< 1 Samueri 5 >

1 Mushure mokunge vaFiristia vapamba areka yaMwari, vakaitora kubva kuEbhenezeri vakaenda nayo kuAshidhodhi.
ဖိလိတ္တိလူတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့ ဆောင်သွား ကြ၏။
2 Ipapo vakatakura areka vakapinda nayo mutemberi yaDhagoni vakaiisa parutivi rwaDhagoni.
ဘုရားသခင်၏ သေတ္တာတော်ကို ဒါဂုန်ကျောင်းထဲသို့ သွင်း၍ ဒါဂုန်အနားမှာ ထားကြ၏။
3 Vanhu veAshidhodhi pavakamuka mangwanani-ngwanani zuva raitevera, wanei hoyo Dhagoni akawira pasi nechiso pamberi peareka yaJehovha! Vakatora Dhagoni vakamudzosera panzvimbo yake.
အာဇုတ်မြို့သားတို့သည် နံနက်စောစော ထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာ တော်ရှေ့၌ မြေပေါ်မှာလဲ၍ ပြပ်ဝပ်လျက်ရှိသည်ကို တွေသဖြင့်၊ သူ့ကိုယူ၍ သူ၏နေရာ၌ တင်ထား ပြန်ကြ၏။
4 Asi mangwanani aitevera pavakamuka wanei hoyo Dhagoni akawira pasi nechiso pamberi peareka yaJehovha! Musoro wake namaoko zvakanga zvadimbuka zvisisipo uye zviri pasi pachikumbaridzo chomukova, muviri wake bedzi ndiwo wakanga wangosara.
တဖန် နက်ဖြန်နံနက် စောစောထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၌ မြေပေါ်မှာ လဲ၍ ပြပ်ဝပ်လျက်၊ ခေါင်းနှင့် လက်ဝါးနှစ်ဘက် ပြတ်၍ တံခါးခုံပေါ်မှာတင်လျက်၊ ဒါဂုန်၌ ကိုယ်တိတိရှိသည်ကို တွေ့ကြ၏။
5 Ndokusaka kusvika nanhasi kusina vaprista vaDhagoni kana vamwewo zvavo vanopinda mutemberi yaDhagoni paAshidhodhi vanotsika pachikumbaridzo chomukova.
ထိုကြောင့် ဒါဂုန်၏ ယဇ်ပုရောဟိတ်များ၊ ဒါဂုန်ကျောင်းသို့ ဝင်သောသူများတို့သည်၊ အာဇုတ်မြို့၌ ရှိသော ဒါဂုန်ကျောင်းတံခါးခုံကို ယနေ့တိုင်အောင် ကျော်နင်းလေ့မရှိကြ။
6 Ruoko rwaMwari rwakatambudza zvikuru vanhu veAshidhodhi nenzvimbo dzakaikomberedza; akauyisa kuparadzwa pamusoro pavo uye akavarova namamota.
အာဇုတ်မြို့နှင့်မြို့နယ်၌နေသော သူတို့အပေါ်မှာ၊ ထာဝရဘုရားသည် လေးသောလက်တော်နှင့် ဖျက်တော်မူ၏။ မြင်းသရိုက် အနာနှင့်လည်း ဒဏ်ခတ်တော်မူ၏။
7 Vanhu veAshidhodhi pavakaona zvakanga zvichiitika vakati, “Areka yaMwari weIsraeri haifaniri kugara pano nesu nokuti ruoko rwake rwatitambudza zvikuru isu naDhagoni mwari wedu.”
အာဇုတ်မြို့သားတို့သည် ထိုအမှုကို မြင်လျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့နှင့် ငါတို့ဘုရား ဒါဂုန်အပေါ်မှာ လေးသောလက်တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရားသခင်၏ သေတ္တာတော်ကို ငါတို့တွင် မရှိစေရဟု ဆိုလျက်၊
8 Saka vakadana pamwe chete vatongi vose vavaFiristia vakavabvunza vachiti, “Toitei neareka yaMwari weIsraeri?” Vakapindura vachiti, “Itai kuti areka yaMwari weIsraeri iendeswe kuGati.” Saka vakabvisa areka yaMwari weIsraeri.
လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို အဘယ်သို့ ပြုရပါမည်နည်းဟု မေးကြ၏။ မင်းများကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ဆောင်သွားစေဟု စီရင်သည်အတိုင်း ဆောင်သွားကြ၏။
9 Asi mushure mokunge vaibvisa, ruoko rwaMwari rwakarwisana neguta iroro, uye akarivhundutsa nokuvhundutsa kukuru. Akarova vanhu veguta iroro, vakuru navadiki, namamota.
ထိုမြို့သို့ ဆောင်သွားသောနောက်၊ ထာဝရဘုရား၏ လက်တော်သည် ထိုမြို့၌ ကြီးစွာသော ဖျက်ဆီးခြင်းကို ပြု၍၊ မြို့သူမြို့သား အကြီးအငယ်တို့ကို ဒဏ်ခတ်တော်မူသဖြင့်၊ ကိုယ်အတွင်း၌ မြင်းသရိုက်အနာကို ခံရကြ၏။
10 Saka vakaendesa areka yaMwari kuEkironi. Areka yaMwari payakanga yava kupinda muEkironi, vanhu veEkironi vakadanidzira, vachiti, “Vauyisa areka yaMwari weIsraeri kuti vatiuraye isu navanhu vedu.”
၁၀တဖန် ဘုရားသခင်၏ သေတ္တာတော်ကို ဧကြုန်မြို့သို့ ပို့လိုက်သဖြင့်၊ ထိုမြို့သို့ ရောက်သောအခါ၊ မြို့သူမြို့သားတို့က၊ ငါတို့နှင့် ငါတို့လူများကို သတ်စေခြင်းငှါ၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို ဆောင်ခဲ့ပါသည်တကားဟု ဟစ်ကြော်လျက်၊
11 Saka vakadana pamwe chete vatongi vose vavaFiristia vakati, “Dzoserai areka yaMwari weIsraeri kwakare, regai idzokere kunzvimbo kwayo, nokuti ichatiuraya isu navanhu vedu.” Nokuti rufu rwakanga rwazadza guta nokuvhunduka; ruoko rwaMwari rwakanga rwaritambudza zvikuru.
၁၁လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ငါတို့နှင့်ငါတို့လူများကို မသတ်စေခြင်းငှါ လွှတ်လိုက်ကြကုန်အံ့၊ မိမိနေရင်း အရပ်သို့ သွားပါလေစေဟု ဆိုကြ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် အလွန်လေးသော လက်တော်ကို တင်တော်မူသဖြင့်၊ တမြို့လုံးသေစေတတ်သော အနာရောဂါ နှံ့ပြားလေ၏။
12 Avo vasina kufa vakarohwa namamota uye kuchema kweguta kwakakwira kudenga.
၁၂သေဘေးနှင့်လွတ်သော်လည်း မြင်းသရိုက်နာဖြင့် ဒဏ်ခတ်ခြင်းကိုခံရ၍၊ ထိုမြို့အော်ဟစ်သော အသံ သည် မိုဃ်းကောင်းကင်သို့ တက်လေ၏။

< 1 Samueri 5 >