< 2 Makoronike 10 >

1 Rehobhoamu akaenda kuShekemu, nokuti vaIsraeri vose vakanga vaenda ikoko kundomuita mambo.
ဣသရေလအမျိုးသားအပေါင်းတို့သည် ရော ဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ရှေခင်မြို့ သို့သွား၍၊ သူသည်လည်း သွား၏။
2 Jerobhoamu mwanakomana waNebhati paakanzwa izvi (aiva kuIjipiti, kwaakanga aenda achitiza Mambo Soromoni), akadzoka kubva kuIjipiti.
ရှောလမုန်မင်းကြီးထံမှ၊ အဲဂုတ္တုပြည်သို့ ပြေး သောနေဗတ်၏သား ယေရောဗောင်သည်၊ ထိုသိတင်းကို ကြား၍ အဲဂုတ္တုပြည်မှ ပြန်လာ၏။
3 Saka vakandodana Jerobhoamu, uye iye neIsraeri yose vakaenda kuna Rehobhoamu vakati kwaari,
ဣသရေလလူတို့သည် သူ့ထံသို့ လူကို စေလွှတ် ၍ ခေါ်သဖြင့်၊ လူအပေါင်းတို့သည် သူနှင့်အတူ ရော ဗောင်ထံသို့ဝင်လျက်၊
4 “Baba vako vakatitakudza joko rinorema kwazvo, asi zvino chitapudzai kushanda kwakaomarara nejoko rinorema ravakaisa patiri, uye isu tichakushandirai.”
ခမည်းတော်သည် ကျွန်တော်တို့၌ လေးသော ထမ်းဘိုးကိုတင်ပါပြီ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရသောအမှု၊ တင်တော်မူသော ထမ်းဘိုး လေးကို ပေါ့စေတော်မူပါ။ ထိုသို့ပြုတော်လျှင်၊ ကျွန်တော် တို့သည် အမှုတော်ကို ထမ်းပါမည်ဟု လျှောက်ဆိုကြ၏။
5 Rehobhoamu akapindura akati, “Dzokai kwandiri mumazuva matatu.” Saka vanhu vakaenda havo.
ရောဗောင်ကလည်း၊ သုံးရက်လွန်မှ တဖန် လာကြဦးလော့ဟု မိန့်တော်မူလျှင်၊ သူတို့သည် သွားကြ၏။
6 Ipapo Mambo Rehobhoamu akandobvunza vakuru vaisishandira baba vake Soromoni panguva yavakanga vari vapenyu. Akavabvunza achiti, “Ko, izano ripi ramungandipa kuti ndipindure vanhu ava?”
ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော် ရှောလမုန် အသက်ရှင်စဉ်အခါ၊ အထံတော်၌ ခစားသော အသက်ကြီးသူတို့နှင့် တိုင်ပင်၍၊ ဤသူတို့အား ငါပြန် ပြောရမည်အကြောင်း၊ အဘယ်သို့ အကြံပေးကြမည် နည်းဟု မေးသော်၊
7 Vakamupindura vakati, “Kana mukaitira vanhu ava tsitsi mukavafadza mukavapa mhinduro yakanaka vacharamba vari varanda venyu.”
သူတို့က ကိုယ်တော်သည် ဤသူတို့၌ ကျေးဇူးပြု လျက်၊ သူတို့စိတ်ကို ဖြေ၍ကောင်းသောစကားကို ပြောတော်မူလျှင်၊ သူတို့သည် အစဉ် ကိုယ်တော်၏ကျွန်ခံ ကြပါလိမ့်မည်ဟု လျှောက်ထားကြ၏။
8 Asi Rehobhoamu akaramba zano iri raakapiwa navakuru akandobvunza majaya aakanga akura nawo uye vaimushandira.
အသက်ကြီးသူတို့ပေးသောအကြံကို ရောဗောင် သည်မလိုက်၊ ခစားမြဲခစားသောမိမိ သူငယ်ချင်းတို့နှင့် တိုင်ပင်လျက်၊
9 Akavabvunza akati, “Mungandipa zano ripi? Tingapindura sei vanhu ava vanoti kwandiri, ‘Tirerutsirei joko ratakatakudzwa nababa venyu?’”
ပြည်သားတို့က ခမည်းတော်တင်သော ထမ်းဘိုး ကို ပေါ့စေတော်မူပါဟု လျှောက်ဆိုကြသည် ဖြစ်၍၊ သူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေးကြမည်နည်းဟု မေးသော်၊
10 Majaya aakanga akura nawo akapindura akati, “Taurirai vanhu vakati kwamuri, ‘Baba venyu vakatitakudza joko rinorema asi itai kuti joko redu rireruke,’ kuti, ‘Munwe wangu mudiki mukobvu kupfuura chiuno chababa vangu.
၁၀ထိုသူငယ်ချင်း လုလင်တို့က၊ ခမည်းတော်သည် ကျွန်တော်တို့၌ ထမ်းဘိုးကိုလေးစေပါပြီ၊ ပေါ့စေတော်မူပါ ဟု လျှောက်သောပြည်သားတို့အား ကိုယ်တော်က၊ ငါ လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ၍ ကြီးလိမ့် မည်။
11 Baba vangu vakaisa joko rinorema pamusoro penyu; ini ndichariita kuti rinyanye kurema. Baba vangu vaikurovai neshamhu; ini ndichakurovai nezvinyavada.’”
၁၁ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေး သော ထမ်းဘိုးတို့ကို တင်လေပြီ။ ငါသည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦး မည်ဟု ပြန်ပြောတော်မူပါဟု လျှောက်ထားကြ၏။
12 Mushure mamazuva matatu Jerobhoamu navanhu vose vakadzokera kuna Rehobhoamu sezvakanga zvataurwa namambo kuti, “Dzokai kwandiri mumazuva matatu.”
၁၂ရှင်ဘုရင်က၊ သုံးရက်မြောက်သောနေ့၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်ချက်သည်အတိုင်း၊ သုံးရက်မြောက်သောနေ့၌ ယေရော ဗောင်နှင့် လူအပေါင်းတို့သည် ရောဗောင်ထံသို့ ရောက်ကြ၏။
13 Mambo akapindura nehasha. Achiramba zano raakanga apiwa navakuru,
၁၃ထိုအခါ ရောဗောင်မင်းကြီးသည် အသက်ကြီး သူတို့ပေးသော အကြံကိုမလိုက်၊ လူပျိုတို့ပေးသော အကြံ ကိုလိုက်လျက်၊
14 akateerera zano ramajaya akati, “Baba vangu vakakurovai neshamhu ini ndichakurovai nezvinyavada.”
၁၄ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင်လေပြီ။ ငါသည်လည်း ထပ်၍တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။
15 Saka mambo haana kuteerera kuvanhu, nokuti kuitika kwezvinhu uku kwaibva kuna Mwari, kuti shoko rakanga rataurwa naJehovha kuna Jerobhoamu mwanakomana waNebhati nomuromo waAhija muShironi rizadziswe.
၁၅ရှင်ဘုရင်သည် ပြည်သားတို့စကားကို နား မထောင်ရသည် အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောမြို့သား အဟိယအားဖြင့် နေဗတ်၏သား ယေရောဗောင်အား မိန့်တော်မူသော စကားကိုပြည့်စုံစေ တော်မူမည်အကြောင်းတည်း။
16 VaIsraeri vose pavakaona kuti mambo aramba kuvateerera, vakapindura mambo vachiti, “Ko, tine mugove upi muna Dhavhidhi, chikamu chipiko mumwanakomana waJese? Kumatende enyu, imi Israeri! Zvichengetere imba yako, iwe Dhavhidhi!” Saka vaIsraeri vose vakaenda kumisha yavo.
၁၆ဣသရေလအမျိုးသား အပေါင်းတို့သည် ရှင်ဘုရင်နားမထောင်ကြောင်းကိုသိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့် အဘယ်သို့ ဆက်ဆံသနည်း။ ယေရှ၏သားနှင့် အဘယ်သို့အမွေခံရသေးသနည်း။ အိုဣသရေလအမျိုး၊ သင်တို့နေရာသို့ အသီးသီးသွားကြ။ အိုဒါဝိဒ်၊ သင်၏ အိမ်ကိုကြည့်ရှုလော့ဟု ရှင်ဘုရင်အား ပြန်ပြောလျက်၊ ဣသရေလလူအပေါင်းတို့သည် မိမိတို့ နေရာသို့ ပြန်သွား ကြ၏။
17 Asi vaIsraeri vaigara mumaguta eJudha, Rehobhoamu akaramba achivatonga.
၁၇သို့ရာတွင် ယုဒမြို့ရွာတို့၌ နေသော ဣသရေလ လူတို့ကို၊ ရောဗောင်သည် အုပ်စိုးရသေး၏။
18 Mambo Rehobhoamu akatuma Adhoniramu, aiva mukuru wavashandi vechibharo, asi vaIsraeri vakamutema namabwe kusvikira afa. Mambo Rehobhoamu akakwanisa kupinda mungoro yake akatizira kuJerusarema.
၁၈ထိုအခါ ရောဗောင်မင်းကြီးသည်၊ အခွန်တော် ဝန် အဒေါနိရံကို စေလွှတ်၍ ဣသရေလအမျိုးသားတို့ သည် သူ့ကိုသေအောင်ကျောက်ခဲနှင့် ပစ်ကြ၏။
19 Saka Israeri yakapandukira imba yaDhavhidhi kusvikira nhasi.
၁၉ရောဗောင်မင်းကြီးသည် ရထားတော်ကို အလျင်အမြန် တက်၍ယေရုရှင်မြို့သို့ပြေးလေ၏။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ်မင်းမျိုး ကို ပုန်ကန်ကြ၏။

< 2 Makoronike 10 >