< 2 Samueri 18 >

1 Dhavhidhi akaunganidza varume vakanga vanaye uye akagadza pamusoro pavo vatungamiri vezviuru navatungamiri vamazana.
ဒါဝိဒ်သည် မိမိ၌ပါသော လူတို့ကိုရေတွက်၍ တထောင်အုပ်၊ တရာအုပ်တို့ကို ခန့်ထား၏။
2 Dhavhidhi akatumira varwi achiita kudai: chikamu chimwe chete kubva muzvitatu chavo chichitungamirirwa naJoabhu, chimwe chikamu chimwe chete kubva muzvitatu chichitungamirirwa nomununʼuna waJoabhu ainzi Abhishai mwanakomana waZeruya, uye chikamu chimwe chete kubva muzvitatuzve chichitungamirirwa naItai muGiti. Mambo akataurira vanhu kuti, “Zvirokwazvo neni pachangu ndichafamba nemi.”
လူသုံးစုတစုကို ယွာဘ၌၎င်း၊ တစုကို ဇေရုယာ သား ယွာဘညီ အဘိရှဲ၌၎င်း၊ တစုကိုဂိတ္တိလူ အိတ္တဲ၌၎င်း အပ်၍၊ ငါ့ကိုယ်တိုင်ချီသွားမည်ဟု လူများတို့အား မိန့်တော် မူ၏။
3 Asi vanhu vakati, “Imi hamufaniri kuenda; kana tikamanikidzirwa kutiza, havambovi nehanya nesu. Kunyange kana hafu yedu ikafa, havambovi nehanya; asi imi munokosha sesu tiri zviuru gumi. Zvingava nani zvino kuti imi mutitsigire muri muguta.”
လူများတို့ကလည်း၊ ကိုယ်တိုင်ကြွတော်မမူပါနှင့်။ ကျွန်တော်တို့ပြေးသော်လည်း သူတို့သည်အမှုမထား ကြပါ။ ကျွန်တော်တို့ တဝက်သေသော်လည်း သူတို့သည်အမှုမထားကြပါ။ ကိုယ်တော်မူကား၊ ကျွန်တော်တို့ တသောင်းထက် မြတ်တော်မူ၏။ သို့ဖြစ်၍ ကျွန်တော် တို့ကို မြို့ထဲက မစတော်မူလျှင်သာ၍ ကောင်းပါလိမ့်မည် ဟု လျှောက်ကြ၏။
4 Mambo akati, “Ndichaita zvose zvamunoona zvakakunakirai.” Saka mambo akamira parutivi rwesuo pakanga pachifamba varume vose vachibuda namapoka amazana neezviuru.
ရှင်ဘုရင်ကလည်း၊ ငါသည်သင်တို့အလိုသို့ လိုက်မည်ဟု မိန့်တော်မူ၍ တံခါးဝနားမှာ ရပ်တော်မူ လျှင်၊ လူအပေါင်းတို့သည် တရာတပ်၊ တထောင်တပ်အား ဖြင့် ချီသွားကြ၏။
5 Mambo akarayira Joabhu, Abhishai naItai akati, “Munzwire henyu jaya nyasha, iye Abhusaromu nokuda kwangu.”
ရှင်ဘုရင်ကလည်း၊ ငါ့မျက်နှာကို ထောက်၍ ငါ့သားအဗရှလုံကို ဖြည်းညှင်းစွာ ပြုကြလော့ဟု ယွာဘ၊ အဘိရှဲ၊ အိတ္တဲတို့ကို မှာထားတော်မူ၏။ ထိုသို့ ရှင်ဘုရင် သည် အဗရှလုံအတွက် ဗိုလ်မင်းအပေါင်းတို့ကို မှာထား တော်မူသောအခါ၊ လူအပေါင်းတို့သည် ကြားကြ၏။
6 Varwi vakafamba vachipinda musango kuti vandorwa navaIsraeri, uye hondo yakarwiwa mudondo raEfuremu.
ထိုသို့ လူများတို့သည် ဣသရေလလူတို့ကို စစ်တိုက်အံ့သောငှါ မြို့ပြင်သို့ထွက်၍ ဧဖရိမ်တော၌ စစ်ပြိုင်ကြ၏။
7 Imomo hondo yeIsraeri yakakundwa navanhu vaDhavhidhi, uye pakava nokufa kukuru zuva iroro, varume zviuru makumi maviri vakafa.
ဣသရေလလူတို့သည် ဒါဝိဒ်၏ကျွန်တို့ ရှေ့မှာ ရှုံး၍ ထိုနေ့ခြင်းတွင် ကြီးစွာသောလုပ်ကြံခြင်းအားဖြင့် လူနှစ်သောင်းသေကြ၏။
8 Kurwa kwakapararira panyika yose, uye dondo rakauraya vanhu vazhinji pazuva iro kukunda munondo.
မြေတပြင်လုံးအနှံ့အပြား တိုက်ကြသဖြင့် ထိုနေ့ ၌ လူချင်းသတ်၍ သေသည်ထက် တော၌ ဆုံးရှုံးသော သူသာ၍ များကြ၏။
9 Zvino zvakaitika kuti Abhusaromu akasangana navanhu vaDhavhidhi. Akanga akatasva nyurusi rake, uye nyurusi parakapinda napasi pamatavi makobvu omuti mukuru womuouki, musoro waAbhusaromu wakabatwa mumuti. Akasiyiwa akarembera mudenga, nyurusi raakanga akatasva rikaramba richienda.
ဒါဝိဒ်၏ ကျွန်တို့သည် အဗရှလုံကိုတွေ့ကြ၏။ သူသည်မြည်းကို စီးလျက်ပင် မြည်းသည် ကြီးသော သပိတ်ပင်အကိုင်းအခက်အောက်သို့ဝင်၍၊ အဗရှလုံ၏ ခေါင်းသည်သပိတ်ပင်၌ ငြိသဖြင့်၊ မိုဃ်းနှင့်မြေကြီး စပ်ကြားမှာ တွဲလွဲဆွဲလျက်နေ၍၊ မြည်းသည် အလို အလျောက် သွားလေ၏။
10 Mumwe wavarume akati aona izvi, akati kuna Joabhu, “Ndaona Abhusaromu akarembera mumuti womuouki.”
၁၀မြင်သော သူတယောက်သည် ယွာဘထံသို့ သွား၍၊ သပိတ်ပင်၌ အဗရှလုံဆွဲနေသည်ကို ကျွန်တော် မြင်ခဲ့သည်ဟု ကြားပြောလျှင်၊
11 Joabhu akati kumurume akanga amuudza izvozvo, “Watii? Wamuona? Seiko usina kumubayira pasi pakare ipapo? Ipapo ndingadai ndazokupa mashekeri gumi esirivha nebhanhire romurwi.”
၁၁ယွာဘက၊ သင်သည် မြင်ခဲ့သည်မှန်လျှင် အဘယ်ကြောင့် သူ့ကို ထိုး၍ မြေကြီးပေါ်သို့ မချခဲ့ သနည်း။ ထိုသို့ပြုလျှင် ငွေကျပ်တဆယ်နှင့်ခါးစည်းကို ငါပေးပြီဟု ပြောဆိုသော်၊
12 Asi murume uyu akati, “Kunyange dai chiuru chamashekeri chakanga chayerwa mumaoko angu, handaigona kusimudzira mwanakomana wamambo ruoko rwangu kuti ndimuuraye. Mambo akakurayirai imi, Abhishai naItai isu tichizvinzwa achiti, ‘Mudzivirire jaya Abhusaromu nokuda kwangu.’
၁၂ထိုသူက ကျွန်တော်သည် ကိုယ်လက်၌ ငွေ အခွက်တဆယ်ကို ပင်ခံရသော်လည်း ရှင်ဘုရင်၏သားကို မပြုနိုင်ပါ။ အကြောင်းမူကား၊ ကျွန်တော်တို့ကြားသည့် အတိုင်း ရှင်ဘုရင်က၊ ငါ့မျက်နှာကိုထောက်၍ ငါ့သား အဗရှလုံကို စောင့်မကြလော့ဟု ကိုယ်တော်နှင့်အဘိရှဲ၊ အိတ္တဲတို့ကို မှာထားတော်မူပြီ။
13 Uye kana dai ndanga ndaisa upenyu hwangu panjodzi, uye hapana chakavanzika kuna mambo, imi maizomira kure neni.”
၁၃ကျွန်တော်ပြုမိလျှင် ကိုယ်ကိုလှည့်စား၍ ကိုယ် အသက်ရှုံးပါပြီ။ ရှင်ဘုရင်မသိသော အမှုတစုံတခုမျှမရှိ။ ကိုယ်တော်သည်လည်း ကျွန်တော်တဘက်၌ နေပါလိမ့် မည်ဟု ပြောဆိုသော်၊
14 Joabhu akati, “Handinganonoki kudai nokuda kwako.” Saka akatora mapfumo matatu mumaoko ake akaanyudza mumwoyo maAbhusaromu, uye Abhusaromu achiri mupenyu mumuti womuouki.
၁၄ယွာဘက၊ သင်နှင့်အတူ ငါမနေအားဟု ဆိုလျက်လှံယဉ်သုံးစင်း ကိုကိုင်ယူ၍ သပိတ်ပင်အလယ်၌ အသက်ရှင်လျက်ရှိသော အဗရှလုံ၏ နှလုံးကို ထုတ်ချင်း ခပ်ထိုးလေ၏။
15 Uye vatakuri venhumbi dzokurwa nadzo dzaJoabhu gumi vakakomba Abhusaromu, vakamubaya, vakamuuraya.
၁၅လက်နက်ဆောင်လုလင် တကျိပ်တို့သည်လည်း ဝိုင်း၍ အဗရှလုံကို အသေသတ်ကြ၏။
16 Ipapo Joabhu akaridza hwamanda, uye varwi vakarega kutevera vaIsraeri, nokuti Joabhu akavamisa.
၁၆ယွာဘသည်လည်း တံပိုးမှုတ်၍ လူတို့ကို ဆီး တားသဖြင့် ဣသရေလလူတို့ကို လိုက်ရာမှပြန်လာကြ၏။
17 Vakatora Abhusaromu vakamukanda mugomba guru raiva mudondo vakatutira murwi mukuru wamatombo pamusoro pake. Zvichakadaro, vaIsraeri vose vakatiza vakaenda kudzimba dzavo.
၁၇အဗရှလုံကိုလည်း ယူ၍ တော၌နက်သော မြေတွင်းထဲသို့ ချပြီးမှ ကျောက်ပုံကြီးကို ပုံထားကြ၏။ ဣသရေလလူအပေါင်းတို့သည် အသီးအသီး မိမိတို့ အိမ်သို့ပြေးကြ၏။
18 Panguva youpenyu hwake, Abhusaromu akanga atora mbiru akaimisa muMupata waMambo sechirangaridzo kwaari, nokuti akafunga akati, “Handina mwanakomana angayeuchidza vanhu zita rangu.” Akatumidza mbiru iyo zita rake, uye inonzi Mbiru Yokuyeuka Abhusaromu kusvikira nhasi.
၁၈အဗရှလုံသည် အသက်ရှင်စဉ်အခါ၊ ငါ၏နာမ သည် မပျောက်အမြဲတည်မည်အကြောင်း၊ သားမရှိဟု ဆိုလျက် ရှင်ဘုရင်ချိုင့်တွင် ကိုယ်အဘို့ ကျောက်တိုင်ကို စိုက်၍ မိမိနာမဖြင့်သမုတ်သောကြောင့်၊ ယနေ့တိုင် အောင် အဗရှလုံအောင်တိုင်ဟူ၍ တွင်သတည်း၊
19 Zvino Ahimaazi mwanakomana waZadhoki akati, “Regai ndimhanye neshoko kuna mambo rokuti Jehovha amurwira kubva muruoko rwavavengi vake.”
၁၉ထိုအခါ ဇာဒုတ်၏သား အဟိမတ်က၊ ထာဝရ ဘုရားသည် ရှင်ဘုရင်၏ ရန်သူတို့ကို အပြစ်အလျောက် စီရင်တော်မူကြောင်းကို ကျွန်တော်ပြေး၍ သိတင်း ကြားလျှောက်ပါရစေဟု အခွင့်တောင်းလျှင်၊
20 Joabhu akati, “Hausiwe unoenda neshoko nhasi. Ungaenda hako neshoko pane dzimwe nguva, asi haufaniri kuita izvozvo nhasi, nokuti mwanakomana wamambo afa.”
၂၀ယွာဘက၊ ယနေ့သင်သည် သိတင်းမကြား မလျှောက်ရ။ အခြားသောနေ့၌ ကြားလျှောက်ရမည်။ ရှင်ဘုရင်၏ သားတော်သေသောကြောင့် ယနေ့သင်သည် သိတင်းမကြားမလျှောက်ရဟု ဆိုပြီးမှ၊
21 Ipapo Joabhu akati kumuEtiopia, “Chienda undoudza mambo zvawaona.” MuEtiopia akakotama pamberi paJoabhu uye akamhanya achibvapo.
၂၁ကုရှိအား သင်မြင်သမျှကိုသွား၍ ရှင်ဘုရင် အား ကြားလျှောက်လော့ဟုဆိုသည်အတိုင်း၊ ကုရှိသည် ယွာဘအား ဦးညွှတ်၍ ပြေးလေ၏။
22 Ahimaazi mwanakomana waZadhoki akatizve kuna Joabhu, “Kunyange zvakadaro hazvo, ndapota regai ndimhanye nditevere muEtiopia.” Asi Joabhu akapindura akati, “Mwanakomana wangu, unodireiko kuenda? Hauna kana shoko richakupa mubayiro.”
၂၂တဖန် ဇာဒုတ်သားအဟိမတ်က၊ သို့သော်လည်း ကျွန်တော်သည် ကုရှိနောက်မှာ ပြေးပါရစေဟု ခွင်း တောင်းပြန်လျှင်၊ ယွာဘက ငါ့သား ဝမ်းမြောက်စရာ သိတင်းမဟုတ်သည်ဖြစ်၍ အဘယ်ကြောင့်ပြေးသွားချင် သနည်းဟု ဆိုသော်လည်း၊
23 Iye akati, “Kunyange zvakadaro hazvo, ndinoda kumhanya ini.” Saka Joabhu akati, “Mhanya!” Ipapo Ahimaazi akamhanya nomunzira yomubani akasiya muEtiopia.
၂၃ပြေးပါရစေဟု တဖန် အခွင့်တောင်းသောကြောင့် ပြေးလော့ဟုအခွင့်ပေး၏။ ထိုအခါ အဟိမတ်သည် လွင်ပြင်လမ်း၌ပြေး၍ ကုရှိကိုလွန်လေ၏။
24 Dhavhidhi paakanga agere pakati pamasuo maviri, murindi akakwira pamusoro pedenga resuo reparusvingo. Akati atarisa kunze, akaona murume achimhanya ari oga.
၂၄ဒါဝိဒ်သည် မြို့တံခါးနှစ်ထပ်ကြား မှာထိုင်၍နေ၏။ ကင်းစောင့်တယောက်သည် မြို့ရိုးတံခါးအပေါ် ပြအိုးမိုးအောက်သို့ တက်၍ မြော်ကြည့်သဖြင့် လူ တယောက်တည်းပြေးလာသည်ကို မြင်သောအခါ၊
25 Murindi akadanidzira kuna mambo akamuzivisa izvozvo. Mambo akati, “Kana ari oga, anofanira kunge ane shoko rakanaka.” Uye murume akaramba achingoswedera.
၂၅ရှင်ဘုရင်အား ဟစ်၍ လျှောက်လေ၏။ ရှင်ဘုရင်ကလည်း၊ တယောက်တည်းဖြစ်လျှင် သိတင်း ပါလိမ့်မည်ဟု အမိန့်ရှိ၏။ ထိုသူသည် ပြေးလာ၍ အနီးသို့ ရောက်သောအခါ၊
26 Ipapo murindi akaonazve mumwe murume achimhanya, akadanidzira kumutariri wesuo akati, “Tarira mumwe ari kumhanya ari oga!” Mambo akati, “Anofanira kunge achiuyawo neshoko rakanaka.”
၂၆ကင်းစောင့်သည်လည်း အခြားသော သူပြေးလာသည်ကိုမြင်၍၊ အခြားသောသူတယောက်တည်း ပြေးလာပါသည်ဟု တံခါးသို့လှည့်၍ ဟစ်လျှင်၊ ရှင်ဘုရင်က ထိုသူ၌လည်း သိတင်းပါလိမ့်မည်ဟု အမိန့်ရှိ၏။
27 Murindi akati, “Ndinoona sokuti wokutanga anomhanya saAhimaazi mwanakomana waZadhoki.” Mambo akati, “Munhu akanaka iyeye. Ari kuuya namashoko akanaka.”
၂၇ကင်စောင့်ကလည်း၊ ရှေ့လာသော သူ၏ပြေးခြင်းသည် ဇာဒုတ်သား အဟိမတ်ပြေးခြင်းနှင့် တူသည် ကို ကျွန်တော်ထင်ပါသည်ဟု လျှောက်သော်၊ ရှင်ဘုရင်က သူသည် လူကောင်းဖြစ်၏။ ကောင်းသော သိတင်းပါလိမ့် မည်ဟု အမိန့်ရှိပြန်၏။
28 Ipapo Ahimaazi akadanidzira kuna mambo achiti, “Rugare!” Akakotama pamberi pamambo akatsikitsira uso hwake pasi akati, “Jehovha Mwari wenyu ngaarumbidzwe! Akaisa kwamuri varume vakanga vachisimudzira maoko avo kuti varwe naishe wangu mambo.”
၂၈အဟိမတ်ကလည်း၊ ချမ်းသာရပါ၏ဟုဟစ်လျက် ရှင်ဘုရင်ရှေ့မြေပေါ်မှာ ပြပ်ဝပ်လျက်၊ အရှင်မင်းကြီး ကို ပုန်ကန်သောလူတို့ကို အပ်တော်မူသောကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်းဟု လျှောက်လေ၏။
29 Mambo akabvunza akati, “Ko, jaya Abhusaromu mupenyu here?” Ahimaazi akati, “Ndakaona kunyongana kukuru panguva iyo Joabhu akanga oda kutuma muranda wamambo uye neni, muranda wenyu, asi handina kuziva kuti chaiva chii.”
၂၉ရှင်ဘုရင်ကလည်း၊ ငါ့သား အဗရှလုံသည် ဘေးလွတ်၏လောဟု မေးတော်မူလျှင် အဟိမတ်က၊ အရှင်မင်းကြီး၏ ကျွန်ယွာဘသည် ကိုယ်တော်ကျွန် ကိုစေလွှတ်သောအခါ ရုန်းရင်းခတ်ခြင်းအမှုကို ကျွန် တော်မြင်သော်လည်း သေချာစွာမသိရပါဟု လျှောက် သော်၊
30 Mambo akati, “Mira parutivi uye usabva pano.” Saka akasudurukira parutivi ndokumirapo.
၃၀ရှင်ဘုရင်က၊ ဤအနားမှာ ရွှေ့၍နေလော့ဟု မိန့်တော်မူသည်အတိုင်း သူသည်ရွှေ့၍ နေလေ၏။
31 Ipapo muEtiopia akasvika akati, “Ishe wangu mambo, inzwai mashoko akanaka! Jehovha akurwirai nhasi kuna vose vakakumukirai.”
၃၁တဖန် ကုရှိရောက်လာ၍ အရှင်မင်းကြီး၊ သိတင်းပါပါ၏။ ကိုယ်တော်ကို ပုန်ကန်သော သူအပေါင်း တို့ကို ထာဝရဘုရားသည် ထိုသူ၏ အပြစ်အလျောက် ယနေ့စီရင်တော်မူပြီဟု လျှောက်လျှင်၊
32 Mambo akabvunza muEtiopia akati, “Ko, mujaya Abhusaromu mupenyu here?” MuEtiopia akapindura achiti, “Vavengi vashe wangu mambo navose vanokumukirai kuti vakukuvadzei ngavave sejaya iro.”
၃၂ရှင်ဘုရင်က၊ ငါ့သားအဗရှလုံသည် ဘေးလွတ် ၏လောဟု မေးတော်မူသော်၊ ကုရှိက အရှင်မင်းကြီး၏ ရန်သူများ၊ ကိုယ်တော်ကို ညှဉ်းဆဲခြင်းငှါ ပုန်ကန်သောသူများအပေါင်းတို့သည် ထိုလုလင်ကဲ့သို့ဖြစ်ကြပါ စေသောဟု ပြန်လျှောက်လေ၏။
33 Mambo akadedera. Akakwira kukamuri yakanga iri pamusoro pesuo akachema. Paaifamba aiti, “Haiwa mwanakomana wangu Abhusaromu! Mwanakomana wangu, mwanakomana wangu Abhusaromu! Dai chete ndafa hangu ini pachinzvimbo chako! Haiwa Abhusaromu, mwanakomana wangu, mwanakomana wangu!”
၃၃ရှင်ဘုရင်သည် အလွန်ကြင်နာသောစိတ် ရှိသဖြင့် မြို့တံခါးအပေါ်၌ရှိသော တဲသို့တက်၍ တက်စဉ် တွင်၊ အိုငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သားအဗရှလုံ၊ သင့်ကိုယ်စား ငါမသေပါလေတကား။ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သားဟု ငိုကြွေးလေ၏။

< 2 Samueri 18 >