< 2 Madzimambo 22 >

1 Josia akanga ava namakore masere paakava mambo, uye akatonga muJerusarema kwamakore makumi matatu nerimwe. Zita ramai vake rainzi Jedhidha mwanasikana waAdhaya; aibva kuBhozikati.
ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးဆယ်တနှစ်စိုးစံလေ၏။ မယ်တော် ကား၊ ဗောဇကတ်မြို့သားအဒါယ၏သမီး ယေဒိဒ အမည်ရှိ၏။
2 Akaita zvakanaka pamberi paJehovha uye akafamba munzira dzose dzababa vake Dhavhidhi, akasatsaukira kurudyi kana kuruboshwe.
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရား သောအမှုကိုပြု၍ လက်ျာဘက်လက်ဝဲဘက်သို့မလွှဲ၊ အဘဒါဝိဒ်လိုက်သမျှသောလမ်းသို့ လိုက်လေ၏။
3 Mugore regumi namasere rokutonga kwake, Mambo Josia akatuma munyori, Shafani mwanakomana waAzaria, mwanakomana waMeshurami, kutemberi yaJehovha. Akati kwaari,
ယောရှိမင်းကြီးနန်းစံဆယ်ရှစ်နှစ်တွင်၊ မေရှုလံ သားဖြစ်သော အာဇလိ၏သား စာရေးတော်ရှာဖန်ကို ခေါ်၍ သင်သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွားလော့။
4 “Enda kuna Hirikia muprista mukuru umuudze kuti averenge mari yakauyiswa mutemberi yaJehovha, iya yakaunganidzwa navarindi vomukova ichibva kuvanhu.
ဗိမာန်တော်သို့ဆောင်ခဲ့၍ လူများလက်မှ တံခါး စောင့်ခံယူသော ငွေကို ယဇ်ပုရောဟိတ်မင်း ရေတွက် သဖြင့်၊
5 Uite kuti vaipe kuvarume vakagadzwa kuti vatarire basa rapatemberi. Uye varume ava vanofanira kuripa vabati vanogadzira temberi yaJehovha,
ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်ပြိုပျက်ရာကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သော သူ၊
6 vavezi, navavaki navavezi vamatombo. Uyezve uite kuti vatenge matanda namatombo akavezwa kuti vagadzirise temberi.
လက်သမားနှင့် ပန်းရန်သမားလုပ်သည် အတွက်၊ ဗိမာန်တော်ပြုပြင်စရာ ကျောက်နှင့် သစ်သားကို ဝယ်သည်အတွက် ဝေပေးရမည်အကြောင်း မှာထား၍ ဗိမာန်တော်သို့ စေလွှတ်တော်မူ၏။
7 Asi havafaniri kubvunzwa pamusoro pemari yakaiswa mumaoko avo, nokuti ivo vakatendeka pakubata kwavo.”
သို့ရာတွင် ထိုငွေကို လက်ခံသော သူတို့သည် သစ္စာစောင့်သော သူဖြစ်သောကြောင့် စာရင်းမပေး ရကြ။
8 Hirikia muprista mukuru akati kuna Shafani munyori, “Ndawana Bhuku roMurayiro mutemberi yaJehovha.” Akaripa kuna Shafani, uyo akariverenga.
ယဇ်ပုရောဟိတ်မင်းဟိလခိကလည်း၊ ပညတ္တိ ကျမ်းစာစောင်ကို ဗိမာန်တော်၌ ငါတွေ့ပြီဟု စာရေး တော်ရှာဖန်အားဆိုလျက်၊ ကျမ်းစာကို အပ်၍ စာရေး တော်ဘတ်၏။
9 Ipapo Shafani munyori akaenda kuna mambo akandomuzivisa kuti: “Vabati venyu varipa mari iya yakanga iri mutemberi yaJehovha vakaipa kuvashandi navatariri vapatemberi.”
တဖန်စာရေးတော်ရှာဖန်သည် ရှင်ဘုရင်ထံသို့ သွား၍၊ ကိုယ်တော်ကျွန်တို့သည် ဗိမာန်တော်၌ တွေ့သော ငွေကိုမှုတ်ပြီးမှ၊ ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌ အပ်ပါပြီဟူ၍၎င်း၊
10 Ipapo Shafani munyori akazivisa mambo achiti, “Hirikia muprista andipa bhuku.” Uye Shafani akariverenga pamberi pamambo.
၁၀ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကိုအပ်ပါပြီဟူ၍၎င်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဘတ်ရွတ်လေ၏။
11 Mambo akati anzwa mashoko eBhuku roMurayiro, akabvarura nguo dzake.
၁၁ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍၊
12 Akarayira Hirikia muprista, naAhikami mwanakomana waShafani, naAkibhori mwanakomana waMikaya, naShafani munyori, naAsaya muranda wamambo achiti,
၁၂ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်သားအဟိကံ၊ မိက္ခာသား အာခဗော်၊ စာရေးတော်ရှာဖန်၊ မိမိကျွန် အသဟိကိုခေါ်၍၊
13 “Endai munondibvunzirawo Jehovha, ini navanhu ava, uye navanhu vose veJudha, pamusoro pezvakanyorwa mubhuku rakawanikwa iri. Nokuti kutsamwa kwaJehovha kwaakatitsamwira nako kukuru nokuda kwamadzibaba edu asina kuteerera mashoko ebhuku iri; havana kuita zvose zvakafanira zvakanyorwa pamusoro pedu.”
၁၃ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက်၊ လူများအတွက်၊ ယုဒအမျိုးသားအပေါင်းတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဘို့ ဤကျမ်း စာ၌ ရေးထားသမျှသော စကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မကျင့်ဘဲနေသောကြောင့်၊ ထာဝရဘုရား သည် ငါတို့၌ ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
14 Hirikia muprista, naAhikami, naAkibhori, naShafani naAsaya vakaenda kundotaura naHuridha muprofitakadzi, akanga ari mukadzi waSharumi mwanakomana waTikivha, mwanakomana waHarihasi, muchengeti wenguo. Aigara muJerusarema, muDunhu reChipiri.
၁၄ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ ၏သား၊ အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒ သည် ယေရုရှလင်ပြင်မြို့၌နေသည် ဖြစ်၍၊ ယဇ်ပုရော ဟိတ် ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့ သည်ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။
15 Akati kwavari, “Zvanzi naJehovha, Mwari weIsraeri: Udzai murume akutumai kwandiri kuti,
၁၅မိန်းမကလည်း၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန်၍ ဆင့်ဆိုရသော ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊
16 ‘Zvanzi naJehovha: Ndichauyisa dambudziko pamusoro penzvimbo ino navanhu vayo, zvichienderana nezvose zvakanyorwa mubhuku rakaverengwa namambo weJudha.
၁၆ယုဒရှင်ဘုရင် ဘတ်သော ကျမ်းစကားလာသမျှ အတိုင်း ငါသည် ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဘေးရောက်စေမည်။
17 Nokuti vakandirasa, vakapisira zvinonhuhwira kuna vamwe vamwari, vakanditsamwisa nokuda kwezvifananidzo zvose zvavakaita namaoko avo, kutsamwa kwangu kuchapfuta pamusoro penzvimbo ino uye hakungadzimwi.’
၁၇အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ ကြပြီ။ ထိုကြောင့်ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲ လောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
18 Udzai mambo weJudha, akutumai kuzobvunza Jehovha, kuti, ‘Zvanzi naJehovha, Mwari waIsraeri, pamusoro pamashoko amakanzwa:
၁၈ထာဝရဘုရားကို မေးလျှောက်စေခြင်းငှါ သင်တို့ ကို စေလွှတ်သော ယုဒရှင်ဘုရင် ကြားသော ကျမ်းစကား ကို ရည်ဆောင်၍၊ ဣသရေလအမျိုး ၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တဖန် ပြန်လျှောက်ရမည်ကား၊
19 Nokuti mwoyo wako wakanga uri munyoro uye ukazvininipisa pamberi paJehovha pawakanzwa zvandakataura pamusoro penzvimbo ino navanhu vayo, kuti vachatukwa uye kuti vachaitwa dongo, uye nokuti wakabvarura nguo dzako ukachema pamberi pangu, ndakunzwa, ndizvo zvinotaura Jehovha.
၁၉ဤအရပ်သားတို့သည် ဖျက်ဆီးရာနှင့်ကျိန်ဆဲရာ ဖြစ်ရကြလိမ့်မည်ဟု ဤအရပ်ကို၎င်း၊ ဤအရပ်သား တို့ကို၎င်း၊ ငါခြိမ်းချောက်သော စကားကို သင်သည် ကြား သောအခါ၊ နူးညံ့သောစိတ်ရှိ၍ ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချခြင်း၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကို ပြုသောကြောင့် သင့်စကားကို ငါနား ထောင်၏။
20 Naizvozvo ndichakurongedza kumadzibaba ako, uye uchavigwa murugare. Meso ako haachazooni matambudziko ose andichauyisa panzvimbo ino.’” Naizvozvo vakaendesa mhinduro yake kuna mambo.
၂၀ငါသည်သင့်ကို ဘိုးဘေးစုဝေးရာသို့ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာသင်္ချိုင်းသို့ ရောက်ရလိမ့်မည်။ ဤအရပ်၌ ငါရောက်စေအံ့သော ဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။

< 2 Madzimambo 22 >