< 2 Samueri 12 >

1 Jehovha akatuma Natani kuna Dhavhidhi. Paakasvika kwaari, akataura akati, “Pakanga pane varume vaviri mune rimwe guta, mumwe akanga akapfuma mumwe ari murombo.
နောက်တဖန် ထာဝရဘုရားသည် ပရောဖက် နာသန်ကို ဒါဝိဒ်ထံသို့ စေလွှတ်တော်မူသဖြင့်၊ နာသန် သည်ဝင်၍၊ အရှင်မင်းကြီး၊ ဤမည်သောမြို့တွင် သူဌေးတဦး၊ ဆင်းရဲသားတဦးရှိပါ၏။
2 Mupfumi uyu akanga ana makwai mazhinji kwazvo uye nemombe zhinji,
သူဌေးသည် အလွန်များစွာသော သိုးနွားမှ စသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ၏။
3 asi murombo akanga asina chinhu kusara kwegwayana rimwe chete raakanga atenga. Akarirera, rikakura naye navana vake. Raidya pamwe chete naye, richinwira pamukombe waayinwira, uye richirara pamaoko ake. Rakanga rakaita somwanasikana kwaari.
ဆင်းရဲသားမူကား၊ မိမိဝယ်၍ မွေးစားသော သိုးမကလေးတကောင်တည်းမှ တပါးတခြားသော ဥစ္စာ မရှိပါ။ ထိုသိုးမကလေးသည် အရှင်နှင့်၎င်း၊ အရှင်၏ သားသမီးတို့နှင့်၎င်း ပေါင်း၍ ကြီးပွား၏။ အရှင်၏ အစာကို စားတတ်၏။ အရှင်၏ရေခွက်၌သောက်တတ်၏။ အရှင်၏ ရင်ခွင်၌ အိပ်၍ သမီးကဲ့သို့ ဖြစ်၏။
4 “Zvino muenzi aipfuura hake akasvika kumupfumi uya, asi mupfumi uyu haana kuda kubata rimwe ramakwai ake kana mombe kuti agadzirire zvokudya mupfuuri uyu akanga asvika kwaari. Asi iye akatora gwayana romurombo akarigadzirira uya akanga asvika kwaari.”
သူဌေးအိမ်သို့ ဧည့်သည်တဦးရောက်၍ သူဌေးသည် ဧည့်သည်ကို လုပ်ကျွေးဘို့ မိမိသိုးနွားများကို နှမြော သောကြောင့် မယူ၊ ဆင်းရဲသား၏သိုးမကလေးကိုယူ၍ ဧည့်သည်ကို လုပ်ကျွေးဘို့ ချက်ပါသည်ဟု လျှောက်လေသော်၊
5 Dhavhidhi akatsamwira munhu uyu zvikuru kwazvo akati kuna Natani, “Chokwadi naJehovha mupenyu, munhu akaita zvinhu zvakadai anofanira kufa!
ဒါဝိဒ်သည် ထိုသူဌေးကိုပြင်းစွာအမျက်ထွက်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ထိုသို့ ပြုသောသူသည် အမှန်သေရမည်။
6 Anofanira kuripira gwayana iri kakapetwa runa pamusoro, nokuti akaita zvinhu zvakadai akasava netsitsi.”
ကရုဏစိတ်မရှိဘဲထိုအမှုကိုပြုသောကြောင့်၊ ထိုသိုးမကလေးအတွက် လေးဆပြန်ပေးရမည်ဟု မိန့် တော်မူ၏။
7 Ipapo Natani akati kuna Dhavhidhi, “Ndimi munhu uyo! Zvanzi naJehovha: Mwari weIsraeri: ‘Ndakakuzodza kuti uve mambo weIsraeri, uye ndakakununura kubva paruoko rwaSauro.
နာသန်ကလည်း၊ ထိုသူသည်ကား အခြားသူမဟုတ်။ ကိုယ်တော်ပင် ဖြစ်ပါ၏။ ဣသရေလအမျိုး၏ ဘုရးသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဘိသိက်ပေး၍ သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားပြီ။ ရှောလုလက်မှလည်း ကယ်လွှတ်ပြီ။
8 Ndakapa kwauri imba yatenzi wako, uye vakadzi vatenzi wako ndakavaisa mumaoko ako. Ndakakupa imba yaIsraeri neyaJudha. Uye dai zvose izvi zvakava zvishoma, ndaidai ndakakupa zvimwezve.
သင့်သခင်၏ အဆွေအမျိုးကို၎င်း၊ သင့်သခင်၏ မယားတို့ကို၎င်း၊ သင်၏ရင်ခွင်၌ ငါအပ်ပေးပြီ။ ဣသ ရေလအမျိုးနှင့် ယုဒအမျိုးကို ငါပေးပြီ။ ထိုအရာများ မလောက်လျှင် အခြားတပါးသောအရာရာတို့ကို ပေးခြင်း ငှါ ငါအလိုရှိ၏။
9 Ko, wakazvidzirei shoko raJehovha nokuita zvisakarurama pamberi pake? Wakauraya Uria muHiti nomunondo uye ukatora mukadzi wake ukamuita wako. Wakamuuraya nomunondo wavaAmoni.
သင်သည်ထာဝရဘုရား၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ထားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသား ထားနှင့်သတ်လေပြီတကား။
10 Naizvozvo, munondo hauchazobvi mumba mako, nokuti wakandizvidza uye ukatora mukadzi waUria muHiti kuti ave wako.’
၁၀ယခုမှာသင်သည် ငါ့ကို မထီမဲ့မြင်ပြု၍ ဟိတ္တိလူ၊ ဥရိယ၏မယားကို သိမ်းသောကြောင့်၊ သင့်အဆွေအမျိုးတို့သည် ထားဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။
11 “Zvanzi naJehovha: ‘Kubva mumba mako chaimo ndichauyisa njodzi pamusoro pako. Ndichatora vakadzi vako iwe wakatarira ndigovapa kuno mumwe ari pedyo newe, uye acharara navo masikati machena.
၁၁ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၌ ရန်ဘက်ပြုသော သူကို သင်၏အဆွေအမျိုးတို့အထဲက ငါပေါ်စေမည်။ သင့်မျက်မှောက်တွင် သင်၏မယားတို့ကို ငါယူ၍ သင့်အိမ်နီးချင်း၌အပ်သဖြင့်၊ သူသည် နေရှေ့မှာ သင်၏မယားတို့နှင့် ပေါင်းဘော်လိမ့်မည်။
12 Iwe wakaita muchivande, asi ini ndichazviita masikati machena pamberi peIsraeri yose.’”
၁၂သင်သည် ဤအမှုကိုမထင်မရှားပြုသော်လည်း၊ နေရှေ့မှာ ငါလှန်ပြမည်ဟု ထာဝရဘုရားမိန့်တော် မူသော စကားကိုပြန်ကြားလေ၏။
13 Ipapo Dhavhidhi akati kuna Natani, “Ndakatadzira Jehovha.” Natani akapindura akati, “Jehovha akuregerera chitadzo chako. Haungafi hako kwete.
၁၃ဒါဝိဒ်ကလည်း၊ ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အား ဝန်ချ၍ နာသန်က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ တာဝရဘုရားသည် ကိုယ်တော်အပြစ်ကို ပယ်တော်မူပြီ။
14 Asi nokuda kwokuti waita izvi, waita kuti vavengi vaJehovha vamuzvidze kwazvo, mwanakomana uyu wauchaberekerwa achafa.”
၁၄သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှား သောအားဖြင့်၊ ကဲ့ရဲ့စရာအခွင့်ကြီးကို ထာဝရဘုရား၏ ရန်သူတို့အားပေးသောကြောင့်၊ ယခုမြင်သောသားသည် ဆက်ဆက်သေရမည်ဟု ဒါဝိဒ်အားလျှောက် ဆိုပြီးလျှင်၊
15 Mushure mokunge Natani adzokera kumba, Jehovha akarova mwana akaberekerwa Dhavhidhi nomukadzi waUria, akabva arwara.
၁၅နန်းတော်မှ ထွက်သွားသောနောက်၊ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ဥရိယမယားတွင် ဘွားမြင်သော ဒါဝိဒ်၏သားသည် ပြင်းစွာသော ဝေဒနာကို ခံရ၏။
16 Dhavhidhi akanyengeterera mwana kuna Mwari. Akatsanya uye akapinda mumba make akapedza usiku nousiku akarara pasi.
၁၆ဒါဝိဒ်သည် သူငယ်အတွက် ထာဝရဘုရားအား တောင်းပန်လေ၏။ အစာကိုရှောင်လျက်၊ အထဲသို့ဝင်၍ တညဉ့်လုံးမြေပေါ်မှာ အိပ်လျက်နေ၏။
17 Vakuru veimba yake vakamira paakanga ari, vachida kuti amuke pasi paakanga ari, asi iye akaramba, uye haana kuda kuti adye navo.
၁၇နန်းတော်သား အသက်ကြီးသူတို့သည်ထ၍ ကိုယ်တော်ကို ချီကြွအံ့သောငှါ ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်သည် ငြင်းပယ်၍ သူတို့နှင့်အတူ အစာမစားဘဲနေ၏။
18 Pazuva rechinomwe mwana akafa. Varanda vaDhavhidhi vakatya kumuudza kuti mwana akanga afa, nokuti vakafunga kuti, “Apo mwana paakanga achiri mupenyu, takataura naDhavhidhi asi haana kuda kutiteerera. Zvino tichamuudza sei kuti mwana afa? Achazvikuvadza zvikada.”
၁၈ခုနစ်ရက်စေ့သော် သူငယ်သေ၏။ ဒါဝိဒ်၏ ကျွန်တို့ကလည်း၊ သူငယ်အသက်ရှင်စဉ်အခါ ငါတို့ လျှောက်သော စကားကိုနားထောင်တော်မမူသည်ဖြစ်၍၊ သူငယ်သေကြောင်းကို လျှောက်လျှင် အလွန်ကိုယ်ကို ကိုယ်ညှဉ်းဆဲတော်မူလိမ့်မည်ဟုဆိုလျှက် သူငယ် သေကြောင်းကို မလျှောက်ဝံ့ကြ။
19 Dhavhidhi akaona kuti varanda vake vakanga vachizevezerana ndokubva aziva kuti mwana akanga afa. Akabvunza akati, “Mwana afa kanhi?” Vakapindura vakati, “Hongu afa.”
၁၉သို့ရာတွင် ကျွန်တို့သည် တိုးတိုးပြောသောစကားကို ဒါဝိဒ်သည် ကြားလျှင်၊ သူငယ်သေကြောင်းကို ရိပ်မိသဖြင့်၊ သူငယ်သေပြီလောဟု ကျွန်တို့ကို မေးတော်မူ၏။ သူတို့ကလည်းသေပါပြီဟု လျှောက်ကြ၏။
20 Ipapo Dhavhidhi akamuka pasi paakanga ari. Mushure mokunge ashamba, akazora mafuta, uye akapfeka zvimwe zvipfeko, akapinda mumba maJehovha akanamata. Ipapo akaenda kumba kwake, akakumbira zvokudya vakamupa, akadya.
၂၀ထိုအခါ ဒါဝိဒ်သည် မြေမှထ၍ ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်လဲခြင်းကို ပြုပြီးလျှင်၊ ထာဝရဘုရား ၏ အိမ်တော်သို့သွား၍ ကိုးကွယ်၏။ ထိုနောက် နန်းတော်သို့ ပြန်လာ၍ စားစရာကိုတောင်းသောအခါ၊ ကျွန်တို့ သည် စားပွဲတော်ကိုပြင်၍ မင်းကြီးသည် စားတော်မူ၏။
21 Varanda vake vakamubvunza vakati, “Ko, muri kuitirei zvinhu zvakadai? Mwana paakanga achiri mupenyu makatsanya uye mukachema, asi zvino mwana afa, momuka modya!”
၂၁ကျွန်တို့ကလည်း၊ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်း။ သူငယ်အသက်ရှင်စဉ်အခါ၊ သူငယ် အတွက် အစာရှောင်လျက် ငိုကြွေးလျက် နေတော်မူ၏။ သူငယ်သေသောအခါထ၍ စားတော်ခေါ်ပါသည်တကားဟု လျှောက်လျှင်၊
22 Iye akapindura akati, “Apo mwana paakanga achiri mupenyu, ndakatsanya uye ndikachema. Ndaifunga kuti, ‘Ndiani anoziva? Zvimwe Jehovha angandinzwira nyasha akaita kuti mwana ararame.’
၂၂ဒါဝိဒ်က၊ သူငယ်အသက်ရှင်စဉ်အခါ ဘုရားသခင်သည် ငါ့ကို သနားတော်မူ၍၊ သူငယ်အသက်ကို ချမ်းသာပေးတော်မမူမည်ကို အဘယ်သူ ဆိုနိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာရှောင်၍ ငိုကြွေး လျက်နေ၏။
23 Asi zvino zvaafa, ndichatsanyireiko? Ko, ndingamudzosazve here? Ini ndichaenda kwaari, asi iye haangadzoki kwandiri.”
၂၃ယခုမှာသူငယ်သေပြီ။ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ သူငယ်ကိုပြန်၍ ဆောင်ခဲ့နိုင်သလော။ သူရှိရာသို့ ငါသွားရမည်။ သူသည် ငါရှိရာသို့ မပြန်မလာ ရဟု မိန့်တော်မူ၏။
24 Zvino Dhavhidhi akanyaradza mukadzi wake Bhatishebha, akaenda kwaari akandorara naye. Akabereka mwanakomana, vakamutumidza kuti Soromoni. Jehovha akamuda;
၂၄တဖန်ဒါဝိဒ်သည် ခင်ပွန်းဗာသရှေဘကို နှစ်သိမ့်စေသဖြင့်၊ သူ့ထံသို့ဝင်၍ ဆက်ဆံလေ၏။ သူ သည်လည်း သားယောက်ျားကို ဘွားမြင်၍ ရှောလမုန်အမည်ဖြင့် အဘမှည့်လေ၏။
25 uye nokuti Jehovha akamuda, akatuma shoko nokuna Natani muprofita kuti amutumidze kuti Jedhidhia.
၂၅ထာဝရဘုရားသည် ထိုသူငယ်ကိုချစ်၍ ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက်နာသန်ကို စေခိုင်း၍ ယေဒိဒိ အမည်ဖြင့် မှည့်တော်မူ၏။
26 Zvino Joabhu akandorwa naRabha wavaAmoni uye akatora nhare yamambo.
၂၆ယွာဘသည်လည်း အမ္မုန်ပြည်၊ ရဗ္ဗာမြို့ကို တိုက်၍ မြို့တော်ကို ရပြီးမှ၊
27 Ipapo Joabhu akatuma nhume kuna Dhavhidhi, achiti, “Ndarwisa Rabha ndikatora nzvimbo inobva mvura yeguta iri.
၂၇ဒါဝိဒ်ထံတော်သို့လူကို စေလွှတ်၍၊ ကျွန်တော်သည် ရဗ္ဗာမြို့ကို တိုက်၍ ကန်တော်ရှိရာမြို့ကိုရပါပြီ။
28 Naizvozvo unganidzai varwi vose mukombe guta mugorikunda. Zvikasadaro ini ndichatora guta, uye rinozotumidzwa zita rangu.”
၂၈ယခုမှာကြွင်းသော လူတို့ကို စုဝေးစေသဖြင့်၊ မြို့နားမှာ တပ်တော်ချ၍ တိုက်ယူတော်မူပါ။ သို့မဟုတ် ကျွန်တော်ယူ၍ ကျွန်တော်အမည်ဖြင့် မြို့ကို သမုတ်ကြ လိမ့်မည်ဟု လျှောက်လျှင်၊
29 Naizvozvo Dhavhidhi akaunganidza hondo yose ndokubva aenda kuRabha, akandorirwisa akaritora.
၂၉ဒါဝိဒ်သည် လူအပေါင်းတို့ကို စုဝေးစေသဖြင့်၊ ရဗ္ဗာမြို့သို့ ချီသွား၍ တိုက်ယူလေ၏။
30 Akabvisa korona pamusoro wamambo wavo, kurema kwayo kwaisvika tarenda rimwe chete uye yakanga yakanamirwa mabwe anokosha, uye yakaiswa pamusoro waDhavhidhi. Akapamba zvinhu zvizhinji kwazvo kubva muguta iri
၃၀မင်းကြီး၏သရဖူကို ချွတ်ယူ၍ ခေါင်းတော်ပေါ် မှာတင်ကြ၏။ သရဖူအချိန်ကား ကျောက်မြတ်ကို မဆိုဘဲ ရွှေအခွက်တဆယ်ရှိသတည်း။ မြို့၌လုယူသော ဥစ္စာ အများကိုလည်း ထုတ်လေ၏။
31 uye akabudisa vanhu vakanga varimo, akavapa basa ravaishanda namajeko, mapiki namatemo, uye akavapa basa rokukanya zvidhina. Akaita izvi kumaguta ose avaAmoni. Ipapo Dhavhidhi nehondo yose vakadzokera kuJerusarema.
၃၁မြို့သားတို့ကိုလည်း ထုတ်ဆောင်၍ လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်နှင့်အလုပ်မှုကို လုပ်စေ၍ အုတ်ဖို၌ လည်း ကျင်လည်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့်အတူ ယေရုရှင်လင်မြို့သို့ ပြန်လေ၏။

< 2 Samueri 12 >