< 1 Samueri 24 >

1 Shure kwokudzoka kwaSauro kundodzinganisa vaFiristia, akaudzwa kuti, “Dhavhidhi ari muRenje reEni Gedhi.”
ရှောလုသည်လည်း ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာသောအခါ၊ ဒါဝိဒ်သည် အင်္ဂေဒိတော၌ ရှိပါ၏ဟု ကြားလျှောက်ကြလျှင်၊
2 Saka Sauro akatora zviuru zvavarume vakatsaurwa kubva muIsraeri yose akasimuka akaenda kundotsvaka Dhavhidhi navanhu vake pedyo naMatombo eNgururu.
ဣသရေလအမျိုးသားအပေါင်းတို့တွင် ရွေးကောက်သော လူသုံးထောင်တို့ကို ခေါ်၍၊ တောဆိတ်နေရာ ကျောက်တောင်တို့အပေါ်မှာ ဒါဝိဒ်နှင့် သူ၏လူတို့ကို ရှာအံ့သောငှါ သွားလေ၏။
3 Akasvika pamatanga amakwai munzira iyoyo; pakanga pane bako, uye Sauro akapindamo kuti azorore. Dhavhidhi navanhu vake vakanga vari mukati kati mebako.
လမ်းနားမှာ သိုးခြံရှိရာသို့ရောက်၍ ဥမင်ကို တွေ့သဖြင့်၊ ရှောလုသည် အိပ်မည်ဟု ဝင်လေ၏။ ဒါဝိဒ်နှင့်သူ၏လူတို့သည် ထိုဥမင်နံဖေး တဘက်တချက်၌ နေကြ၏။
4 Vanhu vakati, “Iri ndiro zuva rakataurwa naJehovha paakati kwamuri, ‘Ndichaisa vavengi vako mumaoko ako kuti uvaitire sezvaunoda.’” Ipapo Dhavhidhi akakambaira chinyararire asingaonekwi akacheka kona yenguo yaSauro.
ဒါဝိဒ်၏လူတို့ကလည်း၊ ထာဝရဘုရားက၊ သင်၏ရန်သူကို သင့်လက်၌ ငါအပ်မည်။ သူ၌ သင်ပြုချင်တိုင်းပြုရသော အခွင့်ရှိလိမ့်မည်ဟု ကိုယ်တော်အား အမိန့်ပေးတော်မူသော နေ့ရက် ရောက်ပါပြီဟု ဆိုကြလျှင်၊ ဒါဝိဒ်သည် ထ၍ ရှောလု ဝတ်လျက်ရှိသော အင်္ကျီအောက်ပိုင်းကို တိတ်ဆိတ်စွာ လှီးဖြတ်လေ၏။
5 Shure kwaizvozvo Dhavhidhi akarohwa nehana nokuda kwokuti akanga acheka kona yenguo yaSauro.
ထိုသို့ ရှောလု၏ အင်္ကျီကို လှီးဖြတ် မိသောကြောင့်၊ ဒါဝိဒ်သည် နောက်တဖန် နောင်တရ၍၊
6 Akati kuvanhu vake, “Jehovha ngaandidzivise kuti ndirege kuita chinhu chakadai kuna tenzi wangu, muzodziwa waJehovha.”
ထာဝရဘုရားပေးတော်မူသော ဘိသိက်ကိုခံရသော ငါအရှင်သည်၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသူဖြစ်သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါလက်ဆန့်သော အမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု မိမိလူတို့အားဆိုသဖြင့်၊
7 Namashoko aya Dhavhidhi akatsiura vanhu vake akasavatendera kuti varwise Sauro. Zvino Sauro akabva pabako akaenda hake.
ရှောလုကို ထိခိုက်စေခြင်းငှါ အခွင့်မပေး မြစ်တားလေ၏။ ရှောလုသည်လည်း ထ၍ ဥမင်ထဲက ထွက်သွားလေ၏။
8 Ipapo Dhavhidhi akabuda mubako akadanidzira kuna Sauro achiti, “Ishe wangu mambo!” Sauro akati acheuka, Dhavhidhi akakotamira pasi nechiso chake.
ထိုနောက် ဒါဝိဒ်သည် ထ၍ ဥမင်ထဲက ထွက်လျက်၊ ကျွန်တော်၏ သခင်အရှင်းမင်းကြီးဟု ရှောလု နောက်၌ ဟစ်သဖြင့်၊ ရှောလုသည် နောက်သို့ကြည့်သောအခါ၊ ဒါဝိဒ်သည် မြေပေါ်၌ ဦးချ၍ ပြပ်ဝပ်လျက်၊
9 Akati kuna Sauro, “Sei muchiteerera vanhu pavanoti, ‘Dhavhidhi anotsvaka kukukuvadzai?’
ဒါဝိဒ်သည် ကိုယ်တော်၏အကျိုးကို ဖျက်ခြင်းငှါ ရှာကြံသည်ဟု လူအချို့ပြောသောစကားကို အဘယ်ကြောင့် နားထောင်တော်မူသနည်း။
10 Nhasi mazvionera nameso enyu kuti Jehovha akuisai sei mumaoko angu muri mubako. Vamwe vandikurudzira kuti ndikuurayei, asi ndakuregererai, ndikati, ‘Handingasimudzi ruoko rwangu pamusoro patenzi wangu, nokuti ndiye muzodziwa waJehovha.’
၁၀ယနေ့ ထာဝရဘုရားသည် ဥမင်ထဲမှာ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူကြောင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို သတ်စေခြင်းငှါ အချို့တို့သည် တိုက်တွန်းသော်လည်း၊ ကျွန်တော်သည် နှမြောသော စိတ်ရှိ၍၊ ငါ့အရှင်သည် ထာဝရဘုရား၏ ဘိသိက်ခံသူ ဖြစ်တော်မူ သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါသည် လက်ကို မဆန့်ဟု အကြံရှိပါ၏။
11 Tarirai, baba vangu, tarirai benga renguo yenyu riri muruoko rwangu! Ndacheka kona yenguo yenyu asi handina kukuurayai. Zvino chinzwisisai muzive kuti handina mhosva yokukuitirai zvakaipa kana kukumukirai. Handina kukutadzirai, asi imi muri kundivhima kuti mundiuraye.
၁၁ထိုမှတပါး ကျွန်တော်အဘကြည့်ရှုတော်မူပါ။ ကျွန်တော်လက်၌ အင်္ကျီတော်အောက်ပိုင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို မသတ်၊ အင်္ကျီတော်အောက်ပိုင်းကို လှီးဖြတ်ရုံမျှသာပြုသောကြောင့်၊ ကျွန်တော်၌ ဒုစရိုက်အပြစ်မရှိ၊ လွန်ကျူးခြင်းအပြစ်မရှိကြောင်းကို သိမြင်တော်မူပါ။ ကိုယ်တော်ကို မပြစ်မှားပါ။ သို့သော်လည်း ကျွန်တော်အသက်ကို သတ်အံ့သောငှါ လိုက်၍ ရှာတော်မူပါသည်တကား။
12 Jehovha ngaatonge pakati penyu nemi. Uye Jehovha ngaatsive zvakaipa zvamakaita kwandiri, asi ruoko rwangu harungarwi nemi.
၁၂ထာဝရဘုရားသည် ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကျွန်တော်အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရား ဆပ်ပေးတော်မူပါစေသော။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။
13 Sezvinoreva tsumo yekare ichiti, ‘Kuno wakaipa kunobuda mabasa akaipa,’ saizvozvo ruoko rwangu harungarwi nemi.
၁၃ရှေးပုံစကားလာသည်အတိုင်း၊ ဆိုးသောသူလက်မှ ဆိုးသောအမှုထွက်တတ်၏။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။
14 “Ko, mambo waIsraeri akabuda kuzorwa naaniko? Ndianiko wamunodzinganisa? Imbwa yakafa here? Nhata here?
၁၄ဣသရေလရှင်ဘုရင်သည် အဘယ်သူ၏အတွက်ကြောင့် ကြွလာတော်မူသနည်း။ ကိုယ်တော်သည် အဘယ်သူကို လိုက်၍ ရှာတော်မူသနည်း။ ခွေးသေကောင်ကို လိုက်၍ ရှာတော်မူသလော။ ခွေးလှေးကို လိုက်၍ရှာတော်မူသလော။
15 Jehovha ngaave mutongi wedu uye aone pakati penyu neni. Ngaatsvake mhaka yangu aiwane; ngaandiruramisire nokundirwira kubva muruoko rwenyu.”
၁၅သို့ဖြစ်၍ ထာဝရဘုရားသည် တရားသူကြီးလုပ်တော်မူပါစေသော။ ကျွန်တော်နှင့် ကိုယ်တော် စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကြည့်ရှု၍ ကျွန်တော်အမှုကို စောင့်သဖြင့်၊ ကျွန်တော်ကို ကိုယ်တော်လက်မှ ကယ်လွှတ်တော်မူပါစေသောဟု ရှောလုအား လျှောက်ဆို၏။
16 Dhavhidhi akati apedza kutaura mashoko aya, Sauro akabvunza akati, “Inzwi rako here, Dhavhidhi mwanakomana wangu?” Ipapo akachema kwazvo.
၁၆ထိုသို့ဒါဝိဒ်သည် ရှောလုအား အကုန်အစင် လျှောက်ဆိုပြီးမှ၊ ရှောလုက ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟုမေးလျှင် အသံကို လွှင့်၍ ငိုကြွေးလေ၏။
17 Akati, “Iwe wakarurama kupfuureni. Iwe wakandiitira zvakanaka, asi ini ndakakuitira zvakaipa.
၁၇တဖန်လည်း၊ သင်သည် ငါ့ထက်သာ၍ တရားစောင့်၏။ သင့်အကျိုးကို ငါဖျက်သော်လည်း၊ သင်သည် ငါ၌ အကျိုးကျေးဇူးပြုပြီ။
18 Uchangobva kundirondedzera iye zvino zvakanaka zvawakandiitira; Jehovha akandiisa mumaoko ako, asi hauna kundiuraya.
၁၈ငါ၌ အဘယ်သို့ကျေးဇူးပြုသည်ကို သင်သည် ယနေ့ပြပြီ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါ့ကို သင့်လက်၌ အပ်တော်မူသော်လည်း၊ သင်သည် မသတ်ဘဲနေပါသည်တကား။
19 Kana munhu akawanikidza muvengi wake angamurega achienda asina vanga here? Jehovha ngaakuripire zvakanaka nokuda kwezvawakandiitira.
၁၉လူသည် ရန်သူကို တွေ့လျှင် ချမ်းသာစွာ လွှတ်လိမ့်မည်လော။ သို့ဖြစ်၍ သင်သည် ငါ၌ယနေ့ပြုသော ကျေးဇူးကို ထာဝရဘုရား ဆပ်တော်မူပါစေသော။
20 Ndinoziva zvirokwazvo kuti iwe uchava mambo uye umambo hweIsraeri huchasimbiswa mumaoko ako.
၂၀ယခုမှာ သင်သည် စင်စစ်ရှင်ဘုရင်ဖြစ်လိမ့်မည်ဟူ၍၎င်း၊ ဣသရေလ နိုင်ငံသည် သင့်လက်၌ တည်လိမ့်မည်ဟူ၍၎င်း၊ ငါအမှန်သိ၏။
21 Zvino pika kwandiri naJehovha kuti iwe hauchazoparadzi zvizvarwa zvangu kana kuparadza zita rangu kubva pamhuri yababa vangu.”
၂၁သို့ဖြစ်၍ သင်သည် ငါ၏သားစဉ်မြေးဆက်တို့ကို မသုတ်သင်၊ ငါ့အဆွေအမျိုးထဲက ငါ၏နာမကို မပယ်ရှင်းမည်အကြောင်း ထာဝရဘုရားကို တိုင်တည်၍ ငါ့အားကျိန်ဆိုခြင်းကို ပြုလော့ဟု ဒါဝိဒ်အားဆိုပြီးမှ၊
22 Saka Dhavhidhi akapika kuna Sauro. Ipapo Sauro akadzokera kumusha kwake, asi Dhavhidhi navanhu vake vakaenda kunhare yavo.
၂၂ဒါဝိဒ်သည် ရှောလုအား ကျိန်ဆိုခြင်းကိုပြု၍ ရှောလုသည် မိမိနေရာသို့ သွား၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည်လည်း ခိုင်ခံ့သောအရပ်သို့ သွားကြ၏။

< 1 Samueri 24 >