဘဲ မိမိအဘော်ကို အမှတ်တမဲ့ သတ်မိသောသူသည်၊ ထိုမြို့တစုံတမြို့သို့ ပြေး၍ အသက်ချမ်းသာရလိမ့်မည်။
6 Zvimwe, mutsivi weropa angamutevera mukutsamwa, akamubata kana rwendo rwuri rurefu kwazvo, akamuuraya kunyange zvake akanga asingafaniri kufa, sezvo asina kuzviita kumuvakidzani wake noruvengo.
သို့မဟုတ် သေစားသေစေသောသူသည် စိတ် မာန်ထစဉ်အခါ၊ လူသတ်ကို လိုက်လျက် ခရီးဝေးသော ကြောင့် မှီ၍ သတ်လိမ့်မည်။ ထိုသို့ မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဘော်ကို ရန်ငြိုးဖွဲ့ ခြင်း မရှိသောကြောင့် အသေသတ်ခြင်းကို မခံထိုက်။
7 Ndokusaka ndichikurayirai kuti muzvitsaurire maguta matatu.
ထိုကြောင့် မြို့သုံးမြို့ကို ခွဲထားရမည်ဟု ငါမှာ ထား၏။
8 Kana Jehovha Mwari wenyu achinge azokurisa nyika yenyu, sezvaakavimbisa madzitateguru enyu nemhiko, uye kana achinge akupai nyika yose yaakavimbisa,
ယနေ့ ငါမှာထားသမျှသော ဤပညတ်တော် တို့ကို ကျင့်စောင့်၍၊ သင်၏ဘုရားသခင် ထာဝရဘုရား ကို ချစ်သောစိတ်နှင့် အစဉ်အမြဲ လမ်းတော်သို့လိုက်လျှင် ၎င်း၊
9 nokuti mukachenjerera kutevera mirayiro iyi yose yandinokurayirai nhasi, kuti mude Jehovha Mwari wenyu uye mufambe munzira dzake nguva dzose, ipapo munofanira kutsaura maguta matatu.
သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ ဘိုးဘေးတို့အား ပေးခြင်းငှာ ဂတိထားသော ပြည်ရှိသမျှ ကို သင့်အား ပေးတော်မူ၍၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုသည်အတိုင်း၊ သင့်နေရာပြည်ကို ကျယ်ဝန်းစေ တော်မူလျှင်၎င်း၊
10 Muite izvi kuitira kuti ropa risina mhosva rirege kuteurwa munyika yenyu, yamuri kupiwa naJehovha Mwari wenyu kuti ive nhaka yenyu, uye kuti murege kuva nemhosva yokuteura ropa.
၁၀သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည်၌ အသေမခံ ထိုက်သောသူသည် အသေခံ၍ လူ့အသက်ကို သတ်သော အပြစ်သည် သင့်အပေါ်မှာ မရောက်မည်အကြောင်း၊ ယခုဆိုခဲ့ပြီးသော မြို့သုံးမြို့မှတပါး၊ အခြားသော မြို့သုံးမြို့ကို ထပ်၍ခွဲထားရမည်။
11 Asi kana munhu achivenga muvakidzani wake akamuvandira, akamurova uye akamuuraya, akatizira kune rimwe ramaguta aya,
၁၁တနည်းကား၊ မိမိအဘော်ကို ရန်ငြိုးဖွဲ့သဖြင့် ချောင်းမြောင်း၍ သေအောင်တိုက်သောသူသည် ထိုမြို့ တစုံတမြို့သို့ ပြေး၍ ရောက်သော်လည်း၊
12 vakuru veguta rake vanofanira kutuma munhu kuti andomutora kubva kuguta, uye vagomuisa mumaoko omutsivi weropa kuti afe.
၁၂သူ့နေရာမြို့၌ အသက်ကြီးသူတို့သည် လူကို စေလွှတ်၍ ထိုသူကို ဆောင်ခဲ့သဖြင့်၊ သေစေခြင်းငှာ သေစားသေစေသောသူ၏ လက်၌ အပ်လိုက်ရကြမည်။
13 Musamunzwira tsitsi. Munofanira kubvisa muIsraeri mhosva yokuteurwa kweropa risina mhaka, kuitira kuti zvigokunakirai.
၁၃သင်၏မျက်စိသည် သူ့ကို မသနားရ၊ သင်သည် ချမ်းသာရမည်အကြောင်း၊ လူ့အသက်သတ်ခြင်းအပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။
14 Musabvisa dombo romuganhu nomuvakidzani wenyu, rakaiswa nevakakutangirai munhaka yamunogamuchira munyika yamunopiwa naJehovha Mwari wenyu kuti ive yenyu.
၁၄သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အား အပိုင်ပေးတော်မူသောပြည်မှာ အမွေခံရာ မြေ၌ ရှေးလူဟောင်းတို့သည် စိုက်ထားနှင့်သော အိမ်နီး ချင်း၏ မြေမှတ်တိုင်ကို မရွှေ့ရ။
15 Chapupu chimwe chete hachifaniri kupupurira munhu kuti agobatwa nemhosva yokupupura mhaka, kunyange dai akapara mhaka. Nyaya inofanira kusimbiswa nouchapupu hwevaviri kana vatatu.
၁၅လူသည် ပြုမိသော ဒုစရိုက်၊ ပြစ်မှားမိသော အပြစ်ကို စစ်ကြောသောအခါ၊ သက်သေခံတဦးတည်း ရှိလျှင် သူ၏စကားမတည်ရ။ သက်သေခံနှစ်ဦး၊ သုံးဦး အားဖြင့် စကားရှိသမျှတို့သည် တည်ရလိမ့်မည်။
16 Kana chapupu chenhema chikapupurira munhu kuti ane mhaka,
၁၆မမှန်သော သက်သေခံတယောက်သည်၊ သူတပါးတဘက်၌ မမှန်သောသက်သေကို ခံလျှင်၊
17 varume ava vari vaviri vari kuitirana nharo vanofanira kumira pamberi paJehovha napamberi pavaprista navatongi vanenge vachitonga panguva iyoyo.
၁၇တရားတွေ့သောသူနှစ်ယောက်တို့သည် ထာဝရ ဘုရားရှေ့တော်သို့၎င်း၊ ထိုကာလ၌ရှိသော ယဇ်ပုရောဟိတ်၊ တရားသူကြီးရှေ့သို့၎င်း လာသဖြင့်၊
18 Vatongi vanofanira kunyatsoferefeta nyaya iyi, zvino kana chapupu ichi chikabatwa kuti chinoreva nhema, chichipa uchapupu hwenhema pamusoro pehama yake,
၁၈တရားသူကြီးတို့သည် စေ့စေ့စစ်ကြော၍ ထိုသက်သေခံသောသူသည် မိမိအဘော်တဘက်၌ မမှန် သောသက်သေကို ခံပြီးလျှင်၊
19 ipapo itai kwaari sezvaanga achida kuita kuhama yake. Munofanira kubvisa chakaipa pakati penyu.
၁၉မိမိအဘော်၌ ပြုမည်ဟု အကြံရှိသည်အတိုင်း သူ၌ ပြုရမည်။ ဒုစရိုက်အပြစ်ကို သင်တို့အထဲက ထိုသို့ ပယ်ရှားရမည်။
20 Vanhu vose vachanzwa izvi vagotya uye chakaipa chakadai hachizoitwizve pakati penyu.
၂၀ကြွင်းသောသူတို့သည်လည်း ထိုသိတင်းကို ကြား၍ ကြောက်သောကြောင့်၊ နောက်တဖန် ထိုသို့သော ဒုစရိုက်ကို မပြုဘဲနေကြလိမ့်မည်။
21 Musaratidza tsitsi, upenyu noupenyu, ziso neziso, zino nezino, ruoko noruoko, tsoka netsoka.
၂၁သင်၏မျက်စိသည် မသနားရ။ အသက် အတွက် အသက်ကို၎င်း၊ မျက်စိအတွက် မျက်စိကို၎င်း၊ သွားအတွက် သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ခြေအတွက် ခြေကို၎င်း ဒဏ်ပေးရမည်။

< Dhuteronomi 19 >